မြေပြင်လမ်းလျှောက်သူဓားချုပ်၏ သတိပေးမှု၊ ကောင်းကင်လွင်ပြင်သို့ ခရီးစဉ်(၂)
Vol. 23 Ch. 440
“ဒီတစ်ကြိမ်ကိုတော့...”
ထိုအခြေအနေတွင် မြေပြင်လမ်းလျှောက်သူသည် တည်ငြိမ်လေးနက်သော အမူအယာတစ်ခု ဖော်ပြလိုက်သည်။
“ဒီအခြေအနေက တစ်စတစ်စ ပိုပြီးပြင်းထန်လာနိုင်တယ်လို့ ပြောကြတယ်။ ငါတို့လို အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေတောင် တိုက်ပွဲထဲကို ဆွဲသွင်းခံရနိုင်တယ်”
“ဘယ်လို?”
မြေပြင်လမ်းလျှောက်သူ၏ စကားကိုကြားပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အမူအယာများ ပြောင်းလဲသွားခဲ့သည်။
၎င်းသည် နတ်ဆိုးသားရဲအဓိကရုဏ်းတွင်သေဆုံးသွားသည့် ကျင့်ကြံသူများမှာ ရွှေအမြုတေအဆင့် သို့မဟုတ် ရွှေအမြုတေအဆင့်ထက်နိမ့်ရမည်ဟု ကန့်သတ်မထားတော့ပြီဟု ဆိုလိုခြင်းလည်းဖြစ်သည်။
အဆင့်မြင့်ပြီး ခွန်အားကောင်းသော အခြေတည်ဝိညာဉ်စံသခင်များပင်လျှင် ကျရှုံးသွားနိုင်ပေသည်။
၎င်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုဖြစ်သည်။
အကြောင်းမှာ အထက်အဆင့် ကျင့်ကြံသူများ၏ ပါဝင်မှုသည် ပိုမိုကြီးမားသောတိုက်ပွဲ သို့မဟုတ် ကျယ်ပြန့်သောစစ်ပွဲတစ်ခုကို ဆိုလိုနေသောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အနည်းငယ် စိုးရိမ်သွားကြသည်။
သူတို့တွင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ခေါင်းချင်းဆိုင်တိုက်ခိုက်နိုင်သည့် ခွန်အားမျိုးရှိသော်လည်း သူတို့တွင် အစောပိုင်း အဝါရောင်အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများကိုပါ တိုက်ခိုက်နိုင်သည့် သန်မာမှုမျိုး ရှိသေးသည်။
မည်သို့ပင်ဖြစ်စေ ကျရောက်လာတော့မည့် နတ်ဆိုးသားရဲအဓိကရုဏ်းမျိုးကို ရင်ဆိုင်ရချိန်တွင် ဤသန်မာမှုမျိုးသည် သူတို့၏ လုံခြုံမှုကို အာမခံမပေးနိုင်ပေ။
သူတို့သည် သူတို့၏ကျင့်စဉ်များကို တတ်နိုင်သမျှ မြန်မြန် တိုးမြင့်လာစေမည့် နည်းလမ်းတစ်ခုကို ရှာဖွေရတော့မည်။
လဝက်ခန့်ကြာပြီးနောက်…
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နောက်ဆုံးတွင် မျိုးနွယ်စုသို့ ပြန်လာခဲ့သည်။
ပုံမှန်ဆိုလျှင် သူတို့သည် မျိုးနွယ်စုသို့ ပြန်လာပြီးပြီးချင်း တံခါးပိတ်ကျင့်ကြံမြဲဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မူလချီ၏ ရောက်ရှိလာမှုသည် အလွန်နီးကပ်နေပြီဖြစ်သည်။
သူတို့သည် ကောင်းကင်လွင်ပြင်ကို တတ်နိုင်သမျှ မြန်မြန်ရောက်မှ ဖြစ်တော့မည်။
ထို့ကြောင့် မျိုးနွယ်စုအတွက် အချို့စီစဥ်မှုများပြုလုပ်ပြီးနောက် ကျန်းချန်ရွှမ်သည် ကန်းနန်ပူးပေါင်းမှု၏ အထက်ဆင့်အားလုံးကို ကျင်းနိုင်ငံ၏တောင်အောက်ပိုင်းရှိ ကန်းနန်ပူးပေါင်းမှု၏ ဌာနချုပ်ဆီဦးတည်ရန် အသိပေးလိုက်သည်။
သူတို့သည် နှစ်နှစ်ဆယ်အကြာတွင်ကျရောက်မည့် နတ်ဆိုးသားရဲ အဓိကရုဏ်းတွင် အခြေတည်ဝိညာဉ်စံသခင်အဆင့်နှင့် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်များလည်း ပါဝင်သွားမည့်အကြောင်း အခြားသူများကို အသိပေးချင်သေးသည်။
သူတို့သည် ထိုသူတို့ကို လိုအပ်သောစီစဉ်မှုများကို ကြိုတင်ပြုလုပ်စေလိုကြသည်။
ထင်ထားသည့်အတိုင်းပင် ကျန်းချန်ရွှမ်ပြောလိုက်သည့် သတင်းမှာ လူတိုင်းကိုအံ့အားသင့်သွားစေခဲ့သည်။
သူတို့သည် အခြေတည်ဝိညာဉ်စံသခင်အဆင့်နှင့် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်အဆင့်များ တိုက်ပွဲထဲသို့ဝင်ရောက်လာခြင်းသည် မည်သည်ကိုဆိုလိုမှန်းသိကြသည်။
တစ်ခနအတွင်းပင် မရဏတောင်ပေါ်စုဝေးခန်းမတစ်ခုလုံးရှိ လေထုမှာ တည်ငြိမ်သွားသည်။
တစ်ခုသိရမည်မှာ ကန်းနန်မဟာမိတ်တွင် အခြေတည်ဝိညာဉ်စံသခင်တစ်ယောက်မှ မရှိခြင်းဖြစ်သည်။
ကျန်းချန်ရွှမ်ပြောသည့်အတိုင်းသာ အမှန်တကယ် ဖြစ်လာပါက အခြေတည်ဝိညာဉ်စံသခင်တစ်ယောက်မှ မရှိသည့် ကန်းနန်မဟာမိတ်သည် ပထမဆုံး အမြောက်စာတစ်သုတ် ဖြစ်လာလိမ့်မည်။
ထီုအချိန်တွင် သူတို့မည်မျှအသက်ရှင်နိုင်မည်ကို ပြောရန်ခက်ခဲပေသည်။
မည်သို့ပင်ဖြစ်စေ စိုးရိမ်နေသော်လည်း အချည်းနှီးသာဖြစ်မည်။
ယခုအရေးအကြီးဆုံးအရာမှာ သူတို့လုပ်နိုင်သည့်အရာကိုသာ လုပ်ရန်ဖြစ်သည်။
လအနည်းငယ်ကြာပြီးနောက်
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လိုအပ်သောစီစဉ်မှုများအားလုံးကို ပြုလုပ်ပြီးသောအခါ အတူတကွ ထွက်ရန်သတ်မှတ်လိုက်ကြသည်။
ကောင်းကင်လွင်ပြင်သည် မြောက်ဘက်နယ်စပ်မှ အလွန်ထူးခြားသော နေရာတစ်ခုဖြစ်သည်။
လွင်ပြင်သည် မြောက်ဘက်နယ်စပ်၏ ကျယ်ဝန်းသောနိုင်ငံကြီးတစ်နိုင်ငံနီးနီးပင် အလွန်အမင်း ကျယ်ဝန်းသည်။
အရေးအကြီးဆုံးမှာ ၎င်းသည် ကောင်းကင်တွင် လုံးလုံးလျားလျားရပ်တန့်နေပေသည်။
၎င်းသည် မြေပြင်မှ ပေတစ်ထောင်မြင့်မားသည်။
ထို့ပြင် ပတ်ဝန်းကျင်သည် ကြမ်းတမ်းပြီး ဝိညာဉ်ချီမှာလည်း ပါးလွှာသည်။
ကျီဖုအဆင့်အောက်ရှိမည်သူမဆို ဤကဲ့သို့ပတ်ဝန်းကျင်မျိုးတွင် အသက်ရှင်သန်ရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။
ဒဏ္ဍရီအတိတ်တွင်ရှိခဲ့ဖူးသည် ကောင်းကင်လွင်ပြင်၏ ပတ်ဝန်းကျင်မှာ ဤကဲ့သို့မဟုတ်ပေ။
၎င်းသည် ကောင်းကင်တွင် ပေါလောပေါနေသည့် ကြီးမားသောမြို့တစ်ခု ဖြစ်သည်။
ထိုတွင် အမတအလင်းကျောက်များ၊ ဝိညာဉ်ချီများ အလွန်ပေါများသည်။
မည်သို့ပင်ဖြစ်စေ အကြောင်းအချို့ကြောင့် နှိုင်းယှဉ်မရသည့် ခမ်းနားသော အမတမြို့တော်မှာ စိတ်ပျက်ဖွယ် ပျက်စီးယိုယွင်းနေသော နေရာတစ်ခုသို့ ပြောင်းလဲသွားသည်။
အရေးအကြီးဆုံးမှာ ကောင်းကင်လွင်ပြင်၏အမြင့်သည် နှစ်တစ်နာနေလျှင် တစ်မီတာ ကျဆင်းလာနိုင်သည်။
ဤနှုန်းနှင့်ဆိုလျှင် အနာဂတ်တွင် ကောင်းကင်လွင်ပြင်တစ်ခုလုံး ပြုတ်ကျလာနိုင်မလားဆိုသည်ကို မသိရဖွယ်ဖြစ်သည်။
ထိုသို့သာဆိုပါက ၎င်းသည် နောက်ထပ်ကြီးမားသောကပ်ဘေးတစ်ခု ဖြစ်စေပေလိမ့်မည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နောက်ဆုံးတွင် ကောင်းကင်လွင်ပြင်သို့ ခြောက်နှစ်အတွင်း ရောက်ရှိလာသည်။
သူတို့ကောင်းကင်လွင်ပြင်သို့ ဝင်ရောက်သွားသည်နှင့် လင်မယားနှစ်ယောက်သည် မပြောပလောက်နီးနီးဖြစ်နေသည့် ဝိညာဉ်ချီကို ခံစားမိလိုက်ကြသည်။
၎င်းသည် သက်ဝင်လှုပ်ရှားမှုမရှိတော့ခြင်း၏ နယ်မြေတစ်ခုဟု ပြောလျှင်လည်း ပိုမည်မဟုတ်ပေ။
မြင့်လွန်းသောတောင်များပေါ်တွင်လည်း သက်ရှိတစ်ကောင်၏ လက္ခဏာ တစ်ခုမှမရှိပေ။
မီးခိုးဖြူရောင်ကျောက်ဆောင်များသာလျှင် ဤနေရာ၏ လူသူကင်းမဲ့ခြင်းကို ဖော်ပြလျက်ရှိသည်။
လင်မယားနှစ်ယောက်သည် ဤနေရာတွင် ကြာကြာမနေခဲ့ပေ။
ကောင်းကင်လွင်ပြင်၏ ပတ်ဝန်းကျင်အခြေအနေကို နားလည်ပြီးနောက် သူတို့သည် ၎င်း၏အောက်ဘက်ရှိ အနှစ်သာရမြစ်မြို့တော်ဟုခေါ်သည့် ဈေးတစ်ခုကို ပြန်သွားလိုက်ကြသည်။
ထိုမြို့သည် မြို့ကြီးတစ်မြို့ မဟုတ်ပေ။
၎င်းသည် အခြေခံတည်ဆောက်ခြင်းမျိုးနွယ်စုအစွန်အဖျားများ တည်ဆောက်ထားသည့် ဈေးတစ်ခုသာ ဖြစ်သည်။
အမှန်အတိုင်းဆိုလျှင် ဤနေရာမှ ပတ်ဝန်းကျင်မျိုးကိုဖြင့် စစ်မှန်သောစွမ်းအားနှင့် အခြေခံများဖြင့် မျိုးနွယ်စုများသည် ဤကဲ့သို့နေရာမျိုးနွင် အခြေချရန် ရွေးချယ်မည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ဤနောက်ဘက်နယ်စပ်အစွန်ရှိ သေးငယ်သောမြို့လေးသည် နှစ်များစွာအတွင်း မတူကွဲပြားသည့် ဧည့်သည်တစ်ယောက်ပြီးတစ်ယောက်ကို လက်ခံကြိုဆိုလျက်ရှိသည်။
၎င်းသည် ဤသေးငယ်သောမြို့လေးကို ပိုင်ဆိုင်သည့် ယွမ်မျိုးနွယ်စုကိုပါ ကြောက်ရွံ့စေခဲ့သည်။
သူတို့ဒီလို များပြားလှတဲ့အထက်ဆင့်ကျင့်ကြံသူတွေကို ဘယ်မှာမြင်ဖူးပါ့မလဲ?
သူတို့၏မျက်လုံးထဲတွင်တော့ ကျီဖုအဆင့်ကျင့်ကြံသူများသည် အလွန်အမင်း မြင့်မားပြီး ခွန်အားကောင်းသည့် တည်ရှိမှုမျိုးဖြစ်ကြောင်း သိရှိထားရမည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် ရွှေအမြုတေအဆင့် တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။
ဤရွှေအမြုတေအဆင့်များကို ကြောက်ရွံ့သည့် ကိစ္စကြောင့်သာမဟုတ်ဘူးဆိုလို့ရှိရင် ယွမ်မျိုးနွယ်စုသည် ဤနေရာကို ချက်ချင်းပင် ထွက်ခွာသွားပစ်ချင်ပေသည်။
သူတို့သည် မျိုးနွယ်စု၏ အမွေအနှစ်များနှင့် မျိုးနွယ်စု၏ ဘိုးဘေးလွင်ပြင်ကို အလိုမရှိကြပေ။
ရွှေအမြုတေအဆင့်များနှင့် အတူတူရှိရသည်မှာအင်မတန်ကြောက်စရာကောင်းသည်။
သူတို့သည် ထိုသူများထဲက တစ်ယောက်ယောက်ကို တိုက်ခိုက်လိုက်ပါက ယွမ်မျိုးနွယ်စုတစ်ခုလုံးသည် ပြာမှုန့်များအဖြစ် ဖယ်ရှားခံရမည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အနှစ်သာရမြစ်မြို့တော်ကို ဝင်သွားပြီးနောက် သူတို့ ဒီနေရာတွင်တည်ဆောက်ထားခဲ့သည့် ဂူအိမ်ဆီသို့ တည့်တည့်မတ်မတ် လျောက်လာခဲ့ကြသည်။
သူတို့၏ ကျင့်စဉ်များနှင့်ဆိုလျှင် အနှစ်သာရမြစ်မြို့တော်က စီစဉ်ပေးသည့် ဂူအိမ်သည် သူတို့၏ နေ့စဉ်ကျင့်စဉ်လိုအပ်ချက်များကို ကောင်းကောင်းမဖြည့်ဆည်းပေးနိုင်ပေ။
သူတို့လိုအပ်သည့်အရာကိုရရှိရန် အစီအစဉ်များပြုလုပရန် သူတို့ကိုယ်တိုင်ပေါ်တွင်သာ မှီခိုရလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူတို့ဂူအိမ်ပေါက်သို့ ရောက်ရှိလာသည်နှင့် လင်မယားနှစ်ယောက်၏ မျက်နှာအမူအယာမှာ ချက်ချင်း မည်းမှောင်သွားခဲ့သည်။
အကြောင်းမှာ သူတို့ချလိုက်သည့် သတ်မှတ်ချက်များသည် တိုက်ခိုက်ခံရပြီး ခြေရာခံနိုင်သောကြောင့် ဖြစ်သည်။
၎င်းသည် ဤကဲ့သို့နေရာမျိုးတွင် တွေ့လေ့ရှိသော ဆူပူထကြွမှုတစ်ခုဖြစ်သည်။
ထို့နောက်တွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူများ ဤနေရာတွင် စုရုံးလိုက်ကြကာ တော်တော်များများမှာ ပြိုင်ဘက်များဖြစ်ကြသည်။
အရေးအကြီးဆုံးမှာ ဤနေရာမျိုးတွင် သူတို့ကဲ့သို့ ရွှေအမြုတေအဆင့်များသည် ကောင်းကောင်းဟန့်တားနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ပဍိပက္ခများနှင့် သဘောထားကွဲလွဲမှုများသည် သဘာဝအတိုင်း ဧကန်မုချဖြစ်နေပေသည်။
အချင်းချင်းမနာလိုနေကြသည့် အချို့သူများသည် ဤနေရာတွင် အာဃာတများအခြေတည်နိုင်မည့် အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။
သူတို့ဤနေရာကိုရောက်ရှိနေသည့် အချိန်အတောအတွင်း အချို့သော သဘောထားကွဲလွဲမှုများ ပေါ်ထွက်လာသည်ကို မြင်ခဲ့ပြီးဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤတစ်ကြိမ်တွင် နှစ်ဖက်စလုံး သူတို့ကိုယ်သူတို့ ဟန့်တားလိုက်ကြကာ ၎င်းကို ပို၍ပြင်းထန်လာစေခဲ့သည်။
လင်မယားနှစ်ယောက် မမျှော်လင့်ထားသည့်အရာမှာ တစ်စုံတစ်ယောက်က သူတို့ကိုရင်ဆိုင်ရန် လက်ဦးမှုရယူသွားခြစ်းဖြစ်သည်။
သူတို့ဘာမှမဖြစ်သလိုသာ ဆက်လက်ဟန်ဆောင်နေပါက လေးနှစ်အတွင်းတွင် သေချာပေါက် ဆင်တူသောကိစ္စများ ထပ်မံဖြစ်ပွားလိမ့်မည်။
ထိုအတွေးဖြင့် ရှန်းရူယန်သည် သူတို့ဂူအိမ်ထဲမှ အသက်သွင်းခြင်းစနစ်ကို ချက်ချင်း အသက်သွင်းလိုက်သည်။
မကြာမီပင် မျက်နှာပေါ်တွငိ အမာရွတ်ရှိကာ သူ၏ခါးတွင် ကြီးမားသောဓားရှည်တစ်လက်နှင့်ကြီးထွားသန်မာသော လူတစ်ယောက်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ရှေ့တွင် ပေါ်ပေါက်လာသည်။
ဤပုဂ္ဂိုလ်ကိုမြင်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်လုံးများ ကျဉ်းသွားခဲ့သည်...
***