← Chapters

အခြေတည်ဝိညာဉ်ဘဝဂ်၊ ငါးရောင်စုံအလင်းစက်ဝန်း၊ ဆုလာဒ်: ဒြပ်စင်ငါးမျိုးမန္တန်၏ အဆင်သင့်ပုံစံဖြစ်သည့် တည်မြဲနတ်စွမ်းအား

Vol. 24 Ch. 467

အခြေတည်ဝိညာဉ်ဘဝဂ်၊ ငါးရောင်စုံအလင်းစက်ဝန်း၊ ဆုလာဒ်: ဒြပ်စင်ငါးမျိုးမန္တန်၏ အဆင်သင့်ပုံစံဖြစ်သည့် တည်မြဲနတ်စွမ်းအား

Vol. 24 Ch. 467

ကျန်းအန်းရန်၏ မေးခွန်းကို ကြားသောအခါ ထိုနေရာတွင်ရှိနေသာလူတိုင်း ရှန်းရူယန်ကို မျှော်လင့်စောင့်စားနေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ရှန်းရူယန်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

“ဟုတ်တယ် မင်းရဲ့ဆရာက အခြေတည်ဝိညာဉ်ကိုစပြီး သိပ်သည်းနေပြီ။ ဒီနယ်မြေကိုဘယ်သူမှမချဉ်းကပ်နိုင်အောင်လုပ်ထား။ မှော်ဝင်တိုင်တောင်နားမှာလည်း အတားအဆီးတစ်ခု ပြုလုပ်ထားလိုက်”

“သိပါပြီ!”

လူတိုင်းသည် ပျော်ရွှင်အားရသော အမူအယာများဖြင့် တုံ့ပြန်လိုက်ကြသည်။

တစ်ချိန်တည်း၌ပင်

ကျန်းချန်ရွှမ်၏ တံခါးပိတ်ကျင့်ကြံခြင်းဂူအိမ်၌

ကျန်းချန်ရွှမ်၏ အခြေတည်ဝိညာဉ်နောက်တွင် ငါးရောင်စုံရောင်ခြည်တစ်ခု ပေါ်ပေါက်လာသည်။

အဆုံးမရှိသော တရားသံများသည် ၎င်းအတွင်း ပျံ့လွင့်နေကြဟန် တူသည်။

ကျန်းချန်ရွှမ်နှင့်အတူ ထိုအချိန်တွင် သူတို့သည် လျှို့ဝှက်ဆန်းကြယ်သောတာအိုကဗျာတစ်ခုဖြင့် လွှမ်းခြုံခံလိုက်ရသည်။

တဖြည်းဖြည်းနှင့် ကျန်းချန်ရွှမ်၏အော်ရာမှာ စတင်သိမ်မွေ့လာသည်။

အဆုံးတွင် ဂူအိမ်ထဲ၌ အမျိုးမျိုးသောဒြပ်စင်များ ရုတ်တရက် ပေါ်ထွက်လာသည်။

သံမဏိ၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးတို့ဖြစ်သည်။

သူတို့သည် အဆုံးမရှိဘဲ တစ်ခုနှင့်တစ်ခု ဟန့်တားပိတ်ဆို့ကာ အကူအညီဖြည့်နေကြသည်။

နောက်ဆုံးတွင် ထူးခြားသော စိတ်တည်ငြိမ်မှုအခြေအနေကို အောင်မြင်သွားပြီး ကျန်းချန်ရွှမ်တစ်ယောက်လုံးနှင့် သူ၏အခြေတည်ဝိညာဉ်တို့ကို တောက်ပသောငါးရောင်စုံအလင်းတစ်ခုဖြင့် ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့သည်။

ဘွန်း!

ထိုအချိန်တွင် ပန်းများ၊ ဝိညာဉ်စီးကြောင်းများ၊ နှင့် ရနံ့များသည် အလျှံအပယ်ပင် သူ၏ဂူအိမ်မှ ရုတ်တရက် လိမ့်တက်လာသည်။

နောက်ဆုံးတွင် ငါးရောင်စုံအလင်းစက်ဝန်းတစ်ခုသည် ကျန်းချန်ရွှမ်၏ ခေါင်းပေါ်တွင် ပေါ်ပေါက်လာသည်။

၎င်းသည် အခြေတည်ဝိညာဉ်ကိုအဆင့်ကိုကျော်ဖြတ်ပြီးသောအခါ သူကောက်ကာငင်ကာ ပြုလုပ်လိုက်သည့် မွေးရာပါနတ်စွမ်းအားတစ်ခုဖြစ်သည်။

၎င်းကို ဒြပ်စင်ငါးမျိုးနတ်စွမ်းအားဟုခေါ်ပြီး အံ့ဩဖွယ်စွမ်းအားကောင်းသော ခုခံရေးစွမ်းရည်များကို ပိုင်ဆိုင်သည်။

၎င်းသည် နတ်စွမ်းအားများနှင့် မှော်ရတနာများမှ တိုက်ခိုက်မှုများကို ခုခံနိုင်ရုံတင်မကဘဲ ရှေးဦးဝိညာဉ်အပေါ်သို့ တိုက်ခိုက်မှုများကိုလည်း ဟန့်တားပေးနိုင်သည်။

၎င်းမှာ ပထမအဆင့်ခုခံရေးနတ်စွမ်းအားတစ်ခုဖြစ်သည်။

သူသိပ်သည်းလိုက်သည့် အခြေတည်ဝိညာဉ်မှာ ကောင်းကင်အခြေတည်ဝိညာဉ် သို့မဟုတ် ဒဏ္ဍာရီလာချို့ယွင်းချက်မဲ့အခြေတည်ဝိညာဉ်တစ်ခု မဟုတ်ပေ။

ထိုအစား ၎င်းမှာ အထက်ဆင့်အခြေတည်ဝိညာဉ်ဘဝဂ်မျာ၏ ရိုးရာပုံပြင်များတွင်သာ တည်ရှိတတ်သည့် အခြေတည်ဝိညာဉ်အမျိုးအစားမျိုးဖြစ်သည်။

ဒဏ္ဍာရီလာချို့ယွင်းချက်မဲ့အခြေတည်ဝိညာဉ်နှင့် ယှဉ်လျှင်ပင် ၎င်းမှာ အဆင့်တစ်ဆင့် ပိုမိုအားကောင်းသည်။

ထို့ပြင်…

ကျန်းချန်ရွှမ်ကိုယ်တိုင်ပင်လျှင် သူသည် အခြေတည်ဝိညာဉ်ဘဝဂ်မျိုးကို သိပ်သည်းနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဤအခြေတည်ဝိညာဉ်မျိုးသည် တစ်ဝက်တစ်ပျက်နှင့်မပျက်စီးသွားသရွေ့ ထာဝရရှင်သန်ခြင်းကို အောင်မြင်နိုင်ရန်အခွင့်အလမ်း၁၀၀%ရှိသည်။

၎င်းမှာ သူ၏ယခင် နတ်အဆင့်ရွှေအမြုတေအောင်မြင်မှုနှင့် ခွဲခြား၍မရနိုင်ပေ။

မျှော်လင့်ထားသည့်အတိုင်းပင်…

ကျင့်စဉ်လမ်းကြောင်းပေါ်သို့ဆက်သွားမည်ဆိုပါက ယခင်အဆင့်များရှိ အခြေခံများကို လျစ်လျှုမရှုရန်လည်း လိုအပ်ပေသည်။

ကျန်းချန်ရွှမ်သည် ၎င်းတို့ကို တစိမ့်စိမ့်တွေးဆနေစဉ် သူ၏စိတ်ထဲတွင် ရင်းနှီးနေသော စနစ်အသံတစ်ခုမြည်လာသည်။

[ဒင်]

[အခြေတည်ဝိညာဉ်အဆင့်ကို အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ် ဟိုစ့်။ စွမ်းရည်+၁ တစ်ခုနှင့် ဒြပ်စင်ငါးမျိုးမန္တန်၏အ‌ဆင်သင့်ပုံစံတစ်ခုဖြစ်သည့် တည်မြဲနတ်စွမ်းအားတစ်ခုကို ရရှိပါတယ်။]

ယခင်မှာ ကိုယ်တိုင်ရှင်းပြခြင်းဖြစ်ပြီး စာအတွက်မူ ၎င်းကပြောဆိုထားသည့်အတိုင်းပင်ဖြစ်သည်။

ကျန်းချန်ရွှမ်သည် ပဉ္စမအဆင့် သို့မဟုတ် ၎င်းထက်နိမ့်သည်ဖြစ်စေ လက်တံဆိပ်များမပါဘဲ ချက်ချင်း သူပိုင်နိုင်သည့် မည်သည့်ဒြပ်စင်ငါးမျိုးမန္တန်ကိုမဆို ချက်ချင်းပုံသွင်းနိုင်သည်။

နှောင့်နှေးခြင်းမရှိဘဲ အမှန်တကယ်ပင် ၎င်းကိုအတွေးတစ်ခုတည်းဖြင့် ပြုလုပ်နိုင်သည်။

အနာဂတ်တွင် ကျွမ်းကျင်ရန် ဒြပ်စင်ငါးမျိုးမန္တန်အချို့ကို စုဆောင်းဖို့လိုလာဟန်တူသည်။

ထိုမှသာ သူသည် ဤတည်မြဲနတ်စွမ်းအား၏ အမြင့်ဆုံးစွမ်းအားကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။

၎င်းကိုတွေးတောကာ ကျန်းချန်ရွှမ်သည် သူ၏ဂူအိမ်တွင် ဆက်လက်မနေခဲ့တော့ပေ။

မကြာမီပင် သူတို့သည် ဂူအိမ်အပြင်ဘက်တွင် ရောက်ရှိလာသည်။

ရှန်းရူယန်နှင့် စိုးရိမ်ပူပန်စွာစောင့်စားနေကြသည့် အခြားသူများသည် သူဂူအိမ်မှထွက်လာသည်ကို မြင်ကာ မထိန်းချုပ်နိုင်တော့ဘဲ သူတို့၏မျက်နှာတွင် ပျော်ရွှင်အားရမှုများကို ပြသလိုက်ကြသည်။

များမကြာမီပင် လူတိုင်း၏အမူအယာများမှာ ပြောင်းလဲသွားသည်။

သတိပေးချက်မရှိဘဲ ကောင်းကင်မှာ နက်မှောင်သွားပြီး ငွေရောင်လျှပ်စီးများသည် ကောင်းကင်တွင် ပြိုးပြိုးပျက်ပျက်ဖြစ်နေကြသည်။

ကျန်းချန်ရွှမ်သည် ပထမဆုံး ရှန်းရူယန်နှင့် အခြားသူများကို ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူသည် ကောင်းကင်ကိုကြည့်လိုက်သည်။

ကြာကြာအချိန်ဆွဲမနေတော့ဘဲ သူသည် မှောင်ဝင်တိုင်တောင်၏ အစွန်အဖျားဆီသို့ ပျံသန်းသွားလိုက်သည်။

ခနကြာပြီးနောက်…

သူသည် မှောင်ဝင်တိုင်တောင်၏ ပေတစ်သောင်းအဝေးတွင်ရှိသည့် လေထဲတွင် ရပ်တန့်လိုက်သည်။

ဂျိန်း!

တစ်ချိန်တည်း၌ပင် ကောင်းကင်သည် ရုတ်တရက် အံ့ဩတုန်လှုပ်ဖွယ် မိုးခြိမ်းသံများ မြည်လာခဲ့သည်။

ရုတ်တရက် ကြိုတင်သတိပေးခြင်းမရှိဘဲ ကြီးမားသောလျှပ်စီးအတိဒုက္ခတစ်ခုဆင်းသက်လာပြီး ကျန်းချန်ရွှမ်ဆီသို့ တိုက်ရိုက်ပစ်ချလိုက်သည်။

“ဘာရယ်?”

ဤမြင်ကွင်းကိုအဝေးမှမြင်ကာ ကျန်းရန်ယီနှင့် အခြားသူများသည် အံ့အားသင့်သွားကြသည်။

ပုံမှန်ဆိုလျှင် လျှပ်စီးအတိဒုက္ခမှာ မြန်မြန်ဆန်ဆန်မဆင်းသက်လာတတ်ပေ။

လျှပ်စီးများအစပျိုးရန် အချိန်အနည်းငယ်ကြာတတ်သည်။

ယခင်ကရှန်းရူယန်၏ လျှပ်စီးအတိဒုက္ခမှာ ဤကဲ့သို့ပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်အလှည့်တွင်မူ ကောင်းကင်အတိဒုက္ခမှာ ပြောင်းလဲသွားဟန်တူသည်။

၎င်းမှာလည်း ကျန်းချန်ရွှမ်မမျှော်လင့်ထားခဲ့သည့် တစ်စုံတစ်ခုဖြစ်သည်။

မည်သို့ပင်‌ဖြစ်စေ သူသည် ၎င်းကို အရမ်းဂရုစိုက်မနေပေ။

သူသည် လက်ကိုဆုပ်ကာ မြှောက်လိုက်သည်။

ပဉ္စမအဆင့်စွမ်းအားတစ်ခု သူနှင့်အတူ လိမ့်တက်လာသည်။

ကျယ်လောင်သောမြည်သံတစ်ခုဖြင့်

ရက်စက်သောအရိပ်လက်သီးတစ်ခုသည် ပထမဆုံးအတိဒုက္ခလျှပ်စီးနှင့် တိုက်မိသွားသည်။

အရိပ်လက်သီးနှင့် အတိဒုက္ခလျှပ်စီးတို့မှာ တစ်ချိန်တည်းပင် ပျောက်ကွယ်သွားသည်။

ထို့နောက် ဒုတိယနှင့် တတိယလျှပ်စီးတို့ ထွက်ပေါ်လာသည်။

အကုန်လုံးမှာ ကျန်းချန်ရွှမ်၏ ထိုးချက်တစ်ခုစီဖြင့် ချေမှုန်းခံလိုက်ရသည်။

စတုတ္ထနှင့် ပဉ္စမမြောက် လက်သီးများအပါအဝင်ပင် သူတို့အကုန်လုံးမှာ ထိုးချက်တစ်ခုတည်းဖြင့် အဆုံးသတ်သွားကြသည်။

၎င်းမှာ ကျန်းချန်ရွှမ်သည် အတိဒုက္ခလျှပ်စီးကို မည်မျှ ပေါ့ပေါ့ပါးပါး ကိုင်တွယ်နိုင်သည်ကို ရန်စနေသကဲ့သို့ဖြစ်ပြီး ‌ဆဌမမြောက်အတိဒုက္ခလျှပ်စီး ကျရောက်ချိန်တွင် ၎င်း၏စွမ်းအားမှာ သိသိသာသာ မြင့်တက်လာပေသည်။

ရှန်းရူယန်ရင်ဆိုင်ခဲ့ရသည့် သတ္တမ‌မြောက် အတိဒုက္ခလျှပ်စီး၏စွမ်းအားနှင့် ယှဉ်လျှင်ပင် ၎င်းမှာ ပိုမိုအားကောင်းနေဟန်တူသည်...

***

All Chapters