← Chapters

အခြေတည်ဝိညာဉ်ဘဝဂ်၊ ငါးရောင်စုံအလင်းစက်ဝန်း၊ ဆုလာဒ်: ဒြပ်စင်ငါးမျိုးမန္တန်၏ အဆင်သင့်ပုံစံဖြစ်သည့် တည်မြဲနတ်စွမ်းအား(၂)

Vol. 24 Ch. 468

အခြေတည်ဝိညာဉ်ဘဝဂ်၊ ငါးရောင်စုံအလင်းစက်ဝန်း၊ ဆုလာဒ်: ဒြပ်စင်ငါးမျိုးမန္တန်၏ အဆင်သင့်ပုံစံဖြစ်သည့် တည်မြဲနတ်စွမ်းအား(၂)

Vol. 24 Ch. 468

မည်သို့ပင်ဖြစ်စေ လက်ရှိကျန်းချန်ရွှမ်အတွက်မူ ၎င်းမှာခြိမ်းခြောက်မှုတစ်ခု မဟုတ်သေးပေ။

တစ်ခုတည်းသောကွာခြားချက်မှာ သူထိုးလိုက်သည့်လက်သီးအရေအတွက်မှာ တစ်မှ နှစ်သို့ မြင့်တက်သွားခြင်း ဖြစ်သည်။

ဂျိန်း!

ထိုအချိန်တွင် ကောင်းကင်ရှိ အတိဒုက္ခလျှပ်စီးများအတွင်းတွင် နားကွဲမတတ်အသံတစ်ခု ရုတ်တရက် ပေါက်ထွက်သွားသည်။

ဝင်းလက်တောက်ပသောအလင်းများဖြင့်လိုက်ပါနေသည့် အမှောင်ထုကို ကျော်ဖြတ်ကာ ဖြိုခွင်းသွားသည့် အရာတစ်ခု။

ယခင်ခြောက်ခုထက် အဆပေါင်းများစွာပိုမိုကြီးမားသည့် အတိဒုက္ခလျှပ်စီးတစ်ခုသည် ကျန်းချန်ရွှမ်ဆီသို့ ပစ်ချလိုက်သည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ အမူအယာမှာ စတင်ပိုမိုတည်ငြိမ်လာသည်။

သူ၏နောက်တွင် နဂါးဆင်ပုံရိပ်တစ်ခုသည် ရုတ်တရက်ပေါ်လာပြီး ပျောက်ကွယ်သွားသည်။

ထို့နောက်တွင် သူ၏ပုံရိပ်မှာရုတ်တရက် စတင်ကြီးမားလာသည်။

ပေတစ်ရာ ပေနှစ်ရာ ပေသုံးရာ ပေလေးရာ ပေငါးရာ။

၎င်းမရပ်နားခင်အထိ ပေငါးရာသို့ မြင့်တက်သွားသည်။

ရက်စက်သော ရှေးဦးသားရဲတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်အော်ရာတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ထွက်လာသည်။

အသက်ပြင်းပြင်းတစ်ချက်ရှုကာ သူသည် လက်သီးကိုကျစ်ကျစ်ဆုပ်လိုက်ပြီး သူ၏ဂူအိမ်ပေါ်သို့ကျရောက်နေသည့် အတိဒုက္ခလျှပ်စီးပေါ်သို့ ပစ်လွှတ်လိုက်သည်။

ဒုန်း-

လေးလံသောတူတစ်ခုက တည်ငြိမ်နေသောရေကန်တစ်ခုပေါ်သို့ ကျရောက်သသဲ့သို့ပင်ဖြစ်သည်။

လေဟာနယ်တစ်ခုလုံး လှိုင်းဂယက်များ ထသွားသည်။

ကောင်းကင်ရှိအတိဒုက္ခလျှပ်စီးသည် ကျန်းချန်ရွှမ်၏ အံ့အားသင့်ဖွယ်စွမ်းအားကြောင့် ရုတ်ချည်းရပ်တန့်ခံလိုက်ရသည်။

ထို့နောက် ကြေမွနေသည့်မှန်တစ်ချပ်ကဲ့သို့ပင် ၎င်းသည် အပိုင်းပိုင်းကွဲထွက်သွားသည်။

နောက်ဆုံးတွင် ပဲ့တင်ထပ်နေသော‌ပေါက်ကွဲမှုတစ်ခုကဲ့သို့ ၎င်းသည် အလင်းစက်အမွှားများကဲ့သို့ အစိတ်စိတ်အမြွှာမွှာကွဲထွက်သွားသည်။

အဝေးမှ ကျန်းရန်ယီ၊ ကျန်းရန်ထောင်နှင့် အခြားသူများသည် စိတ်သက်သာစွာသက်ပြင်းချလိုက်ကြသည်။

သူတို့၏ မူလကလေးလံနေသောနှလုံးသားများမှာလည်း အနည်းငယ်သက်သာရာရသွားခဲ့သည်။

သို့သော်လည်း ထိုအချိန်တွင် ရှန်းရူယန်မှာ အကောင်းမမြင်နိုင်သေး။

လေးနက်တည်ငြိမ်မှုအရိပ်အယောင်တစ်ခု သူမ၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။

အကြောင်းရင်းမှာ သူမသည် အခြားသူများ သတိမပြုမိသည်ကို သတိထားမိသွား၍ဖြစ်သည်။

ထိုတိုက်ခိုက်မှုတွင် ကျန်းချန်ရွှမ်လက်သီး၏ မျက်နှာပြင်မှာ မည်းနက်သွားသည်။

အရေးအကြီးဆုံးမှာ သူမ၏နတ်အာရုံတွင် ကျန်းချန်ရွှမ်၏ အော်ရာမှာ သိသိသာသာ ကျဆင်းသွားသည်။

၎င်းမှာ အတိဒုက္ခလျှပ်စီးနှင့် ပက်သက်သည့်ပြဿနာတစ်ခုဖြစ်သည်။

ထို့ပြင်…

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည်လည်း ၎င်းကို သတိပြုမိလိုက်သည်။

သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအားတစ်ဝက်မှာ ရှင်းပြ၍မရအောင် ပျောက်ပျက်သွားသည်။

ကောင်းကင်အတိဒုက္ခအတွင်း ဤအခြေအနေမျိုးကို သူပထမဆုံးကြုံတွေ့ရခြင်းဖြစ်သည်။

အတိဒုက္ခလျှပ်စီးက အခု...

ကျန်းချန်ရွှမ်၏ သူငယ်အိမ်တို့ ကျဉ်းမြောင်းသွားသည်။

အ‌အကြောင်းမှာ နောက်ထပ်လာမည့် အတိဒုက္ခလျှပ်စီးသည် ယခင်ကထက်ပိုမိုကြီးမားနေပြီး သူ့ဆီသို့ဆင်းသက်လာနေသောကြောင့် ဖြစ်သည်။

ထို့ပြင် သူသည် ဤတစ်ကြိမ်တွင် ထိုအတိဒုက္ချလျှပ်စီးတွင် ထူးဆန်းသောစွမ်းအားတစ်ခုကို သေသေချာချာအာရုံခံမိလိုက်သည်။

၎င်းမှာ ကျင့်ကြံသူ၏ အတွင်းပိုင်းသန်မာမှုကို လျှို့ဝှက်စွာဖျက်စီးပစ်နိုင်သည့် စွမ်းအားမျိုး ဖြစ်သည်။

သူ၏ငါးရောင်စုံနတ်အလင်းနှင့် ဆင်တူသည်။

အခြေအနေကသည်လိုဆိုရင်ဖြင့်...

ကျန်းချန်ရွှမ်၏ မျက်လုံးထဲတွင် ဝင်းလက်မှုတစ်ုခ ဖြတ်ပြေးသွားသည်။

ထို့နောက်တွင် သူ၏နောက်မှ အပြာ၊ အနီ၊ အဝါ၊ အဖြူနှင့် အပြာပါ ငါးရောင်စုံအလင်းတစ်ခုသည် သူ့နောက်မှ ဖြာထွက်နေသည်။

၎င်းမှာ သူ၏ကိုယ်ပိုင်နတ်စွမ်းအားဖြစ်သည့် ငါးရောင်စုံနတ်အလင်းဖြစ်သည်။

ငါးရောင်စုံအလင်းက လျင်မြန်စွာဖြတ်သွားလိုက်သည်တွင် အဌမမြောက် အတိဒုက္ခလျှပ်စီး၏ စွမ်းအားမှာ ၎င်း၏မူလထက် ၃၀% လျော့ကျသွားသည်။

ဂျိုင်း--

ကျန်းချန်ရွှမ်သည် အစိမ်းတောက်တောက်ဓားရှည်တစ်ခုကို လေဟာနယ်မှ ရုတ်တရက် ဆွဲယူလိုက်ပြီး အဌမမြောက်အတိဒုက္ခလျှပ်စီးဆီသို့ ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်သည်။

ချွက်-

တောက်ပသောအစိမ်းရောင်ဓားအလင်းတစ်ခု ဖြတ်သန်းသွားပြီး ကောင်းကင်သည် ရုတ်တရက် ကြောက်မက်ဖွယ်အသံများဖြင့် ပေါက်ကွဲသွားသည်။

နျူကလိယပေါက်ကွဲမှုတစ်ခုကဲ့သို့ တုန်လှုပ်ဖွယ်လှိုင်းများသည် အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။

ကျန်းချန်ရွှမ်၏တစ်ကိုယ်လုံးသည် လေထဲမှ ဆုတ်ခွာနေဆဲဖြစ်သည်။

သူမြေကြီးပေါ်သို့ ပြုတ်ကျတော့မည်အပြုတွင် ထိုအချိန်၌ ကျန်းချန်ရွှမ်သည် ရုတ်တရက် အော်ဟစ်လိုက်သည်။

ထို့နောက်တွင် အလွန်ကြီးမားသောစွမ်းအင်လှိုင်းတစ်ခု လေထဲတွင် ပေါက်ကွဲသွားသည်။

‌နဂါးနှင့်ဆင်ပုံရိပ်များ သူ၏နောက်တွင် ထပ်မံရောက်ရှိလာသည်။

နတ်ဆိုးနှိမ်လက်သီးနည်းစနစ်!

ဘွန်း!

ကြမ်းကြုတ်သောအဌမမြောက်အတိဒုက္ခလျှပ်စီးမှာ ကျန်းချန်ရွှမ်၏ထိုးချက်တစ်ခုကြောင့် နောက်ဆုံးတွင် ကြေမွကွဲထွက်သွားသည်။

ရွှက်-

များစွာသောလျှပ်စီးများ လွှမ်းမိုးသွားမှုကြောင့် အောက်ဘက်ရှိမြေလွှာမှာ ချက်ချင်းတူးခြစ်သွားသည်။

အဝေးတွင်…

ကျန်းရန်ယီ၊ ကျန်းရန်ထောင်နှင့် သူတို့၏ဦးရီးတော်အပေါ်တွင် မူလကယုံကြည်မှုအပြည့်ရှိသည့် အခြားသူများသည် သူသည် ဒီတစ်ခေါက်တွင် အသေအချာ အတိဒုက္ခကို ကျော်လွန်နိုင်မည်ကို သေချာသိရှိသွားကြပြီး စိုးရိမ်ပူပန်မှုများ ပျောက်ဆုံးသွားသည်။

မျက်လုံးကောင်းသည့်လူတိုင်း ယခုဘာဖြစ်သွားလိုက်သည်ကို မြင်နိုင်သည်။

ထိုအတိဒုက္ခလျှပ်စီး၏စွမ်းအားမှာ သာမန်မဟုတ်ပေ။

၎င်း၏စွမ်းအားမှာ ယခင်တစ်ခုထက် ဆယ်ဆပိုမိုအားကောင်းသည်။

မသိလိုက်ခင်ပင် သူတို့၏အကြည့်များသည် ရှန်းရူယန်ဆီ ရောက်သွားကြသည်။

ကျန်းအန်းရန်သည် အနည်းငယ် ရင်ဖိုသွားကာ မေးလိုက်သည်။

“ဆရာရူရန် ဆရာကျန်းချန်ရွှမ်တော့ အန္တရာယ်မရှ်ိလောက်တော့ပါဘူး ဟုတ်တယ်မလား?”

ရှန်းရူယန်သည် ခနမျှ တိတ်ဆိတ်နေသေးသည်။

သို့သော်လည်း အဆုံးတွင် သူမသည် ခိုင်ခိုင်မာမာ ခေါင်းညိတ်လိုက်သည်။

“မစိုးရိမ်ပါနဲ့ မင်းရဲ့ဆရာအဆင်ပြေမှာပါ”

သူမထိုသို့ပြောနေသော်လည်း ရှန်းရူယန်မျက်နှာရှိ အမူအယာမှာ စိတ်အေးမနေပေ။

၎င်းသည် ကျန်းအန်းရန်နှင့် အခြားသူများကို သူတို့မှာ မသေချာမရေရာသည့်အခြေအနေတွင် ရှိနေသေးကြောင်း သဘောပေါက်သွားစေခဲ့သည်။

ဘွန်း!

၎င်းမှာ နောက်ထပ်နားကွဲမတတ်အသံတစ်ခု ကောင်းကင်မှ ထွက်ပေါ်လာချိန်တွင် ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် ငွေရောင်နှင့်အနီရောင်လျှပ်စီးတစ်ခုသည် ရုတ်တရက် ကျန်းချန်ရွှမ်ဆီသို့ ပစ်ချလိုက်သည်။

ချက်ချင်းပင် ကျန်းချန်ရွှမ်၏ အမူအယာမှာလည်း အနည်းငယ် ပြောင်းလဲသွားသည်။

ဤအော်ရာကို သူအရမ်းရင်းနှီးနေသည်။

သူသည် ၎င်းကို သူ၏ရွှေအမြုတေအတိဒုက္ခ‌တွင် ရှင်းရှင်းလင်းလင်းခံစားမိဖူးသည်။

၎င်းမှာ ဖျက်စီးခြင်း၏ အော်ရာတစ်ခုဖြစ်သည်။

သေစမ်း...

ကျန်းချန်ရွှမ်သည် တုံ့ဆိုင်းမနေတော့ပေ။

သူ၏လက်ဖဝါးတွင် ပတ္တမြားမီးတောက်မှာ ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေသည်။

ထို့နောက် အဖြူရောင်နှင့် အနီရောင်မီးတောက်အစုအဝေးများသည် သူနှင့်အတူ ပြင်းထန်စွာပေါင်းစပ်သွားသည်။

ချက်ချင်းပင် ချိတ်ဆက်နေသော ဖိသိပ်ခြင်းတစ်ခု၊ တွန့်လိမ်ရှုံ့တွနေမှုတစ်ခု၊ ရစ်ပတ်ခြင်းတစ်ခုနှင့် ပေါက်ကွဲမှုတစ်ခုတို့သည် ပေါင်းစပ်နေသည့် အဖြူရောင်နှင့်အနီရောင်မီးတောက်များထံမှ လိမ့်တက်လာသည်။

‘ဒီတစ်ကြိမ်တော့ မင်းဘယ်လောက်အစွမ်းထက်မလဲ ငါကြည့်ဦးမယ်’

ကျန်းချမ်ရွှမ်သည် ပေါင်းစပ်နေသောမီးတောက်ကို ပစ်လွှတ်လိုက်သည်နှင့် ၎င်းသည် တူးခြစ်နေသောအနက်ရောင်လမ်းကြောင်းတစ်ခုကို ကောင်းကင်တွင် ချန်ရစ်ခဲ့သည်။

ပေါင်းစပ်ထားသောမီးတောက်နှင့် နဝမအတိဒုက္ခလျှပ်စီးတို့ ခေါင်းချင်းဆိုင် တိုက်မိသွားသောအခါ မျက်စိကျိန်းဖွယ်အလင်းတစ်ခုသည် ကောင်းကင်တွင် ပြည့်နှက်သွားသည်။

ကျန်းရန်ယီ၊ ကျန်းအန်းရန်နှင့် မိုင်ထောင်ချီအဝေးမှသူများပင်လျှင် သူတို့၏မျက်လုံးထဲတွင် စူးရှသောနာကျင်မှုတစ်ခုကို ခံစားမိသွားသည်။

မီးတောက်များနှင့် အတိဒုက္ခလျှပ်စီးတို့၏ တိုက်မိမှုဗဟိုချက်တွင် စွမ်းအားသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း မှန်းဆကြည့်လို့ရပေသည်။

ထိုအချိန်တွင် အချိန်က ရပ်တန့်သွားပုံပေါ်သည်။

အဝေးမှ ကမ္ဘာမြေကိုတုန်ခါသွားစေသည့် ပဲ့တင်ထပ်သံတစ်ခု ‌မပေါ်လာခင်ထိ သိပ်မကြာလိုက်ပေ။

ကောင်းကင်တစ်ခုလုံးသည် အဆုံးမရှိသော လျှပ်စီးများနှင့် မီးတောက်များဖြင့် ပြည့်နှက်သွားသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…

အားနှစ်ခုကြားရှိ တိုက်မိမှု၏ ဗဟိုတွင် ငွေရောင်နှင့် အနီ‌ရောင်လျှပ်စီးတစ်ခုသည် တူညီသည့်ဖျက်စီးရေးအော်ရာတစ်ခုကို သယ်ဆောင်ထားပြီး သူ့ဆီသို့ ထပ်မံပစ်ချလိုက်သည်။

သူ၏ ယင်နှင့်ယန်မီးတောက်များမှာလည်း နဝမမြောက်အတိဒုက္ခလျှပ်စီး၏ စွမ်းအားကို အမှန်တကယ်ပင် အနိုင်မယူနိုင်တော့ပေ။

၎င်းအတွေးသည် ကျန်းချန်ရွှမ်၏စိတ်ထဲသို့ ရုတ်တရက် ဖြတ်ပြေးသွားသည်။

ထို့နောက် ငါးရောင်စုံအလင်းစက်ဝန်းတစ်ခုသည် သူ၏ခေါင်းပေါ်မှ ပေါ်ထွက်လာသည်။

၎င်းသည် သူအခြေတည်ဝိညာဉ်အဆင့်ကို ကျော်ဖြတ်စဉ်က သိရှိခဲ့သည့် မူလနတ်စွမ်းအားဖြစ်သည်။

ဒြပ်စင်ငါးမျိုးအလင်းစက်ဝန်း!

ဂျိန်း!

လျှပ်စီးသည် ဒြပ်စင်ငါးမျိုးအလင်းစက်ဝန်းကိုပစ်ချလိုက်ပြီး အဆုံးစွန်ထိပေါက်ကွဲရန် မျက်စိကျိန်းဖွယ် အလင်းများကို ဖြစ်ပေါ်စေခဲ့သည်။

ကြောက်မက်ဖွယ်ပေါက်ကွဲမှုတစ်ခုသည် ဒြပ်စင််ငါးမျိုးအလင်းစက်ဝန်းအပေါ်တွင် ပေါက်ကွဲသွားပြီး ကြီးမားသောတိမ်တိုက်အစိုင်အခဲများအဖြစ်မပြောင်းလဲမီ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည့် ရုတ်ချည်းပြောင်းလဲမှုတစ်ခုသို့ ပြောင်းလဲသွားသည်။

အင်ပါယာသရဖူကဲ့သို့ ‌မြင်သာသည့် အလင်းစက်ဝန်း၏ တောက်ပမှုသည် လျင်မြန်စွာပင် တိမ်မြုပ်သွားသည်။

ကျန်းချန်ရွှမ်သည် အမှုမဲ့အမှတ်မဲ့ မနေနိုင်တော့ပေ။

ချက်ချင်းပင် သူသည် သိမ်းဆည်းထားသည့ မူလဓမ္မရတနာဖြစ်သည့် ယင်ယန်နတ်ဘုရားကျောက်စိမ်းမှ ဓမ္မစွမ်းအား အကုန်လုံးကို ထုတ်ယူလိုက်ပြီး ဒြပ်စင်ငါးမျိုးအလင်းစက်ဝန်းထဲသို့ သွင်းပေးလိုက်သည်။

ဖြည်းဖြည်းချင်းပင် ယခင်က မှိန်ပျပျဖြစ်နေသည့် အလင်းစက်ဝန်းမှအလင်းသည် စတင်ကာ ထပ်မံထွန်းတောက်လာသည်။

မိုးကြိုးသံများ ဆက်လက်မြည်ဟည်းနေသည်။

အလင်းစက်ဝန်းမှ အလင်းသည် ထပ်မံစတင်တုန်ခါလာသည်။

အဝေးမှ ရှန်းရူယန်သည် အလိုလိုပင် သူမ၏လက်သီးများကိုဆုပ်မိသွားသည်။

ကျန်းရန်ယီ၊ ကျန်းအန်းရန်နှင့် အခြားသူများသည် သူ့ကို စိုးရိမ်ကြောင့်ကြသည့် အမူအယာများဖြင့် ကြည့်နေခဲ့ကြသည်။

နောက်ဆုံးတွင် …

အချိန်အနည်းငယ်ထပ်မံကုန်လွန်သွားပြီးနောက် ကျန်းချန်ရွှမ်၏ ဒြပ်စင်ငါးမျိုးအလင်းစက်ဝန်းနှင့် ကောင်းကင်ရှိ အတိဒုက္ခလျှပ်စီးတို့နှစ်ခုစလုံးမှာ လွင့်စင်ပပျောက်သွားသည်...

***

All Chapters