နတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုးဘုရင်များ၏ကျဆုံးခန်း၊ ရှန်းရူယန်သည် အခြေတည်ဝိညာဉ်ကိုသိပ်သည်းရန်နှင့် သူမ၏ဝိညာဉ်အမြစ်ကို အဆင့်မြှင့်တင်ရန် ပြင်ဆင်နေသည်
Vol. 24 Ch. 459
အနက်ရောင်လေသည် ဤအတွေးများကို သူ၏စိတ်ထဲတွင် တစိမ့်စိမ့်တွေးစနေစဉ် ကြီးမားသောဂဠုန်ငှက်ပုံရိပ်တစ်ခုသည် ကျန်းချန်ရွှမ်၏နောက်မှ ဖြတ်ပြေးသွားသည်။
၎င်းနောက်မှလိုက်ကာ ကျန်းချန်ရွှမ်၏ မှီအောင်လိုက်နေသည့် အမြန်နှုန်းမှာ အရှိန်မြင့်လာသည်။
ဝှစ် ဝှစ်
ခနအတွင်းပင် သူသည် အနက်ရောင်လေ အနီးသို့ ရောက်ရှိနေပြီဖြစ်သည်။
ထွက်ပြေးရန် ပြင်းပြင်းထန်ထန်ကြိုးစားနေသည့် အနက်ရောင်လေသည် ၎င်း၏နောက်မှ အန္တရာယ်ကို ရုတ်တရက် အာရုံခံမိသွားကာ သူ၏နှလုံးထဲတွင် တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။
ဘယ်လိုလုပ်သူ့ရဲ့အမြန်နှုန်းက...?
ဘွန်း!
သူမတုံ့ပြန်နိုင်သေးခင်မှာပင် ကျန်းချန်ရွှမ်၏နောက်ရှိ နဂါးနှင့်ဆင်ပုံရိပ်များမှာ ထပ်မံလင်းလက်သွားသည်။
ချက်ချင်းပင် သူ၏ပုံရိပ်မှာပျံဝဲတက်သွားကာ မျက်စိတ်တစ်မှိတ်အတွင်းပင် ပေငါးဆယ်အကွာသို့ ရောက်ရှိသွားသည်။
အနက်ရောင်လေ၏ မြင့်သွန်းသောခန္ဓာကိုယ်နှင့်ယှဉ်လျှင် သူသည် အတော်အတန်သေးငယ်နေဟန်တူသည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် ကျန်းချန်ရွှမ်ဆီမှ ထွက်ပေါ်နေသည့် အော်ရာသည် အနက်ရောင်လေကို စိတ်မအေးနိုင်အောင် ပြုလုပ်နေသည်။
“ပဉ္စမအဆင့် ဒါကပဉ္စမအဆင့်စွမ်းအားပဲ! မင်း မင်းမင်း....”
အနက်ရောင်လေ၏မျက်လုံးများသည် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
သို့သော်လည်း ခနအတွင်းပင် ကျယ်လောင်သောအသံများ လေဟာနယ်ထဲတွင် ပေါက်ကွဲသွားသည်။
ထို့နောက်ချက်ချင်းဆိုသလိုပင် ကျန်းချန်ရွှမ်၏တောင့်တင်းသော ခန္ဓာကိုယ်သည် ပုံရိပ်သာသာမျှပင် ကျန်နေခဲ့သည်။
ဘွန်း!
စူးရှတောက်ပပြီး အလွန်ကြီးမားသော လက်သီးတစ်ခုသည် အနက်ရောင်လေ၏ နောက်လိုက်များထဲတွင် ရုတ်တရက် ကြီးမားလာသည်။
“ဝေါင်း!”
သေစေနိုင်လောက်သည့်ခြိမ်းခြောက်မှုတစ်ခုကိုမြင်ကာ အနက်ရောင်လေသည် ဒီတစ်ကြိမ်တွင် အမှန်တကယ်ပင် အားကုန်ထုတ်လိုက်တော့သည်။
၎င်းသည် ဒေါသထွက်နေသော ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ထို့နောက်တွင် ၎င်း၏ကိုယ်ထည်သည် ထပ်မံဟိန်းဟောက်လိုက်သည်။
ခရက်--
လေထဲတွင် ရုတ်တရက် ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်သွားသည်။
၎င်း၏ဧရာမဝံပုလွေအမြီးသည် စတီးချောင်းတစ်ချောင်းအဖြစ်ပြောင်းလဲသွားကာ ကျန်းချန်ရွှမ်၏လက်သီးဖြင့် ပြင်းပြင်းထန်ထန်တိုက်မိလျက်ရှိသည်။
ဥက္ကာခဲများတိုက်မိနေသကဲ့သို့ပင်ဖြစ်သည်။
လက်သီးနှင့် အမြီးတို့၏ဆက်သွယ်မှုကြားရှိအမှတ်သည် စတုတ္ထအကြိမ်လောင်ကျွမ်းသွားသည်။
ရှဲ--
အဆင့်ရာချီသည့် ဟာရီကိန်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ပင်ဖြစ်သည်။
သစ်ပင်များ၊ ကျောက်ဆောင်များ၊ တောင်များနှင့် အရာအားလုံးတွင် ကြီးကြီးမားမားသက်ရောက်မှုရှိခဲ့သည်။
ကြေမွနေသောဖုန်မှုန့်များသည် မိုင်ပေါင်းများစွာသို့ ပျံ့လွင့်သွားသည်။
ဒေါင်--
မည်သို့ပင်ဖြစ်စေ ဖုန်မှုန့်လှိုင်းလုံးများ၏ အလယ်ဗဟိုတွင် ပေရာချီရှည်လျားသော လှံရှည်တစ်ချောင်းသည် ရုတ်တရက် အနက်ရောင်လေ၏ ခေါင်းဆီသို့ ဆင်းသက်လိုက်သည်။
ထို့နောက် ထိုအချိန်တွင် အနက်ရောင်လေသည် ယခင်တိုက်မိမှုမှ မသက်သာနေသေးပေ။
အလွန်ကြီးမားသောလှံရှည်တစ်ချောင်းလာနေသည်ကိုမြင်သောအခါ ၎င်း၏မျက်လုံးများသည် ကြောက်ရွံ့မှုများဖြင့် ဆို့နင့်သွားခဲ့သည်။
၎င်းသည်သူ၏ပါးစပ်ကို ဖွင့်လိုက်ကာ ရုတ်တရက်ကြီးမားလာသည့် အစိမ်းရောင်ဒိုင်းတစ်ခုကြိ ထွေးထုတ်လိုက်သည်။
ကျယ်လောင်သောမြည်သံတစ်ခု ထွက်ပေါ်ခဲ့သည်။
အစိမ်းရောင်ဒိုင်းသည် ကျုံ့သွားကာ အဝေးသို့ ပို့လွှတ်ခံလိုက်ရသည်။
နက်ရှိုင်းမြေဓာတ်ပုဆိန်လှံ၏စွမ်းအားမှာ မလျော့ကြသွားပေ။
ဘွန်း
အဆုံးတွင် ၎င်းသည် အနက်ရောင်လေ၏ ဦးခေါင်းပေါ်သို့ လေးပင်စွာကျရောက်သွားသည်။
ပုပ်နေသောဖရဲသီးတစ်လုံးနှင့်တူသည့် ဧရာမဝံပုလွေခေါင်းသည် မျက်စိတစ်မှိတ်အတွင်းပင် ပိုင်းဖြတ်ခံလိုက်ရသည်။
မကြာမီပင် ကလေးတစ်ယောက်နှင့်ဆင်တူသည့် မိစ္ဆာကလေးပေါက်စသည် ခေါင်းပြတ်နေသော ဝံပုလွေအလောင်းကောင်ထံမှ ပျံထွက်လာသည်။
မည်သို့ပင်ဖြစ်စေ ၎င်းကိုစောင့်ကြိုနေသည်မှာ ငါးရောင်စုံလျှပ်စီးကိုသယ်ဆောင်ထားသည့် ဓားအလင်းတစ်ခုပင်ဖြစ်သည်။
“အားးး”
စိတ်သောကရောက်ဖွယ် အော်သံတစ်ခု လေထဲတွင် ပေါက်ထွက်သွားသည်။
ရှန်းရူယန်၏ လျှပ်စီးအမတသတ်ဖြတ်သူငါးခုသည် အနက်ရောင်လေ၏ နောက်ဆုံးအသက်အနည်းငယ်ကို ယူဆောင်သွားသည်။
ဤမြင်ကွင်းသည် အဝေးတွင် ကျန်ရှိနေသည့် နတ်ဆိုးဘုရင်ဆယ်ကောင်ကို လုံးဝအံ့ဩမှင်သက်စေခဲ့သည်။
သူတို့၏နတ်ဆိုးဧကရာဇ်သည် အမှန်တကယ်ပင် ဤကဲ့သို့ အသတ်ခံလိုက်ရသည်။
သူတို့ဘာလုပ်သင့်လဲ?
ရွှေအမြုတေအဆင့်ကျင့်ကြံသူလူသားအုပ်စုကိုရင်ဆိုင်ရာတွင် ဤနတ်ဆိုးဘုရင်များသည် မည်သည့်တိုက်ခိုက်မှုမျိုးမဆို ရှုံးနိမ့်နိုင်သည်။
ဟာသတစ်ခုအလားပင်။
ဂုဏ်သရေကြီးမားသော ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်ပင်လျှင် အခြားတစ်ဖက်၏လက်ထဲတွင် သေဆုံးခဲ့ရသည်။
ချက်ချင်းဆိုသလိုပင် နတ်ဆိုးဘုရင်ဆယ်ကောင်သည် အလိုလိုနားလည်သဘောပေါက်သွားကြကာ အသီးသီးထွက်ပြေးခဲ့ကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအခြေအနေမှာ သူတို့ဘယ်လိုလုပ် လွတ်မြောက်နိုင်ပါ့မလဲ?
မကြာမီပင် ထိုနေရာတွင်ရှိနေကြသည့် ရွှေအမြုတေအဆင့်ကျင့်ကြံသူဆယ့်နှစ်ယောက်သည် အသီးသီးစတင်လိုက်လံရှာဖွေခဲ့ကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အကူအညီဖြင့် နတ်ဆိုးဘုရင်ဆယ်ကောင်သည် သူတို့၏လက်ထဲသို့ ရောက်ရှိလာသည်။
နောက်ဆုံးကျန်ရှိနေသည့် ရွှေရောင်လူဝံသည်လည်း ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်ကာ တစ်ခွန်းတစ်ဘာဒမျှပြောရန်မလိုဘဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ရှေ့တွင် ချက်ချင်းဒူးထောက်လိုက်ကာ အဆက်မပြတ် အရိုအသေပေးနေသည်။
“ခွင့်လွှတ်ပါ ခွင့်လွှတ်ပါ။ စီနီယာတို့! ကျေးဇူးပြုပြီးကျွန်တော့်ကိုခွင့်လွှတ်ပါ! ကျွန်တော်က ပြန်လည်ခုခံခွင့်မရဘဲ ဒီကိုလာဖို့ ဖိအားပေးခံရတာပါ။ ကျွန်တော်က ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ခဲ့ဖူးပါဘူး”
သိသိသာသာပင် ဤရွှေရောင်လူဝံ၏လုပ်ရပ်များကို လူတိုင်း မျှော်လင့်မထားမိပေ။
ကြီးမြတ်ပြီး ခွန်အားကောင်းသည့် နတ်ဆိုးဘုရင်သည် အမှန်တကယ်ပင် ဒူးထောက်ကာ သနားညှာတာမှုရရန် တောင်းပန်နေသည်။
ထို့ပြင် ၎င်းသည် နာမည်ဆိုးဖြင့်ကျော်ကြားသည့် ရွှေရောင်လူဝံမိစ္ဆာမျိုးနွယ်စုမှဖြစ်သည်။
လူတိုင်းသည် မည်သို့မျှမတတ်နိုင်ဘဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကို ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် လူတိုင်းသည် ထိုစုံတွဲကို သူတို့နှလုံးသားနက်နက်ရှိုင်းရှိုင်းမှပင် မျှော်လင့်နေကြသည်။
ကျန်းချန်ရွှမ်၏မျက်လုံးထဲတွင် ဝိညာဉ်အလင်းတစ်ခု ပေါ်ပေါက်လာသည်။
ခနကြာပြီးနောက်….
သူသည် ရှန်းရူယန်ကို ခေါင်းညိတ်ပြလိုက်သည်။
“သူကလိမ်မနေဘူး။ ဒီမိစ္ဆာက စတင်ကျင့်ကြံခဲ့ကတည်းက ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်ခဲ့ဘူး”
၎င်းကိုကြားကာ ရှန်းရူယန်နှင့် အခြားသူများသည် အနည်းငယ်ထူးဆန်းသွားကြသည်။
အမှန်အတိုင်းပြောရလျှင် သူတို့သည် ဤကဲ့သို့ နတ်ဆိုးဘုရင်မျိုးကို တစ်ခါမှမမြင်ဖူးခဲ့ချေ။
“ဒီတာအိုရောင်းရင်းကတကယ့်ကိုထူးဆန်းတာပဲ။ သူကစတုတ္ထအဆင့်ထိရောက်အောင် ဘယ်လိုများကျင့်ကြခဲ့တာလဲ?”
မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်၏ စကားလုံးများကိုတော့ မည်သူမှ သံသယမရှိကြပေ။
သူသည် အစစ်ဆေးခံခဲ့ရပြီး ဤနတ်ဆိုးသားရဲသည် မည်သူ့ကိုမှ ထိခိုက်အောင်မလုပ်ခဲ့ဖူးကြောင်း အတည်ပြုပြီးပြီဖြစ်၍ ထိုအတိုင်းပင်ဖြစ်မည်ဟု ကောက်ချက်ချလိုက်ကြသည်။
***