ကန်းနန်တိုက်သို့ပြန်သွားခြင်း၊ ကျန်းရန်ထောင်၏ အမြုတေတည်ဆောက်ခြင်း၊ မိစ္တာသားရဲအဓိကရုဏ်းရောက်ရှိလာမှု
Vol. 23 Ch. 452
ခနကြာပြီးနောက်…
ကျန်းချန်ရွှမ်နှင့် အခြားနှစ်ယောက်သည် ဝူဟွာနယ်မြေသို့ ဝင်သွားပြီး ဖြစ်သည်။
ကျန်းချန်ရွှမ်သည် ထန်ပိုင်ရှန်းကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“ညီအစ်ကိုထန် ပြီးရင်ငါတို့ကန်းနန်တိုက်ကို ပြန်ဖို့စီစဉ်ထားတယ်။ မင်းငါတို့နဲ့လိုက်ခဲ့ချင်လား?”
ထိုအချိန်တွင် ယခင်က စိတ်အေးသက်သာနေသည့် ထန်ပိုင်ရှန်းသည် ခနမျှ တွေးဆပြီးနောက် သူ၏ခေါင်းကိုခါကာ ပြောလိုက်သည်။
“ငါမလိုက်နိုင်လောက်ဘူး။ ငါ့မှာအာရုံစိုက်ရမယ့် ကိစ္စတချို့ရှိသေးတယ်။ ဒီတစ်ကြိမ်တော့ မလိုက်နိုင်လောက်တော့ဘူး”
၎င်းကိုကြားကာ စိတ်ပျက်ခြင်းသက်ပြင်းချမှုတစ်ခု ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ စိတ်ထဲတွင် ဖြစ်ပေါ်ခဲ့သည်။
သို့သော်လည်း သူတို့ အလေးအနက် မတိုက်တွန်းခဲ့ပေ။
ကျန်းချန်ရွှမ်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင်လည်း နောက်တစ်ခေါက်ပေါ့”
သို့နှင့် နှစ်ဖက်စလုံးသည် အသီးသီး မကွဲကွာမှီ အတူတူခရီးထွက်ခဲ့ကြသည်။
ထန်ပိုင်ရှန်းကို နှုတ်ဆက်ပြီးနောက် လင်မယားနှစ်ယောက်သည် အချိန်ဆွဲမနေတော့ဘဲ နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုဖြင့် ကျင့်စဉ်မြို့တစ်ခုသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
ကျင့်စဉ်မြို့တော်တော်များများတွင် နေရာကူးပြောင်းခြင်းအစီအရင်များကို အသုံးပြုပြီးနောက် လင်မယားနှစ်ယောက်သည် နောက်ဆုံးတွင် ဝူဟွာနိုင်ငံ၏ နယ်မြေမှ ထွက်ခွာခဲ့ကြသည်။
…..
ငါးနှစ်ကြာပြီးနောက်
လင်မယားနှစ်ယောက်သည် နောက်ဆုံးတွင် ကန်းနန်တိုက်သို့ ပြန်လည်ရောက်ရှ်ိလာသည်။
ကန်းနန်တိုက်သို့ ရောက်ရှိပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဦးစွာ ရှန်းမျိုးနွယ်စုသို့ ပြန်ခဲ့ကြသည်။
ဤတစ်ကြိမ်တွင် လင်မယားနှစ်ယောက်၏ ခရီးစဉ်မှာ ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်မျှ ကြာမြင့်ခဲ့သည်။
သူတို့မရှိသည့်ကာလတွင် ကျန်းမျိုးနွယ်စု တစ်ခုလုံးတွင် ပြောင်းလဲမှုတချို့ ဖြစ်ပေါ်ခဲ့သည်။
ပထမဆုံးအနေဖြင့် ကျန်းရန်ထောင်၏ကျင့်စဉ်သည် ပဏာမရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ထိုအချိန်တွင် သူသည် တံခါးပိတ်ကျင့်ကြံခြင်းကို စတင်ခဲ့ပြီး ရွှေအမြုတေအဆင့်ကို ကျော်ဖြတ်ရန် ကြိုးပမ်းနေခဲ့သည်။
ဒုတိယအနေဖြင့် ကျန်းအန်းရန်နှင့် လျူလင်းလုံတို့ နှစ်ယောက်လုံးသည် ကျီဖုအဆင့်၏ နောက်ဆုံးအဆင့်ကို ရောက်ရှိနေကြပြီဖြစ်သည်။
ကျန်းရန်ယီ၊ ကျန်းရန်ချွမ်းနှင့် ကျန်ယွင်ချမ်းတို့မှာမူ သူတို့၏ကျင့်စဉ်များသည်လည်း ကျီဖုအဆင့်၏ အထက်ဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။
ထပ်ပေါင်းအနေဖြင့် ကျန်းမျိုးနွယ်စုသည် ပြုစုပျိုးထောင်ရန် ခေါ်ဆောင်လာခဲ့သည့် သေမျိုးမြို့တစ်ခုမှ မူကွဲဝိညာဉ်အမြစ်များဖြင့် မျိုးနွယ်ဝင်တစ်ယောက်ကိုလည်း ရှာတွေ့ခဲ့သည်။
နောက်ထပ်အရေးကြီးသောကိစ္စတစ်ခုမှာ စက်သားရဲများကို သန့်စင်ရာတွင် ထူးချွန်သောစွမ်းရည်များကို ပြသခဲ့သည့် ကျန်းတုန်းပိုင်ပင် ဖြစ်သည်။
လောလောဆယ်တွင် သူသည် တတိယအဆင့် စက်သားရဲများကို စတင်သန့်စင်နေသည်။
သူမအောင်မြင်သေးသော်လည်း သူ၏ပြောကြားချက်အရ သူ့တွင် တိုးတက်မှုအချို့ရှိပေသည်။
နှစ်အနည်းငယ်ကြာလျှင် သူသည် တတိယအဆင့်စက်သားရဲများကို သန့်စင်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
ထိုအချိန်တွင် ကျန်းမျိုးနွယ်စုတစ်ခုလုံး၏ စွမ်းအားသည် အသေအချာပင် အခြားအဆင့်တစ်ခုသို့ တက်လှမ်းနေပြီဖြစ်သည်။
နောက်ဆုံးနှင့် အရေးအကြီးဆုံးမှာ လွန်ခဲ့သည့်နှစ်များတွင် နတ်ဆိုးသားရဲများ၏ ရောက်ရှိလာမှုသည် သိသိသာသာ မြင့်တက်လာသည်။
အထူးသဖြင့် အီသာတောင်ပေါ်တွင် ဖြစ်သည်။
နတ်ဆိုးသားရဲများက တောင်ကို တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်တော်တော်များများတောင် ရှိသေးသည်။
သူတို့ထဲက အချို့မှာ စတုတ္ထအဆင့် နတ်ဆိုးသားရဲများတောင် ဖြစ်ကြသည်။
ရွှေအမြုတေအဆင့်ကျင့်ကြံသူ ရှန်းယွမ်လုံ၏ တည်ရှိနေမှုနှင့် တောင်အကာအကွယ်အစီအရင်တို့၏ ပေါင်းစပ်မှုကြောင့်သာ မဟုတ်လျှင် တောင်သည် လုယူခံရမည့် အန္တရာယ်သို့ ရောက်ရှိနေနိုင်သည်။
ဤအခြေအနေသည် နှစ်တစ်ရာလျှင်တစ်ကြိမ်ဖြစ်ပွားလေ့ရှိသော လာမည့်နတ်ဆိုးသားရဲအဓိကရုဏ်းမှာ ကျရောက်အံ့ဆဲဆဲဖြစ်နေသည်ကို ညွှန်ပြနေသည်။
ထိုအကြောင်းကြောင့် ကျောက်စိမ်းရေဓားစင်မြင့်၊ ကောင်းကင်ယွဲ့ဂိုဏ်းနှင့် အခြားရွှေအမြုတေအင်အားစုကြီးများသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဘယ်အချိန်ပြန်လာမည်ကို စုံစမ်းမေးမြန်းနေကြခြင်း ဖြစ်သည်။
လာမည့်နတ်ဆိုးသားရဲအဓိကရုဏ်းတွင် တကယ်ပင် ပဉ္စမအဆင့် နတ်ဆိုးဧကရာဇ်များ ပါဝင်လာပါက သူတို့သည် ဤအခြေအနေကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မပါဘဲ ကိုင်တွယ်ရန် ယုံကြည်ချက်မရှိပေ။
၎င်းကိုပြန်ဆက်ရလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဤနေရာရှိ လက်ရှိအခြေအနေကိုနားလည်ရန် ရှန်းယွမ်လုံကို တွေ့ရှိဖို့ အီသာတောင်သို့ သွားခဲ့ကြသည်။
ဤအချိန်တွင် အီသာတောင်ပေါ်၌ အရေးကြီးကိစ္စများ မရှိသေးဘူးဟု အတည်ပြုပြီးသောအခါ သူတို့သည် မျိုးနွယ်စုခေါင်းဆောင် ကျန်းရန်ယီကို အခြားအဖွဲ့များကို သတင်းပေးစေရန် ပြောကြားခဲ့သည်။
သုံးရက်ကြာပြီးနောက် လူတိုင်း ကျင်းနိုင်ငံထဲရှိ အီသာတောင်ပေါ်တွင် စုရုံးခဲ့ကြသည်။
တစ်ချိန်တည်း၌ပင်..
နက်နဲသောတောင်တစ်ခု၌ ..
ပဉ္စမအဆင့်ရွှေဝံပုလွေနတ်ဆိုးဧကရာဇ်သည် ကျန်ပဉ္စမအဆင့်နှစ်ကောင်ကို ကြည့်နေခဲ့သည်။
အောက်ဘက်တွင် မတ်တပ်ရပ်နေသော နတ်ဆိုးဧကရာဇ်များက ခပ်ဩဩအသံတစ်ခုဖြင့် ပြောလိုက်သည်။
“အမြီးကိုးချောင်းကြောင်ကတိုးနတ်ဆိုးဧကရာဇ်၊ အနက်ရောင်လေ နတ်ဆိုးဧကရာဇ်၊ သားရဲအရှင်ချုပ်ရဲ့ အမိန့်အရ ဒီလာမယ့်သားရဲအဓိကရုဏ်းမှာ လိုအပ်လာရင် မင်းတို့နဲ့ ငါ လှုပ်ရှားဖို့လိုတယ်။ ဒီအချိန်အတွင်းမှာ ငါ စံသခင်ရွှမ်ယန်ကို ဆန့်ကျင်ပြီး စောင့်ကြည့်ဖို့အတွက် ဒီမှာ နေဖို့လိုတယ်။ ဒါကြောင့် လိုအပ်လာရင် မင်းတို့နှစ်ယောက်က တခြားနယ်မြေတွေမှာ လှုပ်ရှားရမယ်”
သို့နှင့် ရွှေဝံပုလွေ၏ မျက်လုံးများမှာ အနက်ရောင်လေဆီသို့ ပြောင်းသွားကာ ပြောလိုက်သည်။
“အနက်ရောင်လေ ဒီတစ်ကြိမ်မှာ မင်းက ကန်းနန်တိုက်အနားက နယ်မြေတွေကို တာဝန်ယူနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်။ ဖြစ်နိုင်ရင် အဲ့ဒီလူသားနှစ်ယောက်ရဲ့ ခေါင်းတွေကို ငါ့ဆီယူလာခဲ့”
သူပြောဆိုလိုက်သည့် လူသားနှစ်ယောက်ဆိုသည်မှာ အသေအချာပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ဆိုလိုနေသည်။
အသေအချာပင် ၎င်းတို့ရဲ့ သားမြေးစဉ်ဆက်များကို ဒဏ်ခတ်ခဲ့သည့် ကိစ္စကို မေ့မရနိုင်ပေ။
ရွှေဝံပုလွေ၏ စကားများကိုကြားပြီးနောက် အနက်ရောင်လေသည် ချက်ချင်း လေးစားစွာ ခေါင်းညိတ်လိုက်သည်။
“စိတ်မပူပါနဲ့ အရှင်။ ကျွန်တော် အဲ့ဒီလူသားနှစ်ယောက်ရဲ့ ဦးခေါင်းတွေကို အရှင့်ဆီ သေချာပေါက် ယူဆောင်လာခဲ့ပါ့မယ်”
အနက်ရောင်လေ နတ်ဆိုးဧကရာဇ်မှာ အနက်ရောင်ဝံပုလွေဖြစ်သည်။
၎င်းနှင့် အမြီးကိုးချောင်းကြောင်ကတိုးနတ်ဆိုးဧကရာဇ်တို့ နှစ်ယောက်စလုံးမှာ ပဉ္စမအဆင့် နတ်ဆိုးဧကရာဇ်များ ဖြစ်ကြသော်လည်း သူတို့သည် ရွှေဝံပုလွေ၏ရှေ့တွင် လုံလောက်သောလေးစားမှုတစ်ခုကို ပြသနေရဆဲဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ရွှေဝံပုလွေသည် စံသခင်ရွှမ်းယန်ကို ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့သည့် စွမ်းအားကြီးသော နတ်ဆိုးဧကရာဇ်တစ်ကောင် ဖြစ်သောကြောင့် ဖြစ်သည်။
၎င်းသည် သဘာဝအလျောက်ပင် အခြားနတ်ဆိုးဧကရာဇ်အကုန်လုံးနှင့် တူညီသောအဆင့်တစ်ခုတွင် ရှိမနေပေ။
ရွှေဝံပုလွေက ကျေနပ်မှုဖြင့် ခေါင်းညိတ်လိုက်သည်။
သိသိသာသာပင် နတ်ဆိုးသားရဲများသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ လတ်တလောသတင်းများကို မသိရှိကြပေ။
မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
သိသိသာသာပင် မိစ္ဆာနတ်ဆိုးသားရဲမျိုးနွယ်သည် အသိဉာဏ်နေရာတွင် နှိုင်းစာလျှင် အားနည်းနေပေသည်။
ဒုတိယအနေဖြင့် ဝူဟွာနိုင်ငံအနီးတွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များသည် သူတို့နှင့် အလွန်တရာပင် ဝေးကွာနေပေသည်...
***