ကန်းနန်တိုက်သို့ပြန်သွားခြင်း၊ ကျန်းရန်ထောင်၏ အမြုတေတည်ဆောက်ခြင်း၊ မိစ္တာသားရဲအဓိကရုဏ်းရောက်ရှိလာမှု(၂)
Vol. 23 Ch. 453
နတ်ဆိုးသားရဲများမပြောနှင့် ကျင့်ကြံသူများပင်လျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဖြတ်သန်းလာသည်ကို မသိကြချေ။
နောက်ဆုံးနှင့် အရေးအကြီးဆုံးမှာ လင်မယားနှစ်ယောက် အောင်မြင်ခဲ့သည်ကို နတ်ဆိုးသားရဲများသိသွားလျှင်လည်း သူတို့၎င်းကို ယုံချင်မှယုံကြပေမည်။
သူတို့သည် ထိုစုံတွဲက ၎င်းကို ချဲ့ကားပြောနေသည်ဟု ထင်ပေလိမ့်မည်။
….
သုံးရက်ကြာပြီးနောက်…
ကျင်းနိုင်ငံရှိ အီသာတောင်တွင်..
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ စုဝေးခန်းမကို ရောက်သောအခါ ကန်းနန်ပူးပေါင်းမှု၏ ရာထူးကြီးမြင့်သူများသည် စုဝေးနေကြပြီးဖြစ်သည်။
သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကိုမြင်သောအခါ မျက်လုံးများဝင်းလက်သွားသည်။
ချက်ချင်းပင် တစ်ယောက်ပြီးတစ်ယောက်ဆီမှ နှုတ်ဆက်သံများထွက်ပေါ်လာသည်။
“နှုတ်ဆက်ပါတယ် ပူးပေါင်းမှုခေါင်းဆောင်”
“နှုတ်ဆက်ပါတယ် ပူးပေါင်းမှုခေါင်းဆောင်”
၎င်းမှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏ ခုံကိုယူလိုက်ကာ တိတ်ဆိတ်ရန် ဟန်ပြလိုက်သည်အထိဖြစ်ပြီး အသံများမှာ ဖြည်းဖြည်းချင်း တိုးဝင်သွားသည်။
ကျန်းချန်ရွှမ်သည် လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
“ငါမင်းတို့အားလုံးကို ဒီကို ဆင့်ခေါ်လိုက်ပြီးတော့ မင်းတို့လည်း ဘာလို့ခေါ်လဲဆိုတာကိုသိကြမယ်လို့ ထင်ပါတယ်။ ဟုတ်တယ် နောက်ထပ်နှစ်အနည်းငယ်နေရင် နောက်ထပ်နတ်ဆိုးသားရဲအဓိကရုဏ်းအတွက် အချိန်ကျလာလိမ့်မယ်။ ဒီလာမယ့် နတ်ဆိုးသားရဲအဓိကရုဏ်းရဲ့ အတိုင်းအတာက အသေအချာကို ပိုပြီးပြင်းထန်လာလိမ့်မယ်။
အဲ့ဒီအချိန်ကျရင် ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကတော့ ရှောင်လွှဲလို့မရအောင်ပဲ။ မင်းတို့ရဲ့ကိုယ်ပိုင်နယ်မြေတွေအတွက် အားလုံးပဲ ပြင်ဆင်ထားလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။
တကယ်ပဲ ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်တွေ တိုက်ပွဲထဲကိုပါဝင်လာမယ်ဆိုရင်တော့ မင်းတို့အများကြီး စိုးရိမ်စရာမလိုပါဘူး။ အဲ့ဒီအချိန်ကျရင် ငါ့ရဲ့အမျိုးသမီးနဲ့ ငါက ဒီဟာကို အလိုလိုကိုင်တွယ်သွားပါ့မယ်။
အခု မင်းတို့ဘက်က အခြေအနေတွေကို ပြောပြပါဦး”
ကျန်းချန်ရွှမ်စကားပြော၍ပြီးဆုံးသွားသောအခ့ လူတိုင်း စတင်ပြောဆိုကြသည်။
၎င်းပြီးလုနီးနီးဖြစ်သွားသောအခါ သူတို့သည် အသေးစိတ်အချက်အလက်အချို့ကို ဆွေးနွေးခဲ့သည်။
ရက်အတော်အတန်ကြာပြီးနောက် လာမည့်နတ်ဆိုးသားရဲအဓိကရုဏ်းနှင့်ပတ်သက်သည့် ဤအစည်းအဝေးသည် တရားဝင်ကြေညာပြီးဖြစ်သည်။
မှော်ဝင်တိုင်တောင်သို့ ပြန်သွားပြီး ကျန်းရန်ယီနှင့် အခြားသူများကို နောက်တစ်ကြိမ်ထပ်ခေါ်လိုက်ပြီး အမျိုးမျိုးသောကိစ္စများကို ညွှန်ကြားခဲ့သည်။
ထို့နောက် သူသည် ကျန်းအန်းရန်ကို ရှန်းရူယန်နှင့်အတူ နေရစ်စေခဲ့ပြီး သူတို့နှစ်ယောက်သည် သူမ၏ကျင့်စဉ်အတွက် လမ်းညွှန်မှုများ ပြုလုပ်ပေးခဲ့သည်။
အခြေတည်ဝိညာဉ်အဆင့်ကိုကျော်ဖြတ်ရန် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တစ်ယောက်တွင်မှ အစီအစဉ်မရှိပေ။
အခြေတည်ဝိညာဉ်အဆင့်ကိုကျော်ဖြတ်ရန်မှာ ပေါ့တန်တန်ကိစ္စတစ်ခု မဟုတ်ပေ။
လုံလောက်သောအချိန်နှင့် ပြင်ဆင်မှု မရှိလျှင် သူတို့သည် ၎င်းကို အမှုမဲ့အမှတ်မဲ့ မပြုလုပ်ရဲပေ။
အထူးသဖြင့် ဤအချိန်မျိုးတွင် ဖြစ်သည်။
ကျရောက်အံ့ဆဲဆဲ နတ်ဆိုးသားရဲအဓိကရုဏ်းသည် သူတို့ကို အခြေတည်ဝိညာဉ်အဆင့်ကို ကျော်ဖြတ်ရန် အချိန်ပေးမည်မဟုတ်ပေ။
အချိန်များကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်းပင် သုံးနှစ်ခန့်ကုန်ဆုံးသွားသည်။
ဤသုံးနှစ်အတွင်းတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တစ်ယောက်ချင်းစီသည် အတော်များသောတိုးတက်မှုများ ပြုလုပ်ပြီးပြီဖြစ်သည်။
ပထမဆုံးအနေဖြင့် ကျန်းချန်ရွှမ်၏ ကျင့်စဉ်သည် နောက်ဆုံးတွင် ရွှေအမြုတေအဌမအဆင့်မှ နဝမအဆင့်သို့ ကျော်ဖြတ်နိုင်ခဲ့သည်။
၎င်းသည် စုစုပေါင်းပမာဏနှင့် သူတို့ဓမ္မစွမ်းအားသန့်စင်မှုနှစ်ခုလုံးကို ယခင်ကနှင့်ယှဉ်လျှင် လေးဆယ်ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ခဲ့သည်။
ဒုတိယအနေဖြင့် ရှန်းရူယန်၏ လျှပ်စီးအမတသတ်ဖြန်သူ ငါးခုသည် နောက်ဆုံးတွင် ရတနာစင်စစ်အဆင့်တစ်ခုသို့ အောင်မြင်စွာအဆင့်မြှင့်တင်နိုင်ခဲ့သည်။
သူမ၏ မိုးကြိုးစီးဆင်းကောင်းကင်ဘုံတံဆိပ်တော်ကဲ့သို့ အခြားရတနာစင်စစ်များနှင့် ပေါင်းစပ်လျှင် သူမ၏ စုစုပေါင်းစွမ်းအား၊ ဓမ္မစွမ်းအားများနှင့် ဓမ္မရတနာများသည် သာမန်အဝါရောင်အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ထက် လျော့ကျမနေပေ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာစဉ်တွင် မှော်ဝင်တိုင်တောင်ပေါ်ရှိ ဝိညာဉ်ချီမှာ ရုတ်တရက် လိမ့်တက်လာသည်။
ဝိညာဉ်ချီ၏အလင်းတန်းများသည် ကျန်းချန်ရွှမ်တံခါးပိတ်ကျင့်ကြံခဲ့သည့် ဂူအိမ်ဆီသို့ ဦးတည်ကာ လျင်မြန်စွာ ပျံသန်းသွားသည်။
ဤမြင်ကွင်းကိုမြင်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့၏စိတ်ထဲတွင် တူညီသောအတွေးတစ်ခု ပေါ်ပေါက်လာသည်။
ရန်ထောင်သည် သူ၏ရွှေအမြုတေကို ပြုလုပ်နိုင်တော့မည်။
ကြန့်ကြာမှုမရှိစေဘဲ လင်မယားနှစ်ယောက်သည် ကျန်းရန်ထောင် တံခါးပိတ်ကျင့်ကြံနေသည့် တောင်ထိပ်ဆီသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
မကြာမီပင် ကျန်းရန်ယီ၊ ကျန်းရန်ချွမ်း၊ ကျန်းအန်းရန်၊ ကျန်းယွင်ချမ်းနှင့် ပွက်လောရိုက်မှုတစ်ခုကို အာရုံခံမိသည့် အခြားသူများသည်လည်း ဤတောင်ထိပ်ပေါ်တွင် စုဝေးလိုက်ကြသည်။
“ဘိုးဘေး...”
ကျန်းရန်ထောင်၏သားဖြစ်သူ ကျန်းယွင်ချမ်း၏အမူအယာမှာ အတော်အသင့်စိတ်အိုက်သွားသည်။
သူသည် မည်သို့မျှမတတ်နိုင်ဘဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ကြည့်ကာမေးလိုက်သည်။
“ကျွန်တော့်ရဲ့အဖေက...?”
ကျန်းချန်ရွှမ်က သူ့ကို ခေါင်းညိတ်ပြလိုက်သည်။
“မစိုးရိမ်ပါနဲ့ မင်းအဖေအဆင်ပြေသွားမှာပါ။ လက်ရှိအခြေအနေအရ သူအမြုတေကို အောင်အောင်မြင်မြင် သိပ်သည်းနိုင်မယ့် ဖြစ်နိုင်ချေက ၆၀%ပဲ”
ခြောက်ဆယ်ရာခိုင်နှုန်းသည် အလွန်မြင့်မားသည်ဟု ထည့်သွင်းစဉ်းစားနိုင်ပေသည်။
ဤအဆင့်အတွက် ပြင်ဆင်ကြသည့် ကျင့်ကြံသူအများစုသည် သုံးဆယ် သို့မဟုတ် လေးဆယ် ရာခိုင်နှုန်းလောက်သာ သေချာမှုရှိကြသည်။
ကျန်းရန်ထောင်မှာ ၎င်း၏ နှစ်ဆဖြစ်နေပြီး ဖြစ်သည်။
ဘွန်း!
အချိန်မှာ ဆက်လက်ကုန်ဆုံးနေပြီး ကျန်းရန်ထောင်တံခါးပိတ်ကျင့်ကြံနေသည့် တောင်သည် ဝိညာဉ်ချီဖြင့် ပို၍ပို၍ တုန်ခါလာသည်။
အဆုံးတွင် သိပ်သည်းသောဝိညာဉ်ချီသည် ကျယ်ပြန့်သောတိမ်တိုက်များအဖြစ် ပြောင်းလဲသွားပြီး ကျန်းရန်ထောင်၏ ပိတ်ထားသောဂူအိမ်တံခါးပေါ်သို့ လိမ့်တက်လာသည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
နောက်ဆုံးတွင်..
လဝက်ခန့်ကြာပြီးနောက် ..
အားကောင်းပြီး ကျီဖုအဆင့်နှင့် ကွဲပြားသည့် မတူညီသော အော်ရာတစ်ခုဖြင့် သူ၏ရွှေအမြုတေကို အောင်မြင်စွာပြုလုပ်ပြီးသော ကျန်းရန်ထောင်သည် ဟက်ဟက််ပက်ပက်ရယ်သံတစ်ခုဖြင့် သူ၏ဂူအိမ်အပေါ်မှ ရုတ်တရတ် ပျံထွက်လာသည်။
ဂျိန်း!
တစ်ချိန်တည်း၌ပင် ကြီးမားသောအနက်ရောင်တိမ်တိုက်များ ကောင်းကင်တွင် စုဝေးနေသည်။
သူတို့ကြားထဲတွင် ငွေရောင်လျှပ်စီးများဖြင့် ပြိုးပြိုးပျက်ပျက် အလင်းတန်းများရှိနေသည်။
ကျန်းရန်ထောင်က အပေါ်ကို ကြည့်လိုက်သည်။
တုံ့ဆိုင်းခြင်းမရှိဘဲ သူသည် ချက်ချင်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မှော်ဝင်တိုင်တောင်၏ အစွန်အဖျားဆီကို ဦးတည်လျက် ပျံသန်းသွားသည်။
၎င်းကိုမြင်ကာ အခြားသူများလည်း လျင်မြန်စွာ နောက်မှလိုက်လာသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှ လွဲ၍ လူတိုင်းသည် လျှပ်စီးရိုက်ခတ်မှုရှိနေသည့်နေရာမှ စိတ်ချရသောအကွာအဝေးကို ထိန်းသိမ်းထားသည်။
***