← Chapters

ကန်းနန်တိုက်သို့ပြန်သွားခြင်း၊ ကျန်းရန်ထောင်၏ အမြုတေတည်ဆောက်ခြင်း၊ မိစ္တာသားရဲအဓိကရုဏ်းရောက်ရှိလာမှု(၃)

Vol. 23 Ch. 454

ကန်းနန်တိုက်သို့ပြန်သွားခြင်း၊ ကျန်းရန်ထောင်၏ အမြုတေတည်ဆောက်ခြင်း၊ မိစ္တာသားရဲအဓိကရုဏ်းရောက်ရှိလာမှု(၃)

Vol. 23 Ch. 454

ထို့နောက် သူတို့၏ခွန်အားအကုန်လုံးဖြင့် သူတို့သည် ရွှေအမြုတေအတိဒုက္ခတစ်ခု၏ နောက်ဆက်တွဲကို ခုခံရန် စွမ်းရည်မရှိပေ။

“ရန်ထောင် ဒါကကာကွယ်ရေးအဆောင်တွေပဲ။ ဒါကိုယူလိုက်”

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် စတုတ္ထအဆင့်ကာကွယ်ရေးအဆောင်များကို သူ၏ကိုယ်ပေါ်မှ ထုတ်ယူလိုက်ပြီး ကျန်းရန်ထောင်ဆီသို့ ပစ်ပေးလိုက်သည်။

ကျန်းရန်ထောင်သည် ၎င်းကိုဖမ်းလိုက်ကာ သူ့ကို တလေးတစားကျေးဇူးတင်ခဲ့ပြီး နောက်ဆုံးတွင် သူ၏စိတ်ဝင်စားမှုအားလုံးကို အတိဒုက္ခအပေါ်တွင်သာ အာရုံစိုက်ထားသည်။

ဂျိန်း!

အကြာကြီးမစောင့်လိုက်ရဘဲ ကောင်းကင်အတိဒုက္ခ၏ လျှပ်စီးသည် လျင်မြန်စွာ ဆင်းသက်လာသည်။

ကျန်းရန်ထောင်သည် ၎င်းကို လွယ်ကူတိတ်ဆိတ်စွာပင် ရင်ဆိုင်ခဲ့သည်။

၎င်းတွင် စုစုပေါင်း လျှပ်စီးကိုးခုရှိပြီး ကျန်းချန်ရွှမ်က ကျန်းရန်ထောင်ကို ပေးထားသည့် ကာကွယ်ရေးအဆောင်များကို အသုံးပြုစေရသည့် နောက်ဆုံးနှစ်ခုမှလွဲ၍ အခြားခုနစ်ခုကို သူ့ဟာသူ ဆန့်ကျင်ကိုင်တွယ်နိုင်ခဲ့သည်။

ဤအတိဒုက္ခပြီးဆုံးသွားသောအခါ သန့်စင်သောဝိညာဉ်ချီတစ်ခုကို ဆုလာဒ်အနေဖြင့် ရရှိခဲ့သည်။

ကျန်းရန်ထောင်သည် ၎င်းကိုရေတွင်နှစ်လိုက်ပြီး သူအတိဒုက္ခအတွင်း ရရှိထားသည့် ဒဏ်ရာများကို လျင်မြန်စွာ ကုသလိုက်သည်။

ထိုမှစ၍ သူတို့၏ကျန်းမျိုးနွယ်စုတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှလွဲ၍ နောက်ဆုံးတွင် ရွှေအမြုတေအဆင့်သုံးယောက် ရှိနေပြီဖြစ်သည်။

နှစ်ဝက်ခန့်ကြာပြီးနောက်…

ကျန်းရန်ထောင်သည် သူ၏ကျင့်စဉ်များကို တောင့်တင်းခိုင်မာစေပြီးဖြစ်သည်။

ထိုအချိန်တွင် ရှူနိုင်ငံရှိ ကျင့်ကြံသူများထံမှ လာသည့်သတင်းမှာ နတ်ဆိုးသားရဲပမာဏတော်တော်များများသည် ကောင်းကင်တောင်၏ အစွန်အဖျားတွင် ရုတ်တရက် ပေါ်ထွက်လာသည်ဆိုသည့် သတင်းဖြစ်သည်။

ထို့ပြင် အရေအတွက်မှာ အဆက်မပြတ် မြင့်တက်နေသည်။

ဤအခြေအနေသည် ကန်းနန်ပူးပေါင်းမှူ၏ အထက်အဆင့်များအားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်သည်။

ကြန့်ကြာမှုမရှိဘဲ ကန်းနန်ပူးပေါင်းမှုမှ ရွှေအမြုတေကျင့်ကြံသူ တော်တော်များများသည် ရှူနိုင်ငံမှ ချက်ချင်း ထွက်လာကြသည်။

ဤအဖွဲ့တွင် ကျောက်စိမ်းရေဓားစင်မြင့်ခေါင်းဆောင် ဟောင်တုန်းပိုင်လည်း ပါဝင်သည်။

လူတိုင်းသည် ကောင်းကင်တောင်၏ အမြုတေဧရိယာသို့ ဆင်းသက်လာသည်။

အစွန်အဖျားပိုင်းတွင် နတ်ဆိုးသားရဲအရေအတွက် တိုးပွားလာသည်ကို ကြည့်ပြီး ဟောင်တုန်းပိုင်နှင့် အခြားသူများ၏ အမူအယာမှာ ချက်ချင်း လေးနက်သွားသည်။

“ဝေါင်း!”

တစ်ချိန်တည်း၌ပင် ထိုနတ်ဆိုးသားရဲများနောက်၌ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

၎င်း၏နောက်တွင် ဟောင်တုန်းပိုင်နှင့် အခြားသူများထက် မနိမ့်ကျသည့် အားကောင်းသော အော်ရာများသည် အပြေးအလွှားသွားနေသည်။

“ဒါကစတုတ္ထအဆင့်နတ်ဆိုးသားရဲတွေပဲ!”

ကြည့်ရသလောက် သူတို့သည် နတ်ဆိုးသားရဲအဓိကရုဏ်းအစတွင်ပင် စတုတ္ထအဆင့်နတ်ဆိုးသားရဲများ ပေါ်ပေါက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

နောက်လာမည့်တိုက်ပွဲသည် မည်မျှ ရက်စက်ဖွယ်ကောင်းမှန်း မှန်းဆကြည့်လို့ရပေသည်။

တခနအတွင်း လူတိုင်း၏ စိတ်များမှာ စတင်လေးလံလာသည်။

မည်သို့ပင်ဖြစ်စေ ဤအ‌ခြေအနေမှာ အစပင် ရှိသေးသည်။

အချိန်တွေကုန်လွန်သွားမှုဖြင့် ကောင်းကင်တောင်အပြင်ဘက်ရှိ နတ်ဆိုးသားရဲများ တောင်ဆီသို့ တရားဝင်တိုက်ခိုက်လိုက်ချိန်တွင် ကန်းနန်တိုက်တစ်ခုလုံးသည်လည်း နတ်ဆိုးသားရဲပုံရိပ်များ အများအပြားကို စတင်မြင်တွေ့လိုက်ရသည်။

ဆယ်ရက်အတွင်းပင် ဒါဇင်နှင့် ချီသောမြို့တော်တော်များများသည် နတ်ဆိုးသားရဲများ၏ ဖျက်စီးခြင်းကို ခံလိုက်ရသည်။

သန်းပေါင်းများစွာသော လူများသည် ထိုနတ်ဆိုးသားရဲများ၏ အစားအစာများ ဖြစ်လာကြသည်။

နေ့စဉ်နေ့တိုင်းပင် သတင်းဆိုးများ ရောက်ရှိလာသည်။

….

မှော်ဝင်တိုင်တောင်ပေါ်တွင်

ကျန်းချန်ရွှမ်သည် နေရာမျိုးစုံမှလာနေသည့်တင်ပြချက်များကိုကြည့်ရင်း သူ၏မျက်လုံးထဲရှိ အေးစက်မှုမှာ ပို၍ပို၍ ကြီးမားလာသည်။

သူသည် သူတို့မှာ ဤကဲ့သို့ဆက်လက်တိုက်ခိုက်၍ မရနိုင်တော့မှန်း သိလိုက်သည်။

သူတို့သည် နတ်ဆိုးသားရဲအဓိကရုဏ်းပြီးဆုံးသည်အထိသာ ဤကဲ့သို့ ဆက်သွားနေပါက ကန်းနန်ပူးပေါင်းမှုအတွင်းရှိ ကျဆုံးမှုများသည် နှလုံးနာစရာဖြစ်လာပေလိမ့်မည်။

ထိုအချိန်တွင် သူတို့သည် သူတို့၏ မူလနိုင်ငံကို ပြန်လည် သိမ်းယူလိုပါက ရာစုနှစ်အနည်းငယ်မှာလည်း လုံလောက်မည်မဟုတ်တော့ပေ။

ထို့ကြောင့်--

ကျန်းချန်ရွှမ်သည် ရုတ်တရက် သူ၏ခုံပေါ်မှ ထရပ်လိုက်သည်။

သူ၏ဘေးရှိ ရှန်းရူယန်သည် ချက်ချင်းနားလည်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။

“ယောက်ျား ရှင်...?”

***

All Chapters