အခြေတည်ဝိညာဉ်ကိုသတ်ပစ်ခြင်း၊ စံသခင်ဟွမ်ဟိုင်၏ ထိတ်လန့်ကြောက်ရွံ့ခြင်း
Vol. 23 Ch. 450
အမှန်ပင်။
ရှန်းရူယန်သည် လေးထောင့်မျက်နှာကျင့်ကြံသူနှင့် ခပ်ငယ်ငယ်ကျင့်ကြံသူကို သတ်ပစ်လိုက်စဉ်က သူမသည် အနီးနားမှ လူအချို့ကို အမှန်တကယ် သတိပြုမိခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူတို့ထဲကဘယ်နှယောက်က ကျန်းချန်ရွှမ် မူလချီကို စုဆောင်းနေသည်ကို သေချာဂရုပြုမိသွားသည်မှာ မရှင်းလင်းပေ။
၎င်းကိုကြည့်ခြင်းအားဖြင့် သူတို့ရှေ့ရှိ အငယ်တန်းကျင့်ကြံသူသည် ကျန်းချန်ရွှမ် မူလချီကိုစုဆောင်းနေသည်ကို မြင်ဖူးပြီးသား ဖြစ်သည်။
၎င်းမှာ တကယ့်ပြဿနာ ဖြစ်သည်။
ကျင့်ကြံသူလူအိုကြီးက အေးစက်သော လေသံဖြင့် ရုတ်တရက် စကားပြောလိုက်သည်။
“မင်းတို့သုံးယောက် မင်းတို့အရင်ကရထားတဲ့မူလချီကို ငါတို့ဆီလွှဲပေးလိုက်။ ငါ့ကို တိုက်ခိုက်မှုမပြရစေနဲ့။ မဟုတ်ရင်တော့ မင်းတို့ဒီနေ့ ဒီနေရာကနေထွက်မသွားနိုင်စေရဘူး”
“ဘာရယ်?”
သူတို့ အခြေတည်ဝိညာဉ်ကျင့်ကြံသူကြီး၏ စကားများကိုကြားသောအခါ ကျန်းချန်ရွှမ်နှင့် ကျန်နှစ်ယောက်ထဲတွင် အသိသာဆုံးတုံ့ပြန်မိသူမှာ ထန်ပိုင်ရှန်း ဖြစ်သည်။
သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူရ်တို့က တကယ်ပင် ဒဏ္ဍာရီလာမူလချီကို ရရှိနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
၎င်းသည် အခြေတည်ဝိညာဉ်စံသခင်တစ်ယောက်ကိုတောင် ဆွဲဆောင်နိုင်စေသည့် ပစ္စည်းတစ်ခုဖြစ်သည်။
ခနကြာပြီးနောက် ထန်ပိုင်ရှန်းက မည်သို့မျှမတတ်နိုင်ဘဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ကြည့်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ထိုစုံတွဲ၏အမူအယာမှာ ပြောင်းလဲခြင်းမရှိပေ။
ကျန်းချန်ရွှမ်သည် အခြေတည်ဝိညာဉ်ကျင့်ကြံသူကြီးကို သာမန်ကာလျှံကာသာကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
“ငါသာမမှားဘူးဆိုရင် ခင်ဗျားက နိုဗာရေပြင်က လေလွင့်အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်ရမယ် ဟုတ်ရဲ့လား? ငါ့မှာမူလချီရှိတယ်။ ဒါပေမယ့်ဒါကို ငါအသုံးပြုဖို့ရှိတယ်။ ငါ ဒီဟာကို ခင်ဗျားကို မပေးနိုင်ဘူး။ အခု ငါမင်းကို ခနတာတပ်မက်မှုတစ်ခုကြောင့် အမှောင်ဖုံးသွားဖို့နဲ့ ဒုက္ခတွင်းထဲမဆင်းဖို့ အကြံပေးချင်တယ်”
ဤအခြေအနေတွင် ကျန်းချန်ရွှမ်၌ ဖုံးကွယ်စရာမရှိတော့ပေ။
မည်သို့ပင်ဖြစ်စေ သူ၏စကားလုံးများသည် အခြေတည်ဝိညာဉ်ကျင့်ကြံသူနှင့် သူ၏နောက်လိုက်ကို ဒေါသခြောင်းခြောင်း ထွက်စေခဲ့သည်။
“ဘယ်လိုတောင်ဂုဏ်မောက်နေတဲ့လူကလေးလဲ?”
အခြေတည်ဝိညာဉ်ကျင့်ကြံသူလူအိုကြီးမှာ ဒေါသဖြင့် သရော်လိုက်သည်။
“ငါဘယ်လိုဒုက္ခတွင်းထဲဆင်းမိမလဲဆိုတာ ပြစမ်းပါဦး”
သို့နှင့် အခြေတည်ဝိညာဉ်ကျင့်ကြံသူက တိုက်ခိုက်ခဲ့သည်။
သူသည် သူ၏လက်ကိုမြှောက်လိုက်ကာ ချက်ချင်းပင် မှိန်ပျပျအနီရောင်အလင်းတစ်ခုဖြင့် လင်းလက်နေသော ကြီးမားသည့်ပိုက်ကွန်တစ်ခုက ကျန်းချန်ရွှမ်နှင့် အခြားသူများဆီဦးတည်ကာ ဆင်းသက်လာသည်။
ထိုအချိန်တွင် ထန်ပိုင်ရှန်းသည် သူ၏ခန္ဓာကိုယ်ထဲရှိ ဓမ္မစွမ်းအားက လုံးဝခဲသွားသလို ခံစားလိုက်ရသည်ကို သိရှိသွားပြီး အံ့အားသင့်သွားခဲ့သည်။
ပိုကကွန်ကနီးကပ်လာသည်ကိုကြည့်ရင်း သူသည် သူ၏ခန္ဓာကိုယ်နှင့် ဓမ္မစွမ်းအားမှာ မလှုပ်ရှားနိုင်တော့သည်ကို သိရှိသွားသည်။
၎င်းသည် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများက အဆင့်နိမ့်ကျင့်ကြံသူများကို ဆန့်ကျင်ပြီး ဖိနှိပ်ခြင်းတစ်မျိုးဖြစ်သည်။
မည်မျှပင်ရွှေအမြုတေအဆင့်တွင် အစွမ်းထက်နေပါစေ အခြေတည်ဝိညာဉ်အဆင့်တစ်ယောက်ကို ဆန့်ကျင်ရာတွင်တော့ ကူကယ်ရာမဲ့နေမည်သာဖြစ်သည်။
ဘွန်း!
မည်သို့ပင်ဖြစ်စေ ဤကဲ့သို့အရေးကြီးသောအချိန်တွင် ကြီးမားသော အဖြူနှင့်အနီမီးတောက်တစ်ခုသည် ရုတ်တရက် ကျန်းချန်ရွှမ်၏ကိုယ်ပေါ်မှ မြောက်တက်လာသည်။
ချီ! ချီ! ချီ! ချီ!
လောင်ကျွမ်းထားသည့် အနက်ရောင်လမ်းကြောင်းများ လေထဲတွင် ပေါ်ထွက်လာသည်။
ဆို့နင့်နေသောအော်ဟစ်သံတစ်ခုဖြင့် အနီရောင်အလင်းမှိန်ပျပျနှင့် တောက်ပနေသည့် ကြီးမားသောပိုက်ကွန်ကြီးသည် ကျန်းချန်ရွှမ် ထုတ်လွှတ်ထားသည့် မီးတောက်များထံမှ ချက်ချင်း လွှမ်းမိုးခံလိုက်ရသည်။
ထန်ပိုင်ရှန်းကို ချည်နှောင်ထားသည့် အဟန့်အတားမှာလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။
“ဘာ?”
၎င်းကိုမြင်ကာ အခြေတည်ဝိညာဉ်ကျင့်ကြံသူလူအိုကြီးနှင့် လူငယ်ကျင့်ကြံသူတို့သည် အံ့အားသင့်သွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ အခြေတည်ဝိညာဉ်ကျင့်ကြံသူလူအိုကြီး၏ မျက်လုံးများမှာ လျင်မြန်စွာပင် လောဘများဖြင့် ဝင်းလက်သွားသည်။
“ပဉ္စမအဆင့် ကောင်းကင်မီးတောက်၊ ဒါကတကယ့်ကို ပဉ္စမအဆင့်ကောင်းကင်မီးတောက်ပဲ”
အခြေတည်ဝိညာဉ်ကျင့်ကြံသူလူအိုကြီးသည် ကျန်းချန်ရွှမ်မှာ ပဉ္စမအဆင့်ကောင်းကင်မီးတောက်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူသည် ဤကဲ့သို့ မမျှော်လင့်ထားသည့် ရတနာတစ်ခုကို တွေ့လိုက်ရသည့်အတွက် ဤခရီးစဉ်မှာ တကယ်ပင် လာရတာတန်သည်ဟု ခံစားမိလိုက်သည်။
သူ၏နှလုံးသားတွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
ရွှေလက်စွပ်သည် ပေတစ်ထောင်အရွယ်အစားသို့ ချက်ချင်း ကြီးမားသွားကာ သူတို့သုံးယောက်ကို ချက်ချင်း ဝါးမြိုချင်နေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အကြည့်ချင်းဖလှယ်လိုက်ပြီး ကျန်းချန်ရွှမ်က ပြောလိုက်သည်။
“ကိုယ်ဒါကိုကိုင်တွယ်လိုက်မယ်”
သို့နှင့် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ လိမ့်တက်လာသည်။
ဆယ်မိုင်စက်ဝန်းအတွင်းတွင် အလင်းများရစ်ပတ်နေပြီး အရာအလုံးမှာ ထိန်းချုပ်လို့မရအောင် တုန်ခါနေဟန်တူသည်။
ကြောက်မက်ဖွယ်စွမ်းအားပြင်းသော အားတစ်ခုသည် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်မှ ပေါက်ထွက်သွားသည်။
ယခင်ကအေးဆေးတည်ငြိမ်နေသည့် အခြေတည်ဝိညာဉ်ကျင့်ကြံသူကြီး၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။
“ဒီအော်ရာ မင်းက....”
ဘွန်း!
သူ့စကားမဆုံးသေးခင်မှာပင် ကျန်းချန်ရွှမ်၏ ပုံရိပ်မှာ လေထဲမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။
တရပ်စပ် ဒိုင်းခနဲမြည်သံတစ်ခု ထွက်လာခဲ့ပြီး သူတို့အနားကို နီးကပ်လာနေသည့် လက်စွပ်ကြီးမှာ ကျန်းချန်ရွှမ်ဆီမှ တိုက်ရိုက်ထိုးနှက်ခံလိုက်ရသည်။
ကျိ--
၎င်း၏နောက်မှ ကျန်းချန်ရွှမ်၏ပုံရိပ်သည် ထပ်မံလင်းလက်သွားပြီး ခပ်မှိန်မှိန်အနီရောင်အလင်း၏ ပိုက်ကွန်ကြီးကို တစ်စစီဆုတ်ဖြဲပစ်လိုက်သည်။
သာမန်လွှဲချက်တစ်ခုဖြင့် ပိုက်ကွန်ကြီးမှာ အလင်းချောင်းတစ်ခုအဖြစ် ကွဲထွက်သွားကာ တောင်တော်တော်များများဆီသို့ ဆက်တိုက်ကြေမွကွဲထွက်ကုန်လျက် နောက်ဆုံးတွင် သိသာထင်ရှားစွာပျက်စီးသွားပြီး မြေကြီးပေါ်သို့ တရွေ့ရွေ့ကျဆင်းသွားသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”
ထိုအချိန်တွင် အခြေတည်ဝိညာဉ်ကျင့်ကြံသူလူအိုကြီးမှာ အမှန်တကယ်ပင် အလွန်အမင်း အံ့အားသင့်သွားသည်။
သူသည် ရွှေအမြုတေနဝမအဆင့်ကိုတောင်မရောက်ရှိသေးသည့် ကျင့်ကြံသူတစ်ယောက်က ဤကဲ့သို့ ကြောက်မက်ဖွယ်စွမ်းအားမျိုးကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ...
***