← Chapters

ပဉ္စမအဆင့်ဝိညာဉ်သွေးကြော၊ ရှန်းရူယန် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခြင်း၊ အခြေတည်ဝိညာဉ်အဆင့်သို့ရောက်ရှိခြင်း

Vol. 24 Ch. 461

ပဉ္စမအဆင့်ဝိညာဉ်သွေးကြော၊ ရှန်းရူယန် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခြင်း၊ အခြေတည်ဝိညာဉ်အဆင့်သို့ရောက်ရှိခြင်း

Vol. 24 Ch. 461

ဘွန်း!

ရေဓာတ်သစ်ပင်၏အဆင့်မြှင့်တင်ခြင်းဖြင့် လှုံ့ဆော်ခံလိုက်ရသည်နှင့် များပြားလှသောဝိညာဉ်ချီများသည် ထိုအချိန်တွင် မှော်ဝင်တိုင်တောင်ပေါ်ရှိ ယခင်ဝိညာဉ်သွေးကြောမှ ပန်းထွက်နေသည်။

တောင်တစ်ခုလုံးသည် အနည်းငယ် လှုပ်ခါသွားသည်။

တောင်ပေါ်ရှိ ကျန်းမျိုးနွယ်စုကျင့်ကြံသူအားလုံးသည် ဝိညာဉ်ချီပြောင်းလဲမှုကို ခံစားမိခဲ့သည်။

အထူးသဖြင့် တောင်အနောက်ဘက်ခြမ်းတွင် ဖြစ်သည်။

၎င်းမှထွက်ပေါ်နေသည့် သိပ်သည်းသော မိုးပြာရောင်အလင်းသည် မှောင်ဝင်တိုင်တောင်သည် ပြောင်းလဲမှုတစ်ချို့ကို ကြုံတွေ့နေရကြောင်း လူတိုင်းကို သဘောပေါက်သွားစေသည်။

ဝှီ--

ထိုအချိန်တွင် မှော်ဝင်တိုင်တောင်ပေါ်ရှိ ဝိညာဉ်ချောင်းများ၏ အချို့နေရာများတွင် ဝိညာဉ်အလင်းများ ရုတ်တရက် မြင့်တက်လာလေသည်။

ထို့နောက် တောင်တစ်ခုလုံးပေါ်ရှိဝိညာဉ်ချီသည် လျင်မြန်စွာ စတင်ပေါ်ထွက်လာတော့သည်။

ခနအတွင်းပင် ဝိဘာဉ်ချီ၏ သိပ်သည်းမှုနှင့် သန့်စင်မှုတို့သည် စတုတ္ထအဆင့်မှ ပဉ္စမအဆင့်သို့ ခုန်တက်သွားသည်။

ဒါက...?

ဤအပြောင်းအလဲကို ခံစားမိလိုက်သည့်သူတိုင်းသည် ထိန်းချုပ်မရအောင် အံ့အားသင့်သွားခဲ့ကြသည်။

မည်သူဆိုတာကို သေသေချာချာမစဉ်းစားရသေးဘဲ ရှင်းမပြနိုင်သော ပျော်ရွှင်မှုတစ်ခု သူတို့နှလုံးသားထဲတွင် လှိုက်တက်လာသည်။

အထူးသဖြင့် ကျန်းမျိုးနွယ်စု၏ အမြုတေအဖွဲ့ဝင်များဖြစ်သည့် ကျန်းရန်ယီနှင့် ကျန်းရန်ထောင်တို့ပင်ဖြစ်သည်။

ဝိညာဉ်ချီပဉ္စမအဆင့်သို့ ရောက်ရှိသွားခြင်းသည် မည်သည်ကိုဆိုလိုမှန်း သူတို့ထက် ဘယ်သူမှပိုကောင်းကောင်းမသိချေ။

အထူးသဖြင့် သူတို့၏ဘိုးဘေး ရှန်းရူယန်သည် အခြေတည်ဝိညာဉ်အဆင့်ကိုကျော်ဖြတ်ရန် ကြိုးပမ်းအားထုတ်နေသည့် အချိန်တွင် ဖြစ်သည်။

ပဉ္စမအဆင့်ဝိညာဉ်သွေးကြောသည် သူမကျော်ဖြတ်မှု၏ အောင်မြင်နိုင်နှုန်းကို အသေအချာပင်မြှင့်တင်ပေးနိုင်သည်။

ဝှစ် ဝှစ်--

သဘာဝအလျောက်ပင် အလင်းတန်းတော်တော်များများသည် ကျန်းချန်ရွှမ် တောင်အနောက်ဘက်တွင်ရှိနေသည့် နေရာအနီးတွင် ဆင်းသက်လာကြသည်။

သူတို့သည် ရေဓာတ်သစ်ပင်မှာ ပဉ္စမအဆင့်သို့ ရောက်ရှိပြီးသည်ကို မြင်သောအခါ လူတိုင်း၏မျက်နှာသည် စိတ်လှုပ်ရှားမှုတစ်ခုကို ထပ်မံပြသလိုက်သည်။

“ဘိုးဘေး ဒါက...?”

ကျန်းရန်ထောင်သည် ကျန်းချန်ရွှမ်ကို ပထမဆုံးမေးလိုက်သည့်သူ ဖြစ်သည်။

“ဟုတ်တယ်”

ကျန်းချန်ရွှမ်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

“ငါတို့ကျန်းမျိုးနွယ်စုရဲ့ ရေဓာတ်သစ်ပင်ကအခုပဉ္စမအဆင့်ကို ရောက်ရှိနေပြီးတော့ သူသယ်ဆောင်လာခဲ့တဲ့ ဝိညာဉ်ချီရဲ့ ကြီးမားတဲ့တိုးတက်မှုက မှော်ဝင်တိုင်တောင်ပေါ်မှာရှိတဲ့ စတုတ္ထအဆင့်ဝိညာဉ်သွေးကြောကို ပဉ္စမအဆင့်ကို တွန်းတင်နိုင်ခဲ့တယ်”

ကျန်းချန်ရွှမ်၏ စကားများကိုကြားပြီးနောက် ကျန်းရန်ထောင်နှင့် အခြားသူများသည် ရုတ်တရက် သဘောပေါက်သွားကြသည်။

ထိုအချိန်တွင် ကျန်းအန်းရန်က မေးလိုက်သည်။

“ဆရာ ပဉ္စမအဆင့်ရေဓာတ်သစ်ပင်က အရင်ဟာနဲ့ယှဉ်ရင် ဘယ်လိုကွာခြားမှုတွေရှိသွားလဲ?”

ဤမေးခွန်းသည် ထိုနေရာရှိလူတိုင်း သိချင်နေကြသည့်မေးခွန်းဖြစ်သည်။

ခနမျှ လူတိုင်း၏အကြည့်များသည် ကျန်းချန်ရွှမ်အပေါ်တွင် သက်ရောက်သွားကြသည်။

ကျန်းချန်ရွှမ်သည် ကျန်းအန်းရန်ကို ကြည့်ကာ ပြုံးလိုက်သည်။

“အကြီးမားဆုံးကွာခြားချက်ကတော့ နောက်ပိုင်းရေဓာတ်သစ်သီးသယ်ဆောင်လာ‌တာတွေက အခြေတည်ဝိညာဉ်ကျင့်ကြံသူတွေအသုံးပြုနိုင်တယ်။ တစ်ခုကိုစားသုံးလိုက်တာနဲ့ နှစ်နှစ်ရာအပင်ပန်းခံထားတဲ့ကျင့်စဉ်နဲ့ ညီမျှတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရေဓာတ်သစ်သီးတွေက နှစ်သုံးရာမှာတစ်ကြိမ်သာစားလို့ရမယ်။ သုံးခါစသုံးပြီးတဲ့အခါမှာတော့ ဘာအကျိုးသက်ရောက်မှုမှ ရှိတော့မှာ မဟုတ်တော့ဘူး”

အဲ့ဒီလောက်တောင်စွမ်းအားရှိတာလား?

ကျန်းအန်ရန်၊ ကျန်းရန်ထောင်၊ ကျန်းရန်ယီနှင့် အခြားသူများသည် အတော်ကလေး အံ့အားသင့်သွားကြသည်။

သူတို့အားလုံးသည် ကျင့်ကြံသူများလိုအပ်သည့် ရင်းမြစ်များမှာ အခြေတည်ဝိညာဉ်နယ်ပယ်ကို‌ဖြတ်ကျော်ပြီးလျှင် ပိုမိုများပြားလာမည်ဖြစ်ကြောင်းသိရှိကြသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိကျင့်ကြံရေးလောကတွင် အခြေတည်ဝိညာဉ်ကျင့်ကြံသူများကို ပေးစွမ်းနိုင်သည့် ရင်းမြစ်များမှာ အနည်းငယ်ကန့်သတ်ထားပြီးဖြစ်သည်။

အထူးသဖြင့် ယခုအချိန်အထိ အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်၏ ဓမ္မစွမ်းအားကို တိုက်ရိုက်မြှင့်တင်ပေးနိုင်သည့် ဝိညာဉ်ပစ္စည်းများသည် အလွန်အမင်းရှားပါးသည်။

ပဉ္စမအဆင့်ရေဓာတ်သစ်ပင်ကဲ့သို့ ပစ္စည်းများသည် မျိုးနွယ်စုတွင် စွမ်းအားကောင်းသည့် အခြေတည်ဝိညာဉ်ဘိုးဘေးမရှိဘဲ စောင့်ရှောက်ရန်မဖြစ်နိုင်ပေ။

ကံကောင်းစွာပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့တွင်အတော်ကလေးစွမ်းအားကောင်းသည့် အခြေတည်ဝိညာဉ်တိုက်ပွဲစွမ်းအားများရှိပေသည်။

အထူးသဖြင့် သူတို့နှစ်ယောက် အင်အားများပူးပေါင်းလိုက်ချိန်တွင် ဖြစ်သည်။

ရှန်းရူယန်သည် အခြေတည်ဝိညာဉ်အဆင့်ကိုကျော်ဖြတ်ရန်ကြိုစားနေသည့်အတွက် ပြောစရာပင်မလိုတော့ချေ။

သူမအောင်မြင်စွာကျော်ဖြတ်နိုင်နေသရွေ့ သူမ၏စုဆောင်းမိခြင်းများနှင့် အခြေခံများဖြင့် စတုတ္ထအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်လို့ရပေသည်။

ထိုသို့ဆိုပါက ဤရေဓာတ်သစ်ပင်ကို စောင့်ရှောက်ရန်မှာ အခက်အခဲတစ်ခု မဟုတ်တော့ပေ။

ဝှစ်!

လူတိုင်းသည်ဤအကြောင်းကို တွေးတော‌နေကြစဉ် အလွန်အမင်းစွမ်းအကြီးသောအော်ရာတစ်ခုသည် ရှန်းရူယန်ဂူအိမ်၏ ဘက်မှ ရုတ်တရက် ပေါက်ကွဲသွားသည်။

ချက်ချင်းဆိုသလိုပင် ပတ်ပတ်လည်ရှိဝိညာဉ်ချီများသည် စတင်လိမ့်တက်လာသည်။

ဝဲဂယက်များကဲ့သို့ ဝိညာဉ်ချီလှိုင်းများသည် ရှန်းရူယန်၏ဂူအိမ်ဆီသို့ အရှိန်အဟုန်ဖြင့် သွားနေကြသည်။

ခနအတွင်းပင် ရှန်းရူယန်ဂူအိမ်အထက်ရှိ ကောင်းကင်သည် အရည်များကဲ့သို့ ဝိညာဉ်ချီတိမ်တိုက်များဖြင့် ပိတ်ဖုံးသွားသည်။

ဒါက...?

ရွှက် ရွှက်--

ချက်ချင်းဆိုသလိုပင် ကျန်းချန်ရွှမ်အပါအဝင် လူတိုင်းအနီးနားသို့ ရောက်ရှိလာကြသည်။

သူတို့ရှေ့ရှိဖြစ်စဉ်ကိုကြည့်ကာ လူတိုင်း၏မျက်နှာများသည် မျှော်လင့်စောင့်စားချက်များကို ပြသလျက်ရှိသည်။

ကျန်းအန်းရန်သည် ကျန်းချန်ရွှမ်ကိုကြည့်ရန် လှည့်လိုက်ပြီး မျှော်လင့်ချက်အရိပ်အယောင်ဖြင့် မေးလိုက်သည်။

“ဆရာ ဆရာရူယန်က စတင်ကျော်ဖြတ်နေပြီလား?”

သူမ၏မေးခွန်းကိုကြားကာ ကျန်းရန်ယီ၊ ကျန်းရန်ထောင်နှင့် အခြားသူများသည်လည်း ကျန်းချန်ရွှမ်ကို စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။

ကျန်းချန်ရွှမ်သည် တည်ငြိမ်လေးနက်သော အမူအယာတစ်ခုဖြင့် ခေါင်းညိတ်လိုက်သည်။

“မှန်တယ် မင်းရဲ့ဆရာရူယန်က စတင်ကျော်ဖြတ်နေပြီ”

ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ အမူအယာမှာ ရုတ်တရက် အရင်ကအတိုင်းမဟုတ်ဘဲ စတင်တည်ငြိမ်လေးနက်လာသည်။

သူသည် ကျန်းရန်ယီနှင့် ကျန်းရန်ထောင်တို့ကိုကြည့်ကာ အသံနိမ့်တစ်ခုဖြင့် ပြောလိုက်သည်။

“တောင်အကာအကွယ်အစီအရင်ကို အသက်သွင်းဖို့ တစ်ယောက်ယောက်သွားရှာပြီးတော့ မှော်ဝင်တိုင်တောင်ရဲ့ မိုင်တစ်ထောင်အတွင်းက နယ်မြေကို စောင့်ကြည့်လိုက်။ ဟုတ်တယ် ရွှေရောင်လူဝံလည်း ပတ်ဝန်းကျင်ကို ကင်းလှည့်လိမ့်မယ်။ မူမမှန်တာတစ်ခုခုတွေ့လို့ရှိရင် မင်းတို့ငါ့ကိုချက်ချင်းပြောရမယ်..”

***

All Chapters