← Chapters

ကောင်းကင်နှင့်မြေကြီးချိတ်ဆက်မှု၊ မူလချီကိုရရှိခြင်း၊ ရန်သူကိုသတ်ဖြတ်ခြင်း(၃)

Vol. 23 Ch. 447

ကောင်းကင်နှင့်မြေကြီးချိတ်ဆက်မှု၊ မူလချီကိုရရှိခြင်း၊ ရန်သူကိုသတ်ဖြတ်ခြင်း(၃)

Vol. 23 Ch. 447

၎င်းကိုစိတ်တွင်မှတ်၍ ကျန်းချန်ရွှမ်သည် သူရရှိထားခဲ့သည့် ကောင်းချီးချီကို သူ၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပေါင်းထည့်လိုက်သည်။

မည်သို့ပင်ဖြစ်စေ သူသည် ကောင်းချီးချီတစ်ခုတည်းက ဒုတိယမူလချီအမျှင်တန်းကို ခြေရာခံရန် လုံလောက်သည် မလောက်သည်ကို‌တော့မသိပေ။

မလုံလောက်ပါက သူသည် စောင့်ရှောက်ခြင်းဆေးပြားကို သုံးရနိုင်သည်။

၎င်းကိုတွေးတောကာ ကျန်းချန်ရွှမ်သည် ဒုတိယမူလချီအမျှင်တန်း၏ တည်နေရာကို တွက်ချက်ရန် ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်ကို တစ်ကြိမ်ထပ်မံ အသက်သွင်းလိုက်သည်။

နှစ်နာရီကုန်လွန်သွားသည်။

လေးနာရီကုန်လွန်သွားသည်။

ခြောက်နာရီကုန်လွန်သွားသည်...

ကျန်းချန်ရွှမ်၏ နဖူးသည် ချွေးစက်များဖြင့် ဖုံးအုပ်နေပြီဖြစ်သည်။

ရုတ်တရက် သူသည် မျက်လုံးကို ဖွင့်လိုက်သည်။

သူသည် ရှန်းရူယန်ကို ဆွဲခေါ်လိုက်ကာ ပြောလိုက်သည်။

“သွားကြစို့”

ထို့နောက် သူတို့နှစ်‌ယောက် ပျောက်ကွယ်သွားသည်။

နေ့တစ်ဝက်ကြာပြီးနောက်

သူတို့နှစ်ယောက်သည် ပျက်စီးနေသော ကျောက်ကမ်းပါးတစ်ခုဘေးတွင် ပေါ်ထွက်လာသည်။

ကျန်းချန်ရွှမ်၏မျက်နှာသည် ရှန်းရူယန်ကို စကားပြောနေစဉ်တွင် ပျော်ရွှင်မှုအရိပ်အယောင်တစ်ခု ပြလိုက်သည်။

“ဒီနေရာပဲ”

စကားပြောပြီးသောအခါ ရှန်းရူယန်၏တုံ့ပြန်ချက်ကို မစောင့်တော့ဘဲ သူသည် ချက်ချင်း ချီဆွတ်ခူးခြင်းနည်းစနစ်ကို‌ နောက်ထပ်တစ်ကြိမ်အသုံးပြုလိုက်သည်။

ထို့နောက် မှိန်ပျပျ မူလချီသည် ကျန်းချန်ရွှမ်ဆီမှနည်းနည်းခြင်းဆွဲယူခံလိုက်ရသည်။

ခနကြာပြီးနောက် မူလချီ၏ ဒုတိယအမျှင်တန်းကို ကျန်းချန်ရွှမ်က အောင်မြင်စွာ စုဆောင်းပြီးသွားဖြစ်နေသည်။

ဤအချိန်မှစ၍ လင်မယားနှစ်ယောက်သည် ဤနေရာကိုလာခဲ့ကြသည့် သူတို့၏ပန်းတိုင်ကို ပြီးမြောက်သွားပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် အဝေးကောင်းကင်၌ ဒေါသထွက်နေသောအော်ဟစ်သံများလိုက်ပါလျက်ရှိသည့် ဓမ္မစွမ်းအားမတည်မငြိမ်ဖြစ်ခြင်း၏လှိုင်းများ ရုတ်တရတ် ဖြစ်ပွားနေသည်။

“ချုံလင်ကျီ မင်းများသွားပြီ! ငါကမ္ဘာမြေချီကို အရင်တွေ့တာ။ ငါဘာလို့မင်းကိုပေးရမှာလဲ?”

ထိုအသံကိုကြားကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ယောက်ကိုတစ်ယောက် အံ့ဩမှုဖြင့် ကြည့်လိုက်ကြသည်။

‌ဒီအသံကိုဘာလို့အရမ်းရင်းနှီးနေတာလဲ?

မကြာမီပင် သူတို့သည် တစ်စုံတစ်ယောက်ကို တွေးမိသွားကြသည်။

၎င်းသည် သူတို့၏ဂူအိမ်ကို အရင်က လာလည်ခဲ့ဖူးသည့် ထန်ပိုင်ရှန်းပင်ဖြစ်ရမည်။

တိုက်ဆိုင်စွာပင် သူ့တွင် ကောင်းကင်လွင်ပြင်ရှိ ကမ္ဘာမြေချီကို ရရှိရန် ကံကောင်းမှုရှိနေသည်။

ကံဆိုးစွာပင် သူသည် ချုံလင်ကျီဟုခေါ်သည့် ပုဂ္ဂိုလ်ထံမှ ပစ်မှတ်ထားခံနေရဟန်တူသည်။

သူ၏အခြေအနေမှာ တစ်ဦးချင်းအကောင်းမြင်နေကြဟန်တော့ မတူပေ။

သူတို့ကူညီသင့်လား? မကူညီသင့်ဘူးလား?

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ထပ်မံ၍ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ထို့နောက် လင်မယားနှစ်‌ယောက်သည် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

ကူညီရမည်!

သူတို့သည် ဤပုဂ္ဂိုလ်ကို ကျန်းမျိုးနွယ်စု၏ ဧည့်သည်အကြီးအကဲအဖြစ် စုဆောင်းရန် ရည်ရွယ်ချက်ရှိနေသဖြင့် ယခုချိန်သည် သူ့အား အနိုင်ပိုင်းရန်အကောင်းဆုံးပင်ဖြစ်သည်။

၎င်းကိုတွေးတောကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဆက်လက်တုံ့ဆိုင်းမနေခဲ့ပေ။

သူတို့၏ပုံရိပ်များသည် တိုက်ပွဲဆီသို့ ပျံသန်းသွားည့်အတိုင်း ဖြတ်ပြေးသွားသည်။

တစ်ချိန်တည်း၌ပင်

ထန်ပိုင်ရှန်းသည် အစိမ်းရင့်ရောင်တာအိုဝတ်ရုံနှင့် လူထံမှ ဆုတ်ခွာရန် တွန်းအားပေးခံနေပြီးဖြစ်သည်။

သူ၏ပြိုင်ဘက်မှာ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူဖြစ်ကာ သူ၏အော်ရာကို အကဲဖြတ်ကြည့်သည့်အရ သူသည် သာမန်အဆင့်တစ်ယောက် မဟုတ်ပေ။

ရွှေအမြုတေအဆင့်ကျင့်ကြံသူဖြစ်သည့် ထန်ပိုင်ရှန်းသည် သူ့ကိုဆန့်ကျင်ရန် အခွင့်အရေးမရှိနိုင်ပေ။

ငါသူ့ကို တကယ် ကမ္ဘာမြေချီ ပေးလိုက်ရတော့မှာလား?

သူ့ကိုငါဒါပေးလိုက်တာနဲ့ ငါ့မှာ ကမ္ဘာမြေအခြေတည်ဝိညာဉ်တစ်ခု သိပ်သည်းဖို့ အခွင့်အရေး မရှိနိုင်လောက်တော့ဘူး။

အရေးအကြီးဆုံးကတော့ လက်ရှိပုံစံအရ ငါသူ့ကို တကယ်ပဲ ကမ္ဘာမြေချီပေးလိုက်ရင်တောင် သူငါ့ကို လွှတ်ပေးမှာမဟုတ်ဘူး။

၎င်းကိုတွေးတောကာ ထန်ပိုင်ရှန်းသည် ရက်စက်သည့်လမ်းကြောင်းတစ်ခုကို ခံစားမိလိုက်သည်။

အောက်ခြေအဆင့်မှတက်လှမ်းလာခဲ့သည့် လေလွင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် လိုအပ်လာပါက သေခြင်းတရားကို ရင်ဆိုင်တိုက်ခိုက်ရန် သတ္တိကင်းမဲ့မနေပေ။

အဆိုးဆုံးအနေဖြင့် သူသည် ထိုသူအားသူနှင့်အတူ ပျက်စီးသေဆုံးစေနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ သူသည် သူ၏နောက်ဆုံးအကွက်ကို အသုံးပြုရန် ပြင်ဆင်နေသည့်ဆဲဆဲတွင် သူနှင့်ချုံလင်ကျီတို့နှစ်ယောက်လုံးသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။

တစ်ချိန်တည်း၌ပင် သူတို့သည် တူညီသောအရပ်ဆီသို့ကြည့်ရန် သူတို့၏‌ဦးခေါင်းများကို လှည့်လိုက်ကြသည်...

***

All Chapters