ကောင်းကင်အတိဒုက္ခကို ကျော်လွန်ခြင်း၊ ချို့ယွင်းချက်မဲ့အခြေတည်ဝိညာဉ်၊ အတိတ်ဘဝ၏လျှို့ဝှက်ချက်၊ မိုးကြိုးကောင်းကင်အရှင်မ(၂)
Vol. 24 Ch. 464
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် သူမ၏နူးညံ့သောမျက်နှာမှာ သိသာသော ဖြူလျော့မှုတစ်ခုကို ပြသနေခဲ့သည်။
သူမပါးစပ်၏အစွန်းဘက်တွင် သွေးအစွန်းအစများ ရှိနေသည်။
သူမသည် အလွန်များပြားသော ဒဏ်ရာများရရှိထားသည်မှာ သိသာလှသည်။
ကံကောင်းထောက်မစွာပင် ထိုအချိန်၌ ကောင်းကင်ရှိ မည်းနက်သောတိမ်တိုက်များသည် ပျံ့လွင့်သွားပေပြီ။
ထို့နောက်တွင် နတ်ဝတ်ရည်ကဲ့သို့ သန့်စင်သော အဆီအနှစ်အစက်များ ကျလာသည်။
၎င်းတို့သည် ရှန်းရူယန်၏ကိုယ်ပေါ်သို့ ကျဆင်းသွားကာ သူမ၏ဒဏ်ရာများကို ကုသပေးလိုက်သည်။
ဤအခွင့်အရေး၏အကျိုးကျေးဇူးကိုယူကာ ရှန်းရူယန်သည် သူမ၏ကျင့်စဉ်နည်းစနစ်ကို လျင်မြန်စွာ လည်ပတ်စေလိုက်ပြီး လက်ရှိကျင့်စဉ်အခြေခံကို တောင့်တင်းစေရန် ကြိုးပမ်းအားထုတ်လိုက်သည်။
ဤသန့်စင်သောအဆီအနှစ်အားလုံးကို စုပ်ယူပြီးနောက် သူမ၏ကျင့်စဉ်မှာ လုံးဝတည်ငြိမ်သွားပြီး ဖြည်းဖြည်းချင်း အခြေတည်ဝိညာဉ်၏ ပထမအဆင့်တွင် ရပ်တန့်သွားသည်။
"ဂုဏ်ယူပါတယ် မိန်းမ"
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ပုံရိပ်သည် ရှန်းရူယန်ရှေ့သို့ ရောက်ရှိသွားပြီး သူမကို ပြုံးပြကာ ဝမ်းမြောက်ကြောင်းပြောလိုက်သည်။
ရှန်းရူယန်သည် ပြုံးလျက် ကျန်းချန်ရွှမ်ကို ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူမသည် သူမ၏ကိုယ်ပေါ်မှ ကောင်းကင်နှင့် ကမ္ဘာမြေလျှပ်စီးအစေ့ကို ထုတ်ယူလိုက်ကာ ကျန်းချန်ရွှမ်ကို ပြန်ပေးရင်း ပြောလိုက်သည်။
"ယောက်ျား ဒါကိုပြန်ယူလိုက်ပါ။ ကျွန်မဒါကိုထပ်မလိုတော့ဘူး"
၎င်းကိုမြင်ကာ ကျန်းချန်ရွှမ်သည် မငြင်းဆန်ဘဲ ချက်ချင်း လက်ခံလိုက်သည်။
ထိုအချိန်တွင် အဝေးမှ ကျန်းရန်ယီ၊ ကျန်းရန်ထောင်နှင့် အခြားသူများသည် အတူတကွ ပျံသန်းလာကြသည်။
သူတို့သည် ရှန်းရူယန်ကို အတိဒုက္ခကို အောင်မြင်စွာကျော်လွန်သွားမှုနှင့် အခြေတည်ဝိညာဉ်အဆင့်ကို အောင်မြင်သွားမှုအတွက် ဂုဏ်ပြုရန် လာခဲ့ခြင်း ဖြစ်သည်။
ရှန်းရူယန်သည် အပြုံးများဖြင့် တုံ့ပြန်လိုက်ကာ သူတို့အကုန်လုံးကို လျော်ညီစွာ ဆုပေးလိုက်သည်။
အချိန်ကျလာသောအခါ လင်မယားနှစ်ယောက်သည် အချိန်ဆွဲမနေတော့ဘဲ မှော်ဝင်တိုင်တောင်၏ ရွှမ်းမင်တောင်ထွဍ်သို့ ပြန်သွားလိုက်ကြသည်။
ထိုအချိန်တွင် ရှန်ူရူယန်သည် အခြေတည်ဝိညာဉ်အဆင့်ကိုကျော်ဖြတ်ပြီးသွားသည့် သတင်းများမှာ မှော်ဝင်တိုင်တောင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
လူတိုင်း စိတ်လှုပ်ရှားနေခဲ့ကြသည်။
ကျန်းမျိုးနွယ်စုမှ ဆင်းသက်လာသူများအနေဖြင့် သူတို့၏ဘိုးဘေးက အခြေတည်ဝိညာဉ်အဆင့်ကို အောင်မြင်သွားသည်မှာ မည်မျှကြီးကျယ်ခမ်းနားမှန်း သူတို့ထက်ဘယ်သူမှပိုသိမည်မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကျန်းမျိုးနွယ်စုသည် ယခုမှစ၍ တရားဝင်အခြေတည်မျိုးနွယ်စုတစ်ခုဖြစ်ကြောင်းကို ရှေ့တော်ပြေးနေသည့်အတွက် ဖြစ်သည်။
အကျိုးရလဒ်များမှာ ထွက်ပေါ်လာသည့်အတိုင်း မရိုးရှင်းဘဲ တစ်ခါတစ်လေတွင် မမြင်ကွယ်ရာတွင်လည်း ပြသတတ်သည်။
အထူးသဖြင့် အပြင်သို့ထွက်သည့်အခါ လူတိုင်း၏ သဘောထားများဖြစ်သည်။
ထို့ပြင်အမျိုးမျိုးသော လေလံပွဲများနှင့် ဈေးကြီးများသို့ လည်ပတ်သောအခါ တမင်သက်သက် သို့မဟုတ် မတော်တဆဖြင့် ဂရုစိုက်မှုများ၊ အဆင်ပြေမှုများကို ရရှိပေမည်။
ကျန်းမျိုးနွယ်စုနှင့် ရှန်းမျိုးနွယ်စုမှ ကျင့်ကြံသူများပင်လျှင် ရှန်းရူယန်၏ အခြေတည်ဝိညာဉ်အောင်မြင်မှုကို ပျော်ရွှင်မှုအပြည့်ဖြင့် ဂုဏ်ပြုနေကြစဉ် ရွှမ်းမင်တောင်ထွတ်တွင် ရှန်းရူယန်သည် လွန်ခဲ့သောနှစ်များအတွင်း သူမ၏ တံခါးပိတ်ကျင့်ကြံခြင်းရလဒ်များကို ကျန်းချန်ရွှမ်သို့ ရှင်းပြနေခဲ့သည်။
၎င်းသည် ကျန်းချန်ရွှမ်၏ မျှော်မှန်းချက်များထက်တော့ မပိုလွန်ခဲ့ပေ။
ယခုမူ ရှန်းရူယန်သည် အမှန်တကယ်ပင် ဒုဏ္ဍာရီလာချို့ယွင်းချက်မဲ့အခြေတည်ဝိညာဉ်ကိုသိပ်သည်းပြီး သူမ၏ အနာဂတ်တာအိုလမ်းစဉ်အတွက် အုတ်မြစ်ချလိုက်ပြီးဖြစ်သည်။
ရှန်းရူယန်အရ အခြေတည်ဝိညာဉ်၏အဆင့်သည် အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်၏ ဓမ္မစွမ်းအားများနှင့် နတ်စွမ်းအားများ၏ စွမ်းအားများအပေါ်တွင်သာ သက်ရောက်မှုရှိသည် မဟုတ်ဘဲ သူတို့၏အနာဂတ်စွမ်းရည်ကိုလည်း ဆုံးဖြတ်ပေးသည်။
ယေဘုယျပြောရလျှင် အဝါရောင်အဆင့်အခြေတည်ဝိညာဉ်ကျင့်ကြံသူများသည် အလယ်အဆင့်ကို သူတို့၏တစ်ဘဝလုံးတွင် ဘယ်သောအခါမှ မကျော်ဖြတ်နိုင်ခဲ့ပေ။
အနက်ရောင်အဆင့်အခြေတည်ဝိညာဉ်ကျင့်ကြံသူများသည်လည်း အလယ်အဆင့်ကို ကျော်ဖြတ်ရန် အခွင့်အရေးများရသော်လည်း နောက်ဆုံးအဆင့်သို့ ကျော်ဖြတ်ခြင်းသည် အလွန်အမင်းခက်ခဲပြီး မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။
ကမ္ဘာမြေအဆင့်အခြေတည်ဝိညာဉ်ကျင့်ကြံသူများသည်သာ နောက်ဆုံးအဆင့်ကို ကျော်ဖြတ်ရန် အခွင့်အရေးရရှိပြီး ဝိညာဉ်တည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိရန်မှာ ဖြစ်နိုင်ချေအနည်းငယ်သာရှိသည်။
ကောင်းကင်အဆင့်အခြေတည်ဝိညာဉ်ကျင့်ကြံသူများအတွက်မူ သူတို့သည် လုံးဝနောက်တစ်ဆင့်တွင် ဖြစ်သည်။
သူတို့မသေသေးသရွေ့ ဝိညာဉ်တည်ဆောက်ခြင်းအဆင့်ကို ကျော်ဖြတ်ရန်မှာ သေချာသည့်အရာတစ်ခုဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကောင်းကင်အခြေတည်ဝိညာဉ်အဆင့်ကို ကျော်ဖြတ်ရန်မှာ အလွန်ခက်ခဲသည်။
ကောင်းကင်နှင့် မြေကြီး၏ဆက်သွယ်မှုမှာ နှစ်ခြောက်ဆယ်နေလျှင် တစ်ကြိမ်သာဖြစ်ပေါ်သည် ဟူသည့်အချက်ကြောင့် အလှည့်စားခံလို့မရပေ။
နောက်ဆုံးတွင်မူလချီကို ရရှိကြသည့်သူများမှာ အလွန်နည်းပါးပြီး ရှားပါးသည်။
၎င်းသည် လက်ရှိကျင့်ကြံရေးလောကတွင် ကောင်းကင်အဆင့်အခြေတည်ဝိညာဉ်များနည်းပါးနေရသည့် အကြောင်းရင်းဖြစ်သည်။
ရှန်းရူယန် သိပ်သည်းခဲ့သည့် ချို့ယွင်းချက်မဲ့အခြေတည်ဝိညာဉ်မှာလည်း အတူတူပင်ဖြစ်သည်။
သူမအပြင် သူမကဲ့သို့ တစ်စုံတစ်ယောက်မထွက်ပေါ်လာခဲ့သည်မှာ ကာလရှည်တစ်ခုရှိပြီဟုပြောလျှင် ချဲ့ကားပြောခြင်းတစ်ခုမဟုတ်ပေ။
ဤအခြေတည်ဝိညာဉ်မျိုးသည် ထာဝရရှင်သန်ခြင်းကို အောင်မြင်နိုင်ရန် စစ်မှန်သော အခွင့်အရေးများရှိသည်ဟု ရိုးရာပုံပြင်များတွင် ပြောဆိုကြသည်။
သူမလက်လွတ်စပယ်မပြုမူသရွေ့ ဝိညာဉ်တည်ဆောက်ခြင်းကို ကျင့်ကြံခြင်းမှာလည်း အာမခံလို့ရပေသည်။
ဝိညာဉ်တည်ဆောက်ခြင်းကို အောင်မြင်ပြီးသောအခါတွင် အထက်လောကသို့ တက်ရောက်ခြင်းမှာလည်း သေချာပေါက် အရေးကြီးကိစ္စတစ်ခုပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လက်ရှိကျင့်ကြံရေးလောကတွင် အထက်လောကသို့ တက်ရောက်လိုခြင်းမှာ ဖြစ်နိုင်ချေ...
ထိုအချိန်တွင် ရှန်းရူယန်၏မျက်နှာမှာ မှောင်မိုက်သွားခဲ့သည်။
ကျန်းချန်ရွှမ်က ရှန်းရူယန်၏ ထူးဆန်းမှုကို သတိပြုမိသွားပြီး ချက်ချင်းမေးလိုက်သည်။
"အထက်လောကကို တက်ရောက်တဲ့လမ်းမှာ အခက်အခဲရှိလို့လား?"
၎င်းကိုရုတ်တရက် ပြောဆိုလိုက်ရာတွင် ရှန်းရူယန်၏အမူအယာသည် ပထမတွင် အံ့အားသင့်သွားသော်လည်း သူမသည် အလိုလိုပြန်မေးလိုက်သည်။
"ရှင်ဘယ်လိုလုပ်သိလဲ?"
သို့နှင့် သူမသည် ခါးခါးသီးသီးပြုံးလိုက်ကာ ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"ကြည့်ရတာ ရှင့်မှာ ခန့်မှန်းထားတဲ့အရာတွေရှိတယ်နဲ့တူတယ်။ ဟုတ်တယ် အထက်အဆင့်ကို တက်ရောက်တဲ့လမ်းမှာ တကယ်ပဲ အခက်အခဲနည်းနည်းရှိတယ်။ ကျွန်မရဲ့အတိတ်ဘဝတုန်းက ဒါကြောင့် သေမလိုဖြစ်ခဲ့ဖူးတယ်"
"ရူယန် မင်းရဲ့အတိတ်ဘဝနဲ့ ပတ်သက်ပြီး ကိုယ့်ကို ပိုပြီးအသေးစိတ်ပြောပြလို့ရမလား?"
ကျန်းချန်ရွှမ်သည် ရုတ်တရက် ရှန်းရူယန်ကို ကြည့်လိုက်ပြီး သူ၏လက်များဖြင့် ပွေ့ဖက်ရန် ဆွဲယူလိုက်သည်။
ရှန်ူရူယန်သည် မည်သို့မှ မတုံ့ပြန်ဘဲ ကျန်းချန်ရွှမ်ကို သူမကိုဆုပ်ကိုင်ခွင့်ပြုလိုက်သည်။
ခနကြာပြီးနောက်…
သူမသည် ဖြည်းဖြည်းချင်း သက်ပြင်းချလျက် ကျန်းချန်ရွှမ်ကို စတင်ပြောဆိုလိုက်သည်။
"ယောက်ျား ဒီအခြေအနေမှာတာ့ ကျွန်မရှင့်ကို တချို့အရာတွေပြောပြရမယ်"
သက်ပြင်းချခြင်းကို ရပ်တန့်လိုက်ပြီး ရှန်းရူယန်က မေးလိုက်သည်။
"ကျွန်မအထင် ရှင်ကျွန်မရဲ့ အတိတ်ဘဝက အထောက်အထားကို ခန့်မှန်းပြီးလောက်ပြီထင်တယ် ဟုတ်ရဲ့လား?"
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
"ကိုယ်မမှားဘူးဆိုရင် မင်းရဲ့အတိတ်ဘဝတုန်းက အထောက်အထားက မိုးကြိုးကောင်းကင်အရှင်မ မလား? ပြီးတော့ အမျိုးသမီးကျင့်ကြံသူတွေထဲမှာလျှပ်စီးနည်းစနစ်ကို ကျွမ်းကျင်ပြီး တက်ရောက်နိုင်တဲ့အဆင့်ကိုရောက်ရှိခဲ့တာ တစ်ယောက်ပဲရှိပုံပေါ်တယ်"
"ဟားဟား ကျွန်မရှင့်ကို ဘာမှဖုံးကွယ်ထားလို့မရဘူးပဲ"
ရှန်းရူယန်သည် ကျန်းချန်ရွှမ်၏ လက်မောင်းများကြားထဲတွင် ရယ်မောလိုက်သည်။
ထို့နောက် သူမသည် သူမ၏အတိတ်ဘဝအကြောင်းနှင့်ဆိုင်သည့် အချို့အရာများကို စတင်ပြောကြားခဲ့သည်။
ကျန်းချန်ရွှမ်ခန့်မှန်းထားသည့်အတိုင်းပင် သူမ၏အတိတ်ဘဝတွင် ရှန်းရူယန်၏ စွမ်းရည်နှင့်ပါရမီများမှာ သူမတူထူးကဲစွာ ကွဲထွက်နေသည်။
အသက်နှစ်လေးရာမရှိခင်ပင် သူမသည် သူမ၏ အခြေတည်ဝိညာဉ်ကို သိပ်သည်းနိုင်ခဲ့သည်။
နှစ်တစ်ထောင်သို့ ရောက်သောအခါ သူမသည် ဤကျင့်ကြံရေးလောက၏ အထွတ်အထိပ်ဖြစ်သည့် အခြေတည်ဝိညာဉ်တည်ဆောက်ခြင်းအဆင့် ကိုရောက်ရှိခဲ့ပြီး မိုးကြိုးကောင်းကင်အရှင်မအဖြစ် ချီးကျူးဂုဏ်ပြုခြင်းခံရသည်။
မိုးကြိုးကောင်းကင်အရှင်မဖြစ်လာသောအခါ ရှန်းရူယန်သည် အခြားကောင်းကင်အရှင်များကဲ့သို့ပင် ဤလောက၏ လူသားမျိုးနွယ်ကို စောင့်ရှောက်ရန် တာဝန်ယူခဲ့သည်။
နတ်ဆိုးသားရဲများနှင့်တိုက်ပွဲများတွင် ရှန်းရူယန်သည် သူမ၏ထူးခြားသော စွမ်းအားများကို ပြသခဲ့သည်။
အစောပိုင်းအဆင့်မှ နောက်ဆုံးအဆင့်ထိ သူမသည် အနည်းဆုံး ဆဌမအဆင့်နတ်ဆိုးဘုရင်ငါးကောင်ကို သတ်ပစ်ခဲ့သည်။
၎င်းကို အလွန်ထူးခြားသော အောင်မြင်မှုအဖြစ် ထည့်သွင်းစဉ်းစားရပေမည်။
အခြေတည်ဝိညာဉ်တည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိပြီးသောအခါ ကျင့်ကြံသူများသည် ဤလောက၏အာကာသစည်းမျဉ်းများ နားလည်မှုကို ရရှိသွားခြင်းကိုလည်း အရေးတကြီး မှတ်ထားရန် လိုပေသည်။
မည်သည့်ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်အရှင်မဆို လေဟာနယ်ကို ဖြတ်သန်းနိုင်သည်။
ထိုကဲ့သို့အခြေအနေမျိုးတွင် အနိုင်ယူခြင်း သို့မဟုတ် ပြိုင်ဘက်ကို ဒဏ်ရာရစေခြင်းတို့မှာ လွယ်ကူသော်လည်း သူတို့ကို သတ်ပစ်ရန်မှာ မရိုးရှင်းလှပေ။
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် ရှန်းရူယန်က လုပ်ပြခဲ့သည်။
နောက်ဆုံးတွင် ရှန်းရူယန်သည် သူမ၏တက်ရောက်မှုအခွင့်အရေး ရောက်ရှိလာသည်ကို အာရုံခံမိလိုက်သည်။
သူမကိုပြုစုပျိုးထောင်ခဲ့သည့် ကျင့်ကြံရေးလောကကကိုထွက်ခွာရန် အချို့သဘောမတူမှုများ ရှိစေကာမူ ထာဝရရှင်သန်ခြင်းသည် ကျင်ကြံသူများ၏ နောက်ဆုံးပန်းတိုင်ဖြစ်သောကြောင့် သွားကိုသွားရမည်ဖြစ်သည်။
သို့သော်လည်း မထွက်ခွာမိ သူမသည် တစ်စုံတစ်ခု မှားယွင်းသွားခဲ့ပါက သူမကိုယ်တိုင်အတွက် ပစ္စည်းတော်တော်များများ ချန်ထားခဲ့သည်။
၎င်းတို့သည် သူတို့အတိတ်ဘဝကရှိခဲ့သည့် လျှို့ဝှက်နေရာများတွင် သိမ်းဆည်းထားသည်။
တစ်ချိန်တည်း၌ပင် ဤကျင့်ကြံရေးလောကကို ကျေးဇူးတင်သည့် အနေဖြင့် ရှန်းရူယန်သည် သူမ၏ ဆဌမအဆင့်ဝိညာဉ်သွေးကြောနှစ်ခုကို ပေါက်ဖွားပေးခဲ့သည့် ဤကမ္ဘာသို့မူလဓမ္မရတနာမှလွဲ၍ အရာအားလုံးကို ပေါင်းစပ်ခဲ့သည်။
ဤကံကြမ္မာနှင့် ရင်ဆိုင်ပြီးနောက် ရှန်းရူယန်သည် သူမ၏တာအိုကျင့်ကြံသူများကို နှုတ်ဆက်ခဲ့ပြီး တက်ရောက်မှုလမ်းကြောင်းပေါ်သို့ တစ်ကိုယ်တည်း ရွက်လွှင့်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူမမမျှော်လင့်ထားသည်မှာ ဤတက်ရောက်မှုသည် သူမ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အဆုံးသတ်သွားစေသည့် ကပ်ဘေးတစ်ခု ဖြစ်ကြောင်းပင်ဖြစ်သည်...
***