← Chapters

တစ်ခေါက်တည်းနှင့် နတ်ဆိုးဘုရင် အကောင်၂၀ကို ခေါင်းဖြတ်ကွပ်မျက်ခြင်း(၂)

Vol. 23 Ch. 456

တစ်ခေါက်တည်းနှင့် နတ်ဆိုးဘုရင် အကောင်၂၀ကို ခေါင်းဖြတ်ကွပ်မျက်ခြင်း(၂)

Vol. 23 Ch. 456

သူမသည် တစ်စုံတစ်ခုပြောချင်နေသော်လည်း စကားရှာမရပေ။

သို့သော်လည်း အဆုံးတွင် သူမသည် ခိုင်မာစွာပြောလိုက်သည်။

“အဲ့ဒီလိုအခြေအနေဖြစ်လာရင် ကျွန်မနောက်တန်းမှာနေပြီး ရှင်နဲ့တောင့်ခံမယ် စီနီယာ”

“မရဘူး!”

မည်သို့ပင်ဖြစ်စေ ခွန်ရှုသည် သူ၏ခေါင်းကို ပြင်းပြင်းထန်ထန်ခါလိုက်သည်။

“ငါတို့ရဲ့လက်ရှိစွမ်းအားကတောင်မလုံလောက်တာ။ ငါတို့ ရွှေအမြုတေအဆင့်က ဘယ်ကျင့်ကြံသူကိုမှ အဆုံးရှုံးမခံနိုင်ဘူး။ ငါတို့အတူတူ လွတ်မြောက်ဖို့ကြိုးစားမယ်ဆိုလို့ရှိရင် အဲ့ဒီနတ်ဆိုးဘုရင်တွေကို အမှီလိုက်ပြီးတစ်ပန်းသာနိုင်မယ့် အခွင့်အရေးရှိမှာ မဟုတ်တော့ဘူး။

ဒါကြောင့် ဒီအချိန်မှာ လက်လွတ်စပယ် မပြုမူနဲ့။ အစီအရင်ပျက်စီးသွားတာနဲ့ မင်းအသက်အတွက် ချက်ချင်းပြေးပေတော့”

ထိုအခြေအနေတွင် ခွန်ရှု၏လေသံမှာ အနည်းငယ်တည်ငြိမ်လေးက်နေပြီဖြစ်သည်။

“မင်းစိတ်မလုံဘူးဆိုရင် အနာဂတ်မှာအခွင့်အရေးရှိလာတဲ့အခါ ငါနဲ့ နတ်ဆိုးသားရဲတွေရဲ့လက်အောက်မှာ သေဆုံးခဲ့ရတဲ့ မရေမတွက်နိုင်တဲ့လူတွေအတွက် လက်စားချေတဲ့အနေနဲ့ နတ်ဆိုးသားရဲတွေကို ပိုသတ်ပစ်လိုက်”

ဂျိန်း--

သူစကားပြော၍ပြီးသွားသည်နှင့် ငွေရောင်မြစ်မြို့တော်တစ်ခုလုံး၏ မြေပြင်မှာ ရုတ်တရက် ကြမ်းတမ်းစွာ လှုပ်ခါသွားသည်။

ထို့နောက်တွင် လူတိုင်းသည် “ခ-ခ-ခ” ဟူသည့် ရုတ်တရက် စူးရှသောအသံများကို တစပ်ကြားလိုက်ရသည်။

သာမန်မျက်စိနှင့်ပင် ငွေရောင်မြစ်မြို့တော်အထက်ရှိ ကောင်းကင်တွင် အကာအကွယ်အစီအရင်သည် သိပ်သည်းသော အက်ကြောင်းများဖြင့် ဖုံးလွှမ်းသွားသည်ကို မြင်နိုင်သည်။

မြို့အပြင်ဘက်မှ နတ်ဆိုးဘုရင်ငါးကောင်၏ ထပ်မံပေါ်ပေါက်လာသော တိုက်ခိုက်မှုများဖြင့် ငွေရောင်မြစ်မြို့တော်အထက်ရှိ အကာအကွယ်အစီအရင်သည် ဆက်လက်ထိန်းမထားနိုင်တော့ပေ။

ကျယ်လောင်သောမြည်သံတစ်ခုဖြင့် အကာအကွယ်အစီအရင်တစ်ခုလုံးသည် ကြေမွနေသောအလင်းစက်များသို့ ချက်ချင်းပြောင်းလဲသွားကာ အထက်ကောင်းကင်တွင် ပျောက်ကွယ်သွားသည်။

၎င်းကိုမြင်ကာ မြို့ထဲရှိ လူတိုင်း၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ‌ ပေါ်ပေါက်လာသည်။

ခွန်ရှုသည် သူ၏ဘေးရှိ ဟွားမန်ရုံကို ကျယ်လောင်စွာအော်ပြောလိုက်သည်။

“ပြေးတော့!”

၎င်းကိုပြောပြီးသောအခါ သူသည် နတ်ဆိုးဘုရင်ငါးကောင်ကိုရင်ဆိုင်ရန် ပဏာမခြေလှမ်းစလိုက်သည်။

ဟွားမန်ရုံသည် သွားများကို အံကြိတ်လိုက်သည်။

သူမသည် လှည့်ထွက်ပြီး ထွက်သွားတော့မည်အပြုတွင် ဝင်းလက်တောက်ပသည့်အလင်းနှစ်ခုသည် ရုတ်တရက် အဝေးကောင်းကင်မှ ဖြတ်ပြေးသွားကြသည်။

ထိုအလင်းတန်းနှစ်ခုကိုမြင်ကာ ထွက်ပြေးတော့မည့် ဟွားမန်ရုံသည် ချက်ချင်း အံ့အားသင့်သွားခဲ့သည်။

သို့သော်လည်း မကြာမီပင် အံ့ဩသောအကြည့်တစ်ခု သူမ၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။

“ပူးပေါင်းမှုခေါင်းဆောင်ကျန်းနဲ့ နတ်သမီးရှန်းပဲ”

“ဟမ်...?”

ဟွားမန်ရုံ၏စကားများကိုကြားကာ နတ်ဆိုးဘုရင်ငါးကောင်ကို တိုက်ခိုက်တော့မည့် ခွန်ရှုသည် ထိန်းချုပ်၍မရဘဲ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

တစ်ချိန်တည်း၌ပင်

အလင်းတန်းနှစ်ခုသည် ခွန်ရှု၏ရှေ့သို့ ဆင်းသက်လာသည်။

ဝှစ်--

လေဟာနယ်ထဲတွင် အလွန်အမင်းတောက်ပသော ဓားအလင်းနှစ်ခုသည် ရုတ်တရက် လျှပ်တစ်ပြက် ဝင်ရောက်သွားသည်။

နတ်ဆိုးဘုရင်ငါးကောင်သည် အလွန်အမင်း အံ့အားသင့်သွားသည်။

သူတို့ထဲမှနှစ်ကောင်၏ ခေါင်းများသည် ဓားအလင်းနှစ်ခုထံမှ ချက်ချင်း ခေါင်းဖြတ်ခံလိုက်ရသည်။

ထို့နောက် ထိုဓားအလင်းနှစ်ခုသည် လေထဲသို့ လှည့်သွားလိုက်သည်။

ရွှက်!

အခြားနတ်ဆိုးဘုရင်နှစ်ကောင်၏ ခန္ဓာကိုယ်များမှာလည်း တိုက်ရိုက်နှစ်ခြမ်းခွဲခံလိုက်ရကာ ချက်ချင်း လဲကျသွားသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

ကျန်ရှိနေသော နတ်ဆိုးဘုရင်၏မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

သူတို့သည် ငွေရောင်မြစ်မြို့တော်တစ်ခုလုံးရှိ လူသားအားလုံးကို လုံးဝအမြစ်ဖြုတ်နိုင်တော့မည့် အချိန်တွင် ရန်သူနှစ်ယောက်က ရုတ်တရက်ရောက်ရှိလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိပေ။

သူတို့ရောက်ရှိလာသည်နှင့် သူ၏အဖော်လေးယောက်ကို တစ်ပြိုင်တည်း သတ်ပစ်လိုက်သည်။

ထို့ပြင် ထိုအဖော်လေးယောက်မှာလည်း သူကဲ့သို့ပင် စတုတ္ထအဆင့်နတ်ဆိုးဘုရင်များ ဖြစ်ကြသည်။

လူသားမျိုးနွယ်အနေနှင့်ပြောရလျှင် ရွှေအမြုတေအဆင့်ကျင့်ကြံသူတို့နှင့် နှိုင်းယှဉ်၍ရသော တည်ရှိမှုမျိုးဖြစ်သည်။

သူတို့သည် သာမန်အဆင့်များ မဟုတ်ကြပေ။

ထို့ပြင်ရလဒ်မှာ ထိုသူနှစ်ယောက်၏ ဓားချက်အောက်တွင် ဤနတ်ဆိုးဘုရင်လေးကောင်သည် အခြားသာမန်နတ်ဆိုးသားရဲများကဲ့သို့ပင် လုံးဝခုခံနိုင်စွမ်းအားကင်းမဲ့ကာ ရက်ရက်စက်စက် အသတ်ခံလိုက်ရသည်။

ဒီနှစ်ယောက်၏ စွမ်းအားက ဘယ်လောက်တောငိ ကြောက်ဖို့ကောင်းတာလဲ?

ကျန်ရှိနေသောနတ်ဆိုးဘုရင်၏ မျက်လုံးများသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

သို့သော်လည်းထို့နောက်တွင် ထိုနှစ်ယောက်ထဲရှိတစ်ယောက်က သူ့လက်ထဲမှဓားကို ထပ်မံဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏အမြင်အာရုံအကုန်လုံးတွင် မရေတွက်နိုင်သော တောက်ပသည့်ဓားအလင်းတို့ဖြင့် ပြည့်နှက်သွားသည်။

ထို့နောက် ဗလာနတ္ထိဖြစ်နေသည်။

၎င်း၏နောက်ဆုံးအတွေးမှာ ဒီပုဂ္ဂိုလ်က လူသားမျိုးနွယ်၏ အခြေတည်ဝိညာဉ်အဆင့် ဟုတ်မဟုတ်ပင် ဖြစ်သည်။

စတုတ္ထအဆင့်နတ်ဆိုးဘုရင်လေးကောင်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံမှ အသတ်ခံလိုက်ရသည်ကို မြင်ပြီးနောက် ခွန်ရှုနှင့် ဟွားမန်ရုံတို့သည် အချိန်တစ်ခုထိ အံ့အားသင့်နေခဲ့ကြသည်။

ထို့ပြင် သူတု့တစ်ယောက်မှ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ တိုက်ခိုက်မှုများမှာ အလွန်ထက်မြက်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။

“ဘယ်လိုလဲ? မင်းတို့နှစ်ယောက်လုံးအဆင်ပြေရဲ့လား?”

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ခွန်ရှုနှင့် ဟွားမန်ရုံတို့ဘက်သို့ လှည့်လိုက်သည်။

“ခုအချိန်မှာ ငါတို့လူသားမျိုးနွယ်ရဲ့အခြေအနေက အရေးကြီးနေတယ် ဒါကြောင့် ငါတို့သိပ်ကြာကြာ မနေတော့ဘူး။ အကာအကွယ်အစီအရင်ကို ပြန်လည်ပြုပြင်ဖို့ ဒီအရေးသာမှုကိုယူလိုက်”

စကားပြောနေစဉ်တွင်ပင် သူနှင့် ရှန်းရူယန်တို့သည် ဓားအလင်းအနည်းငယ်ကို ထုတ်လွှတ်ပြီးဖြစ်ကာ နတ်ဆိုးသားရဲအုပ်အပေါ်သို့ တိုက်ချပြီးဖြစ်သည်။

ချက်ချင်းပင် မူလကသိပ်သည်းကျစ်လစ်နေသော နတ်ဆိုးသားရဲအုပ်မှာ တစ်ဝက်ကျော်ကျော် ပျောက်ကွယ်သွားသည်။

မသေဘဲအလွန်ကံကောင်းကျန်ခဲ့ကြသော ကျန်အကောင်များမှာလည်း တောင့်တောင့်ကြီးရပ်နေမိကာ သူတို့၏ခန္ဓာကိုယ်များမှာ မာထန်နေပြီး မျက်လုံးများမှာ အသက်ကင်းမဲ့လျက် လုံးဝကြောက်ရွံ့နေကြသည်မှာ သိသိသာသာပင်ဖြစ်သည်။

၎င်းကိုမြင်ကာ ခွန်ရှုနှင့် ဟွားမန်ရုံတို့ အသိစိတ်ပြန်ကပ်လာကြသည်။

သူတို့သည် အကာအကွယ်အစီအရင်ကိုပြုပြင်ခြင်းစတင်ရန် ချက်ချင်းလက်ဦးမှုယူလိုက်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ပြောခဲ့သလိုပင် ဤနေရာတွင် ကြာကြာဆက်မနေတော့ပေ။

သူတို့သည် လူအုပ်ကို အကာအကွယ်အစီအရင်ကို ပြုပြင်ရန် အမိန့်ပေးပြီးနောက် အဝေးသို့နောက်တစ်ကြိမ် ပြန်ထွက်သွားကာ ကောင်းကင်တွင် ပျောက်ကွယ်သွားသည်။

ထိုစုံတွဲ၏ပုံရိပ်များ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ခွန်ရှုနှင့် ဟွားမန်ရုံတို့၏ အမူအယာများ ပြန်လည်လေးနက်လာကြသည်။

“ပူးပေါင်းမှုခေါင်းဆောင်နဲ့ သူ့ရဲ့အမျိုးသမီးက အခြေအနေကို သူတို့ရဲ့ ကိုယ်ပိုင်အင်အားနဲ့ ပြောင်းပြန်လှန်ပစ်ချင်နေတာပဲ”

ခွန်ရှုက ရုတ်တရတ် ပြောလိုက်သည်။

ဟွားမန်ရုံလည်း သဘောပေါက်မိသွားကာ မည်သို့မျှမတတ်နိုင်သော်လည်း သူမ၏စိုးရိမ်မှုကို ဖော်ပြလိုက်သည်။

“စီနီယာခွန်ရှု ရှင်လည်း ပူးပေါင်းမှုခေါင်းဆောင်နဲ့ သူ့အမျိုးသမီးက ဒါကိုလုပ်နိုင်မယ်လို့ထင်လား?”

“ငါမသိဘူး”

မည်သို့ပင်ဖြစ်စေ ခွန်ရှုက ခေါင်းခါလိုက်သည်။

“ငါသိတာတော့ ပူးပေါင်းမှုခေါင်းဆောင်နဲ့ သူ့အမျိုးသမီးက ဒီလိုပဲ နတ်ဆိုးဘုရင်တွေကို ဆက်လက်သတ်ဖြတ်နေမယ်ဆိုရင် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်တွေက တိုက်ပွဲထဲကို ပိုပြီးတော့စောစောဝင်ရောက်လာနိုင်ချေရှိတယ်ဆိုတာပဲ”

ဟွားမန်ရုံသည် ပထမတွင် အံ့အားသင့်သွားသော်လည်း ထို့နောက်တွင် ပြန်လည်တုံ့ပြန်လိုက်ကာ သူမ၏ စိုးရိမ်မှုမှာလည်း အလွန်ကြီးမားလာသည်။

“ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်တွေသာ တကယ်ပဲ စောစောဝင်လာလို့ရှိရင် ကျွန်မတို့ဘာလုပ်သင့်လဲ? ပူးပေါင်းမှုခေါင်းဆောင်နဲ့ တခြားသူတွေကော တစ်ခုခု ဖြစ်သွားမှာလား?”

ခွန်ရှုသည် သူမကိုကြည့်ရန် လှည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။

“မင်းကတကယ် သူတို့ကို စိုးရိမ်နေတာလား? ဒါမှမဟုတ် ပူးပေါင်းမှုခေါင်းဆောင်အတွက် အရမ်းစိုးရိမ်နေတာလား?”

ဤစကားလုံးများသည် ဟွားမန်ရုံ၏ လှပသော မျက်နှာကို ချက်ချင်း ရှက်သွေးဖြာစေခဲ့သည်။

ထို့နောက် သူမက မျက်လွှာချလိုက်သည်။

“စီနီယာ ခွန်ရှု ရှင်ဘာပြောနေမှန်း ကျွန်မနားမလည်ဘူး။ သူတို့အတွက် ဂရုစိုက်တာ ပုံမှန်ပဲမဟုတ်ဘူးလား?”

“ဟားဟား”

တာအိုဝါဒီခွန်ရှုက ရယ်မောလိုက်သည်။

သူသည် အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်သည်။

“သူတို့ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ဒါကပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်ကို သေချာပေါက် ဆွဲဆောင်မိလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ သူတို့ကလည်း ဒါကိုပဲလိုချင်တာဖြစ်မှာပေါ့”

“ဟင် စီနီယာခွန်ရှု၊ ရှင်ဆိုလိုချင်တာက...?”

“ဖြစ်နိုင်တာပါ ငါခန့်မှန်းကြည့်ရသလောက်လေ”

ခွန်ရှုက သူ၏ခေါင်းကို ခါလိုက်သည်။

ထိုအချိန်တွင် သူသည် စကားပြောရပ်လိုက်ကာ အဝေးကောင်းကင်ကို ကြည့်လိုက်သည်။

….

ရက်အနည်းငယ်ကြာပြီးနောက်

ယွင်နိုင်ငံ၏ အနန္တလေသစ်တောရှိ စတုတ္ထအဆင့်နတ်ဆိုးဘုရင်လေးကောင်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံမှ အသတ်ခံလိုက်ရသည်။

ထို့နောက်တွင် ကောင်းကင်တောင်အပြင်ဘက်ရှိ စတုတ္ထအဆင့်နတ်ဆိုးဘုရင်ခြောက်ကောင်မှာလည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံမှ အသတ်ခံလိုက်ရပြန်သည်။

ငွေရောင်မြစ်မြို့တော်မှအကောင်များအပါအဝင် ဆယ်ရက်အတွင်းတွင် စတုတ္ထအဆင့်နတ်ဆိုးဘုရင်ဆယ့်ငါးကောင်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ လက်ထဲတွင် သေဆုံးခဲ့သည်။

၎င်းသည် နတ်ဆိုးသားရဲများအတွက် ပျက်စီးဆုံးရှုံးမှုပင် ဖြစ်သည်။

ထို့ပြင် ၎င်းမှာ အဆုံးသတ်မဟုတ်သေးပေ။

နှစ်ရက်ကြာပြီးနောက် …

ယွင်နိုင်ငံ၏ မြောက်ဘက်အကျဆုံးနယ်မြေတွင် နောက်ထပ်စတုတ္ထအဆင့်နတ်ဆိုးဘုရင်ငါးကောင်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ လက်ထဲတွင် ကျဆုံးခဲ့သည်။

သို့နှင့် စုစုပေါင်းအရေအတွက်သည် နှစ်ဆယ်သို့ရောက်ရှိသွားကာ မိစ္တာအင်အားစု၏အရင်းမြစ်ကို သိသိသာသာ သက်ရောက်လျက်ရှိသည်။

….

ထိုအချိန်တွင်

အီသာတောင်နှင့် တစ်သောင်းကီလိုမီတာအဝေးတွင်…

ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်၊ အနက်ရောင်လေသည် တစ်သောင်းကီလိုမီတာအဝေးမှ အီသာတောင်ကိုတည်ငြိမ်လေးနက်သော အမူအယာတစ်ခုဖြင့် ကြည့်နေသည်။

သူ၏ဘေးတွင် စတုတ္ထအဆင့်နတ်ဆိုးဘုရင်များ ရှိသည်။

ထိုအချိန်တွင် သူသည် သတင်းများကို လက်ခံရရှိထားပြီးဖြစ်ကာ လွန်ခဲ့သည့်ဆယ်ရက်အတွင်းတွင် နတ်ဆိုးဘုရင်အကောင်နှစ်ဆယ်သေဆုံးခဲ့ကြောင်း သိရှိနေခဲ့သည်။

၎င်းသည် သူ၏နှလုံးသားကို ဒေါသတို့ဖြင့် ပြည့်နှက်စေခဲ့သည်။

အီသာတောင်ကိုကြည့်နေရင်း အမှားအယွင်းမခံနိုင်ဘဲအေးစက်သော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်တစ်ခုကို ၎င်း၏မျက်လုံးမှ ပြသနေသည်။

“ကျန်းချန်ရွှမ် ရှန်းရူယန်၊ မင်းတို့ကတကယ်ပဲသေဖို့ထိုက်တန်တယ်”

***

စာစဉ် ၂၃ ပြီးပါပြီ။

All Chapters