← Chapters

ကောင်းကင်လက်နက်ကို ရောင်းချခြင်း

Vol. 141 Ch. 4.1635

ကောင်းကင်လက်နက်ကို ရောင်းချခြင်း

Vol. 141 Ch. 4.1635

"သူက ဘယ်နယ်ပယ်မှာလဲ?"

လုရွှမ် မေးလိုက်သည်။

ဤလူရဲ့ အထောက်အထားကို ကြားပြီးနောက် လုရွှမ်သည် သူ့နှလုံးသားထဲတွင် တိုက်ပွဲဝင်ရတော့မယ့် ခံစားချက်ကို နားမလည်နိုင်စွာ ခံစားလိုက်ရသည်။ အောင်ထျန်းက သူ၏အနာဂတ် ကြီးထွားလာမှုမှာ ကမ္ဘာ့ရန်သူ ဖြစ်လာမှာ သေချာသလောက်ပင်။

လုရွှမ် နဂါးကျွန်းကို လာရခြင်းရဲ့ ရည်ရွယ်ချက်ကို ရန်ဖေးလည်း သိသည်။ ယခု အောင်ရှန်းကြောင့် သူသည် မလွှဲမရှောင်သာ သူ့ပြိုင်ဘက် ဖြစ်လာနိုင်သည်။

သူမမျက်နှာက အနည်းငယ် ရုပ်ဆိုးလာသည်။

"ကျွန်မ ကမ္ဘာရှိတုန်းက မျှော်စင်နယ်ပယ်ရဲ့ အဆင့်၅ ရှိနေတာ... သူအဆင့်မြင့်လာတိုင်း သူ့ကိုယ်သူ ရက်စက်စွာ ဖိနှိပ်ထားတတ်တယ်လို့ ကြားတယ်... အခုဆို ဆယ်နှစ်ကျော်သွားခဲ့ပြီ အများဆုံး မျှော်စင်နယ်ပယ် အဆင့်၆ မှာ ရှိနေ​လောက်တယ်..."

"ဒါပေမယ့် သူ့ကို နယ်ပယ်က လုံး၀ ဖော်မပြတတ်ဘူး... မျှော်စင်နယ်ပယ်ရဲ့ အထွတ်အထိပ်က တော်တော်များများက ပါရမီရှင်တွေပါလို့ ခေါ်ကြပေမယ့် သူနဲ့တော့ မယှဉ်နိုင်ဘူး... ကောလာဟလတွေအရတော့ အောင်ထျန်းက နတ်ခြေလှမ်းနယ်ပယ် တတိယအဆင့်က သခင်တွေကို တိုက်ခိုက်နိုင်နေပြီ..."

"ချင်ထျန်းဂိုဏ်းရဲ့ တပည့်ကြီးက အောင်ထျန်းနဲ့ တိုက်ခဲ့ဖူးပေမယ့် ရှုံးသွားတယ်လို့လည်း ကြားတယ်... ပြန်လာပြီးနောက်မှာတော့ သူလည်း တံခါးပိတ် ကျင့်ကြံသွားတယ်...ဆရာက အဲဒီအကြောင်းကို ပြောပြရင်း အောင်ထျန်းက အရမ်း ကြောက်စရာကောင်းတယ်လို့လည်း ပြောခဲ့သေးတယ်... အပြင်ဘက်မှာ တွေ့ရင်တောင် လှည့်ထွက်ပြေးသင့်တယ်တဲ့..."

လုရွှမ် ခေါင်းညိတ်လိုက်ပြီး :"နားလည်ပြီ!"

ရန်ဖေး တခြားလူတွေကို ကြည့်လိုက်တော့ ဘယ်သူမှ စကားမပြောကြချေ။ နတ်ခြေလှမ်းနယ်ပယ်တွင် အဆင့်သုံးဆင့်ရှိပြီး အဆင့်တစ်ခုစီသည် ယခင်အဆင့်များထက် ပိုမိုခက်ခဲသည်။ လျိုရှန်းပင် နတ်ခြေလှမ်းနယ်ပယ် ဒုတိယအဆင့်ကို တွန်းလှန်နိုင်မည်ဟု ယုံကြည်သော်လည်း ၎င်းက တိုက်ကွက်တစ်ခုတည်းသာဖြစ်သည်။

အထူးသဖြင့် အောင်ထျန်း တိုက်ခိုက်ခဲ့သော နတ်ခြေလှမ်းနယ်ပယ် တတိယအဆင့် အရှင်သခင်က သာမာန်သခင် မဟုတ်ဘဲ နဂါးမျိုးရိုး၏ အကြီးတန်းသာ ဖြစ်ရမည်။

ထိုလူသည် လုရွှမ်ရဲ့ အကြီးမားဆုံးရန်သူ ဖြစ်​လာတော့မှာ သေချာပါသည်။

အောင်ဖေးသည် နှစ်များအတွင်း နဂါးကျွန်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဆက်လက် ပြောပြခဲ့ပြီး လုရွှမ်သည်လည်း စကားတစ်ခွန်းမှ ဝင်မပြောဘဲ နားထောင်ခဲ့သည်။

နဂါးမျိုးနွယ်စုများရဲ့ စုဝေးရာနေရာသည် အလွန်ကြီးမားပြီး ခမ်းနားထည်ဝါစွာ တည်ဆောက်ထားသည်။ ဒါပေမယ့် ပြန်ကြည့်မယ်ဆိုရင် လူသားတွေရဲ့ ခြေရာတွေ လက်ရာတွေက အများကြီးရှိလေသည်။

အတွင်းထဲမှာ ပျံသန်း လျှောက်သွားနေတဲ့ အရာ အများစုဟာ လူသားပုံစံတွေချည်းပဲ ဖြစ်သည်။

"ဟာဟား လုရွှမ် မင်း ဒါကို မသိဘူးမလား... တကယ်တော့ မြို့တွေ အများကြီး ဆောက်ထားတာက လူတွေနဲ့ ဆက်ဆံရေး ကောင်းခဲ့တုန်းကလေ.. ဒဏ္ဍာရီအရတော့ နဂါးတွေက ဒီမှာ လေ့ကျင့်ပြီး လူသား​တွေ အခြေချတဲ့​နေရာကို သွားပြီး မြို့တည်တဲ့ နည်းလမ်းကို သင်ယူခဲ့ကြတာတဲ့..."

လူတိုင်းဟာ ကောင်းကင်ကနေ ပြုတ်ကျပြီးတာနဲ့ တစ်ယောက်ပြီးတစ်ယောက် လူသားပုံစံ ဖြစ်သွားကြသည်။ မြို့ထဲသို့ ဝင်ပြီးနောက် အဖွဲ့သည် ချက်ချင်းပင် အာရုံစူးစိုက်မှုများစွာကို ရရှိခဲ့သည်။ လုရွှမ်နဲ့ ရန်ဖေးရဲ့ လူ့အငွေ့အသက်သည် အမှန်တကယ် ပြင်းထန်လွန်းသည်လေ။

အထူးသဖြင့် လုရွှမ် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတာကြောင့် တစ်ချက် ကြည့်လိုက်ရုံဖြင့် လူအများ၏ မျက်လုံးများအား အံ့သြမှုနှင့် သံသယများ ပြည့်နှက်သွား​စေလေသည်။

လမ်းမများက အလွန်အသက်ဝင်သောကြောင့် လုရွှမ်မှာ လူသားစုဝေးရာ နေရာသို့ ပြန်​ရောက်သွားသလိုပင် ခံစားလာခဲ့ရသည်။ တင်းကုပ်ငယ်တစ်ခုစီတွင် လူမျိုးပေါင်းစုံဆီမှ ယူဆောင်လာသော ရှားပါးရတနာမျိုးစုံကို ကြည့်ရှုရန် သတ္တဝါများစွာကို ဆွဲဆောင်နေသည့် ဆိုင်ရှင်တွေလည်း ရှိသည်။

နဂါးလေးမှာ အိမ်နှင့် ဝေးကွာခဲ့တာ ကြာပြီဖြစ်သည်။ အောင်ဖေးကတောင် သူ့ကို စစ်ဆေးဖို့ ရောက်လာခဲ့ရတာကြောင့် အိမ်ကို အရင်ပြန်သွားကြည့်ချင်သည်။ အထူးသဖြင့် သူ့အဖေက သူ့ဝိညာဥ်မီးခွက်က ကွယ်လုမတတ် ဖြစ်သွားခဲ့တာကို တခါမြင်ခဲ့တာကြောင့် အတော်လေး စိတ်ပူနေလောက်သည်။

လုရွှမ်နဲ့ တခြားသူတွေကို သူနဲ့အတူလိုက်ဖို့ ဖိတ်ခေါ်ချင်ခဲ့သည်။ အမှန်တော့ နဂါးကျွန်းတွင် လုရွှမ်နဲ့ ရန်ဖေးတို့ရဲ့ လူသားလက္ခဏာများက ကြီးမားသော အန္တရာယ်ကို ဆောင်ကြဉ်းလာနိုင်သည်။ သို့သော် လုရွှမ်က ငြင်းသည်။

ကုသိုလ်ဖြစ်လာရင် ဘေးဥပဒ် မဖြစ်လာပါ။ ထို့အတူ ဘေးဥပဒ်ဖြစ်လာရင် ရှောင်လွှဲ၍မရပေ။ ခေတ္တ ရှောင်နိုင်ရင်တောင် ထာဝရ ရှောင်နိုင်လိမ့်မည် မဟုတ်ချေ။

"စိတ်မပူပါနဲ့ ငါလည်းဒီမှာ လျှောက်ကြည့်ချင်သေးတယ်.... ပစ္စည်းတွေ အများကြီးရှိပုံရတယ် ဒီမှာ ကောင်းတာတွေ ရှာတွေ့နိုင်တယ်"

နဂါးလေးက ထပ်ခါထပ်ခါ ဖျောင်းဖျပြီးနောက် ရဲ့ရှား၊ ကောင်းကင်သိမ်းငှက်တို့နဲ့အတူ နှုတ်ဆက်ပြီး ထွက်သွားခဲ့သည်။ လုရွှမ်၊ လျိုရှန်း၊ ရန်ဖေးနဲ့ ဖူကျွမ်ချင်းတို့ မိန်းကလေး သုံးယောက်သည် လမ်းပေါ်တွင် လမ်းလျှောက်လာရင်း သူတို့ပတ်ဝန်းကျင်ရှိ ရတနာများကို ကြည့်နေကြသည်။

ဖူကျွမ်ချင်းမှာ ဤကဲ့သို့ ဈေးကွက်ကို တစ်ခါမှ မမြင်ဖူးသောကြောင့် စူးစမ်းမှုအရှိဆုံး ဖြစ်သည်။ ပစ္စည်း တစ်ခုချင်းစီက တခြားအရာတွေထက် ပိုဆန်းကြယ်သည်။

လုရွှမ်လည်း တင်းကုပ်များကို တစ်ခုပြီးတစ်ခု ဖြတ်သွားခဲ့ရာ ထိုသတ္တဝါများသည် အမှန်တကယ် ရိုးသားကြောင်း လက်ခံလိုက်ရသည်။ ကောင်းသောအရာများ အားလုံးကို ထုတ်​ရောင်းပစ်ကြပေမယ့် မရိုးမသားလုပ်ရန် မကြိုးစားကြပေ။

ထို့အပြင် စျေးနှုန်းကလည်း အလွန်သင့်လျော်သည်။ အရောင်းအ၀ယ် ပမာဏသည် သဘာဝအလျောက် ကြီးမားသည်။ ပစ္စည်းကိုယူပါ၊ သလင်းကျောက်ကို ချလိုက် ဒါဆို အရောင်းအဝယ်က ပြီးချေပြီ။

သူတို့လေးယောက်က ဓားရောင်းတဲ့ နေရာကို ရောက်လာကြသည်။ ဖူကျွမ်ချင်းဓားက ကျိုးသွားသောကြောင့် သူမအတွက် ဓားအသစ်လိုသည်။

ဓားမျိုးစုံကို ဤနေရာတွင် ရောင်းချနေပါ၏။ သားရဲတွေအတွက် ပြင်ပကိရိယာတွေက သိပ်အရေးမကြီးပါဘူး။

ဒါ့အပြင် နဂါးလေးတို့လိုမျိုး အပြင်မှာ သွားလာတတ်တဲ့ အနည်းစုလည်း ရှိတာကြောင့် ဈေးရောင်းသူတွေက သဘာဝအတိုင်း ပိုပွင့်လင်းကြသည်။

ဖူကျွမ်ချင်းက ကောင်းကင်လက်နက် တစ်ခုကို စိတ်ကူးယဉ်ခဲ့သည်။ အဲဒီကောင်းကင် လက်နက်ကို မြင်တာနဲ့ လုရွှမ်ရဲ့ မျက်လုံးတွေကလည်း ပြူးကျယ်သွားသည်။ သူ၏ လက်ရှိအဆင့်တွင်ပင် ကောင်းကင်လက်နက်များကို မသန့်စင်နိုင်သေးပေ။ ချင်ထျန်းဓားကို ဖန်တီးတာတောင် အခွင့်အရေး တစ်ခုကြောင့်သာ။

ဤတွင် ကောင်းကင်လက်နက် တစ်ခုက အမှန်တကယ်ပင် ပေါ်ပေါ်ထင်ထင် ရောင်းစားခံနေရသည်။ ဒါပေါ့။ တစ်ခုပဲရှိတာပါ။ ဒုတိယမြောက်က်ုလည်း ရောင်းမည်ဆိုပါက အမှန်ပင် ထူးဆန်းနေလိမ့်မည်။

"ဒီဓားက ဘယ်လောက်လဲ"

ကောင်းကင်လက်နက်ကို တံဆိပ်ခတ်ထားပြီး ၎င်း၏အတွင်းစိတ်သဘာဝကို မမြင်နိုင်သော်လည်း ထင်ရှားပေါ်လွင်နေသော ၎င်းတို့၏ ထူးခြားသော သဘာဝကိုတော့ ခံစားနိုင်သည်။

စျေးရောင်းတဲ့ ဈေးဆိုင်ရှေ့မှာလည်း သားရဲအစုံ စုရုံးလာကြပါ၏။

"ငါ ငါးသောင်း ငါးရာ ပေးမယ်။"

"သလင်းကျောက် ၇၀၀"

……

နဂါးကျွန်းကို လာနိုင်တဲ့ သတ္တဝါတွေအားလုံးဟာ အလွန်ချမ်းသာသူတွေ ဖြစ်တယ်ဆိုတာ ထင်ရှားပါ၏။ သူတို့အတွက် သလင်းကျောက်တွေက နံပါတ်တစ်ခုမျှသာဖြစ်ပြီး ၎င်းတို့၏ပါးစပ်မှ ပေါ့ပေါ့ဆဆ လွင့်ပျံနေ​ကြသည်။

လုရွှမ်ပင် တိတ်တဆိတ် စကားမပြောနိုင် ​ဖြစ်သွားခဲ့သည်။ သူသည် မျိုးနွယ်ပေါင်းစုံမှ ပါရမီရှင်များ၏ သိုလှောင်လက်စွပ်များစွာကို အကြိမ်ပေါင်းများစွာ လုယက်ခဲ့သည်။ သို့သော် ဤကောင်းကင် လက်နက်အတွက် သိုလှောင်လက်စွပ် အားလုံးကို ထုတ်ယူလိုက်လျှင်ပင် မလုံလောက်သေးပါ။

သလင်းကျောက်များကို အနီရောင်၊ လိမ္မော်ရောင်၊ အဝါ၊ အစိမ်း၊ အပြာနှင့် ခရမ်းရောင်ဟူ၍ ခုနစ်မျိုးခွဲခြားထားသည်။ အမြင့်ဆုံးသည် သဘာဝအားဖြင့် ခုနစ်ခုမြောက်က သလင်းကျောက်ဖြစ်ပြီး အလွန်ရှားပါးကာ တူဖော်ဖို့လည်း အလွန်ခက်ခဲသည်။

အဆင့်၇ သလင်းကျောက်ကို ထုတ်လုပ်ရန်အတွက် အလွန်ကြီးမားသော ဧရာမသတ္တုတွင်းကြီး ရှိရမည်။ ထို့ကြောင့် ၎င်းတွင်းသည် ကနဦးအနီရောင်မှ နောက်ဆုံး ခရမ်းရောင်အထိ အရောင်များ ရရှိနိုင်ကြောင်း ဆို၍ရသည်။

ဝိညာဉ်စွမ်းအင် မလုံလောက်ပါက သို့မဟုတ် မိုင်းတွင်းက လုံလောက်မှုမရှိပါက ခရမ်းရောင်သလင်းကျောက်များ ထုတ်လုပ်ရန် မဖြစ်နိုင်ပါ။

သို့သော် ဤကျောက်ခဲများကို ပေါင်းစပ်တာကလည်း အချိန်အတော်ကြာပြီး အလွယ်တကူ ပေါင်းစပ်လို့ ​မရနိုင်ပါ။ အရောင်အသစ်တစ်ခု ထပ်ထည့်လိုက်တိုင်း တိုးတက်ပြောင်းလဲဖို့ အနည်းဆုံး နှစ်ထောင်ပေါင်းများစွာ ကြာပါလိမ့်မည်။

အဆင့်၇ သလင်းကျောက်က ဥပမာပင်။ အဆင့်၇ သလင်းကျောက် အပိုင်းတစ်ပိုင်းကို ပြောင်းလဲတည်ဆောက်ဖို့ အနည်းဆုံး နှစ် ၇သောင်းလောက် ကြာပါ၏။ ဒါကြောင့် ဘယ်လောက် တန်ဖိုးရှိသလဲ တွေးကြည့်နိုင်ပါသည်။

ဖူကျွမ်ချင်း သူမလျှာကို ညှစ်ထုတ်လိုက်သည်။ ဒီဓားက ဈေးကြီးလွန်းပြီး သူမ လုံးဝ မတတ်နိုင်ချေ။

"ဟမ့် လူနှစ်ယောက်က ဒီမှာ ရပ်ကြည့်နေကြတယ်ပေါ့? မင်းတို့ တတ်နိုင်လို့လား ထွက်သွားစမ်း!"

အလွန်သန်မာပြီး ကြီးစိုးသော အမျိုးသမီးနှစ်ယောက် အနောက်မှ ပြေးထွက်လာသည်။ သူတို့သည် ရှေ့သို့ ပြေးထွက်လာခဲ့ကာ ရန်ဖေးနဲ့ ဖူကျွမ်ချင်းကို ခေါက်လိုက်ကြသည်။ မောက်မာမှုအပြည့်နဲ့ အမျိုးသမီး နှစ်ယောက်ရဲ့နောက်ကနေ အမျိုးသမီးတစ်ဦး ထပ်ရောက်လာသည်။

"ဒီကောင်းကင်လက်နက်ကို ငါလိုချင်တယ်.... သူဌေး ငါ့ကို ဈေးတစ်ခုပေး"

အမျိုးသမီးက အော်ပြောပြီး တခြားသားရဲများ အားလုံးရဲ့ မျက်လုံးတွေကို ကြည့်လိုက်သေးသည်။ သူမက သူတို့ကို မျက်စိထဲ မထည့်ထားဘူး ဆိုတာ ရှင်းပါ၏။

ရန်ဖေးနှင့် ဖူကျွမ်​ချင်းတို့ကို တွန်းထုတ်လိုက်သော်လည်း ဘယ်သူကမှ ဂရုမစိုက်ပေ။

All Chapters