← Chapters

ထန်ပိုင်ရှန်းကို ကယ်တင်ခြင်း၊ စံသခင်၏ရောက်ရှိလာမှု

Vol. 23 Ch. 448

ထန်ပိုင်ရှန်းကို ကယ်တင်ခြင်း၊ စံသခင်၏ရောက်ရှိလာမှု

Vol. 23 Ch. 448

ကျန်းချန်ရွှမ်သည် ထိုသူများကို သေချာစွာမြင်ရသောအခါ ပျော်ရွှင်မှုအရိပ်အယောင်တစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။

“ညီအစ်ကိုကျန်း၊ နတ်သမီးရှန်း”

ထန်ပိုင်ရှန်းက သူတို့နှစ်ယောက်ကို သိနေသည်ကိုမြင်ကာ ချုံလင်ကျီ၏မျက်လုံးများ ချက်ချင်း ကျုံ့သွားခဲ့သည်။

သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ခပ်စိမ်းစိမ်းကြည့်လိုက်ကာ အေးစက်စွာပြောလိုက်သည်။

“ဒီမယ်မင်းတို့နှစ်ယောက် ငါကချုံရွှမ်ဂိုဏ်းရဲ့ အကြီးအကဲပဲ။ ငါ မင်းတို့နှစ်ယောက် မင်းတို့အပေါ်ကျရောက်မယ့် ဒုက္ခတွေကိုမသယ်ဆောင်ဘဲ ရှောင်ကြဉ်ချင်ရင် ဒီကိစ္စမှာ ကြားမဝင်ကြဖို့ မျှော်လင့်ပါတယ်”

အာ? ချုံရွှမ်ဂိုဏ်းကလား?

ချုံလင်ကျီ၏စကားများကိုကြားပြီးနောက် ထန်ပိုင်ရှန်း၏ဘေးတွင်ရောက်ရှိနေသည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အံ့အားသင့်သွားခဲ့ကြသည်။

ဒီတစ်ကြိမ် ကောင်းကင်လွင်ပြင်ကို ချုံရွှမ်ဂိုဏ်းက လူဘယ်နှယောက်တောင် လာတာလဲ?

ဒါကအရမ်း တိုက်ဆိုင်လွန်းနေတယ်။

သူတို့ ချုံရွှမ်ဂိုဏ်းမှ ကျင့်ကြံသူနှစ်ယောက်ကို သတ်ပြီးနောက် နောက်ထပ်နှစ်ယောက် ထပ်ရောက်လာသည်။

ဒါကတကယ့်ကို....

ဘေးတွင်ရှိနေသည့် ထန်ပိုင်ရှန်းက အနည်းငယ်စိုးရိမ်သွားခဲ့သည်။

သူသည် ထိုစုံတွဲက သူတို့၏နောက်ခံကြောင့် ကြောက်လန့်သွားမည်ကို စိုးရိမ်ပူပန်နေသည်။

၎င်းကိုတွေးလျက် ထန်ပိုင်ရှန်းသည် သူ၏သွားများကို ကြိတ်လိုက်ပြီး လင်မယားနှစ်ယောက်ဆီသို့ လှည့်ကာ ပြောလိုက်သည်။

“ညီအစ်ကိုကျန်း နတ်သမီးရှန်း၊ အမှန်အတိုင်းပြောရရင် သူတို့ဒီတစ်ခါငါ့နောက်ကိုလိုက်နေရတာက သူတို့က ငါ့လက်ထဲမှာရှိတဲ့ ကမ္ဘာမြေချီကို လုယူချင်လို့ပဲ။ မင်းတို့ကငါနဲ့ သိပ်မစိမ်းဘူးလို့ ထင်ပါတယ်။ သူတို့ကိုဘာမှမဟုတ်ဘဲပေးရမှာထက်စာရင် မင်းတို့ကိုပဲ ပေးလိုက်တော့မယ်”

သူ့စကားလုံးများ၏ အဓိပ္ပာယ်မှာ ရှင်းလင်းသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ သူ့ကို ကူညီနေသရွေ့ သူသည် ကမ္ဘာမြေချီကို လိုလိုလားလားပေးနိုင်ပေမည်။

မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်သည် အပြုံးတစ်ခုဖြင့် ခေါင်းခါလိုက်သည်။

“ညီအစ်ကိုထန်း မင်းငါတို့ရဲ့ အရင်ကသဘောတူညီမှုကို မေ့သွားတာလား? မင်းအန္တရာယ်ကျရောက်နေပြီဆိုမှတော့ ငါတို့မင်းကို ကူညီမှပဲ မှန်လိမ့်မယ်။ ကမ္ဘာမြေချီကို မင်းသိမ်းထားနိုင်ပါတယ်။ ငါတို့အဲ့ဒါကိုမယူသလို အဲ့ဒါအတွက် ယှဉ်ပြိုင်မှာလည်း မဟုတ်ဘူး”

ဤစကားလုံးများသည် ထန်ပိုင်ရှန်းကို ဖြည်းဖြည်းချင်း သက်ပြင်းချစေခဲ့သည်။

သူသည် ထိုစုံတွဲကို လွန်စွာရိုးသားဖြောင့်မတ်သည့် သူများအနေဖြင့် ကြားဖူးခဲ့သည်။

ယခုမူ ထိုသတင်းများမှာ အခြေအမြစ်မရှိဘဲဖြစ်လာသည်မဟုတ်ဟန် တူသည်။

ထန်ပိုင်ရှန်းသည်လည်း အလွန်အမင်းယဥ်ကျေးလွန်းနေသည့် လူစားမျိုး မဟုတ်ပေ။

၎င်းကိုကြားပြီးနောက် သူသည် ပြုံးလျက် ပြောလိုက်သည်။

“ကောင်းပြီလေ ဒီလိုဆိုရင် အင်အားချင်းစုပေါင်းလိုက်ရအောင် မင်းတို့အနာဂတ်မှာ ငါ့အကူအညီလိုအပ်တယ်ဆိုလို့ရှိရင် ငါ မငြင်းဆန်ဘဲ အကောင်းဆုံးကြိုးစားမယ်လို့ ကတိပေးတယ်”

သူတို့စကားပြောနေစဉ်တွင် သူတို့သုံးယောက်သည် အင်အားချင်းစုပေါင်းလိုက်ကာ ချုံလင်ကျီအပေါ်တွင် တိုက်ခိုက်မှုတစ်ခုကို ဆောင်ရွက်လိုက်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့စွမ်းအား၏ သုံးဆယ်ရာခိုင်နှုန်းသာသုံးထားသည့်တိုင် ချုံလင်ကျီကို တစ်လှမ်းချင်းနောက်ဆုတ်သွားရန် တွန်းအားပေးဆဲဖြစ်သည်။

၎င်သည် ချုံလင်ကျီကို ဒေါသခြောင်း‌ခြောင်းထွက်သွားစေခဲ့သည်။

သူသည် ဤအခြေအနေတွင် ထိုကဲ့သို့ပြောင်းလဲမှုမျိုးကို မမျှော်လင့်ခဲ့မိပေ။

သူတို့သုံးယောက်စုပေါင်းလိုက်သည်ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။

သူဆက်လက်၍ ဤအတိုင်းပြုလုပ်နေပါက တစ်ခုတည်းသောရလဒ်မှာ အရေးနိမ့်ခြင်းပင် ဖြစ်လိမ့်မည်။

၎င်းကိုသဘောပေါက်သွားကာ ချုံလင်ကျီသည် ဆက်လက်တုံ့ဆိုင်းမနေတော့ပေ။

သူသည် သူ၏လက်ထဲတွင် အဆောင်တစ်ခုပြုလုပ်လိုက်ကာ ၎င်းကိုအသက်သွင်းလိုက်သည်။

ဝှစ်--

‌ချက်ချင်းပင် နေရာကူးပြောင်းခြင်းစွမ်းအားတစ်ခု သူ့ကို ဖုံးလွှမ်းသွားသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မျက်လုံးကျုံ့သွားလိုက်ကြသည်။

ဆုတ်ခွာခြင်းမရှိဘဲ သူတို့နှစ်ယောက်သည် သူအဝေးသို့မကူးပြောင်းသွားမီ ချုံလင်ကျီကိုတိုက်ခိုက်လိုက်ကာ ခေါင်းဖြတ်ပစ်လိုက်သည်။

“အားးးးး!”

၎င်းသည် ချုံလင်ကျီ၏ စိတ်လိုလက်ရမရှိသော အော်ဟစ်သံတစ်ခု ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်အထိဖြစ်သည်။

ထန်ပိုင်ရှန်းက အံ့အားသင့်သွားခဲ့သည်။

ဤစုံတွဲ၏စွမ်းအားသည် စိတ်ကူးမယဉ်နိုင်လောက်သည့် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။

“မင်းတို့အကူအညီအတွက်ကျေးဇူးတင်ပါတယ်။ ညီအစ်ကိုကျန်းနဲ့ နတ်သမီးရှန်း၊ ငါ့အထင်မင်းတို့ ဒီကမ္ဘာမြေချီကိုယူလိုက်သင့်တယ်လို့ထင်တယ်”

သူစကားပြောနေစဉ်တွင် ထန်ပိုင်ရှန်းသည် အမှန်တကယ်ပင် ကမ္ဘာမြေချီကို ထုတ်ယူလိုက်သည်။

ကျန်းချန်ရွှမ်သည် မလိုလားသောအရိပ်အယောင်တစ်ခုဖြင့် ခေါင်းခါလိုက်သည်။

“ညီအစ်ကိုထန် မင်းဘာကိုဆိုလိုတာလဲ? ငါတို့ ဒါကိုအစောတည်းက မယူဘူးလို့ပြောထားပြီးသားလေ။ အခုဒါဘာလုပ်‌နေတာလဲ? ငါတို့က ရတနာတွေအတွက် အဲ့ဒီစက်ဆုပ်ဖွယ်ကျင့်ကြံသူတွေကို သတ်တာလို့ မင်းထင်နေတာလား?”

ကျန်းချန်ရွှမ်၏လေသံသည် စကားအဆုံးတွင် သိသိသာသာ လေးနက်လာသည်။

၎င်းသည် ထန်ပိုင်ရှန်းကို အနည်းငယ် ရှက်ရွံ့သွားစေခဲ့သည်။

အမှန်အတိုင်းပြောရလျှင် ကမ္ဘာမြေချီကို ပေးပစ်လိုက်ရသည်မှာ သူ့အတွက်မခံစားရဘူးဟုပြောရင်လည်း လိမ်လည်ရာကျပေမည်။

မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်၏ စကားများကိုကြားပြီးနောက် ထိုစုံတွဲသည် သူ၏ပစ္စည်းများကို မယူတော့ကြောင်း အမှန်တကယ်ပင် ယုံကြည်လက်ခံသွားသည်။

၎င်းကိုတွေးတောကာ ထန်ပိုင်ရှန်းက အမြန် တောင်းပန်လိုက်သည်။

ထို့နောက် သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို အနည်းငယ်တည်ငြိမ်လေးနက်စွာဖြင့် ကြည့်လိုက်သည်။

“မင်းတို့ဘာဆက်လုပ်မလဲဆိုတာကို စီစဉ်ထားလား? ငါတို့ ခုလေးတင် ချုံရွှမ်ဂိုဏ်းရဲ့ အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်လိုက်ပြီ။ ချုံရွှမ်ဂိုဏ်းက ဒီကိစ္စကို လွယ်လွယ်လွှတ်ပေးမှာမဟုတ်ဘူး။ မူလချီအတွက် တိုက်ခိုက်တဲ့နေရာမှာ အခြေတည်ဝိညာဉ်အဆင့်အထက်က ဘယ်ကျင့်ကြံသူကိုမှ ပါဝင်ဖို့ ခွင့်ပြုမထားပေမယ့်လည်း ငါတို့လုပ်ခဲ့တာကိုသာ ချုံရွှမ်ဂိုဏ်းက သိသွားရင် သူတို့ငါတို့နောက်ကို လိုက်မလိုက်ဆိုတာ ပြောဖို့ခက်တယ်...”

***

All Chapters