လျော်ကြေပေးခြင်း၊ ပဉ္စမအဆင့်နဂါးဗလာနယ်ဆေးခြောက်၊ ထူးဆန်းသည့် အခြေတည်ဝိညာဉ်ကျင့်ကြံသူအချို့(၂)
Vol. 23 Ch. 442
ထို့ပြင် သူ၏ဘေးရှိ ရှန်းရူယန်မှာ ယခုအချိန်ထိ မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်သေးခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူမယခုလေးတင်ထုတ်လွှတ်ထားသည့်အော်ရာအရ သူမကိုလည်း လျော့တွက်လို့မရကြောင်း ထင်ရှားသည်။
သူတို့သည် ထူထျန်းပါကိုမကြောက်ကြဘဲ သူ့ကိုခေါင်းချင်းဆိုင်ပြီး စိန်ခေါ်ရဲသည်မှာ အံ့ဩစရာမရှိတော့ပေ။
ထိုအချိန်တွင် များစွာသော ဘေးမှကြည့်နေကြသူများသည် တည်ငြိမ်အေးစက်သော အမူအယာများ ဖြစ်ပေါ်ခဲ့ကြသည်။
ဤစုံတွဲသည် သေချာပေါက် သူတို့၏ မူလချီအတွက် ယှဉ်ပြိုင်ခြင်းတွင် အားအကောင်းဆုံးပြိုင်ဘက်များထဲမှတစ်ယောက်ဖြစ်လာမည့်ဟန်တူသည်။
“ငါမင်းကိုသတ်ပစ်မယ်”
သူတို့၏ စိတ်ကူးနိုင်စွမ်းထက်ကျယ်ပြန့်နေသည့် လူတိုင်းကဲ့သို့ပင် ကျန်းချန်ရွှမ်ဆီမှ ထပ်မံပျံသန်းလျက်ပို့လွှတ်ခံလိုက်ရသည့် ထူထျန်းပါသည်လည်း နောက်ဆုံးတွင် အလွန်အမင်းကိုဒေါသဖြစ်သွားသည်။
သူ၏မျက်လုံးများနီရဲလာကာ သူ၏နဖူးရှိသွေးကြောများ ဖောင်းတက်လာသည်။
သူ၏မျက်နှာမှာ အလွန့်အလွန်ပင် ဒေါသထွက်သွားသည်။
ဒေါင်ခနဲမြည်သံတစ်ခု ထွက်ပေါ်လာသည်။
သူသည် ရှည်လျားသောအနက်ရောင်ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။
ဓားသွားသည် ချက်ချင်း သွေးရောင်ဆိုးပြီးသား ဖြစ်သွားသည်။
လာရောက်ကြည့်ရှုနေကြသည့်နောက်လိုက်များ ဆို့နင့်သွားခဲ့သည်။
ဤအရူးသည် အမှန်တကယ်ပင် လျှို့ဝှက်သွေးလောင်ကျွမ်းခြင်းနည်းစနစ်ကို အသုံးပြုလိုက်ပြီဖြစ်သည်။
သူလျှို့ဝှက်နည်းစနစ်တစ်ခုကို တစ်ကြိမ်အသုံးပြုလိုက်တာနဲ့ ဤအချင်းပွားမှုတွင် ယာယီအသာစီးကရှိနိုင်ခဲ့သည်ဆိုရင်တောင် သူသည် မူလချီအတွက်ယှဉ်ပြိုင်ရန်အခွင့်အရေးမရှိတော့ကြောင်း မသိတာလား?
“တော်လောက်ပြီ!”
ထိုအချိန်တွင် ထူထျန်းပါ၏ရှေ့သို့ လူတစ်ယောက်ရုတ်တရက် ရောက်ရှိလာသည်။
သူ၏လက်တစ်ဖက်က ထူထျန်းပါ၏ ပခုံးကိုဖိလိုက်ကာ လိမ့်တက်နေသည့်သွေးများကိုရုပ်သိမ်းရန် ဖိအားပေးလိုက်သည်။
သွေးနီဓားရှည်ပင်လျှင် ပုံမှန် ပြန်ဖြစ်သွားသည်။
လူတိုင်း အံ့အားသင့်သွားကြသည်။
ထူထျန်းပါကို သေချာထိန်းထားနိုင်ဖို့သည်၊ ဤခွန်အားသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ် ယောက် ပြုလုပ်နိုင်သည့်အရာမဟုတ်ပေ။
သူက....?
လူတိုင်း နှလုံးခုန်ရပ်လုမတတ်ဖြစ်သွားသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်လုံးများ ကျဉ်းသွားခဲ့သည်။
သူတို့သည် ရူးမိုက်သူများ မဟုတ်ပေ။
ထိုအချိန်တွင် သူတို့သည် ဤပုဂ္ဂိုလ်က မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းပြီးဖြစ်သည်။
“စီနီယာအကိုကျန်း ငါ့ကိုလွှတ်ပေးပါ! ငါ့ကိုလွှတ်ပေး! ငါ့ကိုဒီကောင်ကို သတ်လိုက်ခွင့်ပြုပါ! ငါဒီကောင်ကိုသတ်ရမယ်”
ထိုအချိန်တွင် ထိုပုဂ္ဂိုလ်ထံမှ ထိန်းချုပ်ခံထားရသည့် ထူထျန်းပါသည် ရုန်းကန်လှုပ်ရှားနေရဆဲဖြစ်သည်။
သူက စီနီယာအကိုကျန်းဟုခေါ်ဆိုလိုက်သည့် သတ်လတ်ပိုင်းအမျိုးသားသည် မကျေမချမ်းအမူအယာ ဖြစ်သွားခဲ့သည်။
သူသည် သူ၏လက်ကို ရုတ်တရက်မြှောက်လိုက်ကာ ထူထျန်းပါ၏ခေါင်းကို ထုရိုက်လိုက်သည်။
သို့နှင့် အားလုံးတိတ်ဆိတ်သွားကြသည်။
ထို့နောက် စီနီယာအကိုကျန်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ကြည့်လိုက်သည်။
သူသည် လက်သီးဆုပ်နှုတ်ဆက်လျက် ပြောလိုက်သည်။
“မိတ်ဆွေငယ်တို့ အခုဖြစ်သွားတာတွအတွက် ငါ ထူထျန်းပါကိုယ်စား တောင်းပန်ပါတယ်။ ထူထျန်းပါက တစ်ခုခု စော်ကားပုတ်ခတ်လိုက်တာရှိရင်လည်း ငါမင်းတို့ကိုတောင်းပန်ပါတယ်။ မထွက်လာခင်မှာ ငါ့ရဲ့ဆရာ စံသခင်ရွှမ်းယန်က ထူထျန်းပါကို တိတ်တဆိတ်စောင့်ကြည့်ဖို့ပြောခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာလုပ်စရာတစ်ခုပေါ်လာတာနဲ့ ခနထွက်သွားခဲ့တယ်။ သူက မင်းတို့ကို ဒီလောက်ဒုက္ခဖြစ်စေလိမ့်မယ်လို့ မမျှော်လင့်မိခဲ့ဘူး။ ငါ့အမှားပါ”
ဤပုဂ္ဂိုလ်၏စကားလုံးများက ပို၍နားဝင်ချိူနေသည်။
အထူးသဖြင့် အဆင့်မြင့် စွမ်းအားကြီးအခြေတည်ဝိညာဉ်စံသခင်တစ်ယောက်အနေဖြင့် သူသည် အထိုက်အလျောက် သင့်မြတ်ပုံပေါ်သည်။
ထိုအချိန်တွင် လင်မယားနှစ်ယောက်က သူတို့၏လက်ကို ဝှေ့ယမ်းလိုက်ကာ ၎င်းသည် နားလည်မှုလွဲခြင်းတစ်ခုသာဖြစ်ပြီး မည်သို့မှစိတ်ထဲမထားကြောင်း ဖော်ပြလိုက်သည်။
ထိုသို့ဆိုရင်တောင် စီနီယာအကိုကျန်း၊ ကျန်းယွမ်ရှင်းသည် မရမကပြောဆိုနေသည်။
၎င်းသည် သူကအခြေတည်ဝိညာဉ်စံသခင်တစ်ယောက်မဟုတ်ဘဲ သူတို့ထက်အဆင့်များစွာနိမ့်ကျသည့် ကျီဖုအဆင့်ကျင့်ကြံသူတစ်ယောက်ဟုတောင် လူများကို ထင်သွားစေနိုင်သည်။
ကျန်းယွမ်ရှင်းသည် ထူထျန်းပါကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီသို့ သယ်သွားလိုက်သည်။
သူသည် ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူလိုက်ကာ ကျန်းချန်ရွှမ်ကို ပေးလိုက်သည်။
“မင်းတို့နှစ်ယောက် ဒါကို ငါ့ရဲ့တောင်းပန်မှုသင်္ကေတအနေနဲ့ ယူထားပေးကြပါ။ ငါအခုလေးတင် ဖြစ်ပျက်သွားတာတွေအတွက် တကယ်တောင်းပန်ပါတယ်”
“ဟင်...?”
ကျန်းချန်ရွှမ်၏ အပြုအမူများကို မြင်ပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ကြက်သေသေသွားကြသည်။
ဤတစ်ကြိမ်တွင် သူတို့ အခြားဘက်က ဘာဖြစ်ချင်နေသည်ဆိုသည်ကို နားမလည်နိုင်ပေ။
အထူးသဖြင့် သူတို့ ကျောက်စိမ်းသေတ္တာထဲရှိ အရာကိုမြင်သောအခါတွင်မူ အံ့အားသင့်သွားကြသည်။
၎င်းမှာ ကျောက်စိမ်းသေတ္တာထဲတွင် ထားရှိသည့် နဂါးပုံစံဆေးခြောက်ပင်တစ်ပင် ဖြစ်သည်။
၎င်းသည် ကျန်းချန်ရွှမ် အရင်ကအသုံးပြုထားသည့် မြင့်မြတ်သည့်ကိုယ်ခန္ဓာမွမ်းမံခြင်း ဆေးဖက်ဝင်အပင်တစ်ပင် ဖြစ်သည်။
ထိုအရာကို နဂါးဗလာနယ်ဆေးခြောက်ဟု ခေါ်သည်။
မည်သို့ပင်ဖြစ်စေ ဤဆေးခြောက်သည် စတုတ္ထအဆင့်မဟုတ်ဘဲ ပဉ္စမအဆင့်သို့ရောက်ရှိပြီးသား တစ်ခုဖြစ်သည်။
ကျန်းချန်ရွှမ်သာ ဤပဉ္စမအဆင့်နဂါးဗလာနယ်ဆေးခြောက်ကို သူ၏ခန္ဓာကိုယ်ကို အချိုးညီစေရန် ထပ်မံအသုံးပြုလိုက်ပါက သူ၏ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်သည် ပဉ္စမအဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
“စီနီယာကျန်း ခင်ဗျားဘာလုပ်...?”
ပဉ္စမအဆင့် နဂါးဗလာနယ်ဆေးခြောက်ကို မြင်လိုက်ရချိန်တွင် ကျန်းချန်ရွှမ် သွေးဆောင်မခံလိုက်ရဘူးဆိုပါက လိမ်ညာရာရောက်ပေမည်။
မည်သို့ပင်ဖြစ်စေ နှိုင်းယှဉ်လိုက်ရလျှင် သူသည် အခြားတစ်ဖက်၏ အမှန်တကယ်ရည်ရွယ်ချက်ကို ပိုမိုနားလည်ချင်သေးသည်။
ကျန်းချန်ရွှမ်၏ စိတ်ကိုဖတ်လိုက်ကာ ကျန်းယွမ်ရှင်းက ပြောလိုက်သည်။
“မိတ်ဆွေငယ်လေး စိုးရိမ်နေစရာမလိုပါဘူး။ ဒါကငါ့ရဲ့ တောင်းပန်မှုသင်္ကေလို့ ပြောပြီးပြီပဲ ငါတကယ်ရည်ရွယ်ပြောဆိုနေတာပါ။ ငါ မင်းနောက်တစ်ခါ ငါ့ရဲ့အရာမရောက်တဲ့ ဂျူနီယာညီလေးကိုတွေ့ရင် သူ့ကိုမလိုမလားနဲ့ အညှိုးမထားလိုက်ဖို့ တစ်ခုပဲ မျှော်လင့်ပါတယ်။ ရွေးချယ်စရာမရှိဘဲ သူ့ကိုတိုက်ခိုက်ရမယ်ဆိုရင်တောင် သူ့အသက်အန္တရာယ်မကျရောက်စေဖို့ အကောင်းဆုံးလုပ်ပေးပါ။ ပြီးတော့ ငါ့ဆရာမှာ မြေးလေးတစ်ယောက်ပဲရှိတာ။ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် သူစိတ်မကောင်း ဖြစ်ရလိမ့်မယ်”
ထိုသို့ပြောပြီးနောက် ကျန်းယွမ်ရှင်းသည် ဆက်လက်မနေတော့ဘဲ ထူထျန်းပါနှင့်အတူ ချက်ချင်း ပျောက်ကွယ်သွားသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့ ခံစားလိုက်ရသည်။
ကျန်းယွမ်ရှင်းက နည်းနည်းတော့.....
သူသည် ဂိုဏ်းကြီးတစ်ခုမှ အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်နှင့်လည်း မတူပေ။
မည်သို့ပင်ဖြစ်စေ သူတို့သည် ဒါအတွက် များစွာတွေးတောမနေခဲ့ပေ။
မကြာမီပင် လင်မယားနှစ်ယောက်သည် သူတို့၏ ဂူအိမ်သို့ ပြန်သွားလိုက်ကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဂူအိမ်သို့ပြန်လည်ရောက်ရှိသွားသည်နှင့် တစ်စုံတစ်ယောကက် လာရောက်လည်ပတ်ခဲ့သည်။
ထိုပုဂ္ဂိုလ်မှာ နဝမအဆင့်လေလွင့်အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သူ၏အမည်မှာ ထန်ပိုင်ရှန်း ဖြစ်သည်။
သူသည် လင်မယားနှစ်ယောက် ဤနေရာကိုရောက်ရှိလာသည့်အချိန်ကတည်းက သိကျွမ်းခဲ့သည့် ပထမဆုံးတာအိုရောင်းရင်းဖြစ်သည်။
ထိုအချိန်တွင် ထန်ပိုင်ရှန်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံမှ ဆီးကြိုခြင်း ခံလိုက်ရသည်။
သူတို့ထိုင်လိုက်ပြီးနောက် ထန်ပိုင်ရှန်းသည် ပြုံးလျက် သူတို့ကို ပြောလိုက်သည်။
“တာအိုရောင်းရင်းကျန်း တာအိုရောင်းရင်းရှန်း။ မင်းတို့က ဒီနေ့ ငါတို့ရဲ့ ဒေါသတွေ ပွင့်ထွက်သွားနိုင်အောင် ကူညီပေးခဲ့တာပဲ”
ထန်ပိုင်ရှန်း၏စကားများကို ကြားပြီးနောက် လင်မယားနှစ်ယောက်သည် သူတို့၏လက်များကို နှိမ့်ချစွာ ဝှေ့ယမ်းပြလိုက်သည်။
သို့သော်လည်း မကြာမီပင် သူတို့သည် မေးခွန်းတစ်ခုကို တွေးမိသွားကြသည်။
ကျန်းချန်ရွှမ်သည် ချက်ချင်း ထန်ပိုင်ရှန်းကို မေးလိုက်သည်။
“တာအိုရောင်းရင်းထန် မင်းဒေါသခိုးဂိုဏ်းရဲ့စီနီယာကျန်းက ဘယ်လိုလူမျိုးလဲဆိုတာသိလား?”
ထန်ပိုင်ရှန်းကအပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ငါ့အထင် မင်းသူ့ရဲ့အကြောင်းကိုမေးရတဲ့အကြောင်းရင်းက သူ့ရဲ့ဒီနေ့အပြုမူတွေကြောင့ပဲထင်တယ် ဟုတ်ရဲ့လား? ဟဟ အမှန်အတိုင်းပြောရရင်တော့ တစ်ခြားတစ်ယောက်သာဆိုရင် ဒီအကြောင်းကို မသိလောက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ အတွင်းဇာတ်လမ်းကိုသိဖို့ထိ ကံကောင်းနေတယ်လေ”
“ဟုတ်လား? ဒါဆိုရင် ကျွန်တော်တို့ကို အလင်းပြပါဦး”
ကျန်းချန်ရွှမ်က နှိမ့်ချစွာ မေးလိုက်သည်။
“ဒါကတကယ်တော့ အရမ်းရိုးရှင်းပါတယ်”
ထန်ပိုင်ရှန်းက ထပ်မံပြုံးလျက် ပြောလိုက်သည်။
“ဒါတွေအကုန်လုံးက သူတို့ကျင့်ကြံခဲ့တဲ့ ကျင့်စဉ်နည်းစနစ်နဲ့ ဆက်နွယ်နေတယ်”
“ဟမ်? ဒါက သူတို့ကျင့်ကြံခဲ့တယ့် ကျင့်စဉ်နည်းစနစ်နဲ့ သက်ဆိုင်နေတယ်?”
“အမှန်ပဲ”
ထန်ပိုင်ရှန်းက ခေါင်းညိတ်လိုက်သည်။
“ထူထျန်းပါကို ဥပမာအနေနဲ့ယူကြည့်ရင် သူကျင့်ကြံခဲ့တဲ့ ကျင့်စဉ်နည်းစနစ်ကြောင့် သူ့ရဲ့စိတ်နေသဘောထားက ချို့ယွင်းချက်ရှိနေပြီးတော့ မကြာခန အလွန်အမင်းဇွတ်တရွတ်နိုင်မှုတွေနဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကို ပြသတတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စီနီယာကျန်းရဲ့ အခြေအနေကတော့ သေချာပေါက် ဆန့်ကျင်ဘက်ပဲ။ ထူထျန်းပါက အလွန်အမင်းခေါင်းမာပြီး တစ်ကိုယ်ကောင်းဆန်နေတဲ့အချိန်မှာ စီနီယာကျန်းကတော့ အလွန်အမင်း နှိမ့်ချတတ်ပြီးတော့ အေးဆေးတည်ငြိမ်တယ်...”
***