တိုင်းပြည်နှစ်ခုကြားမှ ပြိုင်ပွဲ
Vol. 87 Ch. 1214
ထိုလူများကို သတ်လိုက်လျှင် တစ္ဆေမိဖုရားသည် လူပိုလွှတ်ကာ သူမ ကိုသတ်ခိုင်းမည်ဟု ရှီမာယူယူထင်ထားသည်။ သို့သော် မထင်မှတ်စွာပင် တစ္ဆေမျိုးနွယ်ဝင်များ၏ လက္ခဏာတစ်စိုးတစ်စိမျှ မရှိပေ။ “တစ္ဆေမိဖုရားက ငါ့ကိုသတ်ဖို့မျှော်လင့်ချက်ကို လက်လျော့လိုက်ပြီလား” ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ဖြင့်ပြောလေသည်။
“မဖြစ်နိုင်တာ” ဒိကျဲ့သည် သူမ ယုံကြည်ချက်ကို ချိုးနှိမ်လေသည် “သူမကို ငါတို့နားလည်သလောက်တော့ သူမ အချစ်ဆုံးသားကို မင်းသတ် လိုက်ရင် မင်းကိုမသတ်ရဘဲ နားမှာမဟုတ်ဘူး”
“ဒါဆိုရင် ဘာလို့ဘာ လှုပ်ရှားမှုမှမရှိတော့တာလဲ။”
“ပိုကြီးတဲ့တစ်ခုခုကို အစီအစဉ်ဆွဲနေလို့နေမှာပေါ့” ဒိကျဲ့ ခန့်မှန်းလေ သည်။ “ငါတို့က အပြင်မှာမဟုတ်တော့ ဘာသတင်းမှမရနိုင်ဘူး အဲတော့ သူတို့လာရင် တိုက်ခိုက်ရုံပဲရှိတယ်”
“သူတို့ လာရင်တိုက်ရမှာပေါ့ ဘာပဲဖြစ်ဖြစ် ဒီမှာဘယ်လောက်ကြာ အောင်နေရမလဲဆိုတာ မသိသေးဘူးလေ” ရှီမာယူယူ ပြောလိုက်သည်။
သူတို့သည် ထာဝရရှင်သန်သူနယ်မြေတွင် နှစ်ပေါင်းများစွာကြာနေပြီ ဖြစ်သည်။ သူတို့အစောပိုင်းကပြောသလိုပင် သူတို့သည် ၂နှစ်တစ်ကြိမ်ထွက် သွားနိုင်သည်။ သို့သော် လက်ရှိအခြေအနေအရ တခြားတိုင်းပြည်မှလူများ ဝင်လာသဖြင့် တံခါးပိတ်ကျင့်ကြံရမည့်အချိန်မဟုတ်ပေ။ ဖန်ချီတိုင်းပြည် အတွက်လည်းအတူတူပင်။
အကယ်၍ ထာဝရရှင်သန်သူနယ်မြေ မပိတ်ခင်က ဝင်လာသူများသည် ထွက်ခွာနိုင်မည်မဟုတ်သောကြောင့် ဖန်ချီတိုင်းပြည်မှလူများသည် ကိုင်တွယ်ရခက်သည်ကို သိလျှင်တောင်မှ ရှေးဟောင်းကမ္ဘာဦးနယ်မြေမှလူ များသည် ထွက်သွားနိုင်ကြပေ။ ထာဝရရှင်သန်သူ နယ်မြေနောက်တစ်ကြိမ် ဖွင့်မှပင် လူများ အလိုလိုထွက်သွားမည်းဖြစ်သည်။
“မင်းရဲ့ လွှမ်းမိုးမှုကြောင့် သူတို့က လုယက်တယ်ဆိုတာကို ရှေးဟောင်းကမ္ဘာဦး နယ်မြေကလူတွေသိသွားတယ်လို့ ကြားတယ် မင်းတို့က ဖန်ချီတိုင်းပြည်က လူတွေကိုမြင်ရင်တောင် မရှောင်ဘဲ လုယက်တယ်လို့ သတင်းတွေထွက်နေ ပြီ” ဒိကျဲ့ ပြောလိုက်သည်။
“ကျွန်မရဲ့ လွှမ်းမိုးမှုဆိုတာ ဘာပြောတာလဲ အဲဒါ သူတို့အတွေးပဲလေ ကျွန်မနဲ့ မဆိုင်ဘူး” ရှီမာယူယူသည် အခိုင်အမာပြောလေသည် “ကျွန်မကို မစွပ်စွဲပါနဲ့”
“မင်း မလုယက်ခင်ကို တခြားသူတွေက လုယက်တယ်လို့ ငါဘာလို့ မကြားမိတာလဲ” ဒိကျဲ့ ဆက်ပြောလေသည် “ဘာပဲဖြစ်ဖြစ် အဲဒါအကုန်လုံး မင်းကြောင့်ပဲ”
“ကျွန်မက သူတို့အတွေးကို ဖွင့်ပေးလိုက်ပြီး သူတို့သဘာဝအတိုင်း လုပ်ခွင့်ပြုလိုက်တာပဲရှိတာ” ရှီမာယူယူသည် ရိုးသားစွာပြောလေသည်။
“ထားလိုက်တော့” ဒိကျဲ့သည် သူမနှင့်စကားပြောလေလေ သူမ အကျင့်ကိုသိလေလေဖြစ်သည်။
ပြီးခဲ့သည့်တစ်ခေါက်က သူမ အကျင့်သည် ဒေါ်လေးဖြစ်သူနှင့် တူညီ သည်ဟု တွေးခဲ့သော်လည်း သူမနှင့် ပေါင်းလေလေ သူ၏ အတွေးများ မှားနေသည်ကို သိလိုက်ရသည်။
သူမနှင့် ဒေါ်လေးတို့သည် အကျင့်တူတေသာ်လည်း သူမသည် အမှန် တကယ်ပင် ဒေါ်လေးနှင့်မတူပေ။ အနည်းဆုံးတော့ ဒေါ်လေးသည် သူမ ပြောသလို ရိုင်းစိုင်းမှုနှင့် ကိုယ့်ကိုယ်ကိုအထင်ကြီးမှုမရှိပေ။
ပြီးတော့ အဲဒီအကျင့်က ဘယ်လိုဖြစ်လာတာလဲကို မသိဘူး။
ရှီမာယူယူနှင့် ဒိကျဲ့တို့သည် ဘေးတွင်စကားပြောနေသည်။ စခန်းသည် တခြားတစ်ဖက်တွင်ရှိကာ လူတစ်စုသည် သူတို့ဆီသို့ လျှောက်လာကြ လေသည်။
“ဆရာ လာရှာတဲ့သူရှိတယ်” နီအန်းယီသည် အသံကုန်ဟစ်ခေါ်လေ သည်။
ရှီမာယူယူ ကြည့်လိုက်ရာ အဂ္ဂိရတ်ပညာရှင်အသင်း လာနေသည်ကို မြင်လိုက်ရသည်။
“အကြီးအကဲယူယူကို နှုတ်ဆက်ပါတယ်” အဖြူရောင်မုတ်ဆိတ်နှင့် လူကြီး သူမကိုနှုတ်ဆက်သည်ကိုကြည့်ပြီး နေရခက်လာသည်။
အကြီးအကဲ ဆိုသည့်စကားလုံးသည် သူမသည် အဂ္ဂိရတ်ပညာရှင် အသင်းမှ အကြီးအကဲတစ်ယောက်ဖြစ်သည်ကို သွားအမှတ်ရစေသည်။
“ကျွန်မကို ယဉ်ကျေးနေဖို့မလိုပါဘူး စီနီယာကြီး” သူမသည် သူ့ကို ကူ ထူပေးလိုက်ပြီး သူ မတ်တတ်ရပ်သည်အထိ စောင့်ကာ မေးလိုက်သည် “ဥက္ကဌရှားနဲ့ တခြားသူတွေ ဝင်မလာဘူးလား”
“ဥက္ကဌရှားနဲ့ တခြားသူတွေ ဝင်မလာပါဘူး အဲအစား ဒုဥက္ကဌနဲ့ အကြီးအကဲတွေ ဝင်လာကြပါတယ်” ထိုအကြီးအကဲ ပြောလိုက်သည်။
“သြော် ကျွန်မတို့ကို ဘယ်လိုရှာတွေ့တာလဲ” ရှီမာယူယူ မေးလိုက် သည်။
“အကြီးအကဲဆီကို အကူအညီတောင်းဖို့ ဒုဥက္ကဌက အမိန့်ကိုရလို့ပါ” အကြီးအကဲ ပြောလေသည်။
“အကူအညီဟုတ်လား ဘာအကူအညီလဲ”
အဂ္ဂိရတ်ပညာရှင်အသင်းက အဲလောက်သန်မာတာ။ သူမ အကူအညီ လိုသေးတာလား။
“ဒီလိုပါ မကြာသေးခင်ကပဲ တိုင်းပြည်နှစ်ခုကြားမှာ တိုက်ပွဲတွေ အများ ကြီးဖြစ်ခဲ့တယ် ဒဏ်ရာရတဲ့သူတွေ သေတဲ့သူတွေ အများကြီးတိုးခဲ့တယ် ဆုံးရှုံးမှုလျော့အောင်လို့ ကျုပ်တို့တိုင်းပြည်နဲ့ တစ်ဖက်တိုင်းပြည်တို့ ပြိုင်ပွဲ လုပ်ဖို့ဆုံးဖြတ်လိုက်တယ်”
“ပြိုင်ပွဲဟုတ်လား”
ထိုနေရာရှိလူအားလုံးသည် အံ့သြသွားကြသည်။ ဒီလိုနေရာမှာ ပြိုင်ပွဲရှိ လာနိုင်မလား။
“ဘာနဲ့ ပြိုင်မှာလဲ” ရှီမာယူယူ မေးခွန်းထုတ်လေသည်။
“အကုန်လုံးပဲ” အကြီးအကဲ ပြောလေသည် “အဂ္ဂိရတ် လက်နက် တည်ဆောက်မှုနဲ့ ဝိညာဉ်ရှာဖွေမှုကိုရောပဲ အကုန်လုံးပဲ”
“လောင်းကြေးကရော”
“လောင်းကြေးက ထာဝရရှင်သန်သူနယ်မြေမှာ အင်အားစုအကုန်လုံး ရှာတွေ့တဲ့ ရတနာတေါပဲ တချို့က သူတို့ဘာသာရှာထားတာ အများစုက တော့ ကျုပ်တို့ဆီကလုထားတာတွေပဲ” အကြီးအကဲ ပြန်ဖြေလေသည် “ဘယ်သူနိုင်နိုင် ရတနာတွေကို ပိုင်ဆိုင်ရမယ်”
“ဒီလိုပြိုင်ပွဲက တိုက်ရိုက်လုတာထက်စာရင် ပိုပြီး ယဉ်ကျေးတယ် သဘာဝကတော့ အတူတူပဲ” ရှီမာယူယူ သက်ပြင်းချလိုက်သည် “ဒါအကုန်ပဲ လား”
“ပြိုင်ဘက်ကလည်း ကတိပေးထားတယ် ဘယ်တိုင်းပြည်ကရှုံးရှုံး ရှာတွေ့ထားတဲ့ ရတနာတွေအကုန်လုံးကို ပြိုင်ဘက်ကိုပေးရမယ် တစ်ဖက် တိုင်းပြည်ကလည်း အဲဒါကိုပြန်မလုရဘူး”
“ဒါက အဓိကအချက်ပဲ” ဒိကျဲ့ ပြောလိုက်သည်။
သူတို့ ထိုနေရာတွင် အချိန်မည်မျှကျန်နေသေးသည်ကို မသိသလို ရတနာမည်မျှကျန်သေးသည်ကိုလည်း မသိပေ။ နောက်ကွယ်တွင် ထိုမျှ ကြီးမားသည့် အခွင့်အလမ်းများစွာရှိနေပါက အရင်ဝင်လာသည့်သူများသည် အခွင့်အရေးပိုရနိုင်သည်။
ရှီမာယူယူသည် ဝင်လာကတည်းကပင် များစွာရထားသဖြင့် နောက်ပိုင်းရရန်မမျှော်လင့်ထားပေ။ သို့သော် တခြားသူများအတွက်တော့ အခွင့်အရေးများကျန်နေသေးသည်။
“ကျွန်မကို ဘာလုပ်စေချင်တာလဲ” သူမ မေးလိုက်သည်။
“အကြီးအကဲလည်း ဒီကိုရောက်နေတယ်ဆိုတော့ ဒုဥက္ကဌက အဂ္ဂိရတ် ပညာရှင်ကိုယ်စားပြုအနေနဲ့ ပြိုင်ပွဲမှာဝင်ပြိုင်စေချင်နေတယ်” အကြီးအကဲ ပြောလေသည်။
“ကျွန်မကိုလား ဘာလို့လဲ ကျွန်မအဆင့်က အဲလောက်မမြင်ဘူးလေ” ရှီမာယူယူ မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ တစ်ဖက်က အင်အားကိုကြည့်မှာမဟုတ်ဘဲ အသက်ကိုပဲကြည့်မယ်လို့ ပြောတယ်” အကြီးအကဲရှင်းပြလေသည် “အကြီးအကဲက အဂ္ဂိရတ်သခင်တွေထဲမှာ အငယ်ဆုံးလေ”
“ကျွန်မကူညီနိုင်ရင် ကူညီပါမယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ ကဝန်ထုတ်ဝန်ပိုးဖြစ်သွားစေမှာကိုပဲ စိုးရိမ်မိပါတယ်”
“အကြီးအကဲသွားမယ်ဆိုရင် ဘယ်သူမှယှဉ်နိုင်မှာမဟုတ်ပါဘူး” ထိုအကြီးအကဲသည် စိတ်လှုပ်ရှားစွာပြောလေသည် “အကြီးအကဲက သဘောတူပြီဆိုမှတော့ ကျုပ်တို့နဲ့လိုက်ခဲ့ပါ”
“ကောင်းပါပြီ ကျွန်မသူတို့ကို အသိပေးလိုက်ပါဦးမယ်”
သူမ ပြိုင်ပွဲဝင်ပြိုင်မည်ဟု အသည်းကွဲတောင်ကြားအဖွဲ့ဝင်များသည် လိုက်ကြည့်ချင်သည်ဟု ဆိုလာကြသည်။ သို့သော် သူတို့သည် သူမ တစ်စုံတစ်ရာဖြစ်မည်စိုးသဖြင့် ကာကွယ်ရန်လိုက်လိုခြင်းဖြစ်ကြောင်းကို ရှီမာယူယူသိသည်။ သို့သော် သူမသည် သူတို့တောင်းဆိုချက်ကို မငြင်းဆန် လဲ ခေါ်လာလိုက်သည်။
အသည်းကွဲတောင်ကြားအဖွဲ့ဝင်များလည်း တူညီသောအတွေးပင်ဖြစ် သည်။ သူတို့သည် ဖန်ချီတိုင်းပြည်မှလူတချို့ကို လုယက်ခဲ့ကြသည်။ ထိုနေရာတွင် ရန်သူနှင့်တွေ့မည်ဆိုလျှင်တောင် အနည်းဆုံးတော့ ထိုလူများ သည် သူတို့ကို ထိရဲမည်မဟုတ်ပေ။
အသည်းကွဲတောင်ကြားအဖွဲ့ဝင်များသည် အလျင်အမြန်ပင် အထုတ်အပိုးများသိမ်းပြီး ယာယီပြိုင်ပွဲမြေပြင်သို့လိုက်သွားလေသည်။
“ပြိုင်ပွဲဆိုမှတော့ အခုသွားလို့ရပြီလား” ရှီမာယူယူ မေးလိုက်သည်။
“တစ်ဖက်က သူတို့နဲ့ပြိုင်ဖို့ အနီးဆုံးနဲ့အသန်မာဆုံးလူကိုရှာဖို့ အချိန် တစ်လပေးမယ်ပြောတယ် အနိုင်ကျင့်တယ်လို့အပြောမခံရအောင်လို့တဲ့” အကြီးအကဲသည် ပြောရင်းရင်းနှင့် ဒေါသထွက်နေလေသည်။ ပြိုင်ဘက် သည် သူတို့ကိုအမှန်တကယ်ပင် နှိမ့်ချခဲ့သည်။
“လူကြီးမင်းတို့လည်း အင်အားနည်းနေကြတယ် သူတို့ကတော့ အမြဲတမ်းဒီလိုပါပဲ အချိန်ရောက်လာရင် ကျွန်မသူတို့ကို ကိုင်တွယ်ပါမယ်” ရှီမာယူယူ ဆက်ပြောလေသည် “အဲအချိန်ထိတော့ တစ်လအချိန်ပေးတာကို ပဲ သူတို့ကိုကျေးဇူးတင်ရမှာပဲ”
“အင်း အကြီးအကဲ ပြိုင်မယ်ဆိုရင် သူတို့မျက်လုံးတွေ ကန်းသွားမှာပဲ သူတို့ အားပြနိုင်ဦးမလားကြည့်ကြတာပေါ့” အကြီးအကဲ ပြောလိုက်သည် “ဒီတောင်ပြီးရင် ရောက်ပြီ”
ရှီမာယူူသည် ထိုတောင်ဆီသို့ လိုက်ပါပျံသန်းလာသည်။ ထိုတောင်တန်းတွင် လူများဖြင့်ပြည့်နေလေပြီ။ အများစုမှာ ဖန်ချီတိုင်းပြည်မှ လူများဖြစ်သည်။ သူတို့သည် ရှေးဟောင်းကမ္ဘာဦးနယ်မြေမှလူများကို စောင့် နေသည့်ပုံပင်။
***