ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်ကို ပဉ္စမအဆင့်သို့ မြှင့်တင်ခြင်းနှင့် ဂဠုန်အမြန်နှုန်း နတ်စွမ်းအားကို ရရှိခြင်း (၂)
Vol. 23 Ch. 444
“ကျွန်မတော့ ဆက်လက်စုံစမ်းစောင်ကြည့်နေဖို့ပဲ အကြံပြုတယ်။ သင့်တော်တဲ့အခွင့်အရေးတစ်ခု ပေါ်လာရင်တော့ ကျွန်မတို့ဒါကို သူ့ကို ပြောလိုက်လို့ရတာပေါ့”
“ကောင်းပြီလေ”
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
“စကားမစပ် အဲ့ဒီပဥ္စမအဆင့်နဂါးဗလာနယ်ဆေးခြောက်ကို ငါ့ရဲ့ ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်ကိုပဉ္စမအဆင့်ကို အဆင့်မြှင့်တင်နိုင်မတင်နိုင်သိရဖို့ အသုံးပြုချင်တယ်။ အချိန်ရမယ်ဆိုရင် ငါချီဆွတ်ခူးခြင်းနည်းစနစ်ကို ကျင့်ကြံဖို့အတွက်ပဲ အာရုံစိုက်ထားချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကာလအတွင်းမှာ ငါမင်းကို ငါ့ကိုစောင့်ရှောက်ရင်း ဒုက္ခပေးမိမှာကြောက်မိတယ်။ လိုအပ်လာရင်တော့ မင်းငါ့ရဲ့ အော်ရာအချို့ကို လျှိုသိပ်ထားနိုင်ပါတယ်”
ရှန်းရူယန်သည် အလိုလိုပင် သူမယောက်ျား၏တောင်းဆိုချက်ကို မငြင်းပယ်နိုင်ပေ။
မကြာမီပင် သူတို့နှစ်ယောက်သည် သူတို့၏ဂူအိမ်ထဲတွင် အစီအရင်ကို ပြန်လည်စီစဉ်လိုက်ကြသည်။
အရာအားလုံးပြီးမြောက်သွားသောအခါ ကျန်းချန်ရွှမ်က စတင်တံခါးပိတ်ကျင့်ကြံခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက်…
ကျန်းချန်ရွှမ်ရှိနေသည့် ကျင့်စဉ်အခန်းထဲတွင်…
အားကောင်းသောအော်ရာလှိုင်းများ လိမ့်တက်လာသည်။
ကျန်းချန်ရွှမ်သည် ပဉ္စမအဆင့်နဂါးဗလာနယ်ဆေးခြောက်၏ ရောနှောပေါင်းစပ်ထားသည့်ကိုယ်ခန္ဓာမွမ်းမံခြင်းဆေးရည်များ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ခြင်း ခံလိုက်ရသည်။
ငါးရောင်စုံတောက်ပမှုများ သူ၏ခန္ဓာကိုယ်မှ တစ်ခုစီ ထွက်ပေါ်လာသည်။
၎င်းသည် သူ၏ ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်ဖြစ်သည့် အနန္တဘီးသည် အမြန်နှုန်းအပြည့်ဖြင့် လည်ပတ်နေခြင်းဖြစ်သည်။
မခန့်မှန်းနိုင်သော အချိန်တစ်ခု ကုန်လွန်သွားပြီးနောက် သူသည် သူ၏ခန္ဓာကိုယ်မှ အလွန်အမင်းလေးလံသော အဟန့်အတားတစ်ခု ပေါက်ကွဲသွားသလို အနည်းငယ် စူးရှသောအသံတစ်ခုကို ခံစားမိသွားခဲ့သည်။
ချက်ချင်းပင် လိမ့်တက်နေသော သွေးများနှင့် ဝိညာဉ်အလင်းများသည် စီးထွက်လာခဲ့သည်။
အော်ရာသည် မည်သည့်ရွှေအမြုတေကျင့်ကြံသူကိုမဆို ဖြည်းဖြည်းချင်းစတင်သိမ့်သိမ့်တုန်သွားစေသည်အထိ အားကောင်းလှသည်။
ကျန်းချန်ရွှမ်သည် သူ၏လက်များကို ကျစ်ကျစ်ဆုပ်ရန် ကြိုးစားခဲ့သည်။
မိုးကြိုးကဲ့သို့ အလွန်ကျယ်လောင်သော မြည်ဟိန်းသံတစ်ခု လေဟာနယ်ထဲတွင် သံပြန်ရိုက်ခဲ့သည်။
ထို့နောက် ဟာရီကိန်းတစ်ခုကဲ့သို့ လေပွေများ အပြေးအလွှား တိုက်ခတ်လာသည်။
ဒါက ပဉ္စမအဆင့် ကိုယ်ခန္ဓာမွမ်းမံခြင်း နည်းစနစ်ရဲ့ စွမ်းအားလား?
ကျန်းချန်ရွှမ် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ထိုအချိန်တွင် သူသည် သူ၏သန်မာမှုကို အသေအချာ ခံစားမိလိုက်သည်။
၎င်းသည် အဆုံးမရှိသကဲ့သို့ သူ၏ကိုယ်ခန္ဓာတစ်ခုလုံးကို ဖြတ်သန်းစီးဆင်းနေသည်။
သာမန်ပဉ္စမအဆင့်ရတနာစင်စစ်တစ်ခုနှင့် ရင်ဆိုင်နေရချိန်တွင်တောင် ၎င်း၏စွမ်းအားကို သူ၏ရုပ်ခန္ဓာတစ်ခုတည်းနှင့်သာရင်ဆိုင်ရန် ယုံကြည်မှု အပြည့်ရှိသည်။
သူ၏ နတ်စွမ်းအား အကုန်လုံးဖြစ်သည့် နဂါးဆင်နတ်ဘုရားစွမ်းအားကိုသာ ထုတ်လွှတ်လိုက်ပါက ကျန်းချန်ရွှမ်သည် သူ၏စွမ်းအားမှာ မည်မျှ ကြောက်မက်ဖွယ်ဖြစ်ကြောင်း အံ့ဩမိသွားပေမည်။
ဂျိုင်း!
သူ၏မူလဓမ္မရတနာ၊ ရွှေဗလာနယ်ဓားကို ဆင့်ခေါ်ပြီးနောက် ကျန်းချန်ရွှမ်သည် ၎င်းကို ချက်ချင်း အသက်သွင်းလိုက်ကာ သူ၏လက်မောင်းဖြင့် ပြင်းထန်စွာ ဟက်တက်ခွဲလိုက်သည်။
ဆုတ်ပြဲသွားသည်--
ချက်ချင်းပင် မီးပွားမီးစက်များ တရစပ် လွင့်စင်လာသည်။
သူ၏ ရွှေဗလာနယ်ဓားသည် ရတနာစင်စစ်တစ်ခုအဆင့်သို့ မရောက်ရှိသေးသော်လည်း ၎င်း၏ ချွန်ထက်မှုသည် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်တစ်ယောက်ကို ခြိမ်းခြောက်ဟန်ပြနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် ဆက်တိုက်မီးပွားများသည် သူ၏ခန္ဓာကိုယ်ပေါ်တွင်သာ ထုတ်လွှတ်နေသည်။
ကျန်းချန်ရွှမ်သည် စိတ်ကိုပြင်ဆင်လိုက်ကာ သူ၏နတ်စွမ်းအားထုတ်လွှတ်မှုကို အဆင့်မြှင့်လိုက်သည်။
နောက်ဆုံးတွင် ဓားရှည်က အရေပြားကို ထိုးဖောက်နေသည့်အသံများ ပဲ့တင်ထပ်လာသည်။
မဟူရာတစ်ခုနှင့်ဆင်တူသည့် သွေးတစ်စက်သည် သူ၏လက်မောင်းပေါ်ရှိ ဒဏ်ရာမှ ထွက်ကျလာသည်။
၎င်းသည် မြေပြင်ပေါ်သို့ ကျရောက်သွားသောအခါ အပူလှိုင်းများ လိမ့်တက်လာသည်။
ချက်ချင်းပင် ကျင့်စဉ်အခန်းသည် သိပ်သည်းသောတရှဲရှဲမြည်နေသည့် လေပူများဖြင့် ပြည့်နှက်သွားသည်။
သူ၏လက်မောင်းပေါ်ရှိဒဏ်ရာတွင် မှိန်ပျပျ ငါးရောင်စုံစက်ဝန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
အချိန်တိုအတွင်းပင် ရွှေဗလာနယ်ဓား၏ ခုတ်ပိုင်းခြင်းခံထားရသည့်အသားသည် မမျှော်လင့်စွာပင် မူလအခြေအနေသို့ ပြန်လည်ကုသပြီးဖြစ်နေသည်။
၎င်းပေါ်တွင်ကျန်ရှိနေသော ဓားချီပင်လျှင် ဖယ်ထုတ်ပြီးသား ဖြစ်သွားသည်။
၎င်းသည် သူ၏ ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ် ပဉ္စမအဆင့်သို့ ရောက်ရှိပြီးသွားသောအခါ ရရှိလာသည့် စွမ်းရည်ဖြစ်သည်။
၎င်းသည် အနန္တဘီး၏ ကိုယ်တိုင်ကုသခြင်း စွမ်းရည် ဖြစ်သည်။
ဒင်--
တစ်ချိန်တည်း၌ပင် ရင်းနှီးနေသော စနစ်အချက်ပေးသံတစ်ခု သူ၏စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
[ပဉ္စမအဆင့်ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်ကို အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ် ဟိုစ့်။ သင်သည် ရုပ်ပိုင်းဆိုင်ရာ နတ်စွမ်းအားဖြစ်သည့် ဂဠုန်အမြန်နှုန်းကို ရရှိပါသည်]
[ဂဠုန်အမြန်နှုန်း: နာမည်တင်ပြချက်အတိုင်းပင် ဤနတ်စွမ်းအားသည် အမြန်နှုန်းနတ်စွမ်းအား တစ်ခု ဖြစ်သည်။ အမြန်ဆုံးသောအရှိန်သည် ဂဠုန်ငှက်နှင့်ပင် နှိုင်းယှဉ်၍ရပေသည်]
မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်ယခုသိလိုက်သည်မှာ အမြန်ဆုံးသောအရှိန်သည် ၎င်းအဆိုထဲတွင်သာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏လက်ရှိ ခန္ဓာကိုယ်ခွန်အားနှင့်ဆိုလျှင် အမြန်ဆုံးသောအရှိန်ကို တောင့်ခံနိုင်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။
သူသည် ၎င်းကို အားမာန်ပါပါဖြင့် ကြိုးပမ်းအားထုတ်ရင်တောင် တစ်ခုတည်းသောဖြစ်နိုင်ချေသည် သူ၏ကိုယ်ခန္ဓာကိုပျက်စီးစေကာ ပြာများသို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။
ထို့ကြောင့် သူယခုရရှိခဲ့သည့် နတ်စွမ်းအား၏ အမြန်နှုန်း အကန့်အသတ်သည် ၎င်း၏ကိုယ်ပိုင်နတ်စွမ်းအားအပေါ်တွင်သာ မူတည်နေသည်မဟုတ်ဘဲသူ၏ကိုယ်ခန္ဓာတစ်ခုလုံး၏ သန်မာမှုအပေါ်တွင်သာ မူတည်နေသည်။
သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာ ပို၍သန်မာလေလေသူဆန့်ကျင်နိုင်မည့် အမြန်နှုန်းအကန့်အသတ် ပို၍မြင့်မားလေလေ ဖြစ်သည်။
ဤသို့ အပြန်အလှန်သက်ရောက်မှုပင် ရှိမည်။
ထို့ကြောင့် ဤနတ်စွမ်းအား၏ လက်ရှိစွမ်းအားကို နားလည်နိုင်ရန် သူ၏ ရုပ်ခန္ဓာတောင့်ခံနိုင်သည့် အမြန်နှုန်းအကန့်အသတ်ကို သိရှိနိုင်ဖို့လိုသည်။
ဤအတွေးဖြင့် ကျန်းချန်ရွှမ်သည် သူ၏တံခါးပိတ်ကျင့်ကြံခြင်းကို ဆက်လက်မလုပ်ဆောင်ခဲ့ပေ။
ထိုအစား သူသည် သူ၏ကျင့်ကြံခြင်းအခန်းမှ ထွက်လာခဲ့သည်။
ကျန်းချန်ရွှမ်ထွက်လာသည်ကိုမြင်ကာ အပြင်ဘက်တွင်စောင့်နေသည့် ရှန်းရူယန်သည် ချက်ချင်းအနီးသို့သွားကာ မေးလိုက်သည်။
“ယောကျာ်း ရှင့်ရဲ့တံခါးပိတ်ကျင့်ကြံခြင်းပြီးဆုံးသွားပြီလား?”
ကျန်းချန်ရွှမ်က သူ၏ခေါင်းကိုခါလိုက်သည်။
“တရားဝင်တော့မပြီးသေးဘူး။ ငါ အခက်အခဲတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီး နတ်စွမ်းအားအသစ်တစ်ခု ရရှိခဲ့တယ်။ ဒါကြောင့် အဲ့ဒါရဲ့ သက်ရောက်မှုတွေကို စစ်ဆေးကြည့်ချင်လို့ ထွက်လာတာ”
သို့နှင့် ကျန်းချန်ရွှမ်သည် ရှန်းရူယန်ကို သူ၏လက်ရှိအခြေအနေကို ပြောပြခဲ့သည်။
၎င်းကိုကြားကာ ပျော်ရွှင်မှုများ ရှန်းရူယန်၏မျက်နှာတွင် ပေါ်ပေါက်လာသည်။
“တကယ်လား? ယောက်ျား ရှင့်ရဲ့ ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်က တကယ်ပဲ ပဉ္စမအဆင့်ကို ကျော်ဖြတ်သွားတာလား? ပြီးတော့ ရှင်ကနတ်စွမ်းအားအသစ်တစ်ခုကိုတောင် ရရှိလိုက်သေးတာလား?”
စကားပြောနေစဉ်တွင်ပင် လင်မယားနှစ်ယောက်သည် ဂူအိမ်မှ ထွက်ခွာခဲ့ပြီး ဖြစ်သည်။
ပွင့်လင်းမြင်သာသော နေရာတစ်ခုသို့ ရောက်သောအခါ သူတို့နောက်ဆုံးတွင် ရပ်တန့်လိုက်ကြသည်။
“ဒီမှာဆိုရင်တော့ အဆင်ပြေလောက်မှာပါ”
ကျန်းချန်ရွှမ်သည် ဘေးပတ်လည်ကို စစ်ဆေးပြီးနောက် ချက်ချင်းပင် ဂဠုန်အမြန်နှုန်းကို ထုတ်လွှတ်လိုက်သည်။
ဝှစ်--
ချက်ချင်းဆိုသလိုပင် ကျန်းချန်ရွှမ်၏ ပုံရိပ်မှာ ဝေဝါးလာသည်။
မှိန်ပျပျအဖြူရောင်လမ်းကြောင်းတစ်ခုသာ ကောင်းကင်ကို ဖြတ်သွားနေသည်။
ထိုအချိန်တွင်ပင် သူသည် မရေမတွက်နိုင်သောအကွာအဝေးဆီသို့ ပျံသန်းခဲ့ပြီးဖြစ်သည်။
ထို့ပြင် အရှိန်မှာ ဆက်လက်မြင့်တက်နေသည်။
အဆုံးတွင် ရှန်းရူယန်သည် မိုးကြိုးဝိညာဥ်ခန္ဓာစင်စစ်ကို ပေါင်းထည့်ကာ လျှပ်စီးနတ်အစီအရင်စင်စစ်ကို အသုံးပြုနေရင်တောင် သူမသည် ကျန်းချန်ရွှမ်၏အမြန်နှုန်းကို လိုက်မမှီနိုငဲ ဖြစ်နေသည်။
“ယောက်ျားရေ အမြန်နှုန်းကတော့ တကယ့်ကြောက်မက်ဖွယ်ပဲ”
ရှန်းရူယန်သည် ရပ်တန့်လိုက်ကာ အဝေးရှိဗလာနယ်ကို ကြည့်လိုက်သည်။
တစ်ဖက်တွင်လည်း
ကျန်းချန်ရွှမ်သည် ထိုအချိန်တွင် စူးနင့်နေသည့်ဒဏ်ရာတစ်ခု သူ၏ခန္ဓာကိုယ်တွင် ပျံ့နှံနေသည်ကိုခံစားလိုက်ရသည်။
သိသိသာသာပင် သူ၏လက်ရှိအမြန်နှုန်းသည် သူ၏ရုပ်ခန္ဓာတောင့်ခံနိုင်သည့် အကန့်အသတ်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤအမြနှ်နှုန်းသည် ပဉ္စမအဆင့် မိစ္ဆာအရှင်များထက် များစွာပိုလွန်သွားပြီဖြစ်သည်။
အသေအချာပင် သူသည် အရှိန်ကိုဆက်လက်မြှင့်တင်လိုပါက ဖြစ်နိုင်ဖွယ်ရှိသော်လည်း မလိုအပ်သေးပေ။
ဤအခြေအနေထိစမ်းသပ်ကြည့်ပြီးနောက် သူလက်ရှိ အောင်မြင်ထားသည့် အမြန်နှုန်းအကန့်အသတ်အပေါ် သေချာသည့်နားလည်မှုတစ်ခု ရရှိထားပြီဖြစ်သည်။
ရှမ်းရူယန်နှင့်အတူ ဂူအိမ်သို့ပြန်လာပြီးနောက် ကျန်းချန်ရွှမ်သည် သူ၏တံခါးပိတ်ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည်ချီဆွတ်ခူးဖြင်းနည်းစနစ်ကို ကျင့်ကြံလိုသည်။
ဤနည်းစနစ်သည် သူမူလချီကို ရရှိရန် မှီခိုနေရသည့် အရေးကြီးသောနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။
ထို့ပြင် သူသည် ဤနည်းစနစ်ကို ရွှေမီးဖိုဂိုဏ်းမှ ရရှိပြီးနောက် ၎င်းကိုလေ့လာခြင်းနှင့် ကျင့်ကြံခြင်းကို ဘယ်သောအခါမှ မရပ်တန့်ခဲ့ပေ။
ယခုမူသူသည် ဆက်စပ်နေသောမှန်ကန်ချက်များနှင့် ကမ္ဘာတွင် သဘာဝချီ အမျိုးအစားအားလုံးကို အခြေခံအားဖြင့် စုဆောင်းပြီးဖြစ်သည်။
အထူးသဖြင့် ကောင်းချီးချီနှင့် ကံဆိုးမှုချီတို့ ဖြစ်သည်။
သူသည် တစ်ခုစီကို အမျှင်တန်းတစ်ခုစီဖြင့် သိပ်သည်းပြီးဖြစ်သည်။
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်းပင် နောက်ထပ်နှစ်နှစ် ကုန်လွန်သွားသည်။
ထိုအချိန်တွင် ကမ္ဘာပေါ်ရှိ ဝိညာဉ်ချီသည် ထူထဲနေပြီဖြစ်သည်။
အသေအချာပင် ကောင်းကင်နှင့် မြေကြီးကြားရှိ တုံ့ပြန်မှုသည် ရောက်ရှိလာတော့မည် ဖြစ်သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် သူ၏ကျင့်စဉ်အခန်းမှ ထွက်လာသည်။
အပြင်ဘက်တွက်စောင့်ကြပ်နေသည့် ရှန်းရူယန်သည် ချက်ချင်းသူ့ဆီသွားလိုက်ကာ တည်ငြိမ်လေးနက်သော အမူအယာဖြင့် ပြောလိုက်သည်။
“ယောက်ျား အချိန်ကျလာပြီ”
“ကောင်းပြီလေ ဒါဆိုလဲတိုက်ရိုက်ပဲသွားကြတော့တာပေါ့”
စကားပြောနေစဉ်တွင် လင်မယားနှစ်ယောက်သည် ဂူအိမ်မှထွက်ခွာလိုက်ကာ ကောင်းကင်လွင်ပြင်ဆီသို့ ပျံသန်းသွားလိုက်ကြသည်။
***