ကောင်းကင်နှင့်မြေကြီးချိတ်ဆက်မှု၊ မူလချီကိုရရှိခြင်း၊ ရန်သူကိုသတ်ဖြတ်ခြင်း
Vol. 23 Ch. 445
တစ်ချိန်တည်း၌ပင်…
မူလချီအတွက် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည့် ကျင့်ကြံသူများအားလုံးသည် ကောင်းကင်လွင်ပြင်ဆီသို့ ပျံသန်းသွားလိုက်ကြသည်။
ချက်ချင်းပင် ကောင်းကင်သည် အားကောင်းသောအော်ရာများဖြင့် ဖုံးလွှမ်းသွားသည်။
ကောင်းကင်လွင်ပြင်သို့ရောက်ရှ်ိပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အရင်ကနှင့်ယှဉ်လျှင် မတူညီသည့် ကွာခြားမှုတစ်ခုကို အာရုံခံမိလိုက်ကြသည်။
ယခင်က ဤနေရာသည် ပျက်စီးယိုယွင်းနေပြီးအသက်မဲ့နေသကဲ့သို့ ခံစားရသည်။
သို့သော်ယခုမူ ၎င်းသည် မှိန်ပျော့ပျော့အော်ရာများဖြင့် ရောနှောလျက် အသက်ဝင်မှုများ ပေါက်ပွားလျက်ရှိသည်။
ဝှစ်! ဝှစ်! ဝှစ်!
ခနအတွင်းပင် ပတ်ဝန်းကျင်နယ်မြေမှ ကျင့်ကြံသူများအားလုံးသည် ကောင်းကင်လွင်ပြင်သို့ ဝင်ရောက်သွားကြသည်။
အမျိုးမျိုးသော ထည်ဝါသည့် အော်ရာများ တိုက်မိသွားကာ ရံဖန်ရံခါတွင် မှိုင်းတိုက်သံများ လွင်ပြင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ယခုအချိန်အထိ မည်သည့်ကျင့်ကြံသူနှင့်မှ ပက်ပင်းမတိုးသေးပေ။
ထို့ကြောင့် သူတို့၏ စွမ်းအားကို မစစ်ဆေးနိုင်သေးပေ။
ထို့ပြင် သူတို့ယခင်ကပြသခဲ့သည့် တိုက်ပွဲစွမ်းအားဖြင့် ကျင့်ကြံသူတစ်ယောက်က သူတို့ဘေးသို့ဆင်းသက်လာရင်တောင် သူတို့အား အလွယ်တကူမခုခံနိုင်ပေ။
ဘွန်း!
နောက်ဆုံးတွင် ထပ်မံ၍ အချိန်အနည်းငယ်ကုန်လွန်သွားပြီးနောက် ကောင်းကိငလွင်ပြင်တစ်ခုလုံး၏ မျက်နှာပြင်သည် ကြမ်းတမ်းစွာ လှုပ်ခါသွားသည်။
မကြာမီပင် အနက်နှင့် အဖြူရောင်အလင်းများ ကောင်းကင်၏အထက်တွင် စတင်လှည့်ပတ်လာသည်။
မည်သည့်အာရုံခံစားမှုနှင့်မှမတူဘဲ လုံးဝခြားနားသောအော်ရာတစ်ခုသည် ရုတ်တရက် လူတိုင်း၏ နတ်အာရုံထဲသို့ ရောက်ရှိလာသည်။
ထိုအချိန်တွင် လူတိုင်း အတွေးတစ်ခု တွေးမိသွားကြသည်: ကောင်းကင်နှင့် မြေကြီးသည် ချိတ်ဆက်တော့မည် ဖြစ်သည်။
ဝှီ! ဝှီ! ဝှီ!
ရုတ်တရက် ကောင်းကင်နှင့် မြေကြီးတို့၏အဆီအနှစ်များ ပါဝင်သည့် အော်ရာတော်တော်များများသည် လင်းလက်သွားကာ လူတိုင်း၏နတ်အာရုံထဲမှ ပျောက်ကွယ်သွားခဲ့သည်။
လူတိုင်း နှလုံးခုန်ရပ်လုမတတ် ဖြစ်သွားခဲ့သည်။
လူတိုင်း၏မျက်နှာပေါ်တွင် စိတ်အားထက်သန်နေကာ လောဘကြီးသောအမူအယာအချို့ ဖြစ်ပေါ်နေသည်။
သတိပေးခြင်းမရှိဘဲ မူလချီ၏ဦးတည်ရာဘက်သို့ အလင်းတန်းများ ပျံသန်းလာသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လုပ်ဆောင်မှုတစ်ခုပြုလုပ်ရန် အလျင်စလို ဖြစ်မနေပေ။
ကျန်းချန်ရွှမ်၏ လက်များသည် လျင်မြန်စွာပင် ချိပ်တံဆိပ်များ ပုံဖော်လိုက်သည်။
သူ၏န္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြသော အော်ရာတစ်ခု ထုတ်လွှတ်လျက်ရှိသည်။
ထိုအချိန်တွင်သူသည် ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်ကို မူလချီရောက်ရှိလာမည့်နေရာကို လျင်မြန်စွာ ကောက်ချက်ချနိုင်ရန် အသုံးပြုလိုက်သည်။
ဖြည်းဖြည်းချင်းပင် သူ၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်လာသည်။
၎င်းသည် သူထိုအရာကို အလွန်အကျွံအသုံးပြုလိုက်သည့် လက္ခဏာဖြစ်သည်။
ကံကောင်းစွာပင် ထိုအချိန်၌ ကျန်းချမ်ရွှမ်သည် ရုတ်တရက်ရပ်တန့်လိုက်ကာ သူ၏ဘေးတွင်ရပ်နေသည့် ရှန်းရူယန်ကို ပြောလိုက်သည်။
“အရှေ့တောင်ဘက်ကိုသွားကြစို့”
သူစကားပြော၍ပြီးသွားသည်နှင့် လင်မယားနှစ်ယောက်သည် တုံ့ဆိုင်းမနေတော့ပေ။
သူတို့၏ပုံရိပ်များသည် အလင်းတန်းများသဖွယ်ပြောင်းလဲသွားကာ အရှေ့တောင်အရပ်ဆီသို့လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။
ထို့နောက်တွင် လင်မယားနှစ်ယောက်သည် မီးခိုးရောင်လုံးလုံးဖြစ်နေသည့် လူသူကင်းမဲ့ပြီးတိတ်ဆိတ်နေသောတောင်ထိပ်တစ်ခုပေါ်တွင် ဆင်းသက်လိုက်သည်။
ရှန်းရူယန်သည် ကျန်းချန်ရွှမ်ကို ကြည့်လိုက်သည်။
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
“ဒီနေရာပဲဖြစ်ရမယ်”
ခနရပ်နားလိုက်ပြီးနောက် ကျန်းချန်ရွှမ်က ရှန်းရူယန်ကို တည်ငြိမ်လေးနက်စွာပြောလိုက်သည်။
“ရူယန် ငါခနနေရင် ချီဆွတ်ခူးခြင်းနည်းစနစ်ကို ဒီနေရာမှာ ဖုံးကွယ်ထားတဲ့မူလချီကို စုဆောင်းဖို့အတွက် အသုံးပြုတော့မယ်။ ဒီဖြစ်စဉ်အတွင်းမှာ ငါ့ရဲ့မန္တန်က အနှောင့်ယှက်ခံလို့မရဘူး။ ဒါကြောင့် မင်းငါ့ကို ကာကွယ်ပေးစေချင်တယ်။ ဘယ်သူပဲဖြတ်လာဖြတ်လာ ငါ့ကိုအနှောင့်အယှက်ပေးခွင့်ပြုလို့မဖြစ်ဘူး”
ကျန်းချန်ရွှမ်၏စကားများကိုကြားပြီးနောက် ရှန်းရူယန်က ချက်ချင်းခေါင်းညိတ်လိုက်သည်။
“စိတ်မပူပါနဲ့ ရှင့်နားကိုဘယ်သူမှကပ်ခွင့်မပြုဘူး”
မကြာမီပင် ကျန်းချန်ရွှမ်သည် စတင်၍ လက်တံဆိပ်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
သူ၏ခန္ဓာကိုယ်တွင် ထူးခြားသောအော်ရာတစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်တွင် မမြင်နိုင်သောအမျှင်တန်းများသည် ကျန်းချန်ရွှမ်၏ ချီဆွတ်ခူးခြင်းနည်းစနစ်၏ ဆွဲဆောင်ခြင်းကိုခံလိုက်ရကာ ဖြည်းဖြည်းချင်း သူ့ဆီသို့ ပျံသန်းလာနေသည်။
ဒါကသေမင်းချီပဲ မဟုတ်ဘူး!
ဒါက ပဓာနချီပဲ မဟုတ်သေးဘူး!
ဒါကသန့်စင်ခြင်းချီပဲ မဟုတ်ဘူး!
ဒါကအတိဒုက္ခချီပဲ မဟုတ်ဘူး!
ဒါကမိစ္ဆာချီပဲ ဒါလည်းမဟုတ်သေးဘူး!
ဒါက...
နေဦး!
ရုတ်တရက် လက်အစီအရင်များကိုလျင်မြန်စွာပြုလုပ်ကာ ချီဆွတ်ခူးခြင်းနည်းစနစ်ကို အသုံးပြုနေသည့် ကျန်းချန်ရွှမ်သည် မျက်လုံးများကျဉ်းသွားခဲ့သည်။
မူလချီ ငါတွေ့ပြီ!
ထိုအချိန်တွင် ကျန်းချနန်ရွှမ်မှာ အလွန်အမင်းဝမ်းသာသွားခဲ့သည်။
သူသည် သူ၏ခွန်အားအားလုံးနှင့် ချီဆွတ်ခူးခြင်းနည်းစနစ်ကို အသုံးပြုလိုက်ကာ မူလချီ၏အမျှင်တန်းနှင့် အရေးကြီးသောချိတ်ဆက်မှုတစ်ခုကို အလျင်အမြန်ပြုလုပ်လိုက်သည်။
ထို့နောက်သူသည် တဖြည်းဖြည်းချင်းပင် မူလချီကို သူ့ဆီသို့ စတင်လမ်းပြလိုက်သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် လုံးဝအာရုံနှစ်ထားသည်။
သူသည် တခြားအရာများကို အာရုံစိုက်ရန် အပိုစွမ်းအားမရှိနေပေ။
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် အဝေးကောင်းကင်မှ အလင်းတန်းနှစ်ခု ဖြတ်ပြေးသွားသည်။
ကျန်းချန်ရွှမ်ကို စောင့်ကြပ်နေသည့် ရှန်းရူယန်သည် မျက်လုံးများကျဉ်းသွားခဲ့သည်။
သူမသည် သူတို့မှာ မြောက်ဘက်နယ်စပ်က ကြီးမားသည့်အခြေတည်ဝိညာဉ်ဂိုဏ်းတစ်ခုမှ ကျင့်ကြံသူများဖြစ်ကြောင်း ချက်ချင်း သတိထားမိသွားသည်။
တစ်ယောက်မှာ ရွှေအမြုတေနဝမအဆင့်ဖြစ်၍ ကျန်တစ်ယောက်မှာ ပဏာမအခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်သည်။
သူတို့နှစ်ယောက်စလုံး ရှန်းရူယန်ကို မြင်သွားကြသည်။
ထို့နောက်မကြာမီပင် သူတို့၏အကြည့်များကို ရှန်းရူယန်၏နောက်ရှိ ကျန်းချန်ရွှမ်ဆီ လွှဲလိုက်ကြသည်။
အထူးသဖြင့် ကျန်းချန်ရွှမ်အပေါ်ရှိ ကောင်းကင်တွင်ဖြစ်သည်။
ထိုနေရာတွင် ရေးရေးမျှသိသာနေသော မူလချီတန်းတစ်ခု ရှိပေသည်။
တစ်ချိန်တည်းလိုလိုပင် သူတို့၏မျက်လုံးထဲတွင် မထိန်းချုပ်နိုင်သည့် လောဘများဖြင့် ဘဝင်ကျခြင်း အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
***