လက်သီးတစ်ချက်နဲ့ ပြုတ်ကျသွားတယ်
Vol. 141 Ch. 4.1633
လုရွှမ် မော့ကြည့်လိုက်တော့ ဖီးနစ်ရဲ့ မျက်လုံးတွေက ပြူးကျယ်နေပြီး ဒေါသတွေနဲ့ ပြည့်နှက်နေတာကို တွေ့လိုက်ရသည်။ အတောင်ပံတစ်စုံကို ပြင်းထန်စွာ ခတ်လိုက်တိုင်း မြေပြင်ကို ထိမှန်ကာ ဖုန်မှုန့်များ အလိမ့်လိမ့် ထွက်လာသည်။
သူမ အနောက်မှာတော့ မီးတောက်တွေက အလင်းရောင်ချောင်းတွေလို လိုက်လာခဲ့၏။ သူမ မရောက်လာခင်မှာပဲ ပူလောင်တဲ့ ခံစားမှုတစ်ခုက သူ့မျက်နှာကို လာရိုက်နေပြီ။
လုရွှမ် သူ့မျက်လုံးများကို စူးစိုက်ကြည့်လိုက်သည်။ ဤဖီးနစ်ကို အတော်လေး ရင်းနှီးနေသည်။ ၎င်းက တောင်ပိုင်းဒေသမှာ ဟဲ့သောက်ပန်းယင့်ကော်အသီးတို့ကို သိမ်းယူရန် ကြိုးပမ်းစဉ်တွင် သူ ကြုံတွေ့ခဲ့ရသော ဖီးနစ်ပဲ ဖြစ်သည်။
မထင်မှတ်ဘဲ သူမသည်လည်း ဒီလိုအချိန်တွင် နဂါးကျွန်းပေါ် ရောက်နေ၏။ ဒီဖီးနစ်က နတ်ခြေလှမ်းနယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဟု ထင်ရသည်။ ထိုအချိန်က သူ့အတွက် ၎င်းက မယှဉ်နိုင်သော ဧရာမတစ်ကောင် ဖြစ်သည်။
ယခုလည်း နတ်ခြေလှမ်းနယ်ပယ် ဒုတိယအဆင့်သို့ ရောက်နေပေမယ့် လုရွှမ်က ငြိမ်သက်နေပြီး ကြောက်ရွံ့မှု တစ်စိုးတစ်စင်မျှပင် မရှိပေ။ ဖီးနစ်က အရမ်းမြန်သည်။ ထိုအခိုက် လုရွှမ်လည်း မြေပြင်ပေါ်သို့ လှမ်းတက်ကာ ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။
သူ့ရဲ့ ညာလက်သီးက သုံးရောင်ခြယ် အလင်းရောင်ဖြင့် တောက်ပလာကာ ဖီးနစ်နဖူးကို တည့်တည့် ထိုးချလိုက်သည်။
ဖီးနစ်ဟာ အစကတည်းက လုရွှမ်ရဲ့ လက်သီးချက်ကို လုံးဝ လျစ်လျူရှုထားခဲ့သည်။ ဘာကိုကြောက်ရမှာလဲ၊ သူက လူသားတစ်ယောက်ပဲ၊ မျှော်စင်နယ်ပယ်ရဲ့ တတိယအဆင့်က လူသားတစ်ယောက်သာ။ သူ့ခြေသည်းများသည် ချွန်ထက်နေပြီး အရှိန် မပြောင်းလဲပါက လုရွှမ်ရဲ့ နဖူးကို ထိုးဖောက်သွားမှာပဲ ဖြစ်သည်။
တစ်ဖက်မှာတော့ လုရွှမ်ရဲ့ ခန္ဓာကိုယ်သည် လျှပ်စီးလက်သလို မြန်ဆန်နေပြီး သူ၏ လက်သီးများသည် ဥက္ကာပျံများကဲ့သို့ မြန်ဆန်ကာ သူ့ရှေ့ကို တိုးလာနေသည်။
ဝုန်း!
ပေါက်ကွဲသံနဲ့အတူ ငယ်သံပါ အော်ဟစ်သံကြီးတစ်သံ ထွက်လာခဲ့တော့သည်။
ဧရာမ ဘီလူးကြီးတစ်ကောင်သည် ဝေဟင်မှ ပြုတ်ကျလာပြီး မြေကြီးကို ပြင်းပြင်းထန်ထန် အသံကြီးဖြင့် ဆင်းသက်လာသည်။ ၎င်းက မာနကြီးသော ဖီးနစ်ပင်။ သူမခန္ဓာကိုယ်ပေါ်ရှိ မီးတောက်က တောက်လောင်နေသေးသော်လည်း ယခင်က ရှိခဲ့သော စွမ်းအားများ မရှိတော့ပေ။ သူဟာ မာနထောင်လွှားဖို့တောင် မထနိုင်တော့ချေ။
လုရွှမ်သည် ဖီးနစ်၏ လည်ပင်းပေါ် ရပ်နေကာ ဖီးနစ်နတ်မီးကို လောင်ကျွမ်းစေရင်း ခြေတစ်ဖက်ကိုတော့ သူ့မျက်နှာပေါ် လှမ်းတက်ထားသည်။ သူ့ခန္ဓာကိုယ်ကနေ ငြိမ်သက်နေဆဲ။
ဖီးနစ်ရဲ့ မျက်လုံးများမှာ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေပြီး သူမသည် အစောက ရိုက်နှက်ခံရမှုကြောင့် လုံးဝ အံ့ဩသွားခဲ့သည်။ ယခု သူမနဖူးတွင် လက်သီးအရွယ် သွေးထွက်နေသော ဒဏ်ရာတစ်ခု နေရာယူထားပြီ။
ဖီးနစ်နောက်ကွယ်တွင် ဖီးနစ်နှင့် ဆော့ကစားရင်း အံ့အားသင့်နေသော သတ္တဝါတစ်စုရှိသည်။ အစောကတင် ဖီးနစ်သည် စက်ဆုပ်ရွံရှာဖွယ် တစ်စုံတစ်ရာကို မြင်လိုက်ရတယ်လို့ ဆိုကာ ရုတ်တရက် ဒေါသပေါက်ကွဲကာ ပြေးထွက်သွားခဲ့သည်။ သူတို့ကလည်း ဖီးနစ်ကို စော်ကားခဲ့သူမှာ အမှန်တကယ် လူသားဖြစ်နေကြောင်း သိလိုက်တာကြောင့် အလျင်အမြန် လိုက်လာခဲ့ကြသည်။
လူသားက နဂါးကျွန်းပေါ် ဆင်းလာတာလား?
ဒါက အရေးမကြီးပေ။ အရေးကြီးတာက လူသားဟာ ဖီးနစ်ရဲ့ တိုက်ခိုက်တာကို မရှောင်သွားဘဲ တက်ကြွစွာ ပြန်ခုခံခဲ့တာပင်။ သူတို့အားလုံး လူသားက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတယ်လို့ ခံစားမိတဲ့အခါ ရလဒ်က သူတို့မျှော်လင့်ထားတာထက် ကျော်လွန်သွားခဲ့သည်။
ဖီးနစ်သည် လူသားတစ်ဦး၏ ထိုးချက်ကြောင့် မြေပြင်ပေါ်သို့ မမျှော်လင့်ဘဲ ပြုတ်ကျသွားခဲ့သည်။ အားလုံး လုံးဝ မှင်တက်သွားကုန်၏။ ယခုအခါ ဖီးနစ်ဟာ မတ်တပ်မရပ်နိုင်သေးဘဲ လူငယ်ရဲ့ ခြေထောက်များအောက် တုန်လှုပ်နေဆဲဖြစ်ရာ အပြင်းအထန် ဒဏ်ရာရသွားတာ သိသာလေသည်။
လုရွှမ်က ပုလင်းကို ထုတ်ကာ ဖီးနစ်ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်သည်။ ထို့နောက် ပုလင်းတစ်ခုလုံးကို သွေးဖြည့်ပြီး နောက်ထပ်ပုလင်းတစ်ခုကို ထပ်ဖြည့်ပြန်သည်။ နဂါးလေးနဲ့ လျိုရှန်းတို့ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ထို့နောက် သူက ဖီးနစ်ကို ကန်ထုတ်လိုက်တော့သည်။ သူမ၏ကြီးမားသော ခန္ဓာကိုယ်သည် အကွာအဝေး တစ်ခုသို့ လှိမ့်သွားကာ ဖုန်လုံးကြီးများ လွင့်သွားလေသည်။
"မင်းတို့နှစ်ယောက်အတွက် တစ်ယောက် တစ်ပုလင်း... တော်တော်ထိရောက်တယ် မင်းတို့ရဲ့ခန္ဓာကိုယ်ကို အာဟာရ ဖြည့်ဖို့အတွက် သုံးလို့လည်းရတယ်"
လုရွှမ်က ဖီးနစ်သွေးပုလင်း နှစ်ပုလင်းကို ရန်ဖေးနဲ့ ဖူကျွမ်ချင်းထံ ပစ်ပေးလိုက်သည်။ ရမ်ဖေးက သွေးပုလင်းကို ရတာနဲ့ ချက်ချင်း သိမ်းလိုက်ပေမယ့် ဖူကျွမ်ချင်းကတော့ လက်ထဲက ပုလင်းကို မဝံ့မရဲ ကြည့်နေသည်။ ၎င်းကနေ ဖီးနစ်သွေး၏ရနံ့ကို ရှင်းရှင်းလင်းလင်း အနံ့ခံနိုင်ပြီး စွမ်းအင်နှင့် ပြည့်နေကြောင်း ခံစားရစေသည်။
ဖီးနစ်သွေးသည် ဒဏ္ဍာရီဆန်သော အမြင့်မြတ်ဆုံးဆေးနှင့် ရှားပါးရတနာများထဲမှ တစ်ခုဖြစ်သည်။ အခု လုရွှမ်က သူမကို ပုလင်းတစ်လုံး ပေးလာ၏။ သူမ တကယ်ကို အနည်းငယ် စိတ်ရှုပ်နေမိသည်။
ဒါက တကယ်ကောင်းတာလား။
ရန်ဖေး: "ယူထား... အစ်ကိုလုရွှမ်က သူပေးတဲ့အရာကို ဘယ်တော့မှ ပြန်ယူမှာမဟုတ်ဘူး... နင့်ရဲ့ခန္ဓာကိုယ်အတွက် အခုချိန်မှာ တကယ် လိုအပ်နေတဲ့ အာဟာရတစ်ခုနော်..."
ဖူကျွမ်ချင်းလည်း သူ့ကို မြန်မြန် ကျေးဇူးတင်ပြီး ပုလင်းကို သိမ်းထားလိုက်သည်။
"ဟေး လုရွှမ်က မတရားဘူး သူက မိန်းကလေးတွေကိုပဲ ပေးတာ ငါတို့ကရော?"
ရဲ့ရှားက ပြုံးပြုံးလေးနဲ့ စလေသည်။ သူ ဤသို့ပြောပြီးနောက် ဖူကျွမ်ချင်းရဲ့ မျက်နှာလေးလည်း နီရဲလာပြီး ပုလင်းကို ထုတ်ယူလိုက်ချင်သည်။ လုရွှမ်က ရဲ့ရှားကို မျက်လုံးလှန်ပြလိုက်ပြီး။
"မင်းကိုယ်တိုင် လာယူချင်ရင် မရဘူးလား? နောက်ပြီး သူ့သွေးက မင်းအတွက် အသုံးမ၀င်ဘူးမလား"
ရဲ့ရှား: "ဒါပေါ့... အသုံးမဝင်ပါဘူး ဒါပေမယ့် အသားကင်က စားလို့ကောင်းတယ်လေ..."
"ကောင်းပြီ ငါမင်းအတွက် နောက်ထပ်တစ်ပုလင်း ထပ်ယူလိုက်မယ်"
လုရွှမ်က ပြောပြီး နောက်ထပ် ကျောက်စိမ်းပုလင်းကို ထုတ်ယူကာ ရှေ့ကို လျှောက်သွားလိုက်သည်။
နဂါးလေးခမျာ လုရွှမ်ကို အလျင်အမြန် လှမ်းဆွဲထားလိုက်သည်။ ဖီးနစ်က လုရွှမ်ကို တိုက်ခိုက်ရန် အစပြုခဲ့သော်လည်း မကျွမ်းကျင်သဖြင့် သင်ခန်းစာတစ်ခု ပေးခံလိုက်ရသည်။ ဒါပေမယ့် နှစ်ပုလင်းလောက် စုဆောင်းပြီးသွားပြီ။ သူတို့ ဆက်လုပ်နေရင် ဖီးနစ်ကို လုံးဝ စော်ကားမိသွားလိမ့်မည်။
အရင်က အံကြိတ်ခံခဲ့ရတဲ့ သတ္တဝါတွေဟာ အခု ပြေးလာပြီး ဖီးနစ်ကို ကာကွယ်လိုက်ကြပြီ။ ဖီးနစ်ကလည်း အနည်းငယ် ရိုက်နှက်ခံရပြီးနောက် နောက်ဆုံးတွင် နိုးလာခဲ့သည်။
ဖီးနစ်က အော်ဟစ်ပြီး ပြေးတော့သည်။ အခုနတုန်းက ရှက်စရာ လူမြင်ကွင်းကြီးမှာ ရိုက်နှက်ခံခဲ့ရတာကြောင့် ဘယ်လိုမှ သည်းမခံနိုင်တော့ပေ။
"လူသား... နင်ကို ငါသတ်မယ် သေပြီသာမှတ်!"
ဖီးနစ်မှာ ဝိုင်းတားခံထားသော်လည်း အော်နေဆဲဖြစ်သည်။ သူမရဲ့ အဖော်တွေက သူမကို ပါးစပ်ပိတ်ထားဖို့ စည်းရုံးပြီး သူမကို ဆွဲထုတ်ဖို့လည်း အသည်းအသန် ကြိုးစားနေကြသည်။
လုရွှမ်ကလည်း အော်ဟစ်ပြီး ရှေ့ကို လှမ်းထွက်လာသည်။
"မင်း ဘာပြောလိုက်တယ်? ကြည့်ရတာ သင်ခန်းစာက မလုံလောက်ဘူး ထင်တယ်"
လုရွှမ် သူ့လက်သီးတစ်ချက်ကို ပြင်ကာ အရှေ့ကို ပြေးသွားပြန်သည်။
"မိတ်ဆွေလေး...ရှောင်လီက နောက်နေတာပါ"
ပေါက်ကွဲသံနှင့်အတူ လုရွှမ်ရဲ့လက်သီးက ဖီးနစ်ရဲ့ ဦးခေါင်းကို ထပ်မံထိုးကြိတ်ကာ သူမအား လုံးလုံး မူးဝေသွားစေခဲ့သည်။
"ဟမ့် ငါ မင်းကို မျက်နှာသာ ပေးတဲ့အနေနဲ့ ဒီလောက်နဲ့ ရပ်လိုက်မယ် မဟုတ်ရင်တော့ နောက်တစ်ခါဆို မူးနေရုံလေးနဲ့ ပြီးသွားမှာ မဟုတ်ဘူး"
ဝင်တားလာသူက သမင်တစ်ကောင် ဖြစ်သည်။ လက်ရှိအခြေအနေကို ကြည့်ရင်း သူက ဘာမှမပြောဘဲ ဖီးနစ်ကို အမြန်သယ်သွားဖို့ သူ့သူငယ်ချင်းတွေကိုသာ တိုက်တွန်းလိုက်ပါတော့သည်။
ဒီလူသားဟာ ရက်စက်လွန်းတဲ့အတွက် လူသားတွေအပေါ် သူ့ရဲ့နားလည်မှုကို လုံးဝ ပြောင်းလဲပစ်လိုက်သလိုပင်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူက တကယ်ကို သန်မာတယ် ဆိုတာကတော့ ငြင်းလို့မရချေ။ သူဟာ မျှော်စင်နယ်ပယ် တတိယအဆင့် ဆိုပေမယ့် နတ်ခြေလှမ်းနယ်ပယ်ရဲ့ ဒုတိယအဆင့်ကို အနိုင်ယူခဲ့သည်။
တစ်ဖက်လူက ဒီလိုလုပ်ဖို့ ရည်ရွယ်ချက် ရှိပုံရသည်။ ဖီးနစ် ရှောင်လီက အဲဒီလူကို ဆက်စော်ကားနေရင် နောက်ဆက်တွဲ ဆိုးကျိုးတွေက မကောင်းတော့မှာ ကြောက်ရသည်။
"လုရွှမ် ဒါက နဂါးကျွန်းပဲ မင်းဒီလိုလူတွေကို စော်ကားနေရင် မင်း ကိုယ့်အတွက်ကိုယ် ရန်သူတွေ အများကြီး ဖိတ်ခေါ်မိလိမ့်မယ်"
နဂါးလေးက အကြံပေးသည်။
ရဲ့ရှား: "လုရွှမ်... ကောင်းကောင်း တိုက်ခိုက်ခဲ့တယ် ထင်ပါတယ် အဲဒီဆံပင်မွေး မီးလောင်နေတဲ့ငှက်က ဘာကောင်မလို့လဲ... သူက လုရွှမ်ကို သတ်ပစ်ချင်နေတာ အသိသာကြီး... လုရွှမ် သူမကို မသတ်တာကတင် မျက်နှာသာ ပေးနေပြီ... ငါတို့ ရဲ့ရှားမျိုးနွယ်ထဲမှာ တစ်ယောက်ယောက်က ငါတို့ကို ရန်စလုပ်ရင် ငါတို့က ကိုယ့်ကိုကိုယ် သွေးနဲ့သက်သေပြရမယ်"
ရဲ့ရှားမှာ လုရွှမ်ရဲ့ ယခင်အပြုအမူအတွက် အလွန်ကျေနပ်အားရနေတာကြောင့် ကျယ်လောင်စွာ အော်လိုက်သည်။ ကောင်းကင်သိမ်းငှက်နဲ့ နဂါးလေးတို့ကတော့ ဒီကလေးများအတွက် သိသိသာသာ စိုးရိမ်နေခဲ့ကြသည်။ သူက ခေါင်းခါပြီး။
"ဒါပေမယ့် လူတွေက အားနည်းတဲ့ မျိုးနွယ်ပဲ... လုရွှမ် မင်းမှာ လူသားတွေရဲ့ ကျောထောက်နောက်ခံ မရှိဘူး မင်း ဒီမှာ အန္တရာယ်ရှိလိမ့်မယ်"
ရန်ဖေးလည်း အလွန်စိုးရိမ်သွားသည်။ ကောင်းကင်ကမ္ဘာတွင် လူသားများအပေါ် အမျိုးမျိုးသော သတ္တဝါများရဲ့ ရှုတ်ချမှုတွေက တဖြည်းဖြည်း ပိုဆိုးလာသည်။ ယခုလည်း နဂါးကျွန်းတွင် လုရွှမ်ရဲ့ လွှမ်းမိုးမှုက သူ့ကို သေစေမည့် ဘေးဥပဒ် ဖြစ်စေလိမ့်မည်။
"စိတ်မပူပါနဲ့ လူတွေက အားနည်းလွန်းလို့ တခြားလူတွေဆီက အနိုင်ကျင့်ခံရတာ... အန္တရာယ်တွေ ဘယ်လောက်ပဲရှိရှိ လူသားတွေရဲ့ အဆင့်အတန်းကို မြှင့်တင်ချင်ရင် ပုန်းအောင်း၊ နောက်ဆုတ်နေရုံနဲ့ မရဘူး... ဒီသတ္တဝါတွေကို ငါတို့ရဲ့ ခွန်အားနဲ့ စွမ်းအားတွေကို မြင်တွေ့ခွင့်ပေးရမယ် အဲဒါမှ ငါတို့ကို အသွေးအသားနဲ့ အမဲစာအဖြစ် ဆက်ဆံမယ့်အစား လူသားတွေကို တကယ် အလေးအနက်ထားလာလိမ့်မယ်"