← Chapters

မြေပြင်လမ်းလျှောက်သူဓားချုပ်၏ သတိပေးမှု၊ ကောင်းကင်လွင်ပြင်သို့ ခရီးစဉ်

Vol. 23 Ch. 439

မြေပြင်လမ်းလျှောက်သူဓားချုပ်၏ သတိပေးမှု၊ ကောင်းကင်လွင်ပြင်သို့ ခရီးစဉ်

Vol. 23 Ch. 439

လုရှင်းယွင်၏ စကားများကို ကြားပြီးနောက် မြေပြင်လမ်းလျှောက်သူဓားချုပ်၏ သဘောရိုးနှင့် အပြုံးမှာ ကွယ်ပျောက်သွားသည်။

“တာအိုရောင်းရင်းလု ငါမင်းရဲ့ မျိုးနွယ်ဝင်တွေ အသတ်ခံလိုက်ရတာလဲဆိုတာကို မင်းမသိသေးဘူးလို့ ယူဆတယ်။ မင်းသိမယ်ဆိုရင်‌တော့ ဘာလို့ငါ့ကိုပြောပြနေဦးမှာလဲ? ငါ ငါ့ရဲ့ လက်ထဲမှာရှိတဲ့ ဓားကိုသုံးပြီး ရှင်းပြချက်တစ်ခုပေးမယ်ဆိုရင်ရော?”

သူစကားပြောနေစဉ်တွင် မြေသားအဝါရောင်ဓားတစ်ချောင်း သူ၏လက်ထဲသို့ ရောက်လာခဲ့သည်။

ဓားသည် သေမျိုးလောကမှ အခြားဓားများကဲ့သို့ပင် သာမန်ဓားတစ်လက်ဟု ထင်ရပေသည်။

မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် လုရှင်းယွင်တို့ကတော့ ထိုသို့မထင်ကြပေ။

လုရှင်းယွင်၏ အမူအယာမှာ သိသိသာသာပြောင်းလဲသွားကာ ဒေါသကြီးစွာ ပြောလိုက်သည်။

“တာအိုရောင်းရင်း မြေပြင်လမ်းလျှောက်သူ၊ ခင်ဗျားဘာကိုဆိုလိုတာလဲ?”

“အဓိကကိုပဲတန်းသွားလိုက်တာလေ!”

သူစကားပြော၍ပြီးသွားသည်နှင့် လုရှင်းယွင်ကို တုံ့ပြန်ချိန်ပင် မပေးလိုက်ပေ။

ဝှစ်ခနဲ အသံတစ်ခု ထွက်လာသည်။

ဓားချီများဖြင့် ပြုလုပ်ထားသည့် ကြီးမားသောတောင်တစ်လုံးလေထဲတွင် ရုတ်တရက် ပေါ်ပေါက်လာကာ လုရှင်းယွင်ကို ဖိချလိုက်သည်။

“တာအိုရောင်းရင်းမြေပြင်လမ်းလျှောက်သူ ခင်ဗျား...”

လုရှင်းယွင်သည် သူ၏စိတ်နှလုံးထဲမှ ကျိန်ဆဲလိုက်သည်။

သူသည် ပြောဆိုရန် လွယ်ကူမည်ထင်ရသော်လည်း အဆုံးတွင် သူ၏ဓားကို စကားတစ်ခွန်းမပြောဘဲ ‌ဆွဲထုတ်လိုက်သည်။

ကူကယ်ရာမဲ့နေသော လုရှင်းယွင်သည် သူ၏မူလဓမ္မရတနာ ထောင်ချီသောတောင်များကိုသာ အသုံးပြုနိုင်ခဲ့သည်။

ဂျုန်းခနဲ မြည်သံတစ်ခု ထွက်လာသည်။

ထောင်ချီသောတောင်များသည် ဓားချီဖြင့် ပြုလုပ်ထားသည့် တောင်နှင့် တိုက်မိသွားသည်။

နားအူစေမည့် ဒိုင်းခန်အသံတစ်ခု ကောင်းကင်တွင် ပေါက်ကွဲသွားသည်။

စွမ်းအင်လှိုင်းများ လိမ့်ထ ပျံ့နှံ့လာသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အံ့အားသင့်မှုဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

အမှန်အားဖြင့် သူတို့သည် ဖော်ရွေကာ ပွင့်လင်းသည်ဟုထင်ရသည့် မြေပြင်လမ်းလျှောက်သူဓားချုပ်သည် အလွန်စိတ်ဆိုးမာန်ဆိုး ဖြစ်သွားမည်ဟု မမျှော်လင့်ခဲ့ကြပေ။

အခြေတည်ဝိညာဉ်ကျင့်ကြံသူများ အကြားရှိ တိုက်ပွဲသည် သေချာပေါက် ကြီးမားသော ပွက်လောရိုက်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

မကြာမီပင် များစွာသော အလင်းတန်းများသည် ယုနိုင်ငံအပေါ်ရှိ ကောင်းကင်ထက်သို့ မြင့်တက်လာသည်။

မည်သို့ပင်ဖြစ်စေ ချွင်းခြက်မရှိ သူတို့အကုန် အဝေးမှကြည့်နေခဲ့ကြသည်။

မည်သူမှ အလွယ်တကူ မချဉ်းကပ်ရဲကြပေ။

ဘယ်သူက အထက်အဆင့် ကျင့်ကြံသူတွေကြားကတိုက်ပွဲကို သာမန်ကာလျှံကာ ချဉ်းကပ်ရဲမှာလဲ?

ဘွန်း!

နောက်ဆုံးတွင် ၁၀ကွက်မကသော လှုပ်ရှားမှုများဖြင့် တိုက်ခိုက်ပြီးနောက် လုရှင်းယွင်သည် နောက်တရဖွယ်အခြေအနေဖြင့် ပျံထွက်သွားခဲ့သည်။

ကောင်းကင်တွင် သူ၏ဒေါသထွက်နေသောအသံများ ပဲ့တင်ထပ်နေသည်။

“မြေပြင်လမ်းလျှောက်သူ ငါမင်းဒီနေ့ဘာလုပ်ခဲ့တယ်ဆိုတာကို မမေ့ဘူး။ မင်းစောင့်နေလိုက်။ ငါမင်းဆီကိုပြန်လာခဲ့မယ်”

လုရှင်းယွင်၏ စကားများကို ကြားပြီးနောက် မြေပြင်လမ်းလျှောက်သူသည် သရော်ပြုံးပြုံးလိုက်သည်။

သူ၏ပုံရိပ်မှာ ဖြတ်ပြေးသွားကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အရှေ့သို့ ရောက်လာသည်။

“နှုတ်ဆက်ပါတယ်၊ စီနီယာမြေပြင်လမ်းလျှောက်သူ”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ချက်ချင်း ဦးညွှတ်လိုက်ကြသည်။

မည်သို့ပင်ဖြစ်စေ မြေပြင်လမ်းလျှောက်သူက ပြုံးလျက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

“မင်းတို့ ငါ့ကို အရမ်းယဉ်ကျေးနေစရာမလိုပါဘူးငါမင်းတို့နှစ်ယောက်ရဲ့အကြောင်းကို စီနီယာအစ်ကို ရွှမ်းယန်ဆီကနေ ကြားခဲ့ပြီးပါပြီ။ သူက လိုအပ်လာရင် မင်းတို့ကို အထူးဂရုစိုက်လိုက်ဖို့ပါ ငါ့ကိုမှာကြားလိုက်သေးတယ်”

ဤအခြေအနေတွင် မြေပြင်လမ်းလျှောက်သူသည် ဆက်၍မပြောခင် ခေတ္တရပ်လိုက်သည်။

“ပြောရမယ်ဆိုရင် ငါမင်းတို့ကြားကို ဝင်ရောက်နှောင့်ယှက်ပြီးတော့ လုရှင်းယွင်ရဲ့ အသက်ကို ကယ်လိုက်တာပဲ။ ကံမကောင်းစွာဘဲ သူကငါ့ကို ကျေးဇူးတောင်မတင်ဘဲ လက်စားပါချေချင်နေသေးတယ်”

ကျန်းချန်ရွှမ် ဆွံ့အသွားခဲ့သည်။

ရှန်းရူယန်လည်း ဆွံ့အသွားပေသည်။

သူတို့သည် အမှန်တကယ် မည်ကဲ့သို့ တုံ့ပြန်ရမည်ကို မသိကြပေ။

မြေပြင်လမ်းလျှောက်သူသည် သူတို့၏ အမှန်တကယ် ခွန်အားကို သိနေသည်မှာ ထင်ရှားသည်။

ထိုအချိန်တွင် သူသည် သူ၏လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။

“ကောင်းပြီ ကောင်းပြီ။ ဒီအကြောင်းဆက်မပြောတော့ဘူး။ ငါမင်းတို့ကို သတိပေးချင်တာ တစ်ခု ရှိတယ်။ နောက်ထပ်ဆယ်နှစ်အတွင်းမှာ ကောင်းကင်နဲ့ မြေပြင် ဆုံစည်းတဲ့ အချိန်တစ်ခု ရှိလိမ့်မယ်။ သူ့ရဲ့ ခန့်မှန်းချက်ကို ကောက်ချက်ချမှုအရ‌ ကောင်းကင်နဲ့ကမ္ဘာမြေတို့ ချိတ်ဆက်မှုရဲ့တည်နေရာက ကောင်းကင်လွင်ပြင်ထဲမှာ ဖြစ်လိမ့်မယ်။

အဲ့ဒီအချိန်မှာပဲ အခြေတည်ဝိညာဉ်အဆင့် ဖြစ်အောင် ကျစ်လစ်သိပ်သည်းချင်နေတဲ့ များစွာသော ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေ သေချာပေါက် ရှိလိမ့်မယ်။ သူတို့က သူတို့ရဲ့ ကံကောင်းမှုကို စမ်းသပ်ကြည့်ဖို့နဲ့ သူတို့ မျှော်မှန်းထားတဲ့ မူလချီကိုရနိုင်မလားဆိုတာကို ကြိုးစားကြည့်နိုင်ဖို့ အဲ့ဒီနေရာကို သွားကြလိမ့်မယ်။

မင်းတို့လည်း မူလချီကို လိုချင်တယ်ဆိုရင် မင်းတို့ အဲ့ဒီမတိုင်ခင် ကောင်းကင်လွင်ပြင်ကို‌ ရောက်မှဖြစ်လိမ့်မယ်။ မဟုတ်ရင်တော့ မင်းတို့နောက်ထပ် နှစ်ခြောက်ဆယ်လောက် စောင့်ရနိုင်တယ်”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နှလုံးခုန်ရပ်လုမတတ် ဖြစ်သွားခဲ့သည်။

သူတို့ ကောင်းကင်လွင်ပြင်ကို ဤနေရာကနေ အပြေးသွားချင်ပါက မြန်မြန်ဆန်ဆန်လုပ်မှ ဖြစ်တော့မည်။

ထို့ပြင် ၎င်းနေရာသည် အလွန်ဝေးလံသည်။

လမ်းတစ်လျောက်တွင် များစွာသော နေရာကူးပြောင်းခြင်းအစီအရင်ပြားများ ရှိသော်လည်း သူတို့ အမြန်ဆုံးအရှိန်နှင့် ပျံသန်းသွားမည်ဆိုလျှင်ပင် ထိုနေရာကို ရောက်နိုင်ရန် အနည်းဆုံး ငါးနှစ်လောက်ကြာလိမ့်မည်။

ထို့ပြင် ၎င်းသည် အရာအားလုံး ချောချောမွေ့မွေ့ဖြစ်နိုင်မှ ဖြစ်သည်။

ချောချောမွေ့မွေ့မဖြစ်လဲ လမ်းတစ်လျှောက်တွင် တစ်ခုခု ဖြစ်ပွားခဲ့ပါက ယူရသောအချိန်သည် ပို၍ပင် ကြာနိုင်ပေဦးမည်။

သူတို့ အမှန်တကယ် မြန်မြန်ဆန်ဆန်လုပ်ရန် လိုအပ်နေပေပြီ။

၎င်းကိုတွေးကာ လင်မယားနှစ်ယောက်သည် ချက်ချင်း မြေပြင်လမ်းလျှောက်သူဓားချုပ်ကို ပြောလိုက်သည်။

“သတိပေးမှုအတွက် ကျေးဇူးပါ စီနီယာမြေပြင်လမ်းလျှောက်သူ။ ကျွန်တော်တို့ ဒီတစ်ကြိမ်ပြန်ရောက်တဲ့ အခါကျရင် ကောင်းကင်‌လွင်ပြင်ကို ချက်ချင်း ထွက်ခွာပါ့မယ်”

“တစ်ခုမင်းတို့မှတ်ထားရဦးမှာက အဲ့ဒါ နတ်ဆိုးသားရဲ အဓိကရုဏ်း မတိုင်ခင် သိပ်မကြာခင်လေးမှာပဲ”

မြေပြင်လမ်းလျှောက်သူဓားချုပ်က ခေါင်းညိတ်လိုက်သည်။

“နောက်ထပ် နတ်ဆိုးသားရဲအဓိကရုဏ်းတစ်ခုကတော့ နှစ်နှစ်ဆယ်အတွင်းမှာ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားတယ်... “

***

All Chapters