သေခြင်းတရားကိုရှာဖွေတဲ့ အမြင့်လောက
Vol. 87 Ch. 1216
“ယူယူ အပြင်လူတွေပဲ” ဖန်ခိုင်နှင့် တိုက်ခိုက်နေသောလူကို ရှောင်ချီ တွေ့လိုက်သည်။
ရှီမာယူယူသည် အကြည့်ကို အပေါ်မှ အောက်ကိုရွှေ့လိုက်သည်။ ဘဝင်မြင့်သောအကြည့်ဖြင့် ကြည့်နေသော လူများကိုမြင်လိုက်သောအခါ သူမ အေးစက်စွာနှာမှုတ်လိုက်သည်။ “ငါတို့လုခဲ့တဲ့လူတွေက အခု အကူအညီတွေ့သွားပြီပဲ”
“အခု အကူအညီတွေ့သွားတော့ သူတို့ချေတာကို ခံစားမိလား” ရှောင်ချီသည် အင်္ကျီလက်ကို ပင့်တင်လေသည်။ သူမသည် ရှီမာယူယူ ဘေး သို့ပြေးလာသည်။
ထိုလူများသည် ရှောင်ချီ၏ လူရိုက်သည့်အရည်အချင်းကို မှတ်မိသေး သည်။ ထို့ကြောင့် ရှောင်ချီပြေးလာချိန်တွင် ထိုလူစုသည် မသိမသာဖြင့် ခေါင်းပုဝင်သွားကြလေသည်။
“ကြည့်ရတာ မှတ်ဉာဏ်မကောင်းကြဘူးထင်တယ်” ရှောင်ချီသည် သူတို့ကို ရိုက်ချင်သည့် အကြည့်ဖြင့် ကြည့်လေသည်။ သို့သော် ရှီမာယူယူ သူမကို တားလိုက်သည်။
“အခုက တိုက်ခိုက်ရမဲ့အချိန်မဟုတ်ဘူး ပြဿနာမရှာနဲ့ ဒီကိစ္စပြီးမှ ဆက်ပြောကြမယ်” သူမသည် လက်တစ်ဖက် ရှောင်ချီ၏ လက်ကိုကိုင်ထား ပြီး နောက်တစ်ဖက်ဖြင့် လည်ပင်းကိုသိုင်းဖက်ထားသည်။
ရှောင်ချီသည် ရုန်းမထွက်ရဲသဖြင့် နှုတ်ခမ်းဆူကာ လက်လျော့လိုက်ရ သည်။
ရှောင်ချီ၏ ချစ်စရာကောင်းသောပုံစံကို အသည်းကွဲတောင်ကြားမှ လူများ မြင်သောအခါ ရယ်မိကြလေသည်။
တိုက်ခိုက်ချင်စိတ်ပြင်းပြသည့် ဝိညာဉ်သားရဲမှာ ရှားပါးသည်။ သူတို့၏ အသွင်အပြင်နှင့် အကျင့်စရိုက်များသည် ပြောင်းပြန်အချိုးကျသည်။ သူမ မလှုပ်ရှားလျှင် သူတို့မပြောနိုင်ပေ။
“ဘုန်း…”
ပြင်းထန်စွာတိုက်မိပြီးနောက် ရှီမန်ဖန်နှင့် သူ၏ပြိုင်ဘက်သည် နောက် ပြန်အကြိမ်အနည်းငယ် လည်သွားပြီးနောက် လေထဲတွင် ရပ်သွားလေသည်။
“ပြိုင်ဘက်ရဲ့ နယ်ပယ်က မင်းမောင်နဲ့အတူတူလောက်ပေမဲ့ တိုက်ခိုက်မှုစွမ်းရည်ကျနိမ့်တယ်” ဝူလင်းယူသည် ရှီမာယူယူဘေးသို့လာ ရပ်ရင်းနှင့် မှတ်ချက်ပေးလေသည်။
“လူကတော့ လူချောလေးပဲ” ရှီမာယူယူသည် တစ်ဖက်လူ၏ ရုပ်ရည် ကိုမြင်သောအခါ သက်ပြင်းချမိသည်။
“အပြင်ပန်းပဲရှိတာပါကွာ ဘာများကြည့်ကောင်းလို့လဲ” ဝူလင်းယူ၏ မျက်နှာမှာ မည်းနက်နေလေပြီ။
ထိုလူသည် သူ၏ တိုက်ပွဲစွမ်းရည်ကို အံ့သြကာ ရှီမန်ဖန်အား ကြည့်လိုက်သည်။
သူတို့က သေချာပေါက်အဆင့်တူနေတာကို သူ့ထက် တိုက်ခိုက်မှု စွမ်းရည်ကျမြင့်နေတယ်။
“မင်း တော်သားပဲ” သူသည် စိတ်ထဲမှ အမှန်တကယ်ပင် လေးစားမှုကို ပြသလိုက်သည် “မင်းတို့ တိုင်းပြည်က ငါတွေ့ခဲ့တဲ့လူတွေထက် သာတယ်”
“မင်းရောပဲ” ရှီမန်ဖန် ပြန်ဖြေလိုက်သည်။
သူသည် တစ်ဖက်လူ၏ တိုက်ခိုက်ရာတွင် ညင်သာသည်ကို မြင်နိုင် သည်။ အကယ်၍ ယခုလိုတွေ့ဆုံခြင်းမဟုတ်ပါက သူတို့သည် သူငယ်ချင်း ဖြစ်နိုင်သည်။
အဖြူဝတ်လူအိုကြီးနှစ်ယောက် ပေါ်လာသည်။ သူတို့သည် ရှီမန်ဖန်နှင့် ထိုလူကို ပြောလေသည် “မင်းရောပဲ ပြိုင်ပွဲကစတော့မယ် ဘယ်လို နစ်နာ တာတွေပဲရှိခဲ့ ရှိခဲ့ ပြိုင်ပွဲပြီးတဲ့အထိစောင့်လိုက်”
ထိုလူအိုကြီးနှစ်ယောက်သည် ဖန်ချီတိုင်းပြည်တွင် ရာထူးမြင့်သည်နှင့် တူသည်။ သူတို့ပြောသည်နှင့် တစ်ဖက်မှ အော်နေသူသည် ငြိမ်ကျသွားလေ သည်။
“ဖန်အာ” ရှီမာယူယူသည် တိုးညင်းစွာခေါ်ပြီး သူ့ကို တိုက်ခိုက်မှုရပ်ခိုင်း လိုက်သည်။
ရှီမန်ဖန် ခေါင်းညိတ်လိုက်သည်။ သူသည် သူမဘေးသို့ပြန်လာသည်။
“စခန်းချဖို့ နေရာတစ်နေရာသွားရှာရအောင်” ရှီမာယူယူ အကြံပေး လိုက်သည်။
ပြိုင်ပွဲသည် ရက်ပေါင်းများစွာကျင်းပမည်ဖြစ်သဖြင့် စခန်းချရန် နေရာ ရှာလိုက်ခြင်းက ပိုကောင်းမည်။
“ကောင်းပြီလေ” ရှီမန်ဖန် ပြန်ဖြေလေသည်။
“ယွိဝမ်ရှီ” ထိုအမျိုးသားသည် အစမရှိအဆုံးမရှိပြောလေသည်။
ရှီမန်ဖန်သည် သူ့ရည်ရွယ်ချက်ကို နားလည်သည်။ သူခြေလှမ်းရပ်ပြီး လှည့်လိုက်သည်။ “ရှီမန်ဖန်”
“ရှီမန်ဖန် မှတ်ထားပါမယ်” ယွိဝမ်ရှီ ပြန်ဖြေလေသည်။
“ငါလည်း မှတ်ထားပါမယ်” ရှီမန်ဖန် အဆုံးသတ်လိုက်သည်။ သူ လှည့်ထွက်သွားရာ အသည်းကွဲတောင်ကြားမှလူများ လိုက်လာကြသည်။
ဖန်ချီတိုင်းပြည်မှလူများ ရောက်လာကြသည်။ “သခင်လေး ယွိဝမ် အဲတိုင်းပြည်ကလူတွေကို ဘာလို့နာမည်ပြောပြလိုက်တာလဲ”
ယွိဝမ်ရှီသည် ထိုလူကိုကြည့်လိုက်သည်။ သူဘာမှမပြောဘဲ လှည့်ထွက်သွားလေသည်။
ထိုတိုက်ပွဲသည် တစ်ခဏမျှသာဖြစ်သည်။ ဂယက်ထမသွားစေပေ။ ရှီမာယူယူတို့အဖွဲ့မှ လုယက်လိုက်သောသူများသည် သူတို့ကိုမြင်သောအခါ ဒေါသထွက်ကြသည်။ သို့သော် သူတို့သည် လက်စားမချေရဲပေ။ ကြည့်ရုံသာ ကြည့်ရဲကြလေသည်။
ရှီမာယူယူနှင့် အသည်းကွဲတောင်ကြားမှလူများအတွက် ထိုအဆင့် လောက်သည် အသုံးမဝင်သည်မှာတော့ နှမြောဖွယ်ကောင်းလှသည်။ သူတို့သည် ကွင်းပတ်ပတ်လည်ကို နေ့စဉ်ပတ်လျှောက်နေကြဆဲဖြစ်ကာ ထိုလူများသည် ဘာမှမတတ်နိုင်ကြပေ။
နောက်နေ့ နေ့လည် ပြိုင်ပွဲစတင်ချိန်တွင် လူရှာသွားသောလူများ ဘယ်သူမှ ပြန်ရောက်မလာကြပေ။ နှစ်ဖက်ကြားမှ ပြိုင်ပွဲသည် တရားဝင် စတင်လေပြီ။
“စံအိမ်တော်ခွဲသခင်ထန်း အချိန်ကုန်သက်သာပြီး ပြိုင်ပွဲမျှတဖို့အတွက် ရိုးရိုးရှင်းရှင်းပဲလုပ်သင့်တယ် အမျိုးအစားတစ်ခုစီရဲ့ အငယ်ဆုံးကျွမ်းကျင်သူ တွေကို အရင်ပြိုင်ခိုင်းရင်ဘယ်လိုလဲ”
ရှေးဟောင်းကမ္ဘာဦးနယ်မြေမှ လူများသည် ထိုစကားကိုကြားသောအခါ ကောက်ကျစ်မှုအတွက် ကြိမ်းမောင်းချင်ကြသည်။ သူတို့သည် အမှန်တကယ် ပင် ဤအချိန်ကို အခွင့်ကောင်းယူခဲ့ကြသည်။
အားချင်းယှဉ်လျှင် ဖန်ချီတိုင်းပြည်မှလူများသည် ကမ္ဘာဦးနယ်မြေမှလူ များထက် ငယ်ရွယ်ကြသည်။ သူတို့အဆိုအရ ဒါ သေချာပေါက်နိုင်မှာမဟုတ် ဘူးလား။
တစ်ဖက်တွင် ရှီမာယူယူသည် ပျော်နေသည်။ အသက်အရွယ်နဲ့ ပြိုင် မယ်ဟုတ်လား။ ထာဝရရှင်သန်သူနယ်မြေတစ်ခုလုံးမှာ ဘယ်သူကများ ရှီမာယူယူထက် ငယ်မှာလဲ။ တစ်ဖက်လူက အဲလိုတောင်းဆိုမှုလုပ်တာ သူတို့ သေတွင်းသူတို့တူးတာမဟုတ်ဘူးလား။
ရှီမာယူယူ သူတို့တောင်းဆိုချက်ကို ကြားသောအခါ မှင်တက်သွားလေ သည်။ သူတို့က ဦးနှောက်ရောရှိသေးရဲ့လား။
တစ်ဖက်အဖွဲ့သည် ကမ္ဘာဦးနယ်မြေမှလူများ၏ မျက်နှာများကိုမြင် လိုက်သောအခါ အနည်းငယ်ထူးဆန်းသွားလေသည်။ သူတို့ထင်သွားသည် မှာ ထိုလူများသည် အနိုင်ရမည်မသေချာသောကြောင့် တွေဝေနေကြသည် ဟူ၍ပင်။
“စံအိမ်တော်သခင်ချန်း သေချာရဲ့လား” ထန်းယွမ် မေးလိုက်သည်။
“ဒါ ကျုပ်တို့ဆွေးနွေးမှုရလဒ်ပါပဲ” စံအိမ်တော်သခင်ချန်း ပြောလိုက် သည်။ “ထာဝရရှင်သန်သူနယ်မြေက အချိန်ကရှေးကျတယ် မင်းတို့လူတွေ အတွက် ကျုပ်တို့တစ်လစောင့်ပြီးပြီ ပြိုင်ပွဲကိုနောက်မှလုပ်ရမယ်ဆိုရင် ဘယ်အချိန် အခွင့်အလမ်းတွေရှာတော့မလဲ”
“ဟင်း…” ထန်းယွင်နှင့် လျူဟိုင်တို့ နှစ်ယောက်လုံး ရှက်သွားကြသည်။
“ဒီပြိုင်ပွဲမှာ တကယ်ပဲအချိန်ဖြုန်းချင်တာလား” စံအိမ်တော်သခင်ချန်း သည် သူတို့ကို ကျူးကျော်သည့်အကြည့်ဖြင့်ကြည့်လေသည် “အချိန်ရှိပါသေး တယ် အဲလောက်အားထုတ်ဖို့မလိုပါဘူး”
“ကျုပ်တို့က အဲလိုဆိုလိုတာမဟုတ်ဘူး” ထန်းယွမ် ရှင်းပြလေသည် “ဒီပြိုင်ပွဲကို ကျုပ်တို့ဘက်က အငယ်ဆုံးကိုလွှတ်ရမယ်ဆိုတော့ အရမ်း ကတိုက်ကရိုက်မဖြစ်လွန်းဘူးလား၊ အဲဒါကိုသူတို့က ထည့်မတွက်ဘဲ ရလဒ် ကို အသိအမှတ်မပြုဘူးဆိုရင် ဘယ်လိုလုပ်မလဲ”
ရှီမာယူယူသည် မျက်လွှာချထားသည်။ သူမ မျက်လုံးများသည် အပြုံး များကို ဖုံးကွယ်ထားသည်။ ထန်းယွမ် စီမံချက်ဆွဲထားလိမ့်မည်ဟု သူမ မထင် ထားမိပေ။ သူက တစ်ဖက်လူကို ရစ်ရင်းနဲ့ အချိန်စောင့်ချင်နေတာပဲ။
“သူတို့က ဘာလို့လက်မခံရမှာလဲ၊ အကုန်လုံးရှိနေတာကို ဘယ်လိုလုပ် စည်းဖောက်လို့ရမလဲ” စံအိမ်တော်သခင်ချန်း ရှင်းပြလေသည်။
“သူတို့က အဲလိုလုပ်ချင်ရဲ့လား” လျူဟိုင် မေးလိုက်သည်။
“အင်း” စံအိမ်တော်သခင်ချန်း အသေအချာပြောလိုက်သည် “ကြည့်ရ အောင် ကျုပ်တို့ အငယ်ဆုံးကျွမ်းကျင်သူက အသက် ၁၀၀မပြည့်သေးဘူး ခင်ဗျားတို့မှာ အသက် ၁၀၀အောက်မရှိရင် အဲထက်ကြီးတဲ့သူဆိုလည်း လက်ခံနိုင်ပါတယ် အခြေအနေတစ်ခုတော့ရှိတယ် အငယ်ဆုံးကိုပဲ လွှတ်ပေး ရမယ်”
ဖန်ချီတိုင်းပြည်မှ ခေါင်းဆောင်များသည် ထန်းယွမ်တို့အဖွဲ့ ရှက်သွား သည်ကို မြင်သောအခါ ဂုဏ်ယူကြလေသည်။ တစ်ဖက်အဖွဲ့မှ အငယ်ဆုံး ကျွမ်းကျင်သူသည် သူတို့လူထက် အဆင့်မမြင့်သည်ကို လွန်ခဲ့သည့်ရက်ပိုင်း ကသိခဲ့ကြသည်။ ငယ်သည့်သူကိုရှာတွေ့လျှင်တောင် အားနှင့် အရည်အချင်း က သူတို့လူထက် မမြင့်နိုင်ပေ။
ထို့ကြောင့် ဤပြိုင်ပွဲတွင် သူတို့နိုင်မည်မှာ သေချာပြီး မရှုံးနိုင်ပေ။
“ကောင်းပြီလေ အဲလိုပြောမှတော့ လုပ်ကြတာပေါ့” ထန်းယွမ် သဘော တူလိုက်သည်။ “နှစ်ဖက်လုံးက ပြိုင်ပွဲအတွက် အငယ်ဆုံးလူကိုလွှတ်ရမယ် နိုင်နိုင်ရှုံးရှုံး ပြိုင်ပွဲရဲ့ ရလဒ်ကို ငြင်းဆန်ခွင့်မရှိဘူး”
“ကောင်းပြီ အငယ်ဆုံးကျွမ်းကျင်သူ ထွက်ခဲ့လိုက်တော့” စံအိမ်တော် သခင်ချိန်း အော်လေသည်။
ဖန်ချီတိုင်းပြည်မှ လူငါးယောက်ထွက်လာပြီး တစ်ယောက်ချင်းစီသည် ဘဝင်မြင့်သည့်ပုံရှိနေကြသည်။
ရှေးဟောင်းကမ္ဘာဦးနယ်မြေမှ ရှီမာယူယူနှင့် နောက်မိန်းကလေးတစ် ယောက်ထွက်လာလေသည်…
***