← Chapters

လျော်ကြေပေးခြင်း၊ ပဉ္စမအဆင့်နဂါးဗလာနယ်မြက်ခင်း၊ ထူးဆန်းသည့် အခြေတည်ဝိညာဉ်ကျင့်ကြံသူအချို့

Vol. 23 Ch. 441

လျော်ကြေပေးခြင်း၊ ပဉ္စမအဆင့်နဂါးဗလာနယ်မြက်ခင်း၊ ထူးဆန်းသည့် အခြေတည်ဝိညာဉ်ကျင့်ကြံသူအချို့

Vol. 23 Ch. 441

သိသိသာသာပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့ရှေ့ရှိ ပုဂ္ဂိုလ်ကို စိမ်းသက်မနေကြပေ။

ထိုပုဂ္ဂိုလ်၏အမည်မှာ ထူထျန်းပါ ဖြစ်သည်။

သူသည် နဝမအဆင့်ရွှေအမြုတေဖြစ်၍ အခြေတည်ဝိညာဉ်ဂိုဏ်းတစ်ခုဖြစ်သည့် ဒေါသခိုးဓားရှည်ဂိုဏ်းမှ ဖြစ်သည်။

သူသည် သဘာဝအလျောက် ကြမ်းကြုတ်၊ ရိုင်းစိုင်း၊ ရက်စက်လျက်ရှိသည်။

သူသည် တစ်စုံတစ်ယောက်ကို သဘောမကျ မကျေနပ်ပါက အဓိပ္ပာယ်မရှိစွာ တိုက်ခိုက်တတ်သည်။

ထို့ပြင် သူတစ်ယောက်တည်းသာ မဟုတ်ပေ။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ သိသလောက်အရ ဒေါသခိုးဓားရှည်ဂိုဏ်းမှ လူတော်တော်များများသည် ဤကဲ့သို့ပင် ဖြစ်သည်။

၎င်းသည် သူတို့ကျင့်ကြံခဲ့သည့် ကျင့်စဉ်နည်းစနစ်နဲ့လည်း ဆက်နွယ်နေပုံရသည်။

ပုံမှန်အခြေအနေအောက်တွင် ဒေါသခိုးဓားရှည်ဂိုဏ်းသည် ထူထျန်းပါကဲ့သို့ မတည်ငြိမ်သည့်စိတ်နေသဘောထားနှင့် သူတစ်ယောက်ကို အပြင်ဘက်တွင် ခရီးသွားလာခွင့်ပြုမည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ထိုပုဂ္ဂိုလ်၏အဘိုးသည် လက်ရှိဒေါသခိုးဓားရှည်ဂိုဏ်း၏ အခြေတည်ဝိညာဉ်အဆင့်တစ်ယောက် ဖြစ်သည်။

ထူထျန်းပါ၏ အတောမသတ်သော‌ လျှောက်ထားချက်အောက်တွင် သူသည် ထူထျန်းပါအား မူလချီအတွက်တိုက်ခိုက်ရန် ကောင်းကင်လွင်ပြင်ကို သွားရောက်ဖို့ သဘောတူ ခွင့်ပြုလိုက်‌ရတော့သည်။

ထူထျန်းပါတွင် မူလချီကိုသာ ရရှိနိုင်မည့် အခွင့်အရေး ရှိခဲ့ပါက ၎င်းသည် သူ့ပင်ကိုယ်စရိုက်၏ ချွတ်ယွင်းချက်ကို လုပ်ဆောင်နိုင်လိမ့်မည်။

ထိုအချိန်တွင် ဒေါသခိုးဓားရှည်ဂိုဏ်းသည် ကောင်းကင်အခြေတည်ဝိညာဉ်အဆင့်တစ်ယောက် ရှိလာမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထူထျန်းပါသည် ပြဿနာဖန်တီးရာတွင် အလွန်တော်သည်။

ဤကာလအတွင်း သူသည် ရွှေအမြုတေအဆင့်တော်တော်များများနှင့် အချင်းပွားထားပြီးဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူတို့သည် သူ၏နောက်ခံအထောက်အထားကို သတိထားကြပြီး ၎င်းနှင့်ပတ်သက်၍ မည်သို့မှ ရေးကြီးခွင်ကျယ် မလုပ်ဝံ့ကြပေ။

သို့သော်ယခုမူ သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို အမှားပြုလုပ်ပြီးဖြစ်သည်။

လင်မယားနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြသည်။

မကြာမီပင် သူတို့သည် ထူထျန်းပါ ဤနေရာတွင် တည်ဆောက်ထားသည့် ဂူအိမ်တစ်ခုကို တွေ့လိုက်သည်။

တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့နှစ်ယောက် တိုက်ခိုက်လိုက်ကြသည်။

ကျယ်လောင်သောမြည်သံတစ်ခုဖြင့် ထူထျန်းပါ၏ ဂူအိမ်ပေါ်တွင် မီးတောက်များ ချက်ချငိး လောင်မြိုက်လာသည်။

အကာအကွယ်အစီအရင်မှာလည်း ကျိုးပဲ့ပျက်စီးလုနီးနီးဖြစ်နေပြီ ဖြစ်သည်။

၎င်းသည် ထိုမြင်ကွင်းကို မြင်သည့်လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

ထို့နောက် သူတို့သည် စူးစမ်းလိုမှုဖြင့် အတူစုစည်းလိုက်ကြသည်။

ဤတစ်ကြိမ်တွင်တော့ ထူထျန်းပါသည် ခက်ခဲသောပြိုင်ဘက်နှင့် ပက်ပင်းတိုးသွားဟန်တူသည်။

သူတို့သည် အဆုံးတွင် နှစ်ဖက်လုံးမည်ကဲ့သို့ ဖြစ်သွားမည်ကို မသိရှိကြပေ။

သူတို့ ထိခိုက်ဒဏ်ရာ ရရှိခံစားသွားရပါက ကောင်းမွန်ပေမည်။

ယှဉ်ပြိုင်သူတစ်ယောက်လျော့နည်းသွားဖြင်းမှာလည်း ကောင်းသည့်အရာတစ်ခုပင်ဖြစ်သည်။

“မင်းကသေမင်းကိုစိန်ခေါ်နေတာပဲ!”

လူတိုင်းသည် ထိုမြင်ကွင်းကို စိတ်ဝင်စားမှုများဖြင့် ကြည့်နေကြစဉ် သူ၏ဂူအိမ်ထဲရှိ ထူထျန်းပါသည် ဒေါသထွက်နေသောအော်သံတစ်ခု အော်ဟစ်လိုက်သည်။

နောက်ပိုင်းတွင် ရေတံခွန်များစီးကျနေသကဲ့သို့ကြမ်းကြုတ်သော ဓားရှည်အလင်းတန်းတစ်ခုသည်

သူ၏ဂူအိမ်မှ ထွက်ရှိလာသည်။

ပွတ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဓားအလင်းတန်းသည် ကြေမွပျက်စီးသွားသည်။

ထို့နောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကောင်းကင်သို့ ပျံတက်သွားကြသည်။

တစ်ချိန်တည်း၌ပင် အမျက်ထွက်နေသောအမူအယာဖြင့် ထူထျန်းပါသည် ချက်ချင်း သူတို့နောက်သို့ လိုက်သွားခဲ့သည်။

ထူထျန်းပါသည် သူတို့နှစ်ယောက်ကျု စူးစူးစိုက်စိုက်ကြည့်လိုက်ကာ တစ်လုံးချင်းပြောလိုက်သည်။

“မင်းတို့က ငါ့ဂူအိမ်ကို တိုက်ခိုက်ရဲတာလား? ငါမင်းတို့ကို ဒီနေ့ပဲသတ်ပစ်မယ်!”

သူ၏စကားများကိုကြားပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အမူအယာမှာ အေးစက်သွားခဲ့သည်။

“ထူထျန်းပါ မင်းအခုဘာလုပ်လိုက်လဲဆိုတာကိုမသိတာလား? မင်းသာ ငါတို့မရှိတဲ့အချိန် ငါတို့ဂူအိမ်ကို မတိုက်ခိုက်ခဲ့ဘူးဆိုရင် ငါတို့လည်းမင်းဟာကို အကြောင်းမရှိဘဲ တိုက်ခိုက်မှာမဟုတ်ဘူး”

“အဲ့ဒီတော့ဘာဖြစ်လဲ?”

ထူထျန်းပါသည် ဂရုစိုက်မနေပေ။

သူသည် စူးစူးစိုက်စိုက် ဆက်ပြောလိုက်သည်။

“အဲ့ဒီလိုဆိုရင်တောင် မင်းငါ့ဂူအိမ်ကို တိုက်ခိုက်လို့မရဘူး။ မဟုတ်ရင်တော့ ငါမင်းကိုသေသည်အထိ တိုက်ခိုက်ပစ်မယ်”

ကျန်းချန်ရွှမ် ဆွံ့အသွားခဲ့သည်။

ရှန်းရူယန်လည်း အတူတူပင်ဖြစ်သည်။

သူတို့သည် ထူထျန်းပါနှင့် ဆွေးနွေးလို့မရနိုင်ကြောင်း သဘောပေါက်သွားကြသည်။

အဲ့ဒီလိုဆိုရင်ဖြင့်...

ကျန်းချန်ရွှမ်၏ မျက်လုံးများ ကျဉ်းသွားခဲ့သည်။

ထို့နောက်တွင် သူသည် ရုတ်တရက် ရှည်လျားလာသည်။

ဝှစ် ဝှစ် ဝှစ်--

သူ၏ခန္ဓာကိုယ်ထဲတွင် လိမ့်တက်နေသော သွေးချီများ ဆူပွက်လာသည်။

ကြောက်မက်ဖွယ်အပူလှိုင်းတစ်ခုသည် ချက်ချင်းပင် ပတ်ဝန်းကျင်လေထုတွင် ပေါက်ကွဲသွားသည်။

ထူထျန်းပါမတုံ့ပြန်နိုင်သေးခင်မှာပင် သူသည် ကျန်းချန်ရွှမ်အပေါ် အမြင်အာရုံ ဆုံးရှုံးနေပြီဖြစ်သည်။(မျက်လုံးတွေဝေဝါးလာပြီး သေချာမမြင်ရတော့ဘူးလို့ ဆိုလိုချင်တာပါ)

ထို့နောက် သူ၏ခန္ဓာကိုယ် တဆတ်ဆတ် တုန်လာသည်ကို ခံစားလိုက်ရသည်။

သူ၏ခေါင်းသည် တစ်ဖက်သို့ ငဲ့စောင်းခံလိုက်ရသည်။

ကျန်းချန်ရွှမ်၏ လက်သီးသည် သူ၏မျက်နှာပေါ်သို့ ရောက်ရှိပြီးဖြစ်ရာ သူ့ကို ကီလိုမီတာများစွာအဝေးသို့ ပျံသန်းလျက် ပို့လွှတ်ပြီးသားဖြစ်သွားသည်။

ဘွန်း! ဘွန်း! ဘွန်း!

ထူထျန်းပါသည် တောင်တော်တော်များများနှင့် တိုက်မိသွားသည်။

သူအသက်ပြန်လည်မရှုနိုင်သေးခင်ပင် ရက်စက်သော ဒူးတိုက်ချက်တစ်ခုက သူ၏ရင်ဘတ်သို့ ပြင်းထန်စွာ ရိုက်မိသွားသည်။

လေထဲတွင် ကြီးမားသောစက်ဝိုင်းပုံချီလှိုင်းတစ်ခုသည် အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။

ဘွန်း! ဘွန်း! ဘွန်း!

တရစပ်ကျယ်လောင်သောအသံများလေထဲတွင် ပေါ်ထွက်ခဲ့သည်။

ထူထျန်းပါသည် ထပ်မံပျံသန်းလျက် ပို့လွှတ်ခံလိုက်ရသည်။

“အား!”

ထူထျန်းပါသည် သူ၏ပါးစပ်ကို ဖွင့်လိုက်ကာ ပါးစက်အပြည့်သွေးများကို ထွေးထုတ်လိုက်သည်။

ဤမြင်ကွင်းသည် ကြည့်ရှုရန် လာရောက်ကြသည့် လူတိုင်း၏ မျှော်မှနချက်ထက် သိသိသာသာ ပိုလွန်သွားခဲ့သည်။

သူတို့သည် ကျန်းချန်ရွှမ်က ထူထျန်းပါကဲ့သို့ ရက်စက်သောသူတစ်ယောက်ကို ချေမှုန်းနိုင်လိမ့်မည်ဟု ‌မမျှော်လင့်ခဲ့ကြပေ။

အရေးအကြီးဆုံးမှာ အစမှအဆုံးထိ ကျန်းချန်ရွှမ်သည် သူ၏ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်ကိုသာ အသုံးပြုသွားခြင်း ဖြစ်သည်။

၎င်းသည် အလွန်ကြောက်မက်ဖွယ်ပင် ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာသန်မာမှုသည် သူ၏ခွန်အားအကုန်လုံး၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ပါက သူ၏အမှန်တကယ်ခွန်အားသည် လူတိုင်း၏စိတ်ကူးနိုင်စွမ်းထက် သေချာပေါက် ပိုလွန်သွားမည် ဖြစ်သည်။

***

All Chapters