← Chapters

ထန်ပိုင်ရှန်းကို ကယ်တင်ခြင်း၊ စံသခင်၏ရောက်ရှိလာမှု(၂)

Vol. 23 Ch. 449

ထန်ပိုင်ရှန်းကို ကယ်တင်ခြင်း၊ စံသခင်၏ရောက်ရှိလာမှု(၂)

Vol. 23 Ch. 449

၎င်းကိုကြားပြီးသော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ အလွန်အမင်း မစိုးရိမ်သွားပေ။

ချုံရွှမ်ဂိုဏ်းမှာ ဂိုဏ်းကြီးတစ်ခု ဖြစ်သော်လည်း ဂိုဏ်းတွင်းရှိ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူအရေအတွက်မှာ သိပ်မများလှပေ။

သူတို့သိသလောက်အရ ဂိုဏ်းထဲတွင် စံသခင်သုံးယောက်သာရှိပြီး သူတို့အကုန်လုံးမှာ အစောပိုင်းအဆင့်များ ဖြစ်ကြသည်။

သူတို့ စံသခင်များ၏အဆင့်ကို သေချာမသိသော်လည်း အများစုမှာ အနက်ရောင်များဖြစ်ပြီး အလွန်အဆင့်မမြင့်လှဘူးဟု ထင်မိသည်။

ထိုသို့ ပြိုင်ဘက်များကိုရင်ဆိုင်ရာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ အလွန်စိတ်ပူမနေပေ။

ထို့ကြောင့် လင်မယားနှစ်ယောက်သည် ထန်ပိုင်ရှန်းအား သူအလွန်အမင်းစိုးရိမ်နေရန်မလိုကြောင်း ရည်ရွယ်၍ စိတ်ချလက်ချ‌ရှိစေခဲ့သည်။

ထိုးဖောက်သိမြင်နိုင်သော ထန်ပိုင်ရှန်းက ထိုစုံတွဲ၏ ချုံရွှမ်ဂိုဏ်းနှင့်ပတ်သက်၍ အလွန်စိုးရိမ်မနေကြသည့် သူတို့၏ စကားများနှင့် တုံ့ပြန်ချက်များကိုနားလည်သွားသည်။

သို့နှင့် ထန်ပိုင်ရှန်းမှာ သောကများ ငြိမ်းအေးသွားသည်။

သူတို့သုံးယောက်သည် ဖြစ်နိုင်ချေရှိသော အခွင့်အရေးများအတွက် ကောင်းကင်လွင်ပြင်ကို ဆက်လက် ရှာဖွေလေ့လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ မူလချီနှင့် ကမ္ဘာမြေချီတို့၏ အမျှင်တန်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ပိုင်ဆိုင်သော ပစ္စည်းများ ဖြစ်ကြသည့်အတွက် ထပ်ပေါင်းအခွင့်အရေးများကို ရှာဖွေခြင်းမှာ သိပ်တော့အလားအလာမရှိလှပေ။

ကျန်းချန်ရွှမ်သည် စောင့်ရှောက်ခြင်းဆေးပြားကို စားသုံးရန်မှာ သိပ်အကျိုးမရှိလောက်ဘူးဟု ယူဆမိသောကြောင့် သူတို့သည် ဆက်လက်မရှာဖွေရန် သို့မဟုတ် ဝေးဝေးသို့ဆက်မသွားတော့ရန် ဆုံးဖြတ်ခဲ့ကြသည်။

ထန်းပိုင်ရှန်းသည် သူတို့၏တုံ့ပြန်ချက်များကို မြင်ပြီးနောက် ပထမတွင် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ၏အာရုံများကို ပြန်လည်စုစည်းလိုက်သည်။

သူတို့နှစ်ယောက်က သူတို့လိုချင်တာကို အရင်တည်းက ရှာတွေ့ပြီးသွားပြီလား?

ထိုသို့နှင့် အချိန်များ ကုန်ဆုံးသွားခဲ့သည်။

ကောင်းကင်နှင့် မြေကြီးတို့၏ ဆက်သွယ်မှု အဆုံးသတ်တော့မည့် အချိန်သို့ ရောက်ရှိလာသည်။

ထို့ကြောင့် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ထန်ပိုင်ရှန်းတို့သည် ကောင်းကင်လွင်ပြင်တွင် ဆက်မနေခဲ့တော့ပေ။

သူတို့သည် ကောင်းကင်လွင်ပြင်မှ ချက်ချင်းဆိုသလိုပင် ပျံထွက်သွားကြသည်။

သူတို့၏တပည့်များကို ဂိုဏ်းများကို ပြန်လည်ပို့‌ ဆောင်ရန် ပြုလုပ်နေကြသည့် များစွာသောဂိုဏ်းကြီးများမှ အခြေတည်ဝိညာဉ်စံသခင်များ ရှိနေသည်။

ထိုအချိန်တွင်

အခြေတည်ဝိညာဉ်ကျင့်ကြံသူများထဲတွင် အနက်ရောင်တာအိုဝတ်ရုံဖြင့် သတ်လတ်ပိုင်းလူတစ်ယောက်သည် အေးစက်သောအမူအယာဖြင့် ပြောလိုက်သည်။

“တာအိုရောင်းရင်းတို့ ၊ ဘာလို့ငါ့ရဲ့ ချုံရွှမ်ဂိုဏ်းက အကြီးအကဲသုံးယောက် ကျဆုံးသွားလဲဆိုတာ တစ်ယောက်ယောက်များသိကြလား?”

ဤပုဂ္ဂိုလ်သည် ဟွမ်ဟိုင်စံသခင်ဟုခေါ်သည့် ချုံရွှမ်ဂိုဏ်း၏ အခြေတည်ဝိညာဉ်စံသခင်များထဲမှ တစ်ယောက်ဖြစ်သည်။

လွန်ခဲ့သည့်ရက်များက သူသည် သူ၏ဂိုဏ်းမှ တပည့်များထံမှ ချုံလင်ကျီနှင့် အခြားသူများ၏ ဝိညာဉ်ကျောက်စာတိုင်များ ကြေမွပျက်စိသွားကြောင်း သတင်းရရှိခဲ့သည်။

သူဒီနေရာကိုလာရသည့် ရည်ရွယ်ချက်မှာ အကြီးအကဲသုံးယောက်သေဆုံးခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းကို ရှာဖွေရန်ဖြစ်သည်။

သူတို့သုံးယောက်၏သေဆုံးခြင်းမှာ မတော်တဆသာဆိုပါက ကိစ္စတစ်ခုသာရှိမည်။

မည်သို့ပင်ဖြစ်စေ ၎င်းတွင် လုပ်ကွက်များပါဝင်နေပါက သူသည် စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသောအဖွဲ့ကို တာဝန်ခံခိုင်းရန် ရည်ရွယ်ထားသည်။

မူလချီအတွက်တိုက်ခိုက်မှုများတွင် မည်သူမျှကြားမဝင်ရန်နှင့် ဖြစ်ပျက်ခဲ့သည့် ကိစ္စများအပေါ် မည်သူမှ မစုံစမ်းမမေးမြန်းရန် စည်းမျဉ်းများပြဌာန်းထားသော်လည်း အခြေတည်ဝိညာဉ်စံသခင်များတွင် ဤကဲ့သို့ကိစ္စများကို ရင်ဆိုင်ရန် ကိုယ်ပိုင်နည်းလမ်းများ ရှိကြပေသည်။

သူတို့သည် ဤဖြစ်ရပ်များနောက်တွင် မည်သူရှိနေသည်ကိုသာ ရှာတွေ့သွားပါက စည်းမျဉ်းများကို အနည်းငယ် ဖောက်ဖျက်ရန် လက်တွန့်နေမည်မဟုတ်ပေ။

သူသည် လက်ကိုမြှောက်ကာ ကွေးလိုက်ရာ ရေခဲပြာရတနာတစ်ခု ရောက်ရှိလာသည်။

သူဆက်ပြောလိုက်သည်။

“ဒါကို သစ်ခွဝိညာဉ်ဖမ်းဆုပ်ခြင်း ချိပ်ကောက်လို့ ခေါ်တယ်။ ဒါက အဆင့်မြင့်စတုတ္ထအဆင့် ဓမ္မရတနာတစ်ခုပဲ။ ဒီဟာက ဝိညာဉ်တိုက်ခိုက်မှုတွေအပေါ်မှာ အထူးသက်ရောက်မှုတစ်ခုရှိတယ်”

“ငါနောက်တစ်ကြိမ်ထပ်မေးမယ်။ ငါ့ရဲ့ချုံရွှမ်ဂိုဏ်းက အကြီးအကဲသုံးယောက် ဘယ်လိုသေသွားလဲဆိုတာ သိတဲ့သူရှိလား? ငါ့ကိုတစ်ယောက်ယောက်က အဖြေပေးနိုင်ရင် ဒီရတနာက မင်းဥစ္စာပဲ”

သူ၏စကားလုံးများသည် ထိုနေရာတွင် ရှိနေသည့် ကျင့်ကြံသူအများစု၏မျက်လုံးများကို ချက်ချင်း ဝင်းလက်သွားစေခဲ့သည်။

ရွှေအမြုတေနဝမအဆင့် သို့မဟုတ် ပဏာမအခြေတည်ဝိညာဉ်အဆင့်ရှိ ကျင့်ကြံသူများတွင် အခြေတည်ဝိညာဉ်တစ်ခုသိပ်သည်းရန် မျှော်လင့်ချက်မှာ အရမ်းတော့ မမြင့်မားလှပေ။

ထို့ကြောင့် ပို၍အားကောင်းသည့် ရတနာတစ်ခုခု သို့မဟုတ် နတ်စွမ်းအားတစ်ခုခုကို ရှာဖွေရန် လိုအပ်ပေသည်။

အသေအချာပင် စံသခင်ဟွမ်ဟိုင်ထုတ်ပြလိုက်သည့် ရေခဲသစ်ခွဝိညာဉ်ဖမ်းဆုပ်ခြင်းချိပ်ကောက်မှာ သူတို့၏စွမ်းအားများကို တိုးမြှင့်ပေးနိုင်သည့် ဓမ္မရတနာတစ်ခု ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စိတ်မကောင်းဖွယ်ပင် ကျင့်ကြံသူအများစုမှာ ချုံရွှမ်ဂိုဏ်းမှ အကြီးအကဲသုံးယောက်၏ သေဆုံးမှုကို မသိရှိခဲ့ကြပေ။

မည်သို့ပင်ဖြစ်စေ ထိုနေ့က လေးထောင့်မျက်နှာဖြင့်အမျိုးသားကျင့်ကြံသူနှင့် အစိမ်းရောင်ဝတ်ရုံဖြင့်အမျိုးသားကျင့်ကြံသူတို့ အသတ်ခံလိုက်ရသည်ကို မြင်တွေ့ခဲ့သူ အနည်းငယ်တော့ရှိသည်။

ပုံမှန်အားဖြင့်တော့ သူတို့လည်း ဝင်မပါချင်ကြပေ။

ထို့ပြင် ၎င်းသည် သူတို့နှင့် မည်သို့မှမသက်ဆိုင်နေပေ။

အခြားဂိုဏ်းက သူတို့ကိုဆွဲဆောင်ရန် တစ်စုံတစ်ခုကို ထုတ်ပြလိုက်သည့်အတွက် သူတို့လည်း မငြင်းဆန်နိုင်တော့ပေ။

ထို့ကြောင့် ခနကြာသောအခါ ဆံပင်အဝါရောင်နှင့် အမျိုးသားကျင့်ကြံသူက ပြောလိုက်သည်။

“စီနီယာကြီး အဲ့ဒီနေ့တုန်းက ကောင်းကင်လွင်ပြင်မှာ တာအိုဝါဒီ ယွမ်ဟောင်နဲ့ ချန်ကျီတို့က ကျန်းချန်ရွှမ်နှင့် သူ့အမျိုးသမီးရဲ့ လက်ထဲမှာ ကျဆုံးသွားတာကို မြင်လိုက်တယ်။ ချုံလင်ကျီကိုကျတော့ သူ့ရဲ့သေဆုံးမှုအခြေနေကို ကျွန်တော် ရှင်းရှင်းလင်းလင်းမသိဘူး”

“ဟမ်? ကျန်းချန်ရွှမ်နဲ့ သူ့မိန်းမလား?”

အသေအချာပင် စံသခင်ဟွမ်ဟိုင်သည် ကျန်းချန်ရွှမ်နှင့် ရှမ်းရူယန်တို့ကို သိပ်တရင်းတနှီးရှိမနေပေ။

သတင်းပေးလိုက်သည့် ကျင့်ကြံသူသည် ထိုစုံတွဲ၏ နောက်ကြောင်းကို ခနမျှအသေးစိတ်ပြောပြလိုက်သည်။

တကယ်ဆိုလျှင် သူသည်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏အကြောင်းကို အများကြီးမသိလှပေ။

စံသခင်ဟွမ်ဟိုင်သည် အကြောင်းကိစ္စများကို ကြားပြီးသောအခါ ခေါင်းညိတ်လိုက်သည်။

“တော်လောက်ပြီ။ ဒီသတင်းနဲ့ဆိုရင် ငါဘာဖြစ်ခဲ့တယ်‌ဆိုတာကို အကြမ်းဖျင်းနားလည်နိုင်ပြီ”

ထိုသို့ပြောလျက် သူသည် သတင်းပေးခဲ့သည့်ကျင့်ကြံသူကို ရေခဲသစ်ခွဝိညာဉ်ဖမ်းဆုပ်ခြင်းချိပ်ကောက်ကို ပစ်ပေးလိုက်သည်။

ဤမြင်ကွင်းသည် များစွာသောကျင့်ကြံသူတို့ကို မနာလိုဖြစ်စေခဲ့သည်။

အထူးသဖြင့် ဝူချန်ကျီနှင့် အခြားသူများ၏သေဆုံးမှုကို သိနေခဲ့ပြီး ပြောဆိုရန် ခြေတစ်လှမ်းနှေးသွားခဲ့သည့် သူများဖြစ်သည်။

သူတို့တပ်မက်နေသည့် ရတနာသည် ယူဆောင်ခံလိုက်ရသည်။

တစ်ချိန်တည်း၌ပင်

ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ထန်ပိုင်ရှန်းတို့သည် ကောင်းကင်လွင်ပြင်နှင့် အနီးဆုံးနိုင်ငံကြီးတစ်ခုဖြစ်သည့် ဝူဟွာနိုင်ငံကိုသွားရန် လမ်းပေါ်တွင် လောလောဆယ်ရောက်ရှိနေကြသည်။

သူတို့သည် ဝူဟွာနိုင်ငံထဲရှိ နေရာကူးပြောင်းခြင်းအစီအရင်ပြားကို အခြားနိုင်ငံကြီးများကိုသွားရောက်ဖို့ အသုံးပြုရန် စီစဉ်နေကြသည်။

သူတို့သည် နိုင်ငံအနည်းငယ်ကို ရွှေ့ပြောင်းလာပြီးနောက် သူတို့၏ခရီးစဉ်တွင် အရေးကြီးပြဿနာများမပါဝင်ဘဲ ရှေ့ဆက်သင့်ပြီ ဖြစ်သည်။

သူတို့၏လက်ထဲတွင် အကြီးအကဲများသေဆုံးသွားသည်ကို ချုံရွှမ်ဂိုဏ်းကရှာတွေ့သွားရင်လည်း ကျယ်ပြောလှသည့် မြောက်ဘက်နယ်စပ်တွင် သူတို့ကို ခြေရာခံနိုင်မည်မဟုတ်ပေ။

ကံဆိုးစွာပင် ချုံရွှမ်ဂိုဏ်းသည် သူတို့ကို ပစ်မှတ်ထားနေသည့် တစ်ခုတည်းသောဂိုဏ်းမဟုတ်ပေ။

သူတို့ဝူဟွာနိုင်ငံကိုဝင်ရောက်ပြီး ရက်အနည်းငယ်ကြာပြီးနောက် အသက်ကြီးကြီးနှင့် အသက်ငယ်ငယ် ပုံရိပ်များသည် သူတို့၏လမ်းကို ပိတ်ဆို့လျက် ပေါ်ပေါက်လာသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အကြည့်တစ်ချက်နှင့်ပင် သူတို့ကို သတိထားမိသွားသည်။

လူအိုကြီးမှာ အခြေတည်ဝိညာဉ်ကျင့်ကြံသူစင်စစ်ဖြစ်ပြီး လူငယ်မှာ ထိုစုံတွဲက ချုံရွှမ်ဂိုဏ်း၏နောက်လိုက်များကို သတ်ပစ်ခဲ့သည်ကိုမျက်မြင်တွေ့ခဲ့သူ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လင်မယားနှစ်‌‌ယောက်သည် ဤလူနှစ်ယောက် သူတို့၏လမ်းကိုပိတ်နေရသည့် အကြောင်းရင်းမှာ ဝူချန်ကျီနှင့် အခြားသူများအတွက် ကလဲ့စားချေရန် မဟုတ်မှန်းသိနေသည်။

ထိုအစား သူတို့၏အကြည့်များသည် ထိုစုံတွဲရရှိထားသည့် မူလချီအပေါ်တွင် ကျရောက်နေပေသည်...

***

All Chapters