← Chapters

အခြေတည်ဝိညာဉ်ကိုသတ်ပစ်ခြင်း၊ စံသခင်ဟွမ်ဟိုင်၏ ထိတ်လန့်ကြောက်ရွံ့ခြင်း(၂)

Vol. 23 Ch. 451

အခြေတည်ဝိညာဉ်ကိုသတ်ပစ်ခြင်း၊ စံသခင်ဟွမ်ဟိုင်၏ ထိတ်လန့်ကြောက်ရွံ့ခြင်း(၂)

Vol. 23 Ch. 451

ဒီမကောင်းဆိုးဝါးက ဘယ်ကပေါ်လာတာလဲ?

သူရှာမတွေ့သွားခင်မှာပင် လိမ့်တက်နေပြီး တက်ကြွလှုပ်ရှားနေသော သွေးစွမ်းအားများဖြင့် ဝန်းရံထားသည့် ကျန်းချန်ရွမ်၏ပုံရိပ်သည် လျင်မြန်စွာပင် သူ၏ တပည့်ဆီသို့ ဆန့်ထွက်လာသည်။

“သေစမ်း”

အခြေတည်ဝိညာဉ်ကျင့်ကြံသူလူအိုကြီးသည် သူ၏စိတ်ထဲမှ ဆဲရေးလိုက်သည်။

ထို့နောက်တွင် တောက်ပသောအဝါရောင်ဒိုင်းတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ပေါ်ထွက်လာသည်။

ကျယ်လောင်သောမြည်သံတစ်ခုဖြင့် ကျန်းချန်ရွှမ်၏တိုက်ခိုက်မှုသည တောက်ပသောအဝါရောင်ဒိုင်းကို ချက်ချင်းခွက်ဝင်သွားစေလျက် ထိုးနှက်လိုက်သည်။

ဒိုင်းတစ်ခုလုံး၏တောက်ပမှုသည် သိသိသာသာ တိမ်မြုပ်သွားသည်။

ထိုအခြေအနေတွင် အခြေတည်ဝိညာဉ်ကျင့်ကြံသူလူအိုကြီးမှာ စတင် စိုးရိမ်စပြုလာသည်။

သူက လျင်မြန်စွာပင် ပြောလိုက်သည်။

“ဂျူနီယာ မဟုတ်သေးဘူး တာအိုရောင်းရင်း၊ ဒါကနားလည်မှုလွဲတာပါ။ အခုဖြစ်ပျက်သွားတာတွေအားလုံးကနားလည်မှုလွဲတာပါ”

ဘွန်း!

မမျှော်လင့်စွာပင်

သူစကားပြော၍မဆုံးသေးခင်ပင် ကျန်းချန်ရွှမ်၏ ထိုးနှက်ချက်က ကျရောက်သွားသည်။

ဤတစ်ကြိမ်တွင် အခြေတည်ဝိညာဉ်ကျင့်ကြံသူ၏ ကိုယ်ပေါ်ရှိ ဒိုင်းသည် ပို၍ပင် ပြင်းထန်စွာ လှုပ်ခါသွားသည်။

၎င်းသည် သူ့ကို ကြောက်လန့်စေခဲ့သည်။

ဒီလိုမျိုးကြောက်မက်ဖွယ်ရိုင်းစိုင်းတဲ့စွမ်းအားတစ်ခု ဘယ်လိုလုပ် ရှိနေရတာလဲ?

အချို့ပဉ္စမအဆင့်နတ်ဆိုးသားရဲများနှင့် ယှဉ်ကြည့်လျှင်ပင် သူကပို၍တောင် သန်မာနေသေးသည်။

မဟုတ်ဘူး ငါဒီလိုတော့ဆက်မသွားနိုင်ဘူး။

ခုခံမှုဘက်ကနေနေခြင်းသည် ရှုံ့နိမ့်မှုသို့ ဦးဆောင်ပေလိမ့်မည်။

သူသည် ကျန်းချန်ရွှမ်ကို နောက်ထပ်အနည်းငယ် ပို၍ တိုက်ခိုက်ခွင့်ပြုလိုက်ပါက သူ၏ ကာကွယ်ရေးဒိုင်းသည် များမကြာမီပင် ကြေမွကွဲထွက်သွားလိမ့်မည်။

၎င်းကိုတွေးတောကာ အခြေတည်ဝိညာဉ်ကျင့်ကြံသူကြီးသည် ရွှေရောင်နှင့်အနီရောင်ရောထားသည့် အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။

ကြောက်မက်ဖွယ်အော်ရာတစ်ခု ပျံ့လွင့်သွားသည်။

မနီးမဝေးက ရှန်းရူယန်၏ လှပသောမျက်လုံးများ ကျုံ့သွားခဲ့သည်။

သူသည် ကျန်းချန်ရွှမ်ကို ချက်ချင်းပြောကြားလိုက်သည်။

“ယောက်ျား သတိထားဦး။ အဲ့ဒါက ပဉ္စမအဆင့် နေထုနှက်ချက်အဆောင်ပဲ”

“ဟမ် ပဉ္စမအဆင့်နေထုနှက်ချက်အဆောင်လား?”

ကျန်းချန်ရွှမ်သည် ရှန်းရူယန်၏သတိပေးသံကိုကြားလိုက်သော်လည်း အခြေတည်ဝိညာဉ်ကျင့်ကြံသူလူအိုကြီးသည် ရက်စက်သော အမူအယာတစ်ခု ပြသပြီးဖြစ်သည်။

“ဂျူနီယာလေး၊ မင်းက ငါ့ရဲ့ဒီပမာဏထိ ခုခံနိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။ အခုငါ့ရဲ့ ရွှေအလင်းအာကာသမီးအဆောင်အောက်မှာ သေရတာက မင်းဂုဏ်ယူသင့်တဲ့အရာပဲ”

ဘွန်း!

သူစကားပြော၍ပြီးသွားသည်နှင့် အဆောင်ဆီမှ ကြောက်မက်ဖွယ်အော်ရာတစ်ခု ပေါက်ကွဲသွားသည်။

အချင်းမိုင်တစ်ရာအတွင်းတွင် ၎င်းသည် ချက်ချင်း အဆုံးမရှိသော မီးတောက်များဖြင့် ဖုံးအုပ်သွားသည်။

ပေါက်ကွဲသံများတရစပ် ထွက်ပေါ်ခဲ့သည်။

ထိုအရာအားလုံး၏အလယ်တွင် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်မှာ ချက်ချင်းအနက်ရောင်အဖြစ် လောင်ကျွမ်းသွားသည်။

ဘယ်လိုတိုက်ခိုက်တဲ့အဆောင်မျိုးမဆို ပဉ္စမအဆင့်ကို ရောက်ရှိသွားတာနဲ့ စွမ်းအားခုန်တက်မှုတစ်ခုကို ကြုံရလိမ့်မယ်ဟု ပြောလို့ရသည်။

နေထုနှက်ချက်အဆောင်နှင့်စပ်လျဉ်း၍ ၎င်း၏စွမ်းအားသည် ဒဏ်ရာတော်တော်များများရစေရန် သို့မဟုတ် အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကိုတောင် သေမင်းနှုတ်ခမ်းဝသို့ ခေါ်ဆောင်နိုင်ရန် လုံလောက်ပေသည်။

ကျန်းချန်ရွှမ်၏ ရုပ်ခန္ဓာသည် မရေမတွက်နိုင်သော မွမ်းမံခြင်းများကို ကြုံခဲ့ရပြီး သာမန်ရတနာစင်စစ်များ၏ သက်ရောက်မှုကို ခုခံခဲ့ရသော်လည်း သူသည် ဤအဆောင်မှ ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသည်။

မည်သို့ပင်ဖြစ်စေ သူ၏စွမ်းအားသည် သူပြသခဲ့လိုက်သည့်အရာတွင်အပေါ်သာ ကန့်သတ်မထားပေ။

သူ၏နောက်ရှိ နဂါးနှင့်ဆင်တို့၏ အရိပ်များမှာ လင်းလက်သွားသည်။

သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ပျံဝဲတက်လာသည်။

၁၀ပေ ၂၀၀ပေ ၃၀၀ပေ ၄၀၀ပေ ၅၀၀ပေ...

သူ၏ပုံရိပ်သည် ပေ၅၀၀သို့မရောက်ခင်ထိ မြင့်တက်ခဲ့သည်။

တစ်ချိန်တည်း၌ပင်

အနန္တဘီးမှာလည်း အသက်ဝင်လာသည်။

အနက်ရောင်နှင့် အဖြူရောင်ချီတစ်ခုသည် သူ၏ခန္ဓာကိုယ်ပေါ်ကို ဖုံးလွှမ်းသွားပြီး သူအမှန်တကယ်ပင် နေထုနှက်ချက်အဆောင်မှ ရရှိခဲ့သည့် ထိခိုက်ဒဏ်ရာများသည် မျက်စိတစ်မှိတ်အတွင်းပင် ပျောက်ကင်းသွားသည်။

ဤမြင်ကွင်းသည် အခြေတည်ဝိညာဉ်ကျင့်ကြံသူ၏ နောက်လိုက်ကို ရုတ်တရက် ကျုံ့ဝင်သွားစေခဲ့ပြီး သူ၏မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

ဘွန်း!

သူမတုံ့ပြန်နိုင်သေးခင်မှာပင် ကျန်းချန်ရွှမ်၏ တောင့်တင်းသောပုံရိပ်သည် မီးကွင်းပင်လယ်ဆီမှ အပြေးအလွှားထွက်လာခဲ့သည်။

လက်သီးတစ်ချက်

အခြေတည်ဝိညာဉ်ကျင့်ကြံသူလူအိုကြီးကို ကာကွယ်ပေးနေသည့် ရွှေရောင်ဒိုင်းသည် နောက်ဆုံးမှာကျယ်လောင်သောမြည်သံတစ်ခုဖြင့် မပေါက်ကွဲသွားနိုင်ခင် လျင်မြန်စွာ တွန့်လိမ်ရှုံ့တွသွားလျက် ပျက်စီးသွားသည်။

နောက်ဆုံးတွင် ၎င်းသည် မရေမတွက်နိုင်သော မီးစက်မီးပွားများအဖြစ် ပေါက်ကွဲသွားသည်။

သို့နှင့် ကျန်းချန်ရွှမ်၏စွမ်းအားများမှာ အတားအဆီးမရှိတော့ပေ။

အခြေတည်ဝိညာဉ်ကျင့်ကြံသူလူအိုကြီး၏ ‌ကြောက်မက်ဖွယ်ကောင်းပြီး မယုံကြည်နိုင်သော အကြည့်တစ်ခုတွင် ၎င်းသည် သူ၏ခန္ဓာကိုယ်ကို ကျယ်လောင်သော မြည်သံတစ်ခုဖြင့် တိုက်ရိုက်ထိုးနှက်လိုက်သည်။

ဂျိုင်း!

သူ၏ခန္ဓာကိုယ်သည် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသည်။

သို့သော် ထိုအချိန်တွင် အခြေတည်ဝိညာဉ်ကျင့်ကြံသူလူအိုကြီးနှင့် တစ်ပုံစံတည်းတူ‌ သော်လည်း သုံးလက်မသာရှည်လျားသည့် အစိမ်းရောင်အခြေတည်ဝိညာဉ်တစ်ယောက် ရောက်ရှိလာသည်။

သူ၏မျက်နှာမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူရောက်ရှိလာပြီးသည်နှင့် သူ၏ပုံရိပ်မှာ ဝေဝါးသွားကာ သူသည် လွတ်မြောက်သွားသည်။

မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် အဝေးမှ ငါးရောင်စုံလျှပ်စီးဖြင့် ဓားအလင်းတစ်ခုသည် ခုတ်ပိုင်းလိုက်သည်။

မိုးကြိုးပစ်သံများတရစပ် ပေါ်ထွက်လာသည်။

သုံးလက်မကျော်ကျော်လေးသာရှည်သည့် အစိမ်းရောင်အခြေတည်ဝိညာဉ်သည် ၎င်းကို ခုခံရန် စွမ်းအားမရှိပေ။

သူသည် ကြောက်မက်ဖွယ်ငါးရောင်စုံလျှပ်စီးထံမှ တိုက်ရိုက် အမြစ်ဖြတ်ခံလိုက်ရသည်။

ထိုအချိန်တွင် လိမ့်တက်နေသောဝိညာဉ်ချီတစ်ခုသည် လေထဲမှဖြတ်သန်းကာ လွှမ်းခြုံသွားသည်။

၎င်းကိုမြင်ကာ

အံ့အားသင့်နေခဲ့သည့် ထန်ပိုင်ရှန်းနှင့် ရွှေအမြုတေကျင့်ကြံသူလူငယ်သည် လုံးဝ အံ့ဩမှင်သက်သွားခဲ့သည်။

ရွှေအမြုတေကျင့်စဥ်သာရှိသေးသည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ စစ်မှန်တဲ့အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကို ခေါင်းချင်းဆိုင်တိုက်ရတဲ့ တိုက်ပွဲမှာ ခေါင်းဖြတ်ကွပ်မျက်နိုင်လိမ့်မယ်လို့ ဘယ်သူကထင်ခဲ့မိမှာလဲ?

၎င်းသည်အလွန်ပင် ဖြစ်နိုင်ဖွယ်မရှိ မယုံကြည်နိုင်စရာဖြစ်နေသည်။

အနည်းဆုံးတော့ သူ၏ကျင့်စဉ်ခရီးတစ်လျှောက်တွင် ရွှေအမြုတေကျင့်ကြံသူတစ်ယောက်က အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကို တန်ပြန်သတ်ဖြတ်ခဲ့သည်ဟု တစ်ခါမှ မကြားဖူးခဲ့ပေ။

ဘယ်တုန်းကမှ တစ်ခါတောင်မကြားဖူးလိုက်ပေ။

ယနေ့အထိတိုင်ဖြစ်သည်...

ရွှေအမြုတေကျင့်ကြံသူလူငယ်သည် တဆတ်ဆတ်တုန်သွားသည်။

မည်သို့ပင်ဖြစ်စေ သူမတုံ့ပြန်နိုင်သေးခင်မှာပင် ကျန်းချန်ရွှမ်၏ နတ်ဆိုးနှိမ်လက်သီးနည်းစနစ်သည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ပြင်းပြင်းထန်ထန် ဆင်းသက်သွားသည်။

အချိန်တစ်ခုထိ စိတ်သောကရောက်ဖွယ်အော်ဟစ်သံတစ်ခုမှာ လေထဲတွင် ပဲ့တင်ထပ်သွားသည်။

ရွှေအမြုတေကျင့်ကြံသူလူငယ်၏ပုံရိပ်သည် သူမတ်တပ်ရပ်နေသည့် နေရာမှ ပျောက်ကွယ်သွားသည်။

“ညီအစ်ကျန်း နတ်သမီးရှန်း၊ မင်း မင်းတို့...”

ထိုအချိန်သည် ထန်ပိုင်ရှန်းအမှန်တကယ် အာရုံပြန်ကပ်လာချိန်ဖြစ်သည်။

သူသည် သူတို့နှစ်ယော်ကိုကြည့်လိုက်ပြီး စကားတစ်ကြောင်းကို အတော်ကြာသည်အထိ ဆုံးအောင်မပြောနိုင်ဘဲ ဖြစ်နေသည်။

“ညီအစ်ကိုထန် ဒီနေရာကစကားပြောရမယ့်နေရာမဟုတ်ဘူး။ အရင်ထွက်သွားရအောင်”

ကျန်းချန်ရွှမ်သည် ရုတ်တရက် လှည့်ထွက်လိုက်ပြီး သူ၏နောက်ရှိ ဟင်းလင်းပြင်ကို အေးစက်စွာကြည့်လိုက်သည်။

ထန်ပိုင်ရှန်းသည် ချက်ချင်း နားလည်သွားကာ ခေါင်းကို ထပ်ကာထပ်ကာညိတ်လိုက်သည်။

မကြာမီပင် အလောင်းကောင်နှစ်ခုစီမှ သိမ်းဆည်းခြင်းလက်စွပ်နှစ်ခုကို ပြန်ရပြီးသောအခါ သူတို့သည် ဝူဟွာနိုင်ငံ၏နယ်မြေသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

တစ်ချိန်တည်း၌ပင်

ကျန်းချန်ရွှမ်ကြည့်ရှုခဲ့သည့် ဟင်းလင်းပြင်တွင် များပြားသော ပုံရပ်များ ပေါ်ပေါက်လာသည်။

ခေါင်းဆောင်မှာ ချုံရွှမ်ဂိုဏ်း၏ အကြီးအကဲချုပ်ဖြစ်သည့် စံသခင်ဟွမ်ဟိုင် ဖြစ်သည်။

သူ၏ဘေးတွင် ချုံရွှမ်ဂိုဏ်း၏ ရွှေအမြုတေအဆင့်အနည်းငယ်တို့ ရှိကြသည်။

မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် သူတို့၏မျက်နှာများမှာ အနည်းငယ် ဖြူဆုပ်နေခဲ့သည်။

သူတို့၏မျက်လုံးများအတွင်းတွင် ကြောက်ရွံ့ခြင်းအရိပ်အယောင်များ ရှိနေခဲ့သည်။

စံသခင်ဟွမ်ဟိုင်၏မျက်လုံးများပင်လျှင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အခြေတည်ဝိညာဉ်ကျင့်ကြံသူကြီးကို သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကို မျက်မြင်တွေ့ခဲ့ပြီးဖြစ်သည်။

သူတို့၏စိတ်ထဲသို့ ယူဆောင်လာသည့် အံ့အားသင့်မှုသည် သိသိသာသာပင် နစ်မြုပ်သွားသည်။

အထူးသဖြင့် စံသခင်ဟွမ်ဟိုင်ပင်ဖြစ်သည်။

ရွှေအမြုတေကျင့်ကြံသူတစ်ယောက်က အခြားအခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်ရန်မှာ မည်မျှခက်ခဲမှန်း သူ့ထက်ပိုပြီး မည်သူမျှ ကောင်းကောင်းမသိချေ။

ကျန်းချန်ရွှမ်က သူ့ရဲ့ အခြေတည်ဝိညာဉ်ကို သိပ်သည်းနိုင်သွားတာနဲ့ သူရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းသွားတော့မှာလဲ?

ချုံရွှမ်ဂိုဏ်းက တကယ်ပဲ ဒီစုံတွဲနဲ့ ရန်သူဖြစ်လာချင်တာလား?

အရေးအကြီးဆုံးမှာ ထိုအချိန်တွင် သူတို့သည် ထိုနှစ်ယောက်ကို တားဆီးချင်ရင်တောင် သူတို့ပို၍မလုပ်နိုင်လောက်တော့ပေ။

ချုံရွှမ်ဂိုဏ်း၏ ဝှက်ဖဲကို မသုံးသေးခင်အထိဖြစ်သည်။

သို့သော် သူတို့ ၎င်းကိုပြုလုပ်လိုက်ပါက ချုံရွမ်ဂိုဏ်းသည် အနာဂတ်တွင် မည်သည့်ဝှက်ဖဲမှ ကျန်တော့မည်မဟုတ်ပေ။

သူတို့ကဒီထက်ပိုပြီး မသန်မာနေဘူးလို့ရော ဘယ်သူက အာမခံနိုင်မှာလဲ?

အကယ်၍...

စံသခင်ဟွမ်ဟိုင်သည် ဆက်လက်ပြီးတော့ မတွေးကြည့်နိုင်တော့ပေ။

ထိုအချိန်တွင် သူ၏ဘေးရှိ ရွှေအမြုတေကျင့်ကြံသူများထဲမှတစ်ယောက်က အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

“ကျွန်တော်တို့ သူတို့ကို ဆက်ပြီးတော့ နောက်ယောင်ခံ...နောက်ယောက်ခံနေရမလား?”

သူ၏စကားများကိုကြားပြီး သူ့ဘေးရှိ ရွှေအမြုတေကျင့်ကြံသူသည်လည်း တသိမ့်သိမ့်တုန်သွားပြီး အားလုံးက စံသခင်ဟွမ်ဟိုင်ကို စိတ်မသက်သာသော အကြည့်များဖြင့် ကြည့်နေခဲ့သည်။

စံသခင်ဟွမ်ဟိုင်က သက်ပြင်းချလိုက်ကာ ခေါင်းခါလိုက်သည်။

“မေ့လိုက်တော့ မေ့လိုက်တော့။ အရင်ပြန်သွားရအောင်”

သို့နှင့် သူသည် ဆက်လက်မနေတော့ဘဲ လျင်မြန်စွာပင် ပျောက်ကွယ်သွားသည်။

သူ့နောက်ကိုလိုက်နေကြသည့် ရွှေအမြု‌တေကျင့်ကြံသူများ ၎င်းကိုမြင်သောအခါ စိတ်သက်သာရာရမှုဖြင့် သက်ပြင်းချလိုက်ပြီး ချက်ချင်း စံသခင်ဟွမ်ဟိုင်နောက်သို့ လိုက်ခဲ့သည်။

***

All Chapters