နတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုးဘုရင်များ၏ကျဆုံးခန်း၊ ရှန်းရူယန်သည် အခြေတည်ဝိညာဉ်ကိုသိပ်သည်းရန်နှင့် သူမ၏ဝိညာဉ်အမြစ်ကို အဆင့်မြှင့်တင်ရန် ပြင်ဆင်နေသည်(၂)
Vol. 24 Ch. 460
ထိုအချိန်တွင် ရှန်းရူယန်သည် သူမမျက်နှာပေါ်ရှိ မျက်ခုံးများကို တမင်တကာ တွန့်ချိုးမိလိုက်သည်။
သူမသည် အေးဆေးသောလေသံဖြင့် ပြောလိုက်သည်။
“ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်ခဲ့ဘူးရင်တောင် အသက်ရှင်ခွင့်ပေးတာက ပုန်းလျှိုးနေတဲ့ အန္တရာယ်တစ်ခုပဲ သူ့ကိုသတ်ပစ်လိုက်တာပိုကောင်းမယ်”
ရှန်းရူယန်၏စကားပြော၍ပြီးသွားသည်နှင့် ရွှေရောင်လူဝံ၏ခန္ဓာကိုယ်မှာ ချက်ချင်းတဆတ်ဆတ်တုန်သွားပြီး ၎င်းသည် ထိုနှစ်ယောက်ဆီကို ကမန်းကတန်းထပ်မံဦးညွှတ်လိုက်ကာ လျင်မြန်စွာအရိုအသေပေးလိုက်သည်။
“စီနီယာ ကျွန်တော့်ကိုခွင့်လွှတ်ပါ! စီနီယာတို့ ကျွန်တော့်ကိုခွင့်လွှတ်ပါ! ကျွန်တော့်မှာ ပုန်ကန်ချင်တဲ့ဆန္ဒမရှိကြောင်းနဲ့ စီနီယာတို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်မလာစေရဘူးလို့ ကတိပေးပါတယ်”
“အဲ့ဒီလိုလား?”
ခပ်ယဲ့ယဲ့အပြုံးတစ်ခု ကျန်းချန်ရွှမ်၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။
“ဒါပေမယ့် ငါတို့မင်းကို မယုံကြည်သေးဘူး။ ပြီးတော့ မင်းကိုအသက်ရှင်ခွင့်ပေးထားရမယ့် အဓိကအကြောင်းကဘာလဲ? ငါတို့မင်းကိုသတ်ပစ်လိုက်မယ်ဆိုရင် မင်းရဲ့အမြုတေကို ဆေးပြားတွေနဲ့ ဓမ္မရတနာတွေကို သန့်စင်ဖို့ အသုံးပြုနိုင်တယ်။ ငါ့မိန်းမပြောတာ အဓိပ္ပာယ်ရှိတယ်လို့ထင်တယ်။ မင်းကိုအသက်ရှင်ခွင့်ပေးမယ့်အစား ပိုပြီးတော့...”
“ကျွန်တော်ကအသုံးဝင်ပါတယ်! ကျွန်တော်က အသုံးဝင်ပါတယ်!”
ကျန်းချန်ရွှမ်စကားပြော၍မပြီးသေးခင်ပင် ရွှေရောင်လူဝံက ကြောက်ရွံ့မှုဖြင့် အော်ဟစ်လိုက်သည်။
“ကျွန်တော် အသင်တို့အတွက် တံခါးစောင့်ဖြစ်ပေးနိုင်ပါတယ်။ ကျွန်တော်တောင်တစ်လုံးဖြစ်နိုင်ပါတယ်။ အတိုပြောရရင် ကျွန်တော်အကုန်လုပ်ပါ့မယ်။ ကျွန်တော့်ကိုမသတ်သရွေ့ အကုန်လုပ်ပေးပါမယ်။ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်အာရုံကိုဖွင့်ပြီး အသင်တို့ရဲ့ ကန့်သတ်ချက်များကို ချမှတ်စေပါ့မယ်။ ကျွန်တော့်ကို အသင်တို့ရဲ့ ကျေးကျွန်လုပ်လိုက်ပါ ။ ကျေးဇူးပြုပြီးတော့ မသတ်လိုက်ပါနဲ့”
သူ၏အသနားခံချက်အဆုံးတွင် ရွှေရောင်လူဝံသည် သနားဖွယ်ငိုကြွေးလိုက်သည်။
တစ်ခါမှမကြားခဲ့ဖူးသည့် နတ်ဆိုးဘုရင်မျိုးပင်ဖြစ်သည်။
သူ၏တုံ့ပြန်ချက်များကိုကြည့်ကာ လူတိုင်း အံ့အားသင့်သွားခဲ့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ပင် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အနည်းငယ်ဆွံ့အမိသွားသည်။
နတ်ဆိုးဘုရင်သည် တကယ့်ကိုပင်...
ဂုဏ်အသရေကိုမငဲ့နိုင်လောက်သည်အထိ ကြောက်ရွံ့သွားလေသည်။
ကျန်းချန်ရွှမ်ကပြောလိုက်သည်။
“ဒီလိုဆိုရင်တော့ မင်းရဲ့စိတ်ဝိညာဉ်ကိုဖွင့်ပြီး ငါ့ကို မူလဝိညာဉ်ကန့်သတ်ချက်အပင်တစ်ခုကို စိုက်ပျိုးခွင့်ပြုလိုက်ပါ”
ကျန်းချန်ရွှမ်၏ စကားများကိုကြားကာ ရွှေရောင်လူဝံသည် အံ့အားသင့်မသွားဘဲ အလွန်ပျော်ရွှင်သွားခဲ့သည်။
သူသည် ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ ကောင်းပါပြီအရှင်၊ ကျွန်တော်အခုပဲလုပ်ပါ့မယ်”
သူစကားပြော၍ပြီးသွားသည်နှင့် ရွှေရောင်လူဝံသည် တုံ့ဆိုင်းမနေတော့ပေ။
လူတိုင်း၏ရှေ့တွင်ပင် သူသည် သူ၏စိတ်ဝိညာဉ်ကို ဖွင့်လှစ်လိုက်သည်။
၎င်းကိုမြင်ကာ ကျန်းချန်ရွှမ်လည်း တုံ့ဆိုင်းမနေလိုက်ပေ။
သူသည် ၎င်း၏စိတ်ဝိညာဉ်တွင် ကန့်သတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။
ဤကန့်သတ်ချက်ဖြင့် ရွှေရောင်လူဝံသည် သူ့ကိုလှည့်စားပါက သို့မဟုတ် မကောင်းသောအတွေးများရှိနေပါက ကျန်းချန်ရွှမ်သည် ချက်ချင်း အာရုံခံနိုင်ပေမည်။
ထို့ပြင် အတွေးတစ်ခုတည်းဖြင့် သူသည် ဤစတုတ္ထအဆင့်နတ်ဆိုးဘုရင်ကို ချက်ချင်းအမြစ်ဖြတ်ပစ်နိုင်သည်။
ထို့နောက်တွင် ကျန်းချန်ရွှမ်နှင့် အခြားသူများသည် အလဟာသမနေတော့ပေ။
သူတို့သည် ကျန်ရှိနေသောနတ်ဆိုးသားရဲများကို ဝိုင်းရံရန် ကျင့်ကြံသူများကို စတင်စီစဉ်လိုက်သည်။
တစ်ချိန်တည်း၌ပင် သူတို့သည် အမျိုးမျိုးသောဂိုဏ်းများသို့ အကြောင်းကြားစာပို့ပေးပြီး သူတို့၏ ဆုံးရှုံးသွားသောနယ်မြေများကို ပြန်လည်တောင်းယူရန်အလို့ငှာ မေးမြန်းလိုက်သည်။
ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်မတည်ရှိတော့ခြင်းနှင့် စတုတ္ထအဆင့်နတ်ဆိုးဘုရင်တော်တော်များများကို ရှင်းလင်းပြီးသည့်နောက်တွင် နတ်ဆိုးသားရဲအဓိကရုဏ်းမှာ ဆက်လက်၍ ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပေ။
ထို့ပြင် အထက်ဆင့်ကျင့်ကြံသူများအတွက် အဆင့်နိမ့်နတ်ဆိုးသားရဲအရေအတွက်မှာ အလွန်အရေးမကြီးလှတော့ပေ။
၎င်းမှာ အမှန်ပင် ဖြစ်သည်။
……..
လအနည်းငယ်ကြာပြီးနောက်
ကန်းနန်တိုက်တစ်ခုလုံးကို ဖြတ်သန်းလွှမ်းမိုးထားသည့် နတ်ဆိုးသားရဲများကြောင့် ပရမ်းပတာဖြစ်ခြင်းသည် ကျန်းချန်ရွှမ်နှင့် အခြားသူများကြောင့် လုံးဝနှိမ်နင်းခံလိုက်ရသည်။
နတ်ဆိုးသားရဲများနှင့်ဆက်စပ်နေသည့် နောက်ဆက်တွဲကိစ္စများကို ကိုင်တွယ်ပြီးနောက် လအချို့ထပ်မံကုန်ဆုံးသွားသည်။
ဤနေ့တွင်
ကျန်းချန်ရွှမ်သည် သူ၏ဓမ္မစွမ်းအားကို သူ၏မူလဓမ္မရတနာသုံးခုကို အာဟာရပြည့်စေရန် အသုံးပြုလိုက်သည်။
ရွှေဗလာနယ်ဓား၊ နက်ရှိုင်းမြေဓာတ်ပုဆိန်လှံနှင့် ယင်ယန်နတ်ဘုရားကျောက်စိမ်းတို့ဖြစ်သည်။
ထိုအချိန်တွင် ရှန်းရူယန်သည် သူ့ကို တွေ့သွားပြီး သူမသည် အခြေတည်ဝိညာဉ်အဆင့်ကိုကျော်ဖြတ်နိုင်မည့်အခွင့်အရေးကို အာရုံခံမိကြောင်း အသိပေးလိုက်သည်။
သူမသည် ထိုးဖောက်ကျော်လွှားမှုကို ကြိုးပမ်းရန် တံခါးပိတ်ကျင့်ကျင့်ခြင်းကို ဝင်ရောက်ဖို့ စီစဉ်နေသည်။
၎င်းသည် ကျန်းချန်ရွှမ်ကို ပျော်ရွှင်ကြည်နူးမိစေသည်။
သူသည် အခြေတည်ဝိညာဉ်အဆင့်သို့ ဝင်ရောက်ရန်မှာ ကျင့်ကြံခြင်းတွင် အရေးကြီးသောအဆင့်တစ်ခုဖြစ်ကြောင်း သိရှိပေသည်။
၎င်းသည် လုံလောက်သော အရင်းအမြစ်များ၊ အခွင့်အရေးများနှင့် အထောက်အပံ့ပြုသော အခြေအနေများ ယင်းတို့အားလုံးသည် မရှိမဖြစ်ဖြစ်သည်။
ယခုမူ ရှန်းရူယန်သည် လုံလောက်သောကျင့်စဉ်များကို စုဆောင်းမိနေပြီဖြစ်သည်။
၎င်းတွင် အရင်းအမြစ်များမရှိနေချေ။
သူမကျင့်ကြံခဲ့သည့် အကြီးမြင့်ဆုံး ရွှေအမြုတေနှင့် သူမသည် အခြေတည်ဝိညာဉ်ကိုသိပ်သည်းရန်အခွင့်အရေးရောက်ရှိလာမှုကို အာရုံခံမိလိုက်သည်နှင့် သူမသည် ပြင်ပအကူအညီမပါဘဲ ကောင်းကင်အခြေတည်ဝိညာဉ်အဆင့်ကိုရောက်ရှိရန် ၈၀%ပိုမိုယုံကြည်မှုရှိပေသည်။
ဆက်စပ်နေသည့်မူလချီဖြင့် သူမသည် ဒဏ္ဍာရီလာချို့ယွင်းချက်မရှိသော အခြေတည်ဝိညာဉ်ကိုသိပ်သည်းရန်ကြိုစားပါက သူမတွင် အောင်မြင်မှုအခွင့်အရေး၅၀%ထက်ပိုမိုရှိပေသည်။
တစ်ခုတည်းသောပြဿနာမှာ အခြေအနေပင်ဖြစ်သည်။
သူတို့တွင် ပဉ္စမအဆင့်ဝိညာဉ်သွေးကြောမရှိပေ။
ပဉ္စမအဆင့်ဝိညာဉ်သွေးကြောကို ပြုစုပျိုးထောင်နိုင်မည့်အကောင်းဆုံးနည်းမှာ စတုတ္ထအဆင့်ဝိညာဉ်အမြစ်ကို ပဉ္စမအဆင့်သို့ရောက်ရှိရန် ကြိုးစားကြည့်ခြင်းပင်ဖြစ်သည်။
တိုက်ဆိုင်စွာပင် မှော်ဝင်တိုင်တောင်ပေါ်ရှိ ရေဓာတ်သစ်ပင်သည် စတုတ္ထအဆင့်ထိပ်သို့ ရောက်ရှိနေပြီးဖြစ်သည်။
ကျန်းမျိုးနွယ်စု နှစ်ပေါင်းများစွာစုဆောင်းမိထားသည့် ရင်းမြစ်များနှင့် ဤနတ်ဆိုးသားရဲအဓိကရုဏ်းမှရရှိထားသည့် များစွာသောရတနာများဖြင့် ရေဓာတ်သစ်ပင်ကို ပဉ္စမအဆင့်သို့အောင်မြင်စွာကျင့်ကြံနိုင်မည့် အခွင့်အရေးတစ်ခု ရှိပေသည်။
[ဒင်]
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏စိတ်ထဲ၌ စနစ်အချက်ပေးသံတစ်ခု ရုတ်တရက် မြည်လာသည်။
[အောင်မြင်မှုမစ်ရှင်ကို ထုတ်ပြန်ပြီးပါပြီ။ ဟို့စ် ကျေးဇူးပြုပြီး ဝိညာဉ်အမြစ်အကြိမ်တစ်ထောင်ကျင့်ကြံခြင်းကို ပြီးဆုံးအောင်လုပ်ပါ]
ကျန်းချန်ရွှမ်သည် ဤအောင်မြင်မှုမစ်ရှင် ပြီးဆုံးသွားသောအခါ မှော်ဝင်တိုင်တောင်ပေါ်ရှိ ရေဓာတ်သစ်ပင်သည် ချောချောမွေ့မွေ့နှင့် ပဉ္စမအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း မှန်းကြည့်ပြီးလုနီးနီးဖြစ်သည်။
ကျန်းချန်ရွှမ်သည် ရှန်းရူယန်ကို ပြောလိုက်သည်။
“ရူယန် မင်းထိုးဖောက်ကျော်ဖြတ်ခြင်းအခွင့်အရေးကို အာရုံခံမိပြီဆိုမှတော့ ဒီအခွင့်အရေးကို မဖြုန်းတီးလိုက်နဲ့။ တံခါးပိတ့်ကျင့်ကြံလိုက်။ ဒီအချိန်အတွင်းမှာ ကိုယ် ကိုယ်တို့မျိုးနွယ်စုရဲ့ ဝိညာဉ်သွေးကြောကို ပဉ္စမအဆင့်ရောက်အောင် တိုးမြှင့်ပေးထားမယ်”
သူမသည် သူမ၏ယောက်ျားမှာ ဤကဲ့သို့ယုံကြည်ချက်မျိုး ဘာကြောင့်ရှိနေသည်ကိုမသိသော်လည်းရှန်းရူယန်သည် ကျန်းချန်ရွှမ်ကို လုံးဝဥဿုန်ယုံကြည်သည်။
သူမသည် ပြုံးပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ ဒါဆိုလည်း ကျွန်မရှင့်ကိုလွှဲထားခဲ့လိုက်မယ် ယောက်ျား”
ထိုသို့ပြောပြီးနောက် ရှန်းရူယန်သည် ဆက်လက်အချိန်ဆွဲမနေတော့ဘဲ သူမသည် အခြေတည်ဝိညာဉ်အဆင့်ကိုကျော်ဖြတ်ခြင်းကို စတင်ရန် တံခါးပိတ်ကျင့်ကြံဖို့ သူမ၏ဂူအိမ်သို့ သွားလိုက်သည်။
တစ်ချိန်တည်း၌ပင် ကျန်းချန်ရွှမ်သည်မျိုးနွယ်စုနှင့် အခြားသောနေရာများမှ ဝိညာဉ်ပစ္စည်းပမာဏအများကြီးကို စုဆောင်းထားသည်။
သူသည် ရေဓာတ်သစ်ပင်စိုက်ထားသည့်တောင်သို့သွားလိုက်ပြီး ဝိညာဉ်အမြစ်ကို သူ၏ကိုယ်ပိုင်နည်းလမ်းဖြင့် ကျင့်ကြံရန် စတင်လိုက်သည်။
ထိုသို့နှင့် ရက်များစွာကုန်လွန်သွားသည်။
ကျန်းချန်ရွှမ်သည် ရေဓာတ်သစ်ပင်ကို ကျင့်ကြံခြင်းပြီးမြောက်သွားသောအခါ သုံးနှစ်ကုန်လွန်သွားပြီဖြစ်သည်။
ထိုအချိန်တွင် စနစ်အချက်ပေးသံတစ်ခု သူ၏စိတ်ထဲတွင် ထပ်မံပေါ်ပေါက်လာပြန်သည်။
[ဂုဏ်ယူပါတယ် ဟိုစ့်၊ သင်သည် ဝိညာဉ်အမြစ်အကြိမ်တစ်ထောင်ကျင့်ကြံခြင်းကို ပြီးဆုံးသွားပါပြီ။ ခရမ်းရောင်ချီအမျှင်တန်းနှင့် ကောင်းကင်နှင့်ကမ္ဘာမြေလျှပ်စီးအစေ့ကို ရရှိပါသည်]
ခရမ်းရောင်ချီအမျှင်သည် ဝိညာဉ်အမြစ်များကို အဆင့်မြှင့်တင်ရာတွင် သုံးသည်။
မည်သို့ပင်ဖြစ်စေ ကောင်းကင်နှင့် ကမ္ဘာမြေလျှပ်စီးအစေ့မှာ အနည်းငယ်စိတ်ဝင်စားဖွယ်ကောင်းသည်။
စနစ်၏ဖော်ပြချက်အရ ဤပစ္စည်းကို လျှပ်စီးမတည်မငြိမ်ဖြစ်ခြင်းကို စုပ်ယူနိုင်ရန် အသုံးပြနိုင်ပေသည်။
တစ်ခေါက်နှင့်စုပ်ယူခံလိုက်ရသည့် လျှပ်စီးမတည်မငြိမ်ဖြစ်မှုမှာ ပိုမိုအားကောင်းလေလေ ဝိညာဉ်အမြစ်အစေ့မှာ ပိုမိုကြီးထွားနိုင်ချေ မြင့်လေလေဖြစ်သည်။
ဒါအမှန်ပဲ
ဤအရာသည် ကောင်းကင်နှင့် ကမ္ဘာမြေဝိညာဉ်အမြစ်တို့၏ အစေ့ပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ စိုက်ပျိုးရသည့်နည်းလမ်းမှာ အနည်းငယ် ထူးခြားသည်။
သင်သည် ၎င်းကိုစိုက်ပျိုးလိုလျှင် လျှပ်စီးမတည်မငြိမ်ဖြစ်ခြင်းတွင် စိုစွတ်စေရမည်။
၎င်းသည် မတည်မငြိမ်ဖြစ်နေသော လျှပ်စီးတစ်ခုချင်းစီ၏စွမ်းအားကို စုပ်ယူပြီး သူ၏အသက်ပါမှုကို ဖွင့်လှစ်နိုင်လိမ့်မည်။
တစ်နည်းအားဖြင့် ဤအစေ့ကို ကြီးရင့်သောဒုက္ခများ၏ရတနာတစ်ဖြစ်လဲ အသုံးပြုနိုင်သည်။
သိပ်တော့မဆိုးလှပေ။
ကျန်းချန်ရွှမ်သည် မမျှော်လင့်ထားသည့်အရာ တစ်စုံတစ်ခုဖြစ်ခဲ့ပါက သူ၏အခြေတည်ဝိညာဉ်မတည်မငြိမ်ဖြစ်ခြင်းတွင် ဤအစေ့ကိုအသုံးပြုရန် စီစဉ်ထားပြီး ၎င်း၏အသက်ပါမှုတစ်ခုကို လမ်းဖွင့်ရန် အခွင့်အရေးတစ်ခုအနေနှင့် အသုံးပြုနိုင်ကြောင်း ရှာတွေ့ထားသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် အချိန်မဖြုန်းခဲ့ပေ။
သူ၏ရှေ့ရှိ ရေဓာတ်သစ်ပင်ကိုကြည့်ရင်း ကျန်းချန်ရွှမ်သည် ထပ်မံတုံ့ဆိုင်းမနေတော့ပေ။
သူသည် ခရမ်းရောင်ချီမျှင်တန်းကို ထုတ်ယူလိုက်ပြီး ရေဓာတ်သစ်ပင်တွင် အသုံးပြုလိုက်သည်။
ဝှစ်--
ခရမ်းရောင်ချီ၏အမျှင်တန်းကိုလက်ခံပြီးနောက် စတုတ္ထအဆင့်ထိပ်တွင်သောင်တင်နေသည့် ရေဓာတ်သစ်ပင်သည် ချက်ချင်း ၎င်း၏အဆင့်ကန့်သတ်ချက်ကို ကျော်ဖြတ်သွားသည်။
ချက်ချင်းဆိုသလိုပင် ရေဓာတ်သစ်ပင်၏ရှေ့တွင် အဆုံးမရှိသောမိုးပြာရောင်အော်ရာများ တောက်လောင်သွားသည်။
ရှဲ--
အကိုင်းများ ယိမ်းနွဲ့သွားသည်။
အပင်တစ်ခုလုံးသည် အလွန်အမင်းခိုင်မာသော အသက်ပါမှုတစ်ခုကို ပြသနေသည်။
ခနအတွင်းပင် ရေဓာတ်သစ်ပင်သည် စတုတ္ထအဆင့်ထိပ်မှ ပဉ္စမအဆင့်သို့ ခုန်တက်သွားသည်။
***