အနှစ်သာရကိုးပါးမသေမျိုးကျင့်ကြံရေးလောက၏ ကပ်ဆိုက်သောကာလ၊ နတ်ဆိုးသားရဲအဓိကရုဏ်း၏အဆုံးသတ်၊ ကျန်းချန်ရွှမ်၏ အခြေတည်ဝိညာဉ်ကိုသိပ်သည်းခြင်း
Vol. 24 Ch. 466
ကမ္ဘာမြေရဲ့ရှင်သန်မှုနဲ့ ပက်သက်နေတဲ့ ဒီကိစ္စကို စေ့စေ့စပ်စပ်ကြည့်ရှုရုံနဲ့ ကောင်းကင်ဝိညာဉ်တည်ဆောက်ခြင်းစံသခင်တွေက ဒီအကြောင်းကိုသိပါ့မလား?
မိစ္ဆာတွေကျတော့ရော?
ဆဌမအဆင့်မိစ္ဆာဘုရင်တွေက ဒီလျှို့ဝှက်ကပ်ဆိုက်တဲ့ကာလကိုသိနေတယ်ဆိုလို့ရှိရင် ဘာလို့ သူတို့က လူသားကျင့်ကြံသူတွေနဲ့ အင်အားမပူးပေါင်းတာလဲ?
အဲ့ဒီအစား သူတို့က လူသားမျိုးနွယ်ကို မညှာမတာဒုက္ခပေးနေကြသေးတယ်။
၎င်းကိုတွေးရင်း ကျန်းချန်ရွှမ်သည် မထိန်းချုပ်နိုင်ဘဲ ရှန်းရူယန်ကို မေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် ရှန်းရူယန်က သူမ၏ခေါင်းကို အနည်းငယ်ခါလိုက်သည်။
“ကျွန်မသိသလောက်ဆိုရင် ကျွန်မတက်ရောက်ခဲ့တုန်းက လူတိုင်းက အပြင်ဘက်ကမ္ဘာရဲ့ တကယ့်အခြေအနေကို သေသေချာချာသိကြပုံမပေါ်ဘူး။ မရေရာမတိကျတဲ့ ထင်မြင်ချက်တွေပဲရှိတယ်။ ဒီနှစ်တွေအတွင်းမှာ ဒီကိစ္စကိုနားလည်နိုင်မှုက ပိုမိုနက်ရှိုင်းလာကြမလားဆိုတာတော့ ကျွန်မမသိဘူး”
“မိစ္ဆာတွေအတွက်...”
ထိုအချိန်တွင် ရှန်းရူယန်၏ လှပသောမျက်လုံးများမှာ အနည်းငယ်ကျုံ့သွားခဲ့သည်။
“ကျွန်မမသေချာသေးပေမယ့်လည်း အခုတော့ ကျွန်မမှာ ခန့်မှန်းချေနည်းနည်းရှိတယ်။ မိစ္ဆာတွေက အပြင်ဘက်ကမ္ဘာရဲ့ တကယ့်အခြေအနေကို သိလာတာ တော်တော်ကြာနေဖို့ ဖြစ်နိုင်ချေများတယ်။ သူတို့နတ်ဆိုးသားရဲအဓိကရုဏ်းကို နှစ်၁၀၀မှာတစ်ကြိမ်စပြီး အဲ့ဒီမိစ္ဆာကျင့်ကြံသူတွေနဲ့ ရံဖန်ရံခါမှာ မကောင်းမှုပြုဖို့ဆောင်ရွက်နေတာက ကျွန်မအထင်တော့ သူတို့တခြားဖက်နဲ့ ပူးပေါင်းမှုပြုဖို့ ကတ်ိပြုထားပြီးပြီဖြစ်ရမယ်။ ဒါပေါ့ ဒါတွေက ကျွန်အရဲ့အမြင်သက်သက်ပဲဖြစ်ပြီးတော့ အတည်ပြုလို့တော့မရသေးပါဘူး။ ဒါပေမယ့် ကျွန်မရဲ့အမြင်နဲ့ ဘဝနှစ်ခုမှာ နားလည်နိုင်မှုအရတော့ ကျွန်မမှန်နိုင်ဖို့ ၆၀%ကျော်ကျော်လောက်ရှိတယ်”
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏စိတ်၌ အလွန်အမင်း လေးလံသွားသည်။
အထူးသဖြင့် အပြင်ဘက်ကမ္ဘာမှ ကြောက်မက်ဖွယ်တည်ရှိမှုနဲ့ ပက်သက်ပြီး ရှန်းရူယန်သာ မှန်ခဲ့မယ်ဆိုပါက သူတို့ရဲ့ကမ္ဘာကလည်း ဒီဟာတွေအကုန်လုံးထဲမှာ ရှင်သန်နိုင်ဖို့ အခွင့်အေရးရှိပါဦးမလား?
ရုတ်တရက် ကျန်းချန်ရွှမ်သည် သူ၏ပခုံးပေါ်တွင် နူးညံ့သောလက်တစ်ခု၏ ရောက်ရှိမှုကို ခံစားမိလိုက်သည်။
ရှန်းရူယန်သည် သူ၏ဖက်ထားမှုမှာ မတ်တပ်ထရပ်လိုက်ပြီး သူ့ကို အရင်ကမဖြစ်ခဲ့ဖူးသော လေးနက်သည့်အကြည့်တစ်ခုဖြင့် ကြည့်လိုက်သည်။
“ယောက်ျား အနာဂတ်မှာ ဘာပဲဖြစ်လာဖြစ်လာ။ ကျွန်မတို့ အကောင်းဆုံးဆက်လုပ်ရမှာပဲ။ ဒီလိုဆိုရင် ကျွန်မရော ရှင်ရော နောင်တမရတော့ဘူးပေါ့”
ရှန်းရူယန်၏ စကားများကိုကြားကာ ကျန်းချန်ရွှမ်သည် နှလုံးခုန်ရပ်မတတ် ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် သူသည် တာအိုအဖော်များ ဖြစ်လာခြင်း၏အစတွင် ရှန်းရူယန်သည် မည်သို့ပင်ဖြစ်စေ ဤအကြောင်းများကို ရှင်းပြရန် သူ့အားငြင်းဆိုနေသည်မှာ မည်သည်ကြောင့်မှန်း နားလည်သွားသည်။
သူတို့နှစ်ယောက်လုံး ရွှေအမြုတေအဆင့်ကို ရောက်ပြီးသည့်တိုင်အောင် ရှန်းရူယန်သည် ဤကိစ္စများအကြောင်း သူ့ကိုပြောပြရန်ရည်ရွယ်ချက်မရှိခဲ့ပေ။
စွမ်းအားသည် အခြေတည်ဝိညာဉ်အဆင့်သို့ရောက်သွားသည့် ဤနေ့မှသာလျှင် ရှန်းရူယန်က ၎င်းတို့ကို သူ့အား ပြသခဲ့သည်။
ကံကောင်းစွာပင် သူမ ပြောပြန်ရန်တော့ ရွေးချယ်လိုက်သေးသည်။
မဟုတ်ပါက သူသည် အားနည်းပြီး ခုခံနိုင်စွမ်းမရှိချိန်တွင် ကမ္ဘာမကြီးနှင့်ပက်သက်သည့် ဤအမှန်တရားအကြောင်း သူသိလိုက်ရပါက ကျန်းချန်ရွှမ်သည် သူ၏တာအိုနှလုံးသားပျက်စီးမသွားနိုင်ဘူးဟု အာမခံမရပေ။
ထိုအချိန်တွင် သူသည် ရှန်ူရူရန်ကိုကြည့်ကာ လေးလံစွာခေါင်းညိတ်လိုက်သည်။
“ဒါပေါ့ မိန်းမ ကိုယ်နားလည်ပါတယ်”
အမှန်တကယ်ပင်…
အနာဂတ်ကဘယ်လိုပဲဖြစ်လာပါစေ သူတို့သည် ပစ္စုပန်တွင်လုပ်နိုင်သည့်အရာကိုသာ ပြလုပ်ရန်လိုသည်။
သူတို့စိုးရိမ်နေသည့်တိုင် ၎င်းမှာ အဓိပ္ပာယ်မဲ့ပြီး အသုံးဝင်မည်မဟုတ်ပေ။
၎င်းမှာ မလိုအပ်သည့် စိုးရိမ်ကြောင့်ကြမှုတစ်ခုသာဖြစ်သည်။
အချိန်သည် လျင်မြန်စွာပင် ကုန်ဆုံးသွားသည်။
…
နှစ်အနည်းငယ်ကြာပြီးနောက်
ထိုအချိန်တွင် မြောက်ဘက်နယ်စပ်နေရာတော်တော်များများရှိ နတ်ဆိုးသားရဲ အဓိကရုဏ်းသည် လုံးဝအဆုံးသတ်သွားပြီဖြစ်သည်။
ယခင်ကမရှိခဲ့ဖူးသည့် ဤနတ်ဆိုးသားရဲ အဓိကရုဏ်း၏ ပမာဏကြောင့် လူသားမျိုးနွယ်ဘက်မှ ဆုံးရှုံးမှုများသည် ယခင်ကထက် များစွာပိုလွန်ခဲ့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ရရှိထားသည့် သတင်းအရ လူသားကျင့်ကြံသူများထဲတွင် ကျဆုံးသွားခဲ့သည့် အခြေတည်ဝိညာဉ်စံသခင်အရေအတွက်မှာ တစ်ဒါဇင်မျှရှိသည်။
၎င်းမှာ အတိတ်နှစ်များက စိတ်ကူးမယဉ်နိုင်ဖူးခဲ့သည့် အရာဖြစ်သည်။
ရွှေအမြုတေအဆင့်နှင့် ကျီဖုအဆင့်များ အပါအဝင် နတ်ဆိုးသားရဲအဓိကရုဏ်းတွင် သေဆုံးသွားခဲ့သည့် ကျင့်ကြံသူအရေအတွက်မှာ ဤတစ်ကြိမ်တွင် အတိတ်ကထက် ဒါဇင်နှင့်ချီကာ ပိုမိုများပြားပေသည်။
လူသားမျိုးနွယ်၏ ပိုင်နက်ဘက်မှ ကြီးမားသောနယ်မြေများမှာ နတ်ဆိုးသားရဲများ၏ ဖျက်စီးခြင်း ခံလိုက်ရသည်။
သန်းပေါင်းထောင်ချီသော မသေမျိုးများသည် သူတို့၏စားစရာများ ဖြစ်လာခဲ့သည်။
ကန်းနန်တိုက်မှ ကျင့်ကြံသူများအားလုံးသည် သူတို့ဘက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ရှိနေသည့်အတွက် ကျေးဇူးတင်ခဲ့ကြရသည်။
သူတို့သည် ပဉ္စမအဆင့်မိစ္ဆာဘုရင်ကို သတ်ခဲ့ရုံတင်မကဘဲ နတ်ဆိုးသားရဲအဓိကရုဏ်းကို နှစ်များစွာကြိုတင်ပြီး ရပ်တန့်နိုင်ခဲ့သည်။
မဟုတ်ပါက သူတို့သည် အခြေတည်ဝိညာဉ်စံသခင်တစ်ယောက်တောင်မရှိသည့် ကန်းနန်တိုက်တွင် မည်သည့်ရလဒ်မျိုးထွက်ရှိလာမည်ကို စိတ်ကူးမယဉ်ရဲကြပေ။
၎င်းသည်လည်း အခြေတည်ဝိညာဉ်စံသခင်မရှိသည့် သေးငယ်သော တိုက်များနှင့် နိုင်ငံများကဲ့သို့ပင် ထိုနတ်ဆိုးသားရဲများ၏ အစွယ်များအောက်တွင် လုံးဝဖျက်စီးခံလိုက်ရမည် ဖြစ်သည်။
၎င်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ဖြစ်သည်။
….
ထိုအချိန်တွင်
ကျန်းမျိုးနွယ်စု၏ မှော်ဝင်တိုင်တောင်ပေါ်ရှိ ကျန်းချန်ရွှမ်၏ ဂူအိမ်တွင် …
နှစ်ပေါင်းများစွာ နှစ်မြုပ်ထားခဲ့သည့်ကျင့်စဉ်ပြီးနောက် ကျန်းချန်ရွှမ်သည် ရွှေအမြုတေအဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိခဲ့သည်။
ထိုအခြေအနေတွင် သူသည် အခြေတည်ဝိညာဉ်အဆင့်သို့ ခြေတစ်လှမ်းပဲလိုတော့သည်ကို အသေအချာခံစားမိလိုက်သည်။
ဤခံစားမှုမှာ သူသည် ညင်သာသောတွန်းအားပေးမှုတစ်ခုသာလိုပြီး အစပိုင်းကိုလွယ်ကူစွာ ကျော်ဖြတ်နိုင်မည့်သကဲ့သို့ပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေညသူသည် ထိုသို့ပြုလုပ်ရန် အလျင်မလိုပေ။
ထိုအစား သူသည် သူ၏ဓမ္မစွမ်းအားကို ဆက်လက်သန့်စင်နေခဲ့ပြီး သူ၏တာအိုပြောင်းလဲမှုအပေါ်တွင်သာ အာရုံပြုနေသည်။
နောက်ဆုံးတွင် နှစ်အနည်းငယ်ထပ်မံကုန်လွန်သွားသည်။
ကျန်းချန်ရွှမ်သည် နောက်ဆုံးတွင် သူ၏ကျော်ဖြတ်နိုင်မည့် အခွင့်အရေးရောက်ရှိလာသည်ကို ခံစားမိလိုက်သည်။
ထို့ကြောင့် သူသည် ရည်ရွယ်ချက်ရှိရှိ တုံ့ဆိုင်းမနေတော့ပေ။
သူ့အတွင်းရှိ နတ်အဆင့်ရွှေအမြုတေမှာ အနည်းငယ် လှုပ်ခါလာသည်။
သူ၏ခန္ဓာကိုယ်ထဲရှိ နတ်စွမ်းအားမှာ ချက်ချင်း မြစ်တစ်စင်းကဲ့သို့ လိမ့်တက်လာသည်။
ဝှစ်! ဝှစ်! ဝှစ်!
ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်၏လည်ပတ်မှုဖြင့် ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်သည် ရုတ်တရက် တစ်ခုနှင့်တစ်ခု ပေါင်းစပ်ကာ ဘီးတစ်ခုကဲ့သို့ လည်နေသည့် အဖြူ၊ အပြာ၊ အနီ၊ အစိမ်း၊ အဝါရောင်များကို ပြသခဲ့သည်။
ပဟေဠိဆန်ပြီး စွမ်းအားကြီးသော အော်ရာတစ်ခုသည် အလွန်အမင်းအားကောင်းသော ဖိအားတစ်ခုကြောင့် ပေါင်းစပ်ခံလိုက်ရပြီး ရုတ်တရက် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်တွင် ပေါက်ကွဲသွားသည်။
ကျန်းချန်ရွှမ်၏ ရွှေအမြုတေမျက်နှာပြင်မှာ အချွန်အတက်များ ထွက်လာသည်ကို အသေအချာမြင်ရသည်။
၎င်းမှာ အခြေတည်ဝိညာဉ်အဆင့်ကိုတည်ဆောက်ရန် အရေးအကြီးဆုံး အခြေအနေပင်ဖြစ်သည်။
လူတော်တော်များများတွေးထားသည်နှင့် ဆန့်ကျင်ဘက်ပင် ကျင့်ကြံသူများသည် အခြေတည်ဝိညာဉ်ကိုသိပ်သည်းရန် သူတို့၏ မူလရွှေအမြုတေကို ချေမွဖျက်စီးပစ်ရန်မလိုပေ။
၎င်းအစား မူလရွှေအမြုတေ၏ အခြေခံအပိုင်းအပေါ်တွင် သူတို့၏ရွှေအမြုတေသည် ခြေဆံလက်ဆံများနှင့် ကြက်ပေါက်တစ်ကောက်ကဲ့သို့ ရုပ်အင်္ဂါများထွက်လာသည်။
၎င်းမှာ အခြေတည်ဝိညာဉ်ကိုသိပ်သည်းရန် နည်းလမ်းအမှန်ဖြစ်သည်။
၎င်းတွင် အလွန်အမင်းခက်ခဲနေသောဖြစ်စဉ်တစ်ခု မရှိပေ။
ကျန်းချန်ရွှမ်၏ ဤတစ်ကြိမ်တွင် အခြေတည်ဝိညာဉ်အဆင့်သို့ ကျော်ဖြတ်မှုမှာ အလွန်ပင်ချောမွေ့သည်။
တခနအတွင်းပင် သူ၏ နတ်အဆင့်ရွှေအမြုတေပေါ်တွင် ကွဲပြားသောရုပ်အင်္ဂါများ ထွက်ပေါ်လာပြီပြီး ခြေ၊ လက်များလည်း ပါလာသည်။
နောက်ဆုံးတွင် ရွှေအမြုတေတစ်ခုလုံးမှာ ကျန်းချန်ရွှမ်နှင့် အသေအချာဆင်တူပြီး ပေတစ်ဝက်လောက်သာရှိသည့် ပုံရိပ်အသေးစားတစ်ခုသို့ ပြောင်းလဲသွားသည်။
သူသည် သူ၏ပါးစပ်ကိုဖွင့်ကာ အသက်ရှုသွင်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်ရွှမ် ကြိုတင်ပြင်ဆင်ခဲ့သည့် များလှစွာသော ဒြပ်စင်ငါးပါးဝိညာဉ်ပစ္စည်းများမှာ သူ၏ခန္ဓာကိုယ်တွင်းသို့ စုပ်ယူခံလိုက်ရသည်။
အရည်များကဲ့သို့ ပေါများသောဝိညာဉ်ချီများနှင့်လမ်းကြောင်းတစ်ခု သူ၏ခန္ဓာကိုယ်တွင်းသို့ စီးဆင်းသွားသည်။
ကျန်းချန်ရွှမ်အခြေတည်ဝိညာဥ်၏ ရုပ်အင်္ဂါရပ်များမှာ စတင်ထင်ရှားလာပြီး ၎င်း၏အရွယ်အစားမှာလည်း ဖြည်းဖြည်းချင်းကြီးမားလာသည်ကို သိသိသာသာမြင်နိုင်သည်။
မည်သို့ပင်ဖြစ်စေ ဒါတင်မလုံလောက်သေးပေ။
ကျန်းချန်ရွှမ်သည် သူ၏ခေါင်းကို ခပ်ဆတ်ဆတ်တောက်လိုက်သည်။
မူလချီမှာ ထုတ်ယူခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်တွင်းသို့ တိုက်ရိုက်သန့်စင်ခံလိုက်ရသည်။
သူမူလချီကို သန့်စင်နေစဉ်တွင် ကျန်းချန်ရွှမ်သည် သူ၏အခြေတည်ဝိညာဉ်မှာ ပြောင်းလဲခြင်းအသစ်တစ်ခုစတင်နေသည်ကို ခံစားလိုက်ရသည်။
သူ၏ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် အဖြူ၊ အပြာ၊ အနီ၊ အစိမ်းနှင့် အဝါရောင်အလင်းများ ထွက်ပေါ်လာသည်။
ထို့ပြင် ဤအရောင်များသည် ဖြည်းဖြည်းချင်း သူ၏ခန္ဓာကိုယ်သို့ ပေါင်းစပ်သွားသည်။
ဘွန်း!
သတိမထားမိလိုက်ဘဲ ကျန်းချန်ရွှမ်သည် သူ၏မသိစိတ်မှာ ငါးရောင်စုံတောက်ပမှုများဖြင့် ပြည့်နှက်နေသော ကမ္ဘာထဲသို့ ဝင်ရောက်သွားသည့်အတိုင်း ခံစားမိလိုက်သည်။
ဒြပ်စင်ငါးပါးရည်ရွယ်ချက်နှင့် ပက်သက်သည့် သဘောပေါက်နားလည်နိုင်စွမ်းအားလုံးသည် သူ၏စိတ်တွင်းသို့ ဆက်တိုက်ဝင်ရောက်လာနေသည်။
အပြင်ဘက်ကမ္ဘာတွင်
သူတို့၏ကိုယ်ပိုင်အရေးကိစ္စများဖြင့် အလုပ်ရှုပ်နေကြသည့် ကျန်းမျိုးနွယ်စု ကျင့်ကြံသူများသည် ရွှမ်းမင်တောင်ထွတ်အရပ်ဆီမှ ငါးရောင်စုံအလင်းတစ်ခု ထွက်ပေါ်လာသည်ကို ရုတ်တရက် မြင်လိုက်ကြသည်။
၎င်းသည် ကျန်းရန်ယီ၊ ကျန်းရန်ထောင်နှင့် ကျန်းမျိုးနွယ်စု၏ အခြားခေါင်းဆောင်များကို ချက်ချင်းတစ်စုံတစ်ခုကို သဘောပေါက်သွားစေခဲ့သည်။
ပျော်ရွှင်မှုများနှင့် မျှော်လင့်စောင့်စားချက်များသည် သူတို့၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။
တုံ့ဆိုင်းခြင်းမရှိဘဲ ကျန်းရန်ယီနှင့် ကျန်းရန်ထောင်တို့ဦးဆောင်သော အကြီးအကဲအဖွဲ့များသည် ရွှမ်းမင်တောင်ထွတ်ဆီသို့ မြန်မြန်ဆန်ဆန် ပျံသန်းသွားကြသည်။
သူတို့ရွှမ်းမင်တောင်ထွတ်သို့ရောက်သောအခါ ရှန်းရူယန်သည် ထိုနေရာတွင် အချိန်အတော်ကြာ စောင့်နေခဲ့သည်ကို တွေ့လိုက်ရသည်။
ထိုလူအုပ်စုသည် ပေါ့ပေါ့ဆဆမလုပ်ရဲဘဲ သူတို့၏လေးစားမှုကိုပြရန် ချက်ချင်း ချဉ်းကပ်လိုက်သည်။
ခနကြာပြီးနောက်
ရှန်းရူယန်၏ တပည့်တစ်ယောက်ဖြစ်သည့် ကျန်းအန်းရန်သည် ခြေတစ်လှမ်းစလိုက်ပြီး မေးလိုက်သည်။
“ဆရာရူရန် ဆရာကျန်းချန်ရွှမ်က...”
***