Chapter (1634) Arc 4 အောင်ထျန်း
Vol. 141 Ch. 4.1634
လျိုရှန်း: "ပြောသွားတာ ကောင်းတယ်!"
"ဟုတ်တယ် လုရွှမ်က ရှင်က မှန်ကန်တဲ့အရာကို လုပ်ခဲ့ပြီး ကောင်းကောင်းလည်း ပြောခဲ့တယ်... ဒါက စိတ်ဓာတ်ပဲ သတ္တိရှိရှိနဲ့ အစွမ်းထက်ထက်နဲ့ ထိပ်တိုက်ရင်ဆိုင်မှ တခြားသတ္တဝါတွေရဲ့ လေးစားမှုကို တကယ် အနိုင်ယူနိုင်မှာ...."
"ဒါက နဂါးကျွန်း... တကယ့်ကို အန္တရာယ်များတယ်... ဒါပေမယ့် ဒါက လူသားတွေရဲ့ ခွန်အားကို ပြသဖို့ အခွင့်အရေး တစ်ခုဆိုလည်း ဟုတ်တယ်... ကျွန်မတို့ ပြန်ဆုတ်သွားရင်တော့ ဒီကောင်တွေက ကျွန်မတို့ကို ဒုက္ခမပေးတော့ဘူးလား"
"ဒါဆို ဘာကိုကြောက်နေရမှာလဲ... လာလေ... တစ်ချက်လာရိုက်ရင် နှစ်ယောက် ဝိုင်းရိုက်ကြတာပေါ့... ကမ္ဘာ့ကူးတို့လှေက ဘယ်သူမဆို ဝင်လို့ရတယ်လို့များ ထင်လား... အနာဂတ်မှာ သတ္တဝါအားလုံးက အန္တရာယ်ကို မကြောက်ရဘူး... အင်အားကို မကြောက်ရဘူး... စည်းလုံးပြီး သတ္တိရှိရှိ ရှေ့ကို ဆက်လျှောက်သွားရမယ်"
လျိုရှန်းရဲ့ စကားများက လူတိုင်းကို စိတ်လှုပ်ရှားလာစေခဲ့သည်။ နဂါးလေးနဲ့ ကောင်းကင်သိမ်းငှက်တို့လည်း အနည်းငယ် ရှက်ရွံ့သော အမူအရာဖြင့် လုရွှမ်အား ခေါင်းညိတ်ပြလိုက်သည်။
လုရွှမ်က ပြန်ပြုံးပြလာ၏။
"စိတ်ထဲမထားနဲ့... မင်းငါ့ကို ကောင်းကောင်းမွန်မွန် သတိပေးနေတာ ငါသိတယ်... ငါတို့အားလုံးက ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုကို သေရေးရှင်ရေး ပြဿနာကြီးကနေ ယူခဲ့ကြတာ.. ငါအန္တရာယ်ကြုံလာရင် မင်းတို့က အဲဒီမှာထိုင်ပြီး ဘာမှမလုပ်ပဲနေမှာလား?"
သုံးယောက်သား အတူတူ ရယ်မောလိုက်ကြသည်။ ထိုစဥ် အဝေးမှ နဂါးဟောက်သံ ထွက်ပေါ်လာပြီး အနီရောင် နဂါးလေးတစ်ကောင် ပျံဝဲလာသည်။
"အစ်ကို အောင်ကွမ်...တကယ် အစ်ကိုဖြစ်နေတာပဲ... အစ်ကို ပြန်လာပြီလို့ ပြောနေတာကြားတော့ ကျနော်ဖြင့် ယုံတောင် မယုံဘူး... အဲဒါကြောင့် ဟုတ်မဟုတ် အပြေးလာကြည့်တာ!"
နဂါးငယ်လေးသည် ပျံဝဲလာပြီးနောက် လူသားပုံစံ ပြောင်းလဲသွားလိုက်သည်။ ယောက်ျားလေးတစ်ယောက်ပင်။ သူက အရမ်းဖော်ရွေစွာ ပြေးလာသလို နဂါးလေးကလည်း ရယ်မောပြီး ကောင်လေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
"ဖေးလေး... မင်းလည်း ကြီးလာပြီ"
သူက လှည့်ကြည့်ကာ လူတိုင်းကို မိတ်ဆက်ပေးလိုက်သည်။
"ဒါက ငါ့ညီလေး အောင်ဖေး... ဖေးလေး ဒါတွေအားလုံးက ငါ့သူငယ်ချင်းတွေ... သေခြင်းတရားအတွက် အတူရင်ဆိုင်ရဲတဲ့ သူငယ်ချင်းတွေနော်... "
သူက စကားပြောနေစဉ် လုရွှမ်နဲ့ တခြားလူများကို တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးခဲ့သည်။
"ဒါက ငါ့ညီအစ်ကို လုရွှမ်တဲ့... လူသားမျိုးနွယ်ထဲက နံပါတ်တစ် ပါရမီရှင် ငါ့အမြင်အရတော့ သက်ရှိ အားလုံးထဲမှာတောင် လုရွှမ်ရဲ့ အရည်အချင်းက ထိပ်တန်း သုံးယောက်ထဲမှာ ပါနိုင်တယ်ကွ!"
အောင်ဖေးရဲ့ သူ့မျက်လုံးထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ရှိနေသည်။ အောင်ကွမ်လို နဂါးမျိုးရိုး၏ ပါရမီရှင်တစ်ဦးအနေဖြင့် လူသားများကို အမုန်းဆုံးဖြစ်ကြောင်း သူသိသည်။ ယခုတစ်ကြိမ်တွင် သူသည် လူသားများနှင့် အမှန်တကယ် မိတ်ဆွေဖွဲ့ခဲ့သည်။ အထူးသဖြင့် ၎င်းတို့သည် သေရေးရှင်ရေးအား အတူရင်ဆိုင်ရဲသော မိတ်ဆွေများဖြစ်ကြောင်း ထောက်ပြခဲ့သည်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရမ်းကောင်းပြီး အရမ်းရင်းနှီးတယ် ဆိုတာ ထင်ရှားပါ၏။
ထူးဆန်းပေမယ့် အောင်ဖေး လုရွှမ်ကို အလျင်အမြန် နှုတ်ဆက်ပြီး ယဥ်ယဥ်ကျေးကျေး ဂါဝရပြုဖို့ အစပျိုးလိုက်သည်။ လုရွှမ်ကလည်း ဘယ်လို မောက်မာမှုကိုမှ မပြဘဲ အောင်ဖေးကို အလွန်ပျော်ရွှင်စေသော ရတနာလေးတစ်ခု ပေးလိုက်သည်။ ထိုအခါ လုရွှမ်ကိုကြည့်တဲ့ အောင်ဖေးရဲ့ အကြည့်က ပိုရင်းနှီးလာသည်။
နှုတ်ဆက်ပြီးနောက် အောင်ဖေးက ဆိုလိုက်သည်။
"ဦးလေးက မင်းကို ပြန်လာလိမ့်မယ်လို့ ပြောပေမယ့် မင်းပြန်မလာတာ နှစ်အတော်ကြာနေပြီလေ... မျိုးနွယ်ထဲက မင်းရဲ့ဝိညာဉ်မီးခွက်တောင်မှ မှိန်သွားပြီ မင်းသေသွားပြီလို့ ငါတို့အားလုံးထင်နေကြတာ ဘာဖြစ်တာလဲ"
နဂါးလေးက ပြုံးပြီး ကြွားလိုက်သည်။
"ဒါက ဇာတ်လမ်းရှည်ကြီးလေ... ငါတို့ ကမ္ဘာ့ကူးတို့လှေနဲ့ ပြန်လာခဲ့တာ"
အောင်ဖေးရဲ့ မျက်လုံးများ တောက်ပလာပြီး လူတိုင်းကို ငြူစူသော မျက်လုံးများဖြင့် ပြန်ကြည့်လိုက်သည်။
"ဟုတ်ပြီ အတိအကျ ဘာဖြစ်သွားတာလဲ ဆိုတာ အသေးစိတ်ကို နောက်မှ ပြောပြမယ် အခု ငါတို့ကို အရင်ခေါ်သွားပေးဦး စကားမစပ် ဘာဖြစ်တာလဲ ဘာကြောင့် ဒီလောက် အသက်ဝင်နေရတာလဲ"
အောင်ဖေး အနည်းငယ် တုံ့ဆိုင်းသွားတာကြောင့် နဂါးလေးက ပြုံးပြီး ဆက်ပြောလိုက်သည်။
"ရပါတယ် ငါတို့အားလုံးက မိသားစုတွေပဲကို"
"အမ်... ကောင်းကင်ကမ္ဘာက နဂါးမျိုးနွယ်က ဆင်းလာပြီး ငါတို့ကို ဆက်သွယ်ချင်နေတာ... တခြားစုဝေးတဲ့နေရာက လူတချို့လည်း ဆင်းလာတယ်လို့ ကြားတယ် သူတို့ ဘာလုပ်ချင်နေတာလဲ မသိဘူး"
လုရွှမ်နဲ့ ရန်ဖေးတို့ရဲ့ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ ဆင်းသက်လာတဲ့ သတ္တဝါတွေရဲ့ ရည်ရွယ်ချက်ကို သူတို့ ကောင်းကောင်းသိထားပြီးသားပါ။ ဒါက နယ်မြေသိမ်းပိုက်ဖို့ ဖြစ်ပေသည်။
နယ်မြေအတွက် တိုက်ပွဲဝင်တာက အခြားမျိုးနွယ်များနှင့် ရန်ငြိုးဖွဲ့ခြင်းကို မလွဲမသွေ ဖြစ်ပေါ်စေလိမ့်မည်။ ဒါဆို ဘယ်သူက အကြီးဆုံးသားကောင် ဖြစ်လာမလဲ။
သူတို့သည် အညံ့ဆုံး မဟုတ်နိုင်သော်လည်း အနိမ့်ဆုံးအဆင့်တွင် ရှိနေမည်။ ဒီတော့ ဒီကိစ္စမှာ ဘယ်သူက ဖြစ်နိုင်ခြေအရှိဆုံး သားကောင်လဲ။
လူသားတွေ!
"စိတ်မပူပါနဲ့... ဖုံးကွယ်ထားရတာ ကောင်းချီးတစ်ခုပဲ ဘေးဥပဒ်ဖြစ်လာရင် ရှောင်လွှဲလို့မရဘူး။"
လုရွှမ် ပြုံးလျက် ဝင်ပြောလိုက်သည်။ သူ့အမူအရာမှာ လုံးဝ ပြောင်းလဲသွားပုံမပေါ်ချေ။
ရှေးယခင်ကတည်း ဤကဲ့သို့သော အရိပ်အယောင်များ ရှိခဲ့ပြီးသားမလို့ အနာဂတ်က အလွန်ခက်ခဲမယ် ဆိုတာ ရည်မှန်းထားခဲ့သည်။ ယခု ဖြစ်သွားပြီဆိုတော့ ထိတ်လန့်တာ သို့မဟုတ် စိတ်ပျက်နေရုံနဲ့ အကျိုးရှိလိမ့်မည် မဟုတ်ပါ။
အဖွဲ့သည် နဂါးများ စုဝေးရာသို့ ဦးတည် ထွက်သွားကြသည်။
နဂါးကျွန်းတစ်ခုလုံးသည် အရှေ့မှ အနောက်သို့ ရှည်လျားပြီး မြောက်မှ တောင်သို့ အတော်လေး ကျဉ်းမြောင်းသည်။ နဂါးကျွန်းဟု ခေါ်သော်လည်း အမှန်တကယ်တွင် ကျွန်းများစွာဖြင့် ဖွဲ့စည်းထားလေသည်။ ကျယ်ဝန်းသော ကျွန်းများအပြင် ကြယ်စုများကဲ့သို့ နှစ်ဖက်စလုံးတွင် ကျွန်းများစွာရှိသည်။
လွန်ခဲ့သော သုံးနှစ်ခန့်က ကောင်းကင်ကမ္ဘာက ဆင်းသက်လာသူ ဒုတိယအသုတ် ရောက်လာလောက်ပြီ။ နဂါးကျွန်းကတော့ ရှေးယခင်ကပင် နာမည်ကြီးခဲ့သည့် နေရာပင်။ နဂါးကျွန်း၏ တည်နေရာသည် သဘာဝအတိုင်း အလွန်ရှင်းလင်းသောကြောင့် နဂါးအချို့ ဆင်းသက်ပြီးနောက် နဂါးကျွန်းကို အလွန်လျင်မြန်စွာ ရှာတွေ့သွားကြသည်။
"အခုထိတော့ ဆင်းလာသူ အများစုက မျှော်စင်နယ်ပယ်တွေပဲ ရှိသေးတယ်...ဒါပေမယ့် သူတို့ရဲ့ အရည်အချင်းတွေက အရမ်း သန်မာတယ်... ကျွန်တော်တို့ ကျွန်းပေါ်က လူငယ် တော်တော်များများက သူတို့နဲ့ တိုက်ပွဲဝင်ခဲ့ပြီးပြီ... ရလဒ်တွေက ကြောက်စရာကောင်းတယ်"
ပျံသန်းနေစဉ်တွင် အောင်ဖေးသည် နဂါးကျွန်းရှိ ရှားပါးပြီး ထူးဆန်းသော အရာများအကြောင်း ပုံပြင်များလို ပြောပြနေသည်။
"စကားမစပ် တစ်ယောက်ယောက်က စိမ်းပြာမျိုးနွယ်ရဲ့ မင်းသမီးငယ်လေးကို လက်ထပ်ခွင့် တောင်းသေးတယ်.. မျိုးနွယ်ခေါင်းဆောင်က သဘောတူခဲ့ပါတယ် ဒါပေမယ့် အမြဲတမ်း ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့တဲ့ မင်းသမီးငယ်လေးက တကယ်ငြင်းမယ်လို့ ဘယ်သူက ထင်မှာလဲ"
နဂါးလေးလည်း အံ့အားသင့်သွားသည်။
"စိမ်းပြာမျိုးနွယ်စုမှ မင်းသမီးငယ်လေး... သူမ ပျောက်နေတာမလား ပြန်ပေးဆွဲခံရပြီး နဂါးကျွန်းက ထွက်သွားတာဆို ပြန်လာပြီလား"
"သူပြန်လာပြီ... နဂါးမျိုးရိုးကို ပုန်ကန်တဲ့ နဂါးတစ်ကောင်က ပြန်ပေးဆွဲသွားခဲ့တာ..."
လုရွှမ်က ရုတ်တရက်: "မင်းသမီးလေးရဲ့ နာမည်က ရှန်းရှန်းလား?"
"ဟုတ်တယ် အစ်ကိုလု... သူ့ကိုသိလား"
လျိုရှန်းက ပြုံးပြီး :"လုရွှမ် နဂါးကျွန်းကို လာရတဲ့ အကြောင်းရင်းက မင်းသမီး ရှန်းရှန်းကြောင့်ပါ... မင်းသမီးလေး အရင်က ပြန်ပေးဆွဲခံရတော့ လုရွှမ်က သူ့ကို ကယ်တင်ခဲ့တာလေ..."
"အိုစ မင်းသမီးလေးကလည်း သူ့ကို လူသားတစ်ယောက်က ကယ်တင်ပြီး သေမင်းပင်လယ်ကို ဖြတ်တော့ ပင်လယ်ထဲ နစ်မြုပ်သွားတယ်လို့လည်း ပြောခဲ့တယ်... မင်းသမီးလေးက မင်းအတွက် နတ်ကွန်းတောင် ဆောက်ခဲ့သေးတယ်..."
လုရွှမ်လည်း ရှန်းရှန်း၏ ညှိုးငယ်နေသော အကြည့်ကို တွေးကာ ခေါင်းကို ညင်ညင်သာသာ ခါလိုက်သည်။ သူမသည် သူ့အတွက် နတ်ကွန်းတစ်ခုကိုတောင် တည်ဆောက်ခဲ့တယ် ဆိုတော့ သူမ အလွန်ဝမ်းနည်းခဲ့ရပေမည်။
"ဒါဆို ငါသူမကိုတွေ့လို့ရမလား?"
အောင်ဖေးက ခေါင်းခါလိုက်ပြီး "အလုပ်မဖြစ်မှာကို ကြောက်တယ် မင်းသမီးလေးက အိမ်ထောင်မပြုချင်တော့လို့ အခု အကျယ်ချုပ်ကျနေတယ်"
"ဒါဆို သူဘယ်မှာရှိနေတာလဲ သိချင်တယ်... ဘယ်သူက လက်ထပ်မှာလဲ"
အောင်ဖေး အနည်းငယ် ချီတုံချတုံ ဖြစ်နေပြန်ရာ နဂါးလေးက ပြုံးပြီး ဝင်ပြောရပြန်သည်။
"ဖေးလေး... ငါ့ကို ပြောပါ... လုရွှမ်က မကြောက်တတ်ဘူး ဒါပြောတာလောက်ကတော့ သူ့အတွက် ဘာမှ ဖြစ်မလာဘူး"
"မင်းသမီးလေး လက်ထပ်တော့မယ့်လူက အောင်ထျန်း လို့ခေါ်တယ်...သူက...."
"အောင်ထျန်း? သူက ကောင်းကင်ကမ္ဘာ ယင်နဂါးမျိုးနွယ်စုက တတိယမင်းသားပဲ... အရမ်း ထက်မြက်ပြီး ကောင်းကင်ကမ္ဘာ တစ်ခုလုံးက ထိပ်တန်းပါရမီရှင် ဆယ်ယောက်ထဲမှာ အဆင့်သတ်မှတ် ခံထားရတာ...မျှော်စင်နယ်ပယ်ထဲမှာ ဒုတိယအဆင့်ပဲ... မျိုးနွယ်စုအားလုံးထဲမှာ ဘယ်သူကမှ ပထမလို့ မပြောရဲကြသည်။"
ရန်ဖေးသည် မျက်နှာ တည်တည်ကြည်လင်ပြီး ကြောက်စိတ်အပြည့်ဖြင့် အော်လိုက်သည်။ အောင်ထျန်း နာမည်အကြောင်း ပြောပြတာကို နားထောင်လိုက်တဲ့အခါ လူတိုင်း အံ့သြသွားကြရသည်။
ယင်နဂါးက သာလွန်ကောင်းမွန်သော နတ်နဂါးလေးကောင်ထဲမှ တစ်ကောင်ဖြစ်သည်။ သူသည် မင်းသမီးနှင့် မြင့်မြတ်သူလည်းဖြစ်သည်။ သို့သော် ရှန်းရှန်း တစ်ဖြစ်လည်း အောင်ရှန်းရဲ့ အဆင့်အတန်းက အောင်ထျန်းနဲ့ များစွာကွာခြားသည်။
အောင်ရှန်းရဲ့ ဖခင်က သူမကို အောင်ထျန်းနဲ့ လက်ထပ်ခိုင်းရတာ အံ့သြစရာမရှိပါဘူး။ တခြားသူတွေဆိုလည်း ဒီလိုပဲ လုပ်ကြလိမ့်မည်။