← Chapters

ပထမဆုံးအနေဖြင့်စိတ်ဝင်စားမှုအချို့စုဆောင်းခြင်း၊ ကြောက်ရွံ့နေသောအနက်ရောင်လေ(၂)

Vol. 24 Ch. 458

ပထမဆုံးအနေဖြင့်စိတ်ဝင်စားမှုအချို့စုဆောင်းခြင်း၊ ကြောက်ရွံ့နေသောအနက်ရောင်လေ(၂)

Vol. 24 Ch. 458

မိစ္ဆာအုပ်စုများအတွက် ၎င်းမှာ သံသယမရှိဖွယ်ပင် အကြီးမားဆုံးစော်ကားမှု ဖြစ်သည်။

အနက်ရောင်လေ၏ဒေါသများမှာ အသေအချာပင် လိမ့်တက်လာသည်။

သူ၏ဝံပုလွေကဲ့သို့မျက်လုံးများတွင် ကြောက်မက်ဖွယ်အကြည့်တစ်ခု ဖြတ်ပြေးသွားသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဧရာမအနက်ရောင်တောင်တစ်လုံး၏ အရွယ်အစားကဲ့သို့ ရုတ်တရက် ကြီးမားကျယ်ပြန့်လာသည်။

လျင်မြန်သွက်လက်မှုများမပါဘဲ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများသာ ဖြစ်သည်။

အနက်ရောင်လေသည် ချက်ချင်း လက်သည်းများကိုမြှောက်လိုက်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ဆီသို့ ပြင်းထန်စွာထိုးနှက်လိုက်သည်။

ဘွန်း!

ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်ရဲ့ အမျက်ထွက်နေတဲ့ တိုက်ခိုက်မှုက ဘယ်လောက်တောင်ကြောက်စရာကောင်းတာလဲ?

ချွက်--

ချက်ချင်းဆိုသလိုပင် တောင်ပေါ်ရှိ တောင်အကာအကွယ်အစီအရင်မှ နားကွဲစေနိုင်လောက်သည့် အသံများ ထွက်ပေါ်လာသည်။

၎င်းပေါ်ရှိ အကာအကွယ်သည်ပင်လျှင် ပြင်းထန်စွာ လင်းလက်သွားသည်။

၎င်းမှာ မတည်ငြိမ်ခြင်း၏ အရိပ်အယောင် လက္ခဏာများ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် လေထဲ၌ ရုတ်တရက် ငါးရောင်စုံ‌တောက်ပမှုတစ်ခု ပေါ်ပေါက်လာသည်။

ဝှီးခနဲအသံတစ်ခုမြည်သွားသည်။

ငါးရောင်စုံအလင်းသည် ခုခံကာကွယ်ရေးများအားလုံးကို မသိကျိုးကျွံပြုလိုက်ပြီး အနက်ရောင်လေဆီသို့ ချက်ချင်းရောက်ရှိသွားသည်။

ချက်ချင်းဆိုသလိုပင် ၎င်းထုတ်ပြထားသောလက်သည်းများ၏ စွမ်းအားများအပါအဝင် အနက်ရောင်လေ၏ ကြောက်မက်ဖွယ်အော်ရာသည် ရှင်းမပြ၍မရနိုင်အောင်ပင် ၃၀% လျော့ကျသွားပေသည်။

အနက်ရောင်လေသည် ၎င်း၏ဝိညာဉ်၊ အသားများ၊ သန်မာမှုနှင့် ၎င်း၏မိစ္ဆာစွမ်းအားများလည်ပတ်မှု၏ ရုတ်တရက် အားနည်းသွားမှုကို ဒူးထောက်ကျမတတ်ခံစားလိုက်ရသည်။

သူသည် အဆင့်တူသော ရန်သူတစ်ယောက်ကို သုံးရက်သုံးညတိုက်ခိုက်နေရသည့်အတိုင်း ခံစားလိုက်ရသည်။

၎င်းသည် မှန်းဆထားသည်ထက်ကိုပို၍ ‌ခြေကုန်လက်ပန်းကျနေသည်။

ဘယ်လိုတောင်လဲ?

သူသည် အလွန်အံ့အားသင့်သွားခဲ့သည်။

ချွက်--

သူအံ့အားသင့်နေစဉ်မှာပင် ငါးရောင်စုံလျှပ်စီးဖြင့် ရောယှက်ထားသည့် ဖြာထွက်နေသောအလင်းတစ်ခုသည် အောက်ကျနေသည့်ဝံပုလွေလက်သည်းများဆီသို့ အပြေးအလွှားသွားလိုက်သည်။

ကျယ်လောင်သော မြည်သံတစ်ခု ထွက်ပေါ်လာသည်။

ဓားအလင်းသည် ဝံပုလွေလက်သည်းများဖြင့် တိုက်မိသွားပြီး ကောင်းကင်တွင် ကြီးမားသော တိမ်တိုက်အလုံးကြီးတစ်ခုကို ဖန်ဆင်းလိုက်သည်။

ပတ်ပတ်လည်ရှိအလင်းတို့မှာ အဆက်မပြန် ပြိုးတိုးပြတ်တက်ဖြစ်နေသည်။

ဘွန်း! ဘွန်း! ဘွန်း!

မြေပြင်သည် လှုပ်ခါသွားခဲ့သည်။

အနက်ရောင်လေ၏ကြီးမားသောခန္ဓာကိုယ်သည် ကမ္ဘာမြေပေါ်တွင် လက်နက်များကျရောက်ထားသည့်အတိုင်း ၎င်း၏ခြေတစ်လှမ်းချင်းဖြင့် ကြီးမားသောချိုင့်ခွက် အတော်များများကို ပြုလုပ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်မှာ ရုတ်တရက် ဝိုးတိုးဝါးတားဖြစ်လာသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင်အနက်ရောင်လေကို အံ့အားအသင့်စေဆုံးအရာမှာ အခြားတစ်ဖက်မှပြသလိုက်သည့် စွမ်းအားပင်ဖြစ်သည်။

သူတို့သည် တကယ်ပင် ၎င်း၏တိုက်ခိုက်မှုများကို တားဆီးကာ ခေါင်းချင်းဆိုင်ပြီး တွန်းလှန်လိုက်သည်။

တစ်ခုမှတ်ထားရမည်မှာ ၎င်းသည် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်၍ရသော ဂုဏ်သရေကြီးမားသည့် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်တစ်ကောင် ဖြစ်ပေသည်။

ပြီးတော့ ဒီနှစ်ယောက်ကရော?

သူတို့သည် ရွှေအမြုတေနဝမအဆင့်သာရှိသေးသည်။

သူတို့ဒါကို ဘယ်လိုလုပ် ခေါင်းချင်းဆိုင်ပြီး ခုခံနိုင်တာလဲ?

ထိုအချိန်တွင် အနက်ရောင်လေသည် မည်သို့မျှမတတ်နိုင်ဘဲ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။

သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဘာကြောင့် ဝင့်ဝါစွာပြုမူလိုက်ရသည်ကို နားလည်သွားပြီဖြစ်သည်။

သူ့ကိုတိုက်ရိုက်စိန်ခေါ်ရဲသည်မှာ သူတို့တွင် ထိုသို့ပြုလုပ်ရန်စွမ်းအားရှိသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စတုတ္ထအ‌ဆင့်နှင့် ပဉ္စမအဆင့်ကြားရှိ ကွာဟချက်သည် ဓမ္မရတနာများကဲ့သို့ ပြင်ပဝတ္ထုများဖြင့် မဖြည့်တင်းနိုင်ပေ။

အသေအချာပင်…

မည်သို့ပင်ဖြစ်စေ ၎င်းသည် ထိုအချိန်တွင် ရှန်းရူယန်ခုတ်ပိုင်းလိုက်သည့်ဓားမှာ ပဉ္စမအဆင့်ဓမ္မရတနာဖြစ်ကြောင်း သတိပြုမိသွားသည်။

ဘွန်း!

၎င်းမှုတ်ထုတ်လိုက်သည်နှင့် အ‌နက်ရောင်လေသည် တစ်သောင်းမီတာနီးနီးရှိသည့် ကျန့်သုံးထောင်၏အရွယ်အစားကဲ့သို့ ကျယ်ပြန့်လာကာ ပိုမိုကြီးမားလာသည်။

ဤကြောက်မက်ဖွယ်အားသည် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် သူတို့နောက်ရှိ အီသာတောင်ဆီသို့ လိမ့်တက်လာသည်။

ဤမြင်ကွင်းကိုမြင်ကာ ကျန်းချန်ရွှမ် မျက်လုံးများကျဉ်းသွားခဲ့သည်။

စကားတစ်ခွန်းမျှမပြောဘဲ သူသည် ချက်ချင်း မိစ္တာသတ်ဖြတ်ခြင်းစွမ်းရည်ကို အသက်သွင်းလိုက်သည်။

ထို့နောက် သူသည် သူ၏လက်များကို ဖွင့်ထုတ်လိုက်သည်။

အတွင်းဘက်တွင်အနီရောင်ရှိသည့်အဖြူရောင်မီးတောက်နှစ်ခု သူ၏လက်ဖဝါးထဲတွင် ပေါ်ပေါက်လာသည်။

သူသည် ဤမီးတောက်နှစ်ခုကို အတူတူပွတ်တိုက်လိုက်သည်။

ကျည်! ကျည်! ကျည်!

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်မြင့်မားသောအပူချိန်တစ်ခုသည် ပတ်ပတ်လည်လေထဲတွင် လောင်ကျွမ်းသွားပြီး တကျည်ကျည်အသံတစ်ခုကို ထုတ်လွှတ်နေသည်။

အနီးအနားရှိ အပင်များ၊ သစ်သားများ၊ မြေကြီးများနှင့် ကျောက်တုံးများပင်လျှင် မီးတောက်များအဖြစ် လောင်ကျွမ်းသွားသည်။

တစ်ချိန်တည်း၌ပင် …

ကြမ်းကြုတ်သော၊ ရက်စက်သော၊ ကြောက်မက်ဖွယ်မီးဘောလုံးတစ်လုံးသည် ဟိန်းသံတစ်ခုဖြင့် လိုက်ပါလျက် ကျန်းချန်ရွှမ်ဆီမှ ပစ်လွှတ်ခံလိုက်ရသည်။

ကျယ်လောင်သောအသံဖြင့် လှည့်ပတ်နေကာ ၎င်းသည် ဧရာမအနက်ရောင်လေဆီသို့ တိုက်ရိုက် သွားနေသည်။

ချက်ချင်းဆိုသလိုပင် မူလကမြန်မြန်ဆန်ဆန်လှုပ်ရှားနေသော အနက်ရောင်လေမှာ ရုတ်တရက် ခါယမ်းသွားခဲ့သည်။

ထို့နောက် ၎င်းသည် ‌နောက်တစ်ကြိမ်ခါယမ်းသွားပြီး ၎င်း၏လျှပ်စီးကြောင်းပင်လျှင် ပြေပြေပြစ်ပြစ်မစီးဆင်းတော့ပေ။

အနက်ရောင်လေ၏မျက်နှာပြင်ပေါ်တွင် တစ်ခါတစ်ခါတွင် အဖြူရောင်အလင်းတန်းများ ပေါ်ပေါက်လာသည်။

၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ဆယ်မိုင်အဝေးကိုရောက်သောအခါ ရုတ်တရက် ဖောင်းပွလာသည်။

ဘွန်း

မရေမတွက်နိုင်သော နျူကလိယဗုံးများ၏ ပေါက်ကွဲမှုတစ်ခုကဲ့သို့ပင်ဖြစ်သည်။

အနက်ရောင်လေ၏ပေါက်ကွဲမှုနှင့် ရောနှောနေသည့် အဖြူရောင်နှင့် အနီရောင်မီးတောက်များသည် ကောင်းကင်ဆီသို့သွားနေကာ ကြီးမားသောပေါက်ကွဲမှုတစ်ခုကို ထုတ်လွှတ်နေသည်။

ကောင်းကင်သည် အနီရောင်၊ အဖြူရောင်နှင့် အနက်ရောင် သုံးရောင်တို့၏ တောက်ပမှုဖြင့် လုံးဝပြည့်နှက်နေသည်။

ထိုအချိန်တွင် ကျင့်ကြံသူဖြစ်စေ နတ်ဆိုးသားရဲများဖြစ်စေ အားလုံးသည် သူတို့၏နတ်အာရုံများကို အလိုလိုပင် ရုပ်သိမ်းလိုက်သည်။

သူတို့သည် ကြောက်မက်ဖွယ်စွမ်းအားကို သာမန်ကာလျှံကာ မစူးစမ်းရဲပေ။

သူတို့၏ရွှေအမြုတေအဆင့်နတ်အာရုံများဖြင့် မည်သည့်အမှတ်တမဲ့စူးစမ်းမှုမ‌ဆို သူတို့၏ မူလဝိညာဉ်များကို ထိခိုက်သွားနိုင်သည်။

ဝှစ်--

ထိုအချိန်တွင် ရွှေရောင်ဓားအလင်းတစ်ခုသည် ပေါက်ကွဲမှု၏ဗဟိုကို ရုတ်တရက် ဖြတ်ပြေးသွားသည်။

အရာအားလုံးတိတ်ဆိတ်ငြိမ်သက်သွားသောအခါယခုလေးတင်ပေတစ်ထောင်အရွယ်အစားရှိသည့် အနက်ရောင်လေမှာ ပေတစ်ရာအထိ ကျုံ့ဝင်သွားသည်ကို တွေ့သွားကာ အားလုံး အံ့အားသင့်သွားကြသည်။

ထို့ပြင် ၎င်း၏ခန္ဓာကိုယ်တွင်လည်း ထပ်ပေါင်းဒဏ်ရာများရှိကာ သွေးစီးကြောင်းများ တစိမ့်စိမ့်ထွက်နေသည်။

အရေးကြီးဆုံးမှာ ၎င်း၏ကြီးမားသောလက်သည်းများမှာ ဘယ်ကိုပျောက်သွားမှန်း မသိချေ။

ဖြတ်ရာများမှာ ချောမွေ့ပြီး တောက်ပနေကာ နဂိုအတိုင်းမှ လုံးဝပပျောက်သွားပြီဖြစ်သည်။

(လက်သည်းတွေကိုဖြတ်ပစ်လိုက်ပြီး ဖြတ်ရာတောင်မမြင်ရတော့ဘူးလို့ဆိုလိုချင်တာပါ)

ဘာ...ဘာတွေဖြစ်သွားတာလဲ?

အခုဘာတွေဖြစ်သွားတာလဲ?

လူတိုင်းသည် မည်သို့မျှမတတ်နိုင်ဘဲ ပဟေဠိဖြစ်သွားကြသည်။

အထူးသဖြင့် ၎င်းနှင့်အတူလိုက်ပါလာခဲ့ကြသည့် နတ်ဆိုးဘုရင်ဆယ်ကောင်ပင်ဖြစ်သည်။

ထိုအချိန်တွင် သူတို့၏စိတ်များမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

အနက်ရောင်လေမည်မျှအစွမ်းထက်သည်ကို သူတို့ထက် ဘယ်သူမှ ပိုမသိချေ။

သို့သော်လည်း စွမ်းအားကောင်းသောနတ်ဆိုးဧကရာဇ်ပင်လျှင် ဤကဲ့သို့ဒဏ်ရာများကို ရရှိခဲ့သည်။

ဒါက...

သူတို့ ဘာဖြစ်သွားသည်ကို နားမလည်လိုက်ခင်မှာပင် အနက်ရောင်လေ၏ ဧရာမခန္ဓာကိုယ်မှာ ရုတ်တရက် လင်းလက်သွားသည်။

ထို့နောက်တွင် အရာအားလုံးကို မသိကျိုးကျွံပြုကာ ၎င်း၏ဧရာမခန္ဓာကိုယ်မှာ အနက်ရောင်လေ အဖြစ် ပြောင်းလဲသွားပြီး လွတ်မြောက်ရန်ကြိုစားရင်း အဝေးသို့ အပြေးသွားလိုက်သည်။

ထိုအချိန်တွင် တစ်ယောက်ယောက်၏မျက်လုံးများဖြင့် ၎င်းကိုသာမြင်လိုက်ပါက အနက်ရောင်လေ၏မျက်လုံးများမှာ အဆုံးမရှိသောကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်ကို မြင်ရပေမည်။

အမှန်ပင် …

အနက်ရောင်လေသည် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ကြောက်ရွံ့နေသည်။

အဘယ်ကြောင့်ဆိုသော် ယခုလေးတင်ပင် ဤအရေးကြီးသောအချိန်၌ သူ၏လက်သည်းများကို မစွန့်လွှတ်လိုက်ပါက ယခုအဖြတ်ခံလိုက်ရသည်မှာ သု၏လက်သည်းများမဟုတ်ဘဲ ခေါင်းဖြစ်သွားနိုင်ရန် ဆံခြည်တစ်မျှင်လေးသာလိုတော့ကြောင်း သူခံစားလိုက်ရ၍ ဖြစ်သည်။

မိစ္ဆာမျိုးနွယ်များအတွက်မူ သူတို့၏ စွမ်းအားကောင်းသောရုပ်ခန္ဓာသည် အကြီးမားဆုံးစွမ်းအင်ရင်းမြစ်များထဲမှ တစ်ခုဖြစ်သည်။

ခန္ဓာကိုယ်ဖျက်စီးခံလိုက်ရသည်နှင့် သူတို့၏သန်မာမှုမှာ ၉၉%လျော့ကျသွားရုံသာမကဘဲ အနာဂတ်များလည်း ဖြတ်တောက်ခံလိုက်ရမည်။

(သေဆုံးသွားလိမ့်မည်လို့ ဆိုလိုချင်တာပါ)

လက်ရှိအခြေအနေတွင် အရေးအကြီးဆုံးမှာ ၎င်း၏ရုပ်ခန္ဓာဖျက်စီးခံလိုက်ရသည်နှင့် သေဆုံးခြင်းကသာလျှင် တစ်ခုတည်းသော ကံကြမ္မာဖြစ်ပေတော့မည်။

ထို့ပြင် ဤလူနှစ်ယောက်မှာ သာမန်ရွှေအမြုတေအဆင့်ကျင့်ကြံသူများ မဟုတ်ပေ။

သူတို့နှစ်ယောက်လုံးမှာ တိုက်ပွဲစွမ်းရည်တွင် အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။

ထို့ပြင် ၎င်းသည် ကျွမ်းကျင်သည့် အခြေတည်ဝိညာဉ်အမျိုးအစားသာမဟုတ်ပေ။

၎င်းတွင် ပြိုင်ဘက်မရှိပေ။

ပြေးတော့!

ထိုအချိန်တွင် အနက်ရောင်လေသည် ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။

၎င်း၏စိတ်ထဲတွင် ဤနှစ်ယောက်၏မြင်ကွင်းထံမှ လွတ်မြောက်ရန် အတွေးတစ်ခုသာရှိသည်။

ထို့ပြင် ၎င်းသည် ကန်းနန်တိုက်ကို အမြန်ဆုံးထွက်ခွာကာ ရွှေဝံပုလွေကို ဤနှစ်ယောက်သတင်းကို ပေးနိုင်ရန် လိုအပ်ပေသည်။

လူသားစံသခင်များက ဂရုမစိုက်အားဘဲ အခြားသို့အာရုံ‌ရောက်နေကြချိန်တွင် နတ်ဆိုးသားရဲအဓိကရုဏ်း၏ပရမ်းပတာဖြစ်ခြင်းကို အခွင့်အရေးယူကာ ဤကြီးမားသောခြိမ်းခြောက်မှုနှစ်ခုကို ရှင်းထုတ်ရန် အခွင့်အရေးကောင်းရှိပေသည်။

မဟုတ်ပါက ဤနတ်ဆိုးသားရဲအဓိကရုဏ်းအဆုံးသတ်သွားသည်နှင့် သူတို့သည် ဤနှစ်ယောက်ကိုရင်ဆိုင်လိုပါက သင့်တော်သည့်အခွင့်အရေးတစ်ခုကို ရှာဖွေနိုင်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။

ထို့ပြင် နတ်ဆိုးသားရဲများကဲ့သို့ ရန်သူများကို ရင်ဆိုင်ရာတွင် လူသားစံသခင်များသည် အတော်လေးကိုပင်ညီညွတ်ကြသည်။

နတ်ဆိုးသားရဲများသည် ဤကြီးမားသောစွမ်းအားမျိုးဖြင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူနှစ်ယောက်ကို တိုက်ခိုက်နေသည်ကို သူတို့ကထိုင်ကြည့်နေရန်မဖြစ်နိုင်သလို အလားအလာလည်းမရှိပေ။

ထို့ပြင် အနက်ရောင်လေကို ကြောက်ရွံ့စေဆုံးအရာမှာ ထိုစုံတွဲ၏လက်ရှိစွမ်းအားသည် ရွှေအမြုတေအဆင့်သာရှိသေးခြင်းဖြစ်သည်။

သူတို့သည် ဤကဲ့သို့ ကြောက်မက်ဖွယ်စွမ်းအားမျိုးကိုပင် ပိုင်ဆိုင်ထားကြသည်။

ဒါ့ပြင် သူတို့ အနာဂတ်မှာ အခြေတည်ဝိညာဉ်အဆင့်ကို ကျော်ဖြတ်သွားနိုင်တဲ့အခါ သူတို့ရဲ့စွမ်းအားက ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလာမှာလဲ?

ဒီနှစ်ယောက်က ဒုတိယစံသခင်ရွှမ်ယန်တောင် ဖြစ်လာနိုင်ပေသည်။

မဟုတ်ရင်လည်း ပိုတောင်အားကောင်းနေနိုင်ပေသည်။

ထို့ပြင် ၎င်းမှာ မည်သို့ပင်ဖြစ်နေပါစေ နတ်ဆိုးသားရဲများ မမြင်ချင်သောအရာဖြစ်သည်...

***

All Chapters