← Chapters

ပဉ္စမအဆင့်ဝိညာဉ်သွေးကြော၊ ရှန်းရူယန် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခြင်း၊ အခြေတည်ဝိညာဉ်အဆင့်သို့ရောက်ရှိခြင်း (၂)

Vol. 24 Ch. 462

ပဉ္စမအဆင့်ဝိညာဉ်သွေးကြော၊ ရှန်းရူယန် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခြင်း၊ အခြေတည်ဝိညာဉ်အဆင့်သို့ရောက်ရှိခြင်း (၂)

Vol. 24 Ch. 462

၎င်းသည် ဖြစ်နိုင်ချေရှိသည့် မတော်တဆများကို ရှောင်ကြဉ်နိုင်ရန်ဖြစ်ပြီး အလားအလာရှိသော အန္တရာယ်များအားလုံးကို အညွန့်ချိုးပစ်ရန် ဖြစ်သည်။

“ဟုတ်ကဲ့ပါ!”

ကျန်းရန်ယီနှင့် ကျန်းရန်ထောင်တို့သည် ကျန်းချန်ရွှမ်၏ စကားများကိုကြားပြီးနောက် အခြေအနေ၏ပြင်းထန်မှုကို သိသိသာသာ နားလည်လိုက်သည်။

သူတို့သည် တည်ငြိမ်လေးနက်သောအမူအယာကိုပြကာ တာဝန်ကို လက်ခံလိုက်သည်။

ကျန်းအန်းရန်သည်လည်း လိုက်သွားရန်ရည်ရွယ်ထားသော်လည်း ကျန်းချန်ရွှမ်က သူမကို အော်ကာတားလိုက်သည်။

“အန်းရန် မင်းဒီမှာနေခဲ့ပြီး ငါနဲ့လိုက်ခဲ့”

တကယ်ဆိုလျှင် သူသည် ကျန်းအန်းရန်ကို နေခဲ့စေချင်ပြီး ရှန်းရူယန်၏ ကျော်ဖြတ်မှုဖြစ်စဉ်ကို လေ့လာစေချင်သည်။

သူမ၏လက်ရှိကျင့်စဉ်အဆင့်တွင် သူမသည် ကိစ္စတော်တော်များများကို နားမလည်နိုင်သော်လည်း ကျီဖုအဆင့်ကျင့်ကြံသူတစ်ယောက်အနေနှင့် ၎င်းမှာ ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။

ကျန်းအန်းရန်က ကျန်းချန်ရွှမ်ကို ခေါင်းညိတ်ပြလိုက်သည်။

ကျန်းချန်ရွှမ်သည် ကျန်းအန်းရန်ဆီသို့လာကာ ခေါင်းကိုပုတ်ပေးလိုက်သည်။

ထို့နောက် သူသည် ခြေချိတ်ထိုင်လိုက်ပြီး ရှန်းရူယန်ကို ကိုယ်တိုင် စောင့်ကြည့်နေသည်။

အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းပင် သုံးနှစ်ကုန်လွန်သွားသည်။

ယနေ့တွင်…

ထိုင်နေသောကျန်းချန်ရွှမ်သည် ရှန်းရူယန်၏ဂူအိမ်ရှိသည့် အရပ်ဆီသို့ ရုတ်တရက် ကြည့်လိုက်သည်။

ကျန်းအန်းရန်သည် လှုပ်ရှားမှုကို သတိပြုမိလိုက်ကာ ကျန်းချန်ရွှမ်ကိုကြည့်ပြီး မေးလိုက်သည်။

“ဆရာ တစ်ခုခုဖြစ်လို့လား?”

ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။

“မင်းရဲ့ဆရာရူယန်က တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာတော့မယ်”

“တကယ်?”

ကျန်းအန်းရန်သည် အံ့အားသင့်သွားခဲ့သည်။

ထို့နောက်တွင် မြင့်မြတ်ထူးကဲပြီး အံ့ဩစရာအော်ရာတစ်ခုသည် ရှန်းရူယန်၏ ဂူအိမ်ထဲမှ ပေါက်ထွက်လာသည်။

ဤအော်ရာ၏လွှမ်းမိုးမှုအောက်တွင် မှော်ဝင်တိုင်တောင်ပေါ်ရှိ ကျင့်ကြံသူများနှင့် သက်ရှိများအားလုံးသည် မှင်သက်မိသွားသည်။

တစ်ခနအတွင်းပင် ဖိအားသည် သူတို့ ဓမ္မစွမ်းအားများနှင့် စစ်မှန်မှုအဆီအနှစ်များ၏ လှုပ်ရှားမှုကို ရပ်တန့်သွားစေသည်။

ကျန်းချန်ရွှမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းပင် ဖိအားမှာ အမခံလိုက်ရပြီး ကျန်းအန်းရန်သည် သူမ၏ခန္ဓာကိုယ် လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။

သူမခန္ဓာကိုယ်အတွင်းရှိ ဓမ္မစွမ်းအားစီးဆင်းမှုမှာ ပုံမှန်ပြန်ဖြစ်သွားသည်။

သို့သော်လည်း သူမ၏မျက်နှာပေါ်ရှိ အံ့အားသင့်မှုမှာ လျော့ကျမသွားပေ။

“ဆရာရူရုန်က အခြေတည်ဝိညာဉ်အဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သွားတာလား? ဒါ...အရမ်းကြောက်ဖို့ကောင်းတာပဲ”

အမှန်အတိုင်း‌ပြောရလျှင် အခြားကျင့်ကြံသူများသည်လည်း ထိုအချိန်တွင် သူမကဲ့သို့ ခံစားလိုက်ရသည်။

ကျန်းရန်ယီ၊ ကျန်းရန်ထောင်၊ လျူလင်းလုံကဲ့သို့လူများနှင့် အခြားအားလုံးသည်လည်း ကြိုတင်မျှော်မှန်းထားခြင်းကို မျိုသိပ်ထားလိုက်ကြသည်။

ရွှမ်း!

ထိုအချိန်တွင် တောက်ပသောအလင်းတစ်ခုသည် ရှန်းရူယန်၏ဂူအိမ်အရပ်မှ ကောင်းကင်ဆီသို့ ပျံဝဲတက်သွားသည်။

ထို့နောက် ကောင်းကင်ဘုံကဲ့သို့ဝတ်စားဆင်ရင်ထားသည့် တင့်တယ်သောပုံရိပ်တစ်ခု လူတိုင်း၏ရှေ့တွင် ရောက်ရှိလာသည်။

၎င်းမှာ ရှန်းရူယန်ပင် ဖြစ်သည်။

သူမ၏လှပ‌သောမျက်လုံးများသည် ကျန်းချန်ရွှမ်အပေါ်တွင် ဆင်းသက်သွားသည်။

“ယောက်ျား”

ကျန်းချန်ရွှမ်သည် ချက်ချင်းရှန်းရူယန်ဆီ ပျံသန်းသွားလိုက်ကာ ပြုံးပြလိုက်သည်။

“အခြေတည်ဝိညာဉ်အဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ မိန်းမအခုကစပြီး‌တော့ ထာဝရရှင်သန်ခြင်းကို လက်လှမ်းမှီနိုင်ပါစေ”

ကျန်းချန်ရွှမ်၏ စကားများကိုကြားသောအခါ ရှန်းရူယန်သည် အနည်းငယ် သဘောကျသော အကြည့်တစ်ခုဖြင့် ကြည့်လိုက်သည်။

ထို့နောက် သူမ၏လှပသောမျက်လုံးများသည် ကောင်းကင်ဆီသို့ ရောက်သွားသည်။

“ကျွန်မရဲ့ ကောင်းကင်အတိဒုက္ခကမကြာခင်လာတော့မယ်”

၎င်းကိုပြောကာ သူမသည် ကျန်းချန်ရွှမ်ကို ထပ်မံကြည့်လိုက်သည်။

“နောက်တစ်ကြိမ်ကျရင် ကျွန်မကိုဆက်စောင့်ရှောက်စေပြီး‌တော့ အတိဒုက္ခကို ရင်ဆိုင်ရာမှာကူညီစေရင်း ရှင့်ကို ဆက်ဒုက္ခပေးမိမှာ စိုးမိတယ်”

“ဟုတ်တာပေါ့”

ကျန်းချန်ရွှမ်သည် ခေါင်းညိတ်လိုက်ကာ တည်ငြိမ်သော အမူအယာဖြင့် မေးခွန်းတစ်ခု မေးလိုက်သည်။

“ဘယ်လိုလဲ? ပြဿနာကြီးကြီးမားမားမရှိဘူးမို့လား?”

ရှန်းရူယန်သည် ခနမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ကျွန်မလည်းအဲ့ဒီလိုထင်တာပဲ”

“တကယ်လား? ဒါဆိုဒါကိုအရင်ယူထားလိုက်ဦး”

၎င်းကိုပြောရင်း ကျန်းချန်ရွှမ်သည် သူစနစ်မှရရှိထားသည့် ကောင်းကင်နှင့်ကမ္ဘာမြေလျှပ်စီးအစေ့ကို သူမအား ပေးလိုက်သည်။

ရှန်းရူယန်သည် ၎င်းကို သိချင်စိတ်ဖြင့် ယူလိုက်သည်။

ကျန်းချန်ရွှမ်ကပြောလိုက်သည်။

“ဒါကကောင်းကင်နဲ့ ကမ္ဘာမြေလျှပ်စီး အစေ့ပဲ။ ဒါကမင်းကို အတိဒုက္ခလျှပ်စီးတစ်ခုကို ဆန့်ကျင်ရာမှာ ကူညီပေးနိုင်တယ်။ မင်းက ဒီကောင်းကင်အတိဒုက္ခကို ကျော်လွှားဖို့ ယုံကြည်မှုရှိနေပေမယ့်လည်း လုံခြုံစေတာကပိုကောင်းမယ်။ ဒီပစ္စည်းကို အကူနည်းလမ်းအနေနဲ့ ယူထားလိုက်”

၎င်းကိုလွှဲပေးပြီးနောက် ကျန်းချန်ရွှမ်သည် ကောင်းကင်နှင့်ကမ္ဘာမြေလျှပ်စီးအစေ့မှာ မည်သည်အတွက်ဖြစ်ကြောင်း ခနမျှရှင်းပြလိုက်သည်။

နားထောင်ပြီးသောအခါ ရှန်းရူယန်၏နှလုံးသားတွင် အနည်းငယ် နွေးထွေးသွားခဲ့သည်။

သူမသည် ဤရတနာမှာ မကြာမီအခြေတည်ဝိညာဉ်အဆင့်ကို ကျော်ဖြတ်တော့မည့် ကျန်းချန်ရွှမ်အတွက်လည်း အရေးကြီးကြောင်း ကောင်းစွာနားလည်ပေသည်။

သို့သော်လည်း ထိုအချိန်တွင် သူက၎င်းကို သူမအား ပေးလိုက်သည်။

ရှန်းရူယန်သည် တစ်စုံတစ်ခု ထပ်မံပြောမည်အပြုတွင် သူမ၏လှပသောမျက်နှာထားမှာ ရုတ်တရက်ပြောင်းလဲသွားသည်။

ချက်ချင်းဆိုသလိုပင် သူမရှိနေသည့် နေရာ၏ကောင်းကင်မှာ ချက်ချင်း မဲနက်သွားသည်။

ထစ်ချုန်းနေသည့် ဟိန်းဟောက်သံများလိုက်ပါလျက် ရှုံ့တွပုံပျက်နေသည့်ငွေရောင်လျှပ်စီးများသည် မည်းနက်နေသော တိမ်တိုက်များကြားတွင် ရုတ်တရက် ရောက်ရှိလာသည်။

ကြောက်မက်ဖွယ်အော်ရာတစ်ခုသည် ချက်ချင်း မှော်ဝင်တိုင်တောင်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။

လူတိုင်းသည် ကောင်းကင်ရှိ အတိဒုက္ခလျှပ်စီးများကို စိုးရိမ်ဖွယ်အမူအယာများဖြင့် ကြည့်လိုက်သည်။

ဤအော်ရာသည် သူတို့၏ဝိညာဉ်များ ထိန်းချုပ်၍မရအောင် တုန်ခါသွားသည်အထိ ကြောက်မက်ဖွယ်ကောင်းပေသည်။

ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် ကျန်းရန်ထောင်ပင်လျှင် ချွင်းချက်မရှိပေ။

ရှန်းရူယန်သည် ချက်ချင်း မှော်ဝင်တိုင်တောင်မှ ပျံထွက်သွားသည်။

မျက်စိတစ်မှိတ်အတွင်းပင် သူသည် မိုင်တစ်ထောင်အဝေးသို့ ပျံသန်းပြီးဖြစ်သည်။

ကျန်းချန်ရွှမ်သည် ကျန်းအန်းရန်၊ ကျန်းရန်ယီနှင့် အခြားသူများကို သူရှန်းရူယန်နောက်သို့ လိုက်သွားချိန်တွင် နေခဲ့ကြရန် ပြောလိုက်သည်။

မိုင်တစ်ရာမျှ ပျံသန်းပြီးနောက် ရှန်းရူယန်သည် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်လိုက်သည်။

ကောင်းကင်ရှိ တိုးမြင့်နေသောသိပ်သည်းအတိဒုက္ခလျှပ်စီးတိမ်တိုက်များကိုကြည့်ကာ ကျန်းချန်ရွှမ်၏ အမူအယာမှာ အနည်းငယ် စတင်တည်ငြိမ်သွားခဲ့သည်။

အခြေတည်ဝိညာဉ်အတိဒုက္ခသည် ရွှေအမြုတေအတိဒုက္ခကဲ့သို့ မဟုတ်ပေ။

ကြာချိန် သို့မဟုတ် စွမ်းအားဖြစ်စေ အခြေတည်ဝိညာဉ်အတိဒုက္ခက ပို၍သာလွန်သည်။

ရှန်းရူယန်သည် ကောင်းကင်အခြေတည်ဝိညာဉ် သို့မဟုတ် ဒဏ္ဍာရီလာချို့ယွင်းချက်မရှိ‌အခြေတည်ဝိညာဉ်ကို သိပ်သည်းနိုင်မလားဆိုသည်ကို မသိနိုင်ပေ။

သို့သော်လည်း ရှန်ူရူယန်အပေါ်တွင် သူနားလည်ထားပုံအရ သူမဤတစ်ကြိမ်တွင် သိပ်သည်းမည့်အခြေတည်ဝိညာဉ်မှာ ဒဏ္ဍာရီလာချို့ယွင်းချက်မရှိအခြေတည်ဝိညာဉ်ဖြစ်နိုင်ချေ ၉၀% ကျော်ကျော်ရှိသည်။

ထို့ပြင် သူမ၏သဘောထားအရ ဒဏ္ဍာရီလာချို့ယွင်းချက်မရှိအခြေတည်ဝိညာဉ်ကို မသိပ်သည်းနိုင်မချင်း တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာမည်မဟုတ်ပေ။

သူမတံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပါက ၎င်းသည် ယေဘုယျအားဖြင့် ချို့ယွင်းချက်မရှိအခြေတည်ဝိညာဉ်ဟုပြောနိုင်သည်။

မည်သို့ပင်ဖြစ်စေ ချို့ယွင်းချက်မရှိ‌အခြေတည်ဝိညာဉ်၏ အတိဒုက္ခမှာ အကြီးမြင့်ဆုံးရွှေအမြုတေအဆင့်များကဲ့သို့ ခန့်မှန်း၍ရမရကိုတော့ မပြောနိုင်ပေ။

ဂျိန်း!

ကျန်းချန်ရွှမ်သည် ဤ‌အတွေးများကို တစိမ့်စိမ့်တွေးဆနေစဉ် ကောင်းကင်ရှိ အတိဒုက္ခလျှပ်စီးများမှာ သက်ရောက်ပြီးဖြစ်သည်။

မျက်စိကျိန်းဖွယ်အလင်းရောင်သည် ‌မှောင်မိုက်ခြင်းကိုဖြတ်သန်းကာ ဖြိုခွဲလျက် ဤမြင်ကွင်းကို မျက်မြင်တွေ့သည့် လူတိုင်းကို အလိုလိုပင် ကြောက်ရွံ့မှုကို ခံစားစေမိခဲ့သည်။

၎င်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ဖြစ်ကာ စွမ်းအား၏အပိုင်းအစများပင်လျှင် သူတို့ကို ပြာများအဖြစ် လျှော့ချပစ်ရန် လုံလောက်သည်။

ရွှေအမြုတေအတိဒုက္ခကို ခံစားခဲ့ဖူးသည့် ကျန်းရန်ထောင်သည်လည်း ချွင်းချက်မရှိပေ။

မည်သို့ပင်ဖြစ်စေ အတိဒုက္ခ၏အလယ်တွင် ရှိနေသော ရှန်းရူယန်သည် ပထမဆုံးလျှပ်စီးကို သက်သောင့်သက်သာပင် ရင်ဆိုင်လိုက်သည်။

သူမသည် ပထမဆုံးလျှပ်စီးကို အားစိုက်မထုတ်လိုက်ရဘဲ ဆန့်ကျင်နိုင်ခဲ့သည်။

ထို့နောက် ဒုတိယနှင့် တတိယလျှပ်စီးများ ထပ်လာသည်။

ရှန်းရူယန်သည် သူတို့ကို အလွယ်ကလေးပင် ကိုင်တွယ်လိုက်သည်။

စတုတ္ထလျှပ်စီးရောက်ရှိလာသည်နှင့် ၎င်း၏စွမ်းအားသည် ယခင်သုံးခုထက် သိသိသာသာ ပို၍အားကောင်းလာပေသည်။

ဤအခေါက်တွင် ရှန်းရူယန်သည် ခုခံရေးရတနာတော်တော်များများကို ဆင့်ခေါ်လိုက်သည်။

မိုးကြိုးပစ်သံများတရစပ် မြည်နေခဲ့သည်။

ဤစတုတ္ထအဆင့်ခုခံရေးရတနာများ၏ ဝိညာဉ်အလင်းများမှာ ဖြည်းဖြည်းချင်း တိမ်မြုပ်သွားသည်။

ထို့နောက် သူတို့အားလုံး ကျဆုံးကုန်သည်။

ကံကောင်းထောက်မစွာပင် သူမသည် စတုတ္ထလျှပ်စီးကို ဆန့်ကျင်နိုင်ခဲ့သည်။

ပဉ္စမနှင့် ဆဌမလျှပ်စီးတို့၏ စွမ်းအားမှာ သိသိသာသာ ပို၍မြင့်မားလာသည်။

ဤတစ်ကြိမ်တွင် ရှန်းရူယန်သည် သူမ၏နတ်စွမ်းအားများကို အသုံးပြုခဲ့သည်။

ခရမ်းရောင်လျှပ်စီးမီးတောက်ဓားရှည်..

ဂျိန်း!

အထက်ရှိကောင်းကင်သည် အဆုံးမရှိသောဖောက်ထွင်းထားသည့် လျှပ်စီးများဖြင့် ပြည့်နေခဲ့သည်။

စွမ်းအားအမျိုးအစားအားလုံးသည် အကြီးအကျယ် ပျက်စီးစေသည်။

ကြောက်မက်ဖွယအော်ရာသည် မိုင်ထောင်ချီသောနယ်မြေတော်တော်များများကို ပျံ့နှံ့နေသည်။

ကံကောင်းစွာပင် သူတို့သည် ရှန်းရူယန်ကို ကြီးကြီးမားမားခြိမ်းခြောက်မှုများ မပြသနေပေ။

၎င်းသည် အချိန်ကြာကြာမတိုင်ခင်အထိသာ ဖြစ်သည်။

ဝုန်းခနဲမြည်ဟည်းသံတစ်ခု ကောင်းကင်တွင် ပေါက်ကွဲသွားသည်။

ယခင်အတိဒုက္ခလျှပ်စီးခြောက်ခုနှင့်ယှဉ်လျှင် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် သတ္တမလျှပ်စီးသည် နောက်ဆုံးတွင် ဆင်းသက်လာသည်...

***

All Chapters