ကောင်းကင်အတိဒုက္ခကို ကျော်လွန်ခြင်း၊ ချို့ယွင်းချက်မဲ့အခြေတည်ဝိညာဉ်၊ အတိတ်ဘဝ၏လျှို့ဝှက်ချက်၊ မိုးကြိုးကောင်းကင်အရှင်မ
Vol. 24 Ch. 463
ထိုလျှပ်စီးအတိဒုက္ခကိုမြင်ကာ လူတိုင်း၏အမူအယာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
သူတို့၏နှလုံးသားများ တုန်ခါသွားခဲ့ကြသည်။
ကျန်းချန်ရွှမ်၏မျက်နှာသည်ပင်လျှင် အတော်လေးတည်ငြိမ်သည့် အမူအယာတစ်ခုကို ပြနေပေသည်။
သူသည် ဤလျှပ်စီး အတိဒုက္ခ၏စွမ်းအားမှာ အခြေတည်ဝိညာဉ်အဆင့်အသစ်တယောက်နှင့် နှိုင်းယှဉ်၍ရကြောင်း သိသိသာသာ ခံစားမိလိုက်သည်။
၎င်းသည် ကျန်ရှိသည့် လျှပ်စီးအတိဒုက္ခခွန်အားနှစ်ခုမှာ ပိုမိုအားကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း ညွှန်ပြနေပေသည်။
ကံကောင်းစွာပင် ရှန်းရူယန်၏လက်ရှိခွန်အားနှင့်ဆိုလျှင် ဤလျှပ်စီးအတိဒုက္ခများကို ဆန့်ကျင်ရန်မှာ အလွန်မခက်ခဲလှပေ။
၎င်းမှာ တကယ့်ကိစ္စပင်ဖြစ်သည်။
သူမသည် သူမ၏မူလရတနာ မိုးကြိုးစီးဆငိးကောင်းကင်ဘုံတံဆိပ်တော်ကို လွှတ်ထုတ်လိုက်သည်။
မရေမတွက်နိုင်သော မိုးကြိူးလျှပ်စီးများသည် ကျရောက်နေသည့် လျှပ်စီးအတိဒုက္ခများနှင့် တိုက်မိသွားပြီး ၎င်း၏စွမ်းအားကို ချက်ချင်းလေထဲတွင် အမြစ်ဖြတ်ပစ်လိုက်သည်။
ဘွန်း!
ရှန်းရူယန်၏ မိုးကြိုးစီးဆင်းကောင်းကင် ဘုံတံဆိပ်တော်ကြောင့် အမျက်ထွက်သွားသည်နှင့် ပိုမိုကြမ်းတမ်းသောဟိန်းဟောက်သံများ တိမ်တိုက်များအထက်တွင် ပေါ်ပေါက်လာသည်။
ရုတ်တရက် စူးရှသောအသံများ ထွက်ပေါ်ခဲ့သည်။
ယခင်ထက် နှစ်ဆအရွယ်အစားရှိသည့် မိုးကြိုးလျှပ်စီးတစ်ခုသည် ရှန်းရူယန်ဆီသို့ ရုတ်တရက် ပစ်ချလိုက်သည်။
ဤတစ်ကြိမ်တွင် လျှပ်စီးအတိဒုက္ခ၏စွမ်းအားမှာ အစောပိုင်းအခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ထံမှ အားကုန်သုံးတိုက်ခိုက်မှုနှင့် ညီမျှပေသည်။
နောက်ဆုံးအတိဒုက္ခလျှပ်စီးသည် အလယ်ဆင့်အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားထက်ကျော်လွန်နိုင်သည်ဟု ပုံဖော်ကြည့်လို့ရပေသည်။
ဂျိန်း!
ထိုအချိန်တွင် ကြည်လင်သောဓားတစ်လက် ကောင်းကင်တွင် ပေါက်ကွဲသွားသည်။
ရှန်းရူယန်သည် လျှပ်စီးအမတသတ်ဖြတ်သူငါးခုကို အသုံးပြုရန် တွန်းအားပေးခံလိုက်ရသည်။
ဝင်းလက်တောက်ပသည့်ဓားအလင်းတစ်ခုဖြင့် သူမသည် အခြေတည်ဝိညာဉ်တစ်ယောက်ကိုစိုးရိမ်ဖွယ်ဖြစ်စေသည့် လျှပ်စီးအတိဒုက္ခကို အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားစေသည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်၌ပင် ထိန်းချုပ်၍မရဘဲ အံ့အားသင့်သော အမူအယာများ ဖြစ်သွားကြသည်။
ခရမ်းရောင်များဖြင့် အနားကွပ်ထားသည့် လျှပ်စီးအစွန်းများသည် ထိုအချိန်အတွင်း ဆူပွက်ကာ လိမ့်တက်လာသည်။
ဒါက...
ကျန်းချန်ရွှမ်၏ သူငယ်အိမ်တို့ ကျဉ်းမြောင်းသွားကြသည်။
တိမ်တိုက်များမှ သူသည် အန္တရာယ်အရိပ်အယောင်တစ်ခုကို အာရုံခံမိလိုက်သည်။
နဝမအတိဒုက္ခလျှပ်စီးသည် ထင်ထားသလောက် မရိုးရှင်းပေ။
ထို့ပြင် ၎င်းမှာ နားကွဲစေနိုင်သည့် ဟိန်းဟောက်သံတစ်ခုဖြင့် ဖြစ်သည်။
ခရမ်းယောင်အရိပ်များဖြင့် ဝန်းရံထားသည့် အရွယ်အစားကြီးမားသော လျှပ်စီးတစ်ခုသည် ဖျက်ဆီးလိုသောအော်ရာတစ်ခုဖြင့် ရှန်းရူယန်ဆီသို့ ဆင်းသက်လာသည်။
ဤတစ်ကြိမ်တွင် လျှပ်စီးအတိဒုက္ခ၏စွမ်းအားမှာ အစောပိုင်းအခြေတည်ဝိညာဉ်အဆင့်ကို ကျော်လွန်သွားပြီး အလယ်ပိုင်းအခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ထိုအချိန်တွင် အလယ်ဆင့်အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်က ၎င်းကိုရင်ဆိုင်လျှင်တောင် အပြင်းအထန်ဒဏ်ရာရကာ အဆုံးသတ်သွားနိုင်သည်။
ရူယန်က...
စိုးရိမ်သည့်အရိပ်အယောင်တစ်ခု ကျန်းချန်ရွှမ်၏ မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။
သို့သော်လည်း ထိုအချိန်တွင် ရှန်းရူယန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။
ထို့နောက် ရှင်းလင်းသောလျှပ်စီးအမှတ်တစ်ခု သူမ၏နဖူးပေါ်တွင် ပေါ်ပေါက်လာသည်။
၎င်းမှာ လျှပ်စီးနတ်ဘုရားတံဆိပ်တော် ဖြစ်သည်။
ဤအမှတ်သည် သူမ၏နတ်စွမ်းအားနှင့် ဓမ္မစွမ်းအားတို့၏ စွမ်းအားကို သိသိသာသာမြှင့်တင်ပေးနိုင်သည်။
အထူးသဖြင့် လျှပ်စီးဒြပ်စင်နတ်စွမ်းအားများကို အသုံးပြုချိန်တွင် ၎င်းသည် အံ့ဩဖွယ် တိုးချဲ့မှုတစ်ခုကို ပြုလုပ်နိုင်သည်။
တစ်ချိန်တည်း၌ပင်..
ရှန်းရူယန်၏ တင့်တယ်သောပုံရိပ်မှာ ရုတ်တရက်ဝေဝါးသွားသည်။
ထို့နောက်တွင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လျှပ်စီးအဖြစ် ပြောင်းလဲသွားသည်။
မင်းရဲ့ လျှပ်စီးအတိဒုက္ခက ဘယ်လောက်အစွမ်းထက်လဲဆိုတာ ငါကြည့်မယ်!
ဤအတွေးကို စိတ်တွင်တွေးကာ ရှန်းရူယန်သည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ချက်--
ချက်ချင်းဆိုသလိုပင် ဒါဇင်နှင့်ချီ သို့မဟုတ် အမျိုးမျိုးသောအရောင်များဖြင့် လျှပ်စီးရာချီသည့် တစ်နေရာတည်း၌ဆုံတွေ့ကာ ကျရောက်နေသည့်လျှပ်စီးအတိဒုက္ခဆီသို့ ဖြည်းဖြည်းချင်းပစ်လွှတ်သွားသည်။
ရှန်းရူယန်သည် နောက်သို့စောင်းလိုက်သည်။
ကျွိ--
ထို့နောက် သူမ၏လက်ထဲတွင် အပြာ၊ အနီ၊ အဝါ၊ အဖြူနှင့် အပြာ ငါးရောင်စုံဖြင့် လျှပ်စီးလှံတံသည် အျက်ဉ်းချုံးခံလိုက်ရသည်။
ဤလှံတံသည် ပေဒါဇင်ချီရှည်လျားပြီး လူတိုင်း၏နှလုံးသားများကို တုန်လှုပ်သွားစေသည့် ခြိမ်းခြောက်နေသောအော်ရာတစ်ခုကို ထုတ်လွှတ်လျက်ရှိသည်။
ဝှစ် ဝှစ်--
သူမသည် အားကုန်သုံးကာ လှံတံကိုပစ်လိုက်သည်။
ကောင်းကင်တွင် ရှည်လျားသောအနက်ရောင်အမှတ်တစ်ခု ပေါ်ပေါက်လာသည်။
အမျိုးမျိုးသောအရောင်များဖြင့် လျှပ်စီးမျှင်များသာ် အဆက်မပြတ် လေထဲတွင် ခုန်ဆွနေကြသည်။
ဘွန်း!
ဂျိန်း!
ရုတ်တရက် ကြီးမားသောပေါက်ကွဲမှုတစ်ခု ကောင်းကင်တွင် ပေါက်ကွဲသွားသည်။
လူတိုင်း၏မျက်လုံးများသည် အဆုံးမရှိသော အနန္တတောက်ပမှုများဖြင့် ပြည့်နေခဲ့သည်။
သူတို့သည် မီတာထောင်ချီအဝေးတွင်ရှိနေသည့်တိုင် သူတို့၏ အရေပြားနှင့် ကြက်သီးမွေးညင်းများ တလှုပ်လှုပ်တရွရွဖြစ်နေသည်ကို ခံစားမိလိုက်သည်။
မရေမတွက်နိုင်သော လျှပ်စီးကြောင်းများ သူတို့၏ခန္ဓာကိုယ်ကို ဖြတ်၍စီးဆင်းသွားသကဲ့သို့ပင်ဖြစ်သည်။
မဟုတ် ဒါတင်မလုံလောက်သေးပေ!
ကျန်းချန်ရွှမ်၏မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။
ရှန်းရူယန်၏တိုက်ခိုက်မှုဖြစ်စေကာမူ နောက်ဆုံးလျှပ်စီးဒုက္ခကို လုံးဝဆန့်ကျင်နိုင်ရန် မလုံလောက်သေးပေ။
မျှော်လင့်ထားသည့်အတိုင်းပင်…
အော်ဟစ်သံတစ်ခုဖြင့် ခရမ်းရောင်အရိပ်အယောင်များသန်းနေသည့် ထိုလျှပ်စီးသည် ရှန်းရူယန် အရိပ်ထင်စေခဲ့သည့် နတ်စွမ်းအားအကုန်လုံးကို ဖျက်စီးပစ်လိုက်သည်။
ယခင်ကထက် အရွယ်အစားပိုမိုသေးငယ်သော်လည်း ၎င်း၏စွမ်းအားမှာ အရမ်းကျဆင်းမသွားသေးပေ။
ရှန်းရူယန်သည် ၎င်းကို ကြိုတင်မျှော်လင့်ထားသည်။
သူမသည် လက်နှစ်ဖက်စုံးဖြင့် တံဆိပ်တစ်ခုကို ပြုလိုက်သည်။
ဝီခနဲမြည်သံတစ်ခု ထွက်ပေါ်ခဲ့ကာ ငါးရောင်စုံစက်ဝန်းတစ်ခု လေဟာနယ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသည်။
ထို့နောက် ယခင်လျှပ်စီးများအားလုံးနှင့် ကွဲပြားသည့် လျှပ်စီးတစ်ခုသည် နောက်ဆုံးလျှပ်စီးအတိဒုက္ခဆီသို့ တိုက်ခိုက်လိုက်သည်။
၎င်းမှာ သူမ၏ အားအကောင်းဆုံး နတ်စွမ်းအား ဒြပ်စင်ငါးမျိုးနတ်လျှပ်စီးပင်ဖြစ်သည်။
ဂျိန်း!
နောက်တစ်ကြိမ်ထပ်မံ၍ ကျယ်လောင်သောပေါက်ကွဲမှုတစ်ခု အမြင့်ကောင်းကင်တွင် ပေါက်ကွဲသွားသည်။
ဤတစ်ကြိမ်တွင် နှစ်ခုကြားရှိ တိုက်မိမှုမှာ သိသိသသာသာပိုမို ကြီးမားလာသည်။
ပုံပျက်ပန်းပျက်ဖြစ်နေသည့် လျှပ်စီးများသည် အဆက်မပြတ် ဖျက်စီး၊ တိုးဝှေ့ဝင်နေရင်း တစ်ခုနှင့်တစ်ခု ဝါးမျိုနေကြသည်။
“ရွှက်!”
ဤအခွင့်အရေးကိုမြင်ကာ ရှန်းရူယန်သည် သူမ၏လျှပ်စီးအမတသတ်ဖြတ်သူငါးခုကို ထပ်မံထုတ်ယူလိုက်သည်။
ဒေါင်ခနဲအသံတစ်ခု မြည်သွားခဲ့ကာ လေထုထဲရှိ လျှပ်စီးအစုအဝေးများသည် ချက်ချင်း ကြေမွကွဲထွက်သွားသည်။
အချိန်ခနကြာပြီးနောက် လျှပ်စီးများနှင့် ဓားချီများအားလုံးသည် အချင်းချင်းပျက်ပြယ်သွားပြီး အစအနမကျန် ပျောက်သွားကြသည်။
မိုးကြိုးခန္ဓာကိုယ်သို့ပြောင်းလဲထားသည့် ရှန်းရူယန်သည် သူမ၏နဂိုပုံစံသို့ ချက်ချင်းပြန်ပြောင်းလိုက်သည်...
***