← Chapters

တစ်ဖက်အဖွဲ့က အဆင်သင့်ဖြစ်နေပြီ

Vol. 87 Ch. 1215

တစ်ဖက်အဖွဲ့က အဆင်သင့်ဖြစ်နေပြီ

Vol. 87 Ch. 1215

ရှီမာယူယူ နီးကပ်လာသည်နှင့် ပြိုင်ပွဲစတင်နေပြီကို သိလိုက်သည်။ သူတို့ မည်သည့်ပြိုင်ပွဲပြိုင်နေသည်ကို မသိသော်လည်း အနေအထားကို ကြည့်ရသည်မှာ ရှေးဟောင်းကမ္ဘာဦးနယ်မြေသည် ရှုံးနေပုံပေါ်သည်။ ရှေးဟောင်းကမ္ဘာဦးနယ်မြေသည် စိတ်ဓာတ်အလွန်ကျနေပြီး တစ်ဖက်လူ သည် သူတို့ကိုလှောင်ပြောင်နေသည်။ သူတို့ ရှီမာယူယူကိုမြင်သောအခါ သူတို့၏ စိတ်ပျက်နေသော အကြည့်သည် မျှော်လင့်ချက်ပြည့်သွားလေ သည်။

“အကြီးအကဲယူယူ” အဂ္ဂိရတ်ပညာရှင်အသင်း တံဆိပ် ပန်းထိုးထား သည့် ဝတ်စုံဝတ်ထားသည် လူတစ်ယောက်သည် ရှီမာယူယူကို လက်သီး ဆုပ်နှုတ်ဆက်လေသည် “အကြီးအကဲယူယူ လာပြီလား”

“ပြိုင်ပွဲကစနေပြီလား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ် အခုထိပြိုင်ပွဲတော်တော်များများပြီးသွားပြီ”

“ရလဒ်က ဘယ်လိုလဲ”

“အကုန်လုံး… ရှုံးနေတယ်”

ရှီမာယူယူသည် အကန်ခံလိုက်ရသလိုပင်။ “အကုန်ရှုံးတာလား”

“ကျွန်တော်တို့လူတွေ အကုန်မရောက်သေးလို့ အပျော်အနေနဲ့ ပြိုင်ပြီး ဒီရလဒ်ကို ထည့်မတွက်ဘူးလို့ တစ်ဖက်ကပြောတယ် ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ စိတ်ကိုထိခိုက်စေတယ်”

“တစ်ဖက်က ဘယ်လိုဝေဖန်ရမလဲဆိုတာသိတယ်” ရှီမာယူယူသည် အေးစက်စွာ နှာမှုတ်လေသည်။ သူမသည် အဂ္ဂိရတ်ပညာရှင်အသင်းရှိရာသို့ လျှောက်သွားလိုက်သည်။ သူမသည် ဒုဥက္ကဌအသစ်ကို နှုတ်ဆက်လိုက် သည် “ဒုဥက္ကဌလျူ”

လျူဟိုင်သည် စိုးရိမ်လျက်ရှိသည်။ သူသည် ရှီမာယူယူကိုမြင် သောအခါ ပျော်သွားလေသည် “ယူယူ နောက်ဆုံးတော့ရောက်လာပြီ ပြိုင်ပဲ ကစတော့မယ် သူတို့မင်းကိုမရှာနိုင်တော့ဘူးလို့ထင်လိုက်တာ”

“စနေပြီလား တစ်လအချိန်ပေးမယ်လို့ သဘောတူထားတာမဟုတ်ဘူး လား” ရှီမာယူယူသည် နားမလည်စွာမေးလိုက်သည်။

“တစ်လပြည့်တော့မယ်လေ စာရင်းသွင်းတဲ့သူလည်းမများဘူး အဂ္ဂိရတ် ပညာရှင်နဲ့ လက်နက်ပညာရှင်ကတော်သေးတယ် သူတို့တွေကရှိတယ် ဒါပေမဲ့ တခြားခေါင်းစဉ်နဲ့ကမရှိဘူး ထွက်သွားတဲ့သူတွေကလည်း ပြန်မလာ ကြသေးဘူး သူတို့လူရှာနိုင်လားဆိုတာကို မသိရဘူး”

“ဘယ်အချိန် တရားဝင်စမှာလဲ” ရှီမာယူယူ မေးလိုက်သည်။

“မနက်ဖြန် နေ့လည်”

တစ်ရက်ပင် မကျန်တော့ပေ။ နည်းနည်းတော့ ခက်နေပြီ…

“အခြေအနေကို အရင်ကြည့်လိုက်မယ် သူတို့က ကျုပ်ကိုခေါ်နေကြပြီ သွားလိုက်ဦးမယ်” လျူဟိုင်သည် တစ်ဖက်မှလူတစ်စုကို ညွှန်ပြလေသည်။

ရှီမာယူယူ ကြည့်လိုက်သည်။ ထိုလူများသည် တိုင်းပြည်အတွင်းရှိ အားကောင်းသော အင်အားစုများ၏ခေါင်းစာမျးအပါအဝင် ပညာရှိစံအိမ် တော်၏ စံအိမ်တော်ခွဲသခင် ထန်းယွမ်လည်းရှိနေသည်။

ထန်းယွမ်သည် သူမကို ခေါင်းညိတ်ပြပြီးနောက် ဘေးမှလူများနှင့် စကားဆက်ပြောနေလေသည်။

သူ့နားမှလူများသည် သိချင်နေကြသည်။ ထန်းယွင်သည် အမြဲတစေ တခြားသူများကို ဂရုမစိုက်တတ်ပေ။ သူကစပြီး တခြားသူကို ခေါင်းညိတ်ပြ သဖြင့် သူတို့သည် လှည့်ကြည့်လိုက်ကြသော်လည်း အင်အားကောင်းသော လူကိုမတွေ့ရပေ။

လျူဟိုင်သည် ခဏအကြာတွင် ပြန်လာသည်။ သူ ပြန်လာသည်မှာ မြန်ဆန်နေသဖြင့် ရှီမာယူယူ အံ့သြနေသည်။

“ယူယူ အခုပဲ တခြားသူတွေနဲ့ ဆွေးနွေးပြီးပြီ တံခါးတစ်ရာလဲလှယ်ခြင်း ကလူတွေကို ရှာမတွေ့နိုင်ရင် မင်းကိုပဲ တည်ဆောက်မှုပြိုင်ပွဲကို ဝင်ဖို့ ဖိတ်ရ တော့မှာပဲ” လျူဟိုင်သည် လိုရင်းကို တိုက်ရိုက်ပြောလေသည်။

“ကျွန်မလား”

“မင်းက တည်ဆောက်မှုသခင်လည်းဟုတ်တယ်လေ တိမ်ပင်လယ်မြို့ တုန်းက ပြသွားတဲ့ မင်းရဲ့လျှပ်တပြက်လှုပ်ရှားမှုနဲ့ လေဟာပြင်ချိပ်ပိတ်မှုနဲ့ ဆိုရင် မင်းရဲ့တည်ဆောက်မှုအရည်အချင်းက မဆိုးလောက်ဘူးဆိုတာ ကျုပ် ယုံတယ်” လျူဟိုင် ရှင်းပြလေသည် “လူရှာမတွေ့ရင်တော့ မင်းအဲဒါလည်း ဝင်ပြိုင်နိုင်တယ်မလား”

“ရပါတယ် ဒါပေမဲ့ နိုင်မလားဆိုတာတော့ မသေချာဘူး” ရှီမာယူယူ ပြန်ဖြေလေသည်။

“ကျုပ်တို့က မင်းကိုယုံပါတယ်” လျူဟိုင် အားပေးလေသည်။ “ဒါပေမဲ့ ဘာဖိအားမှမခံစားပါနဲ့ ဒီအတိုင်းပဲ အကောင်းဆုံးလုပ်လိုက်ပါ”

တော်သော တည်ဆောက်မှုသခင်တစ်ယောက်သည် လျှပ်တပြက် လှုပ်ရှားမှုနှင့် လေဟာပြင်ချိပ်ပိတ်မှုကို မဖြစ်မနေလုပ်တတ်ရန်မလိုပေ။ သို့သော် ထိုနှစ်ခုကိုလုပ်နိုင်သည့်သူသည် တော်သောတည်ဆောက်မှုသခင် တစ်ယောက်ပင်ဖြစ်သည်။ ထိုသည်မှာ လူတိုင်းနားလည်ထားသောအရာဖြစ် သည်။

ဖိအားထားရန်မလိုဟု လျူဟိုင် ပြောသော်လည်း ရှီမာယူယူလုပ်နိုင်မည် ကို သူတို့ယုံကြည်ထားတုန်းပင်။

လျူဟိုင်သည် စိတ်ထဲမှ သက်ပြင်းချမိသည်။ သူတို့သာ သူမ အသက် ကို မသိ၍ဖြစ်စေ သူတို့ကိုယ်တိုင်မျက်လုံးနှင့် မြင်ရခြင်းကြောင့်သာ မဟုတ် လျှင် သည်လိုလူမျိုးရှိသည်ကို ယုံမည်မဟုတ်ပေ။

ဒါပေမဲ့ ဒီလိုအရည်အချင်းရှိတဲ့ လူငယ်တွေ ဘာလို့နည်းသွားတာလဲ။

“ဟူး…” သူသည် မည်သူ့ကိုမှရှာမရနိုင်ဟု တွေးလိုက်မိချိန်တွင် မသိစိတ်မှ သက်ပြင်းချမိသည်။

“ဒုဥက္ကဌက ဘာကိုစိုးရိမ်နေသေးတာလဲ” ရှီမာယူယူသည် မေးပြီးမှ မေးမိသည်ကို နောင်တရသွားသည်။

သူ မပြောလျှင် သူမ မသိချင်ယောင်ဆောင်ရမည်။ သူ ပြန်ဖြေပါက သူမ မတတ်သာဘဲ ကူညီရတော့မည်။

လျူဟိုင်က လူရှာဖို့ ပြဿနာတက်နေတာ သိသာနေတပဲကို။

“အဂ္ဂိရတ်ပညာမှာက မင်းနဲ့ အဂ္ဂိရတ်ပညာရှင်အသင်းရှိတယ်လေ လက်နက်ပညာမှာ လက်နက်သခင်အသင်းရှိတယ် တည်ဆောက်မှုအတွက် ဘယ်သူ့ကိုမှ ရှာမရပေမဲ့ မင်းရှိသေးတယ်၊ သားရဲထိန်းကျောင်းမှုသခင်နဲ့ ဝိညာဉ်ရှာဖွေမှုသခင်မရှိဘူးဖြစ်နေတယ်” လျူဟိုင် ပြန်ဖြေလေသည်။

“ကျွန်မတို့ ပြိုင်ဘက်တွေကို အဲဒါ ဖုံးထားလား” ရှီမာယူယူ မေးလိုက် သည်။

“အင်း” လျူဟိုင် ပြောလိုက်သည် “ပြိုင်ဘက်လူအများစုက ကျွမ်းကျင်သူတွေပဲ အင်အားစုကလည်း ဘက်စုံတော်တဲ့သူတွေချည်း အများစုက အင်အားကောင်းကြတယ်”

“ကြည့်ရတာ တစ်ဖက်အဖွဲ့က အဆင်သင့်ဖြစ်နေတဲ့ပုံပဲ” ရှီမာယူယူ မှတ်ချက်ပေးလေသည် “အင်အားစုတစ်ခုတည်းမှာ အဲလောက်ကျွမ်းကျင်သူ အများကြီးရှိတာ မဖြစ်နိုင်ဘူး”

“ဒါပေမဲ့ အဲဒါကအဓိပ္ပာယ်မရှိဘူးလေ” ရှောင်ချီ ပြောလေသည် “သူတို့က ရှောင်ချီတို့ထက် သန်မာနေတာကို ဒီလိုပြိုင်ပွဲကို ဘာလို့လုပ်ချင် နေသေးတာလဲ”

“လုယက်တာက တစ်ခဏပဲ ငါတို့အားက သူတို့ထက်နည်းနေရင် တောင် အကုန်လုံးဆီကလုယက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး သူတို့လိုချင်တာက ရေရှည်အတွက်ပဲ” ရှီမာယူယူ ပြောလိုက်သည်။ “အမှန်တော့ ထာဝရ ရှင်သန်သူနယ်မြေမှာ အခွင့်အလမ်းရှိတယ်ဆိုရင် တခြားသူဆီက လုတာ ထက် ပိုအရေးကြီးတယ်”

“ဒါဆိုရင် အဲအခွင့်အရေးကိုရှာတွေ့ပြီးရင် ရှောင်ချီတို့လူတွေကို နှင်ထုတ်မှာပေါ့” ရှောင်ချီ ပြောလေသည်။

“ရတနာကိုတွေ့ရင် မင်းဆိုရင်ရော ထွက်သွားမှာလား” ရှီမာယူယူ မေးလိုက်သည်။

ရှောင်ချီ ခေါင်းခါလိုက်သည်။ “ဒါပေမဲ့ တခြားသူတွေကို နှင်ထုတ်ဖို့ အင်အားသုံးနိုင်တယ်လေ”

“တကယ်လို့ တခြားသူတွေနဲ့ တိုက်ခိုက်ပြီး ကိုယ့်အားနည်းသွားတယ် ဆိုရင် နောက်ဆက်တွဲ ရတနာရှာတဲ့နေရာမှာ အကျိုးမရှိတဲ့အပြင် တခြားသူ အခွင့်ကောင်းယူတာလည်းခံရမယ် အခွင့်အရေးလည်း ဆုံးရှုံးနိုင်တယ်၊ ရတနာဆုံးရှုံးရတာက ဘာမှမဟုတ်သေးဘူး” ရှီမာယူယူ ပြောလိုက်သည် “သူတို့ တိုင်းပြည်ကလည်း မညီညွတ်ဘူး အင်အားစုတစ်ခုချင်းစီက နီးသလို နဲ့ဝေးနေကြတာပဲ”

ရှေးဟောင်းကမ္ဘာဦးနယ်မြေက လူများကဲ့သို့ပင်။ သူတို့သည်လည်း ဖန်ချီတိုင်းပြည်မှလူများနှင့် မတွေ့ခင်အထိ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက် ရန် အခွင့်အရေးရှာနေခဲ့ကြသည်။ အခု အပြင်လူနှင့်တွေ့ရပြီဆိုမှပင် ညီညွှတ်သွားခြင်းဖြစ်သည်။

ရှောင်ချီသည် ထိုအရာကို ရှာတွေ့သည်။ အကယ်၍ ရှေးဟောင်း ကမ္ဘာဦးနယ်မြေမှလူများကို ဖယ်ထုတ်နိုင်ပါက နောက်ပိုင်း ရတနာရှာဖွေမှု အတွင် အကျိုးများစွာရှိနိုင်သည်။

ထို့ကြောင့်ပင် ထိုလူများ ပြင်ဆင်လာခြင်းဖြစ်သည်။

“ရှာဖွေသူဝိညာဉ်သခင်နဲ့ သားရဲထိန်းကျောင်းသူသခင် တော်တဲ့သူမရှိ ဘူး အဲဒီနယ်ပယ်နှစ်ခုမှာရှုံးရင် တခြားနေရာသုံးခုမှာ နိုင်ရမယ် အဲဒါကြောင့် ဖိအားက နည်းနည်းတော့များတယ်” လျူဟိုင် သက်ပြင်းချလေသည်။

“ဒါဆိုရင် အဲပြိုင်ပွဲနှစ်ခုကို နောက်ဆုတ်ထားပြီး လူရှာဖို့ အချိန်တဆွဲရ မယ် အဲအချိန်အတွင်းကို လူရှာရမယ်” ရှီမာယူယူ ပြောလိုက်သည်။

“အဲလိုမျှော်လင့်တာပဲ” လျူဟိုင် သက်ပြင်းချပြန်သည်။ နောက်ပိုင်း ပြိုင်ပွဲအတွက် မည်သို့လုပ်ရမည်ကို မသေချာပေ။

သူအဝေးသို့လျှောက်သွားရာတွင် ရှောင်ချီသည် သူမ စိုးရိမ်မှုကိုပြောပြ လေသည်။

“ယူယူ ယူယူက သားရဲထိန်းကျောင်းသူနဲ့ ရှာဖွေသူဝိညာဉ်သခင်ဖြစ် တယ်ဆိုတာကို ဘာလို့မပြောလိုက်တာလဲ”

“သူတို့ လူရှာနိုင်ရင် အဲဒီသရုပ်မှန်နှစ်ခုကို ထုတ်ဖော်စရာမလိုဘူး အင်ပါယာသားရဲကျမ်းနဲ့ ဝိညာဉ်အရင်းအမြစ်ရှာဖွေမှုကို သူတို့မသိလေ ကောင်းလေပဲ”

တခြားသူများသိသွားမည်ကို သူမ မကြောက်သော်လည်း ပြဿနာ နည်းသည်က ကောင်းသည်။

“ဘုန်း”

ပေါက်ကွဲသံသည် အားလုံး၏ အာရုံကိုဆွဲဆောင်လိုက်သည်။ ရှီမာယူယူ ကြည့်လိုက်ရာ အသည်းကွဲတောင်ကြားမှလူများသည် လူတစ် ယောက်နှင့် တိုက်ခိုက်နေသည်ကိုတွေ့လိုက်ရသည်။

***

All Chapters