အနှစ်သာရကိုးပါးမသေမျိုးကျင့်ကြံရေးလောက၏ ကပ်ဆိုက်သောကာလ၊ နတ်ဆိုးသားရဲအဓိကရုဏ်း၏အဆုံးသတ်၊ ကျန်းချန်ရွှမ်၏ အခြေတည်ဝိညာဉ်ကိုသိပ်သည်းခြင်း
Vol. 24 Ch. 465
ရှန်းရူယန်၏ အဆိုအရ သူမတက်ရောက်မှုလမ်းကြောင်းပေါ်သို့ ဝင်ရောက်သွားချိန်တွင် သူမသည် ရုတ်ရက် ဧရာမလက်ဖဝါးကြီးတစ်ခုထံမှ တိုက်ခိုက်မှုတစ်ခုနှင့်ကြုံတွေ့လိုက်ရသည်။
ထိုအချိန်က သူမ၏ကျင့်စဉ်နှင့် စွမ်းအားတို့ဖြင့် ဧရာမလက်ဖဝါးကြီး၏တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် သူမသည် အသေအချာ မခုခံနိုင်ခဲ့ပေ။
တခနအတွင်းပင် သူမ၏ရုပ်ခန္ဓာကိုယ်မှာ လုံးဝလဲကျသွားသည်။
ထိုအချိန်တွင် သူမသဘောပေါက်သွားသည်မှာ ဆက်လက်တက်သွားခြင်းဖြစ်စေ ထွက်ပြေးခြင်းဖြစ်စေ သူမ၎င်းကို မလုပ်နိုင်တော့ခြင်းဖြစ်သည်။
တစ်ခုတည်းသောနည်းလမ်းမှာ မိမိကိုယ်ကို ဖျက်ဆီးပစ်ပြီး လူဝင်စာခြင်းအတွက် ဝိညာဉ်အမှတ်အသားတစ်ခု ချန်ထားရန်သာဖြစ်သည်။
ကံကောင်းထောက်မပါက မှတ်ဉာဏ်များပြန်လည်ရရှိရန် တစ်နေ့တော့ရောက်လာလိမ့်မည်။
ရှန်းရူယန်သည် တုံ့ဆိုင်းမနေတော့ဘဲ လူဝင်စားခြင်းအတွက်မိမိကိုယ်ကိုဖျက်စီးခြင်းကို ရွေးချယ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူမလူမဝင်စားမှီ အနှစ်သာကကိုးပါးမသေမျိုးကျင့်ကြံရေးလောက၏ တက်ရောက်မှုလမ်းကြောင်းမှာ မည်သည်ကမှားယွင်းသွားသည်ကို နားလည်ရန် ကြိုစားအားထုတ်ချင်ခဲ့သည်။
ထို့ကြောင့် သူမသည် သူမ၏မူလဝိညာဥ်အပါအဝင် ခန္ဓာကိုယ်မှ ရတနာအားလုံးကို လောင်ကျွမ်းပစ်လိုက်သည်။
နောက်ဆုံးအချိန်၌ သူမသည် မှိန်ပျပျကောက်ကြောင်းတစ်ခုကို မြင်လိုက်ရသည်။
၎င်းသည် ပေတစ်သောင်းရှည်လျားသည့် ခံ့ထည်လှသောပုံရိပ်တစ်ခုဖြစ်ပြီး အဆုံးမရှိသော နှင်းဆီသွေးရောင်အလင်းများဖြင့် ဝန်းရံထားသည်။
သူသည် စကြဝဠာတစ်ခုလုံး၏ ဗဟိုတွင် ရှိနေသကဲ့သို့ဖြစ်နေကာ ကြယ်များနှင့် တောက်ပမှုများအားလုံး သူ၏ပတ်လည်တွင် လှည့်ပတ်နေကြသည်။
သူ၏ဘေးတွင် ကျင့်ကြံသူများစွာ မတ်မတ်ထိုင်နေကြပြီး သူတို့၏ကျင့်စဉ်မှာလည်း ထိုသူထက်မနိမ့်ကျပေ။
မည်သို့ပင်ဖြစ်စေ သူမကိုအနည်းငယ်ကြောက်ရွံ့စေပြီး အံ့အားအသင့်စေခဲ့ဆုံးအရာမှာ သူ၏ဘေးတွင် ထိုင်နေကြသည့် ကျင့်ကြံသူအားလုံးမှာ တကယ်ပင် အနှစ်သာရကိုးပါးမသေမျိုးကျင့်ကြံရေးလောကမှ တက်လာခဲ့ကြသည့် စီနီယာများပင်ဖြစ်သည်။
ထိုသို့ဖြစ်သောအခါ ရှန်းရူယန်၏ အမူအယာမှာ အလွန်အမင်းတည်ငြိမ်သွားခဲ့သည်။
ထိုအခြေအနေတွင် ကျန်းချန်ရွှမ်သည်လည်း ပြဿနာ၏လေးနက်မှုကို ကောင်းကောင်းသဘောပေါက်သွားသည်။
သူသည် ရှန်းရူကန်ကို ကြည့်ကာ မေးလိုက်သည်။
“ရူရန် အဲ့ဒီတက်လာကြတဲ့ စီနီယာတွေက အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘေးမှာ ဘာလို့ပေါ်လာကြတာလဲဆိုတာ မင်းသိလား? ဖြစ်နိုင်တာတော့ သူတို့အားလုံး...”
ရှန်းရူယန်သည် ကျန်းချန်ရွှမ်ကိုကြည့်လိုက်ပြီး လေးလံစွာခေါင်းညိတ်လိုက်သည်။
“ရှင်ခန့်မှန်းတာမှန်တယ် အဲ့ဒီလူတွေက အဲ့ဒီပုဂ္ဂိုလ်ရဲ့ ရုပ်သေးရုပ်တွေပဲ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့နောက်ပိုင်း ကောက်ချက်ချမှုတွေနဲ့ နှစ်ပေါင်းများစွာ ဆင်ခြင်ကြည့်ရှုမှုတွေအရ အဲ့ဒီတက်ရောက်လာခဲ့ကြတဲ့ စီနီယာတွေကလည်း ကျွန်မလိုပဲ တူညီတဲ့တစ်စုံတစ်ခုကို ကြုံခဲ့တာဖြစ်နိုင်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကျွန်မလောက် ကံမကောင်းခဲ့သလို ကျွန်မလောက်လည်းမတိကျမပြတ်သားခဲ့ဘဲ နောက်ဆုံးမှာ သူတို့ရဲ့မူလဝိညာဉ်တွေက အထိန်းချုပ်ခံလိုက်ရပြီး အခြားတစ်ဖက်ရဲ့ ရုပ်သေးရုပ်တွေဖြစ်လာကြတယ်။ ပြီးတော့ ကျွန်မအဲ့ဒီအချိန်တုန်းက သူတို့တစ်ယောက်ပြီးတစ်ယောက်ထိုင်ရင်း လုပ်ထားတဲ့အစီအရင်က ကမ္ဘာမြေရဲ့မူလစွမ်းအားကို အသေးစိတ်ပစ်မှတ်ထားတဲ့ အစီအရင်တစ်ခု ဖြစ်မယ်လို့ထင်ရတယ်”
“ကမ္ဘာမြေရဲ့မူလစွမ်းအားကိုပစ်မှတ်ထားတဲ့အစီအရင်တစ်ခုလား?”
ကျန်းချန်ရွှမ်က အံ့အားသင့်သွားခဲ့သည်။
အခြားတစ်ဖက်က ဘာလုပ်ချင်နေတာလဲ?
သူကဒီဝိညာဉ်တည်ဆောက်ခြင်းကျင့်ကြံသူတွေအကုန်လုံးကို အနှစ်သာရကိုးပါးမသေမျိုကျင့်ကြံရေးလောကရဲ့ မူလစွမ်းအားကို တဖြည်းဖြည်းချင်းလျော့ပါးသွားစေဖို့အတွက် အသုံးပြုချင်တာလား?
ဒီလိုဆိုရင်တော့ ၎င်းမှာ ကြောက်မက်ဖွယ်အတိပင်ဖြစ်သည်။
ကမ္ဘာမြေသည် အခြားတစ်ဖက်ကပြထားသည့် စွမ်းအားဖြင့် ထိုကဲ့သို့သာ တိုက်စားသွားခံလိုက်ရပါက သူသည် ၎င်းကို သေချာပေါက် လုံးဝထိန်းချုပ်သွားနိုင်တော့မည်။
ထိုမှစပြီး အနှစ်သာရကိုးပါးမသေမျိုးကျင့်ကြံရေးလောက၏သက်ရှိများအားလုံးသည် သူ၏အစေခံများ ဖြစ်ကုန်ကြလိမ့်မည်။
ကျန်းချန်ရွှမ်၏အတွေးများကို အာရုံခံမိသကဲ့သို့ ရှန်းရူယန် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ယောက်ျား ကျွန်မမှာ ကျွန်မတို့လောကကို ကျရောက်နေတဲ့ များစွာသောမိစ္ဆာတိုက်ခိုက်မှုတွေက အခြားတစ်ဖက်နဲ့ဆက်စပ်မှုရှိတယ်ဆိုတာယုံဖို့ အကြောင်းရင်းတွေအများကြီးရှိတယ်။ ရှင်ခုချိန်မှာမစိုးရိမ်လောက်သေးတဲ့တစ်စုံတစ်ခုက နှစ်၁၂၀၀မှာ မိစ္ဆာကပ်ဘေးတစ်ခုက အနှစ်သာရကိုးပါးမသေမျိုးကျင့်ကြံရေးလောကကို ကျရောက်လာလိမ့်မယ်”
“မိစ္ဆာကပ်ဘေး?”
ကျန်းချန်ရွှမ်က ထပ်မံ အံ့အားသင့်သွားပြန်သည်။
ရှန်းရူယန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဟုတ်တယ် သာမန်ကျင့်ကြံသူတွေနဲ့ အခြေတည်ဝိညာဉ်စံသခင်တိုင်းရဲ့အမြင်မှာတောင် မိစ္ဆာကပ်ဘေးရဲ့မူလက အမြဲတမ်း ပဟေဠိဖြစ်ခဲ့တာ။ ဥပမာပြောရရင် ဟိုးအရင်တုန်းက ဒီလောကမှာ အကြီးအကျယ် ပျက်စီးမှုဖြစ်ခဲ့တဲ့ ကြာခုနစ်ပွင့်နတ်ဆိုးဂိုဏ်းလိုပဲ။ ဒါပေမယ့် ကမ္ဘာမြေရဲ့အထွတ်အထိပ်မှာ ရပ်နေခဲ့တဲ့ ကျွန်မတို့လို ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာတော့ ဒီလိုမိစ္ဆာကပ်ဘေးမျိုးက ကမ္ဘာ့အပြင်ဘက်ကနေ လာတယ်ဆိုတဲ့အချက်ကို သိခဲ့တယ်။ ဘာလို့လဲဆိုတော့ မသိနိုင်တဲ့အချိန်တစ်ခုကနေပြီးတော့ နှစ်၁၂၀၀တိုင်းမှာ ကမ္ဘာမြေအလွှာပါးနဲ့ ဒီကမ္ဘာမြေရဲ့ ကမ္ဘာ့အဟန့်အတားတို့က အလွန်အမင်းအားနည်းတဲ့အခြေအနေကို ရောက်သွားမှာမလို့ပဲ။
အခြားတစ်ဖက်က ကျွန်မတို့အနှစ်သာရကိုးပါးမသေမျိုးကျင့်ကြံရေးလောကဆီကို များစွာသောမိစ္ဆာကျင့်ကြံသူတွေလွှတ်ပေးဖို့ဒီအခွင့်အရေးကိုအသုံးပြုပြီး ဖရိုဖရဲဖြစ်မှုတွေကို ဖြစ်ပေါ်စေပြီးတော့ သေဆုံးပြီးသားသူတွေရဲ့အသက်ပါမှုကို စုပ်ယူဖို့ အသုံးပြုလိမ့်မယ်”
“ဒီလိုအရာမျိုးလည်းရှိတာလား?”
၎င်းမှာ ကျန်းချန်ရွှမ်အရင်က မသိဖူးခဲ့သည့် အရာတစ်ခုဖြစ်သည်။
သူသည် အမြင်အားဖြင့် ကြွယ်ဝချမ်းသာသော အနှစ်သာရကိုးပါးမသေမျိုးကျင့်ကြံရေးလောကတွင် ဤကဲ့သို့ ကြီးမားသော ကပ်ဆိုက်သည့်ကာလတစ်ခု ရှိနေလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိပေ။
ကမ္ဘာ့အပြင်ဘက်မှ ကြောက်မက်ဖွယ်နှင့် လျှို့ဝှက်ဖွယ်ပုံရိပ်များကို မပြောသေးနှင့် ဤနှစ်၁၂၀၀လျှင်တစ်ကြိမ်ကျရောက်သည့် မိစ္ဆာကပ်ဘေးပင်လျှင် ကျန်းချန်ရွှမ်ကို အံ့ဩတုန်လှုပ်ဖွယ်ဖိအားတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
သူသည် ယခင်ကြာခုနစ်ပွင့်နတ်ဆိုးဂိုဏ်းမှာ အနှစ်သာရကိုးပါးမသေမျိုးကျင့်ကြံရေးလောက၏ ကြီးမားသောပျက်စီးမှုတစ်ခု ကျရောက်ခံခဲ့ရသည်ကို ကောင်းကောင်းသိသည်။
ထိုတိုက်ပွဲတွင် ဤကမ္ဘာမြေ၏ အထွတ်အထိပ်စွမ်းအားနှင့်တောင် ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်များ တစ်ယောက်ထက်ပိုမို ကျဆုံးခဲ့သည်။
ထိုကဲ့သို့ မိစ္ဆာကပ်ဘေးမျိုးသာ နောက်တစ်ကြိမ် ပြန်လည်ဖြစ်လာပါက သူနှင့် ရှန်းရူယန်တို့၏ လက်ရှိစွမ်းအားနှင့်ဆိုလျှင်တောင် သူတို့ အသက်ရှင်နိုင်ပါ့မလား?
၎င်းမှာ သူအသေအချာယုံကြည်ချက်မရှိနိုင်သည့်တစ်စုံတစ်ခုဖြစ်သည်။
၎င်းနှင့်နှိုင်းယှဉ်လျှင် နတ်ဆိုးသားရဲအဓိကရုဏ်းမှာ သာမန်မျှ ဖြစ်သွားဟန်တူသည်...
***