← Chapters

ကျွန်းပေါ်တက်မယ်

Vol. 141 Ch. 4.1632

ကျွန်းပေါ်တက်မယ်

Vol. 141 Ch. 4.1632

"သတိထားပါ.... ကိုယ့်ကိုကိုယ်ပဲ အားကိုးရမယ်... ဒါက ကိုယ့်အတွက် စမ်းသပ်မှုတစ်ခုပဲ တခြားဘယ်သူမှ မင်းတို့ကို မကူညီနိုင်ဘူး... တခြားသူတွေကို ကူညီဖို့ ကြိုးစားတာက မင်းကိုယ်မင်းပဲ ထောင်ချောက်ဆင်မိလိမ့်မယ်..."

"သတိရပါ... အရမ်းမနှောင့်နှေးပါနဲ့ ကမ်းနားရောက်တဲ့အခါ ငါတို့ ကူးတို့နဲ့ လိုက်မမှီဘူးဆိုရင်တော့ မင်းကို ဖယ်ထုတ်လိုက်ပြီလို့ အဓိပ္ပာယ်ရတယ်... ပြီးတော့ ငါ မပြောရင်တောင်မှ ဖယ်ထုတ်ခံရခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မင်းတို့အားလုံး သိကြမှာပါ...."

လုရွှမ်ကဆိုရင်း လူသုံးယောက်ကို တဖန်ပြန်သတိပေးခဲ့ပြီး သူနှင့် ရန်ဖေးတို့သည် လှိုင်းလုံးများဆီသို့ ပြေးဝင်ကာ လှိုင်းလုံးများကို ဖြတ်ကျော်ရင်း ကူးတို့လှေနောက် လိုက်ကြလေသည်။

နောက်ကျောမှာ ကျန်တဲ့လူတွေကတော့ ကောင်းကင်ခန်းမကျွန်းက လူသုံးယောက်ပါပဲ။

ထန်ဝူနဲ့ ရှောင်ယွီဟာ မျှော်စင်နယ်ပယ်ရဲ့ အဆင့်၈ ဖြစ်ပြီး ဖူကျွမ်ချင်းက အဆင့်၆ ဖြစ်သည်။ အရည်အချင်းနှင့် နယ်ပယ်အရဆိုလျှင် သူမက ကျန်နှစ်ယောက်ထက် ပိုဆိုးလေရာ အဆုံးတွင် မည်သူမဆို ကျရှုံးမည်ဆိုလျှင် ဖူကျွမ်ချင်းသာ ဖြစ်နိုင်ချေများသည်။

"နတ်သမီးနှစ်ယောက်... ငါအရင် စမ်းကြည့်လိုက်မယ်!"

ထန်ဝူက ဆိုရင်း ကောင်းကင်လက်နက်ကို ဝှေ့ယမ်းကာ လှိုင်းလုံးများဆီသို့ ပြေးဝင်သွားခဲ့သည်။ အက်ကြောင်းတစ်ခု ပွင့်သွားသော်လည်း ထန်ဝူ အလျင်အမြန် ဖြတ်လိုသောအခါတွင် ပိတ်ဆို့ခံခဲ့ရသည်။

ထန်ဝူ အနည်းငယ် ရှက်သွားပြီး "ဒီတစ်ခါတော့ ခွန်အားပိုသုံးမယ်"

သူက ရှေ့ကို အမြန်ပြန်ပြေးပြန်သည်။ ဒီတစ်ခါ အပေါက်က ပိုကြီးသွားပေမယ့် အမြီးကတော့ ကွဲထွက်မသွားပေ။

"နဂါးက သူ့ရဲ့အမြီးကို လှည့်နေတာ!"

ထန်ဝူ အော်ဟစ်ပြီး အနောက်သို့ အမြန်ပြန်လှည့်လာခဲ့သည်။ သူအရင်က ဒီလှုပ်ရှားမှုကို သူ ခံစားခဲ့ရဖူးပါ၏။ သို့သော် ရှောင်ယွီနဲ့ ဖူကျွမ်ချင်းတို့မှာ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အံ့သြနေကြသည်။

"အစ်ကိုထန်.... ဘာတွေပြောနေတာလဲ"

ထန်ဝူ အံ့အားသင့်သွားကာ လှိုင်းလုံးများကို လက်ညှိုးထိုးပြပြီး။

"ငါ ဒီတိုက်ခိုက်မှုကို စတင်လိုက်ချိန်မှာတော့ နဂါးအမြီးက ပေါက်ကွဲထွက်သွားတယ် ဒါ အရင်က အစ်ကိုနဂါးလေးရဲ့ နဂါးအမြီးလှုပ်တဲ့ စွမ်းအားနဲ့ အတူတူပဲ... မင်းတို့ အဲဒါကို မမြင်ဘူးလား"

မိန်းကလေး နှစ်ယောက်သည် တစ်ချိန်တည်းတွင် ခေါင်းယမ်း​ပြ​ကြသည်။

"ဒီလှိုင်းက တကယ့်ကို ထူးထူးခြားခြား ဖြစ်ပုံရတယ်"

ရှောင်ယွီ: "ပြိုင်ပွဲမှာတုန်းက ငါတို့ရဲ့ အင်အားက ရဲ့ရှား၊ ကောင်းကင်သိမ်းငှက်နဲ့ တခြားသူတွေနဲ့ သိပ်မကွာခြားပါဘူး ဒါကိုဖြတ်ကျော်ဖို့ တခြားဖြတ်လမ်းတွေလည်း ရှိကောင်းရှိနိုင်တယ်..."

သူ ဖူကျွမ်ချင်းကို တစ်ချက် ကြည့်လိုက်သည်။ လုရွှမ်၏ ယခင်စကားများသည် သုံးယောက်အတွက်ထက် သူတို့နှစ်ယောက် အတွက်က ပိုများသည်။ ဒါက စမ်းသပ်မှု တစ်ခုဖြစ်ပြီး သူတို့ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုကိုသာ အားကိုးဖို့ လိုပါ၏။

နှိုင်းယှဥ်ကြည့်လျှင် ဖူကျွမ်ချင်းရဲ့ အင်အားက ပိုအားနည်းတာ ထင်ရှား​ပေသည်။

"ကျွန်မ ကြိုးစား​ကြည့်ပါရစေ..."

သူ့အဆင့်က အဆိုးဆုံးမှန်းလည်း သူမ သိသည်။ လုရွှမ်နဲ့ တခြားသူတွေကို သွားနှိုင်းယှဥ်ဖို့ မပြောနဲ့ သူတို့နှစ်ယောက်နဲ့ ယှဉ်ရင်တောင် ကွာဟချက်တချို့က ရှိနေဆဲပါပဲ။

သူတို့နှစ်ယောက် အဲဒီကို ရောက်သွားရင်တောင်မှ သူမကတော့ ကျော်ဖြတ်နိုင်မှာ မဟုတ်ချေ။

လှိုင်းတံပိုးတွေရှေ့ ရောက်တဲ့အခါ ခဏလောက် စောင့်ကြည့်လိုက်သည်။ လူက ငြိမ်သွားတာနဲ့ စိတ်ကလည်း တည်ငြိမ်သွားကာ သူမကို ရန်ဖေးသင်ပေးတာတွေကို သတိရသွားသည်။

ဓားကို စတင်လှုပ်ရှားလိုက်သည်။ ဓားသိုင်းက အခြေခံ ဓားသိုင်းဆိုပေမယ့် သူမရဲ့ အာရုံစူးစိုက်မှုက ရန်ဖေးရဲ့ အာရုံစူးစိုက်မှုအတိုင်းပင်။ အောင်မြင်မှုတစ်ခုကို လိုချင်ရင် နှလုံးသားထဲက ဖိအားတွေကို ဦးစွာ စွန့်လွှတ်လိုက်ရမည်။

သူမသည် ဓားသွားများကို ဆက်တိုက် အသုံးပြုကာ အလွန်ရှုပ်ထွေးတဲ့ ဓားစွမ်းအင်ဖြင့် လှိုင်းလုံးကို ဖြတ်ထိုးလိုက်လေသည်။ ဓားစွမ်းအင်သည် အလွန်ရိုးရှင်းသော အခြေခံ ဓားလှုပ်ရှားမှုများကို ပေါင်းစည်းထားခြင်းပင်။

ထန်ဝူနဲ့ ရှောင်ယွီတို့ အံ့အားသင့်နေချိန်မှာပဲ တံခါးတစ်ချပ်က တိတ်တဆိတ် ဖွင့်ပြီး တဖြည်းဖြည်း ကျယ်လာသည်။ ဖူကျွမ်ချင်း အတွင်းထဲကို ပြေးဝင်သွားတာနဲ့ တစ်ခါတည်း ဖြတ်ပြေးသွားခဲ့၏။

"ဒါ!"

ထန်ဝူ အံ့အားသင့်သွားကာ ဆွံ့အသွားခဲ့သည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ရှောင်ယွီလည်း အနည်းငယ် ရယ်စရာကောင်းတယ်လို့ ခံစားမိတာကြောင့် ထွက်ပြီး ကစားကြည့်လိုက်သည်။ ထိုစဥ် ရေတွေကြားကနေ အနက်ရောင် လက်တစ်စုံက သူမကို ဆွဲထုတ်ပြီး နောက်ကို တွန်းထုတ်လိုက်သည်။

"အဲဒါ ယွမ်နတ်ဆိုး.... ဒီမှာ ယွမ်နတ်ဆိုးက ဘယ်လိုလုပ် ပေါ်လာတာလဲ"

ရှောင်ယွီ အထိတ်တလန့်ဖြင့် အော်ပစ်သည်။

……

လုရွှမ်နဲ့ ရန်ဖေးတို့မှာ လှေပေါ်မှာထိုင်လျက် အနောက်ဘက်သို့ လှမ်းကြည့်နေသည်။

နဂါးလေး: "ငါတို့မျိုးနွယ်နဲ့ မတူတဲ့ ကျင့်ကြံသူတွေအတွက် စမ်းသပ်တာက အရည်အချင်း၊ ခွန်အား မဟုတ်ဘူး... အဲဒါကြောင့် တချို့လူတွေက နဂါးကျွန်းကို မှားပြီး ဝင်လာကြပေမယ့် နဂါးကျွန်းရဲ့ တည်နေရာကို ရှာချင်သူတွေကတော့ နည်းလမ်းရှာဖို့ ခက်တတ်တယ်"

လုရွှမ်လည်း ခေါင်းညိတ်လိုက်သည်။ သူ့အတွက် စမ်းသပ်မှု အရည်အချင်း အများကြီး မလိုချေ။ ရန်ဖေးကလည်း အဆုံးစွန်သောဓားကို အမှန်တကယ် နားလည်နိုင်သောကြောင့် သူမရဲ့ စွမ်းရည်က သဘာဝအတိုင်း တိုးတက်လာခဲ့သည်။

သူတို့နှစ်ယောက် လှိုင်းလုံးတွေ ဖြတ်ကျော်နိုင်တာ မထူးဆန်းချေ။

"ရှောင်ယွီနဲ့ ထန်ဝူတို့ နှစ်ယောက်လုံးက အရမ်းထက်မြက်ပေမယ့် သူတို့ရဲ့ စိတ်ဆန္ဒက ခိုင်မာမှု မရှိသေးဘူး... ယွမ်နတ်ဆိုးဆီကလည်း သိမ်းပိုက်ခံထားရတော့ ဖြတ်ကျော်ဖို့ ခက်ခဲလိမ့်မယ်" လျိုရှန်းလည်း ပြုံးပြုံးလေးပဲ ပြောလိုက်သည်။

ရန်ဖေးလည်း ခေါင်းညိတ်ပြ၏။

"ဒီလိုဆိုရင် ခံစားချက်တွေကို ထုတ်ဖော်ဖို့ ပိုလွယ်လိမ့်မယ်"

"ကိုကိုလုရွှမ်... မမရန်ဖေး... "

ထိုစဥ် အဝေးကနေ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ဟားဟား... ပြောနေတုန်း တစ်ယောက်ရောက်လာပြီ! ကလေးမလေး ဒီမှာ!!"

သေချာတာပေါ့။ လူတိုင်း အဝေးကို လှမ်းကြည့်လိုက်တော့ ဖူကျွမ်ချင်း သူတို့ဆီ ပျံသန်းလာနေတာကို တွေ့လိုက်ရလေသည်။ သူမ မျက်နှာတွင် စိတ်လှုပ်ရှားနေသည့် အကြည့်လေးဖြင့် လှေပေါ် ဆင်းသက်လိုက်သည်။ ဒီအချိန်ကို လွယ်လွယ်နဲ့ ဖြတ်ကျော်နိုင်တာက သူမရဲ့ ယုံကြည်မှုကို ကြီးမားလာစေ၏။

သူမသည် လုရွှမ်တို့အဖွဲ့နှင့် အတူရှိစဉ်က သူမသည် အနည်းငယ် ညံ့ဖျင်းသည်ဟု မလွဲမသွေ ခံစားခဲ့ရသည်။ အခုတော သူမအပြုံးက သိသိသာသာကို ပိုတောက်ပလာခဲ့ပါပြီ။

လှေအရှိန်သည် အပြင်ဘက်မှာ ရွက်လွှင့်နေခဲ့တာထက် များစွာ နှေးကွေးနေပုံ ပေါ်သော်လည်း ၎င်းသည် ရှေ့သို့ အလွန်လျင်မြန်စွာ ရွေ့လျားနေဆဲ ဖြစ်သည်။ သူတို့ရှေ့မှာ ပေါ်လာတဲ့ ကျွန်းငယ်လေးကို တွေ့လိုက်ရတဲ့အခါ အားလုံးရဲ့မျက်နှာက အနည်းငယ် စိတ်ပျက်သွားကြ၏။

ထင်ရှားသည်မှာ သူတို့နှစ်ဦးသည် လှိုင်းတံပိုးများ၏ စမ်းသပ်မှုကို မခံမရပ်ဘဲ စိတ်ပိုင်းဆိုင်ရာမှာ ရှုံးနိမ့်နေဆဲ ဖြစ်ပေသည်။ နောက်ဆုံးတော့ နဂါးကျွန်းကို ရောက်သွားပေမယ့် နှစ်ယောက်သား ပေါ်မလာခဲ့ချေ။

"သွားကြစို့... ဒီတခေါက် သူတို့ကို တွန်းမထုတ်ရင်တောင် နောင်ပိုင်း မတော်တဆတွေကြောင့် သူတို့ မလွဲမသွေ ဒုက္ခရောက်ကြဦးမှာပဲ..."

ထိုစဥ် ကောင်းကင်တွင် ဓားမီးများ တစ်ဖျပ်ဖျပ်တောက်ပြီး ဟောက်သံများ ထွက်ပေါ်လာသည်။

"ဟေး.. နဂါးကျွန်းမှာ ဘာဖြစ်တာလဲ ဘာလို့ ဒီလောက် စည်ကားနေရတာလဲ"

နဂါးလေးက အလွန်သိချင်စိတ်ဖြင့် အော်လိုက်သည်။ အကြောင်းမှာ နဂါးများက ငြိမ်းချမ်းရေးကို အလွန်နှစ်သက်သော မျိုးနွယ် ဖြစ်လို့ပင်။ ၎င်းတို့သည် အုပ်စုဖွဲ့ နေထိုင်ကြသော်လည်း နဂါးတစ်ကောင်စီ နေထိုင်ပုံက အတော်လေး ကွဲပြားနေဆဲဖြစ်သည်။ ယခု အသံတွေကို ကြားရသလောက်ဆို နဂါးများစွာ ရန်ဖြစ်​နေ​ကြခြင်း ဖြစ်မည်။

"သွားကြည့်ရအောင်... အဲဒီလူနှစ်ယောက်အတွက် စိတ်မပူနဲ့တော့...လှေက သူတို့ကို ကောက်ပြီး တောင်ပိုင်း​ဒေသကို ပို့ပေးလိမ့်မယ်... ပြဿနာ မဖြစ်လောက်ဘူး နောက်နောင် နောက်ထပ် အခွင့်အလမ်း ရှိဦးမလားဆိုတာကတော့ သူတို့ အပေါ်မှာ မူတည်တယ်... ဖြစ်နိုင်ရင် ငါတို့ ပြန်ဆုံကြမှာပါ"

လူခုနစ်ယောက်လုံး ပြေးထွက်သွားကြသည်။ နဂါးလေးက လမ်းကို ဦးဆောင်လျက် နဂါးကျွန်း၏ အလယ်ဗဟိုသို့ ပျံသန်းသွားခဲ့သည်။

နေရာအနှံ့မှာ တိုက်ပွဲမြင်ကွင်းတွေချည်းပင်။ ထိုနေရာ၌ နဂါးများသာမက အခြားမျိုးနွယ်အချို့လည်း ပေါ်လာပြီး လူသားတွေတောင် ပါဝင်နေ၏။

ရန်ဖေး: "ဘာဖြစ်နေကြတာလဲ?"

နဂါလေးလည်း စိတ်ရှုပ်သွားပြီး :"မသိဘူး ငါသွားမေးလိုက်မယ်"

သိပ်မကြာခင်မှာပဲ သူက ဒေါသတကြီး ပြုံးကာ ပြန်ပြေးလာသည်။

"ကောင်းကင်ကမ္ဘာက နဂါးတွေ အများကြီးရောက်လာပြီး နဂါးကျွန်းပေါ်က အကြီးအကဲ နဂါးကြီးတွေနဲ့ ဆွေးနွေးနေကြတာ... ကျင့်ကြံသူတွေလည်း ပါလာသေးတယ်..."

"ဒါနဲ့ ဒီဟာတွေက နဂါးကျွန်းကို လာကစားဖို့ လာတဲ့သူတွေပါ... စိတ်မပူပါနဲ့ ငါ့နာမည်ကို သတင်းပို့ပြီးပြီ မကြာခင် တစ်ယောက်ယောက် ငါတို့ကို ခေါ်လာလိမ့်မယ်..."

လူခုနစ်ယောက်က အဲဒီနေရာမှာ စောင့်နေကြရင်း နည်းနည်းတော့ စိတ်မရှည် ဖြစ်နေကြသည်။ ထိုစဥ် ဖီးနစ်တစ်ကောင်က ကောင်းကင်မှ ပျံဝဲလာပြီး အောက်ဘက်ရှိ လုရွှမ်ဆီသို့ ခုန်ဆင်းလာခဲ့သည်။

"ကောင်လေး!! မင်းကိုး... မင်းက အရမ်းသတ္တိကောင်းနေတယ်ပေါ့ နဂါးကျွန်းကိုတောင် လာပြီး ရူးမိုက်မိုက်ရိုင်း လုပ်ရဲတယ်! ငရဲကို သွားပေတော့!"

All Chapters