← Chapters

ကောင်းကင်နှင့်ကမ္ဘာမြေလျှပ်စီးအစေ့၏ ဝိညာဉ်အမြစ်သို့ ပြောင်းလဲခြင်း၊ လျှပ်စီးဝိညာဉ်သစ်ပင်၊ စုံတွဲကျင့်စဉ်

Vol. 24 Ch. 469

ကောင်းကင်နှင့်ကမ္ဘာမြေလျှပ်စီးအစေ့၏ ဝိညာဉ်အမြစ်သို့ ပြောင်းလဲခြင်း၊ လျှပ်စီးဝိညာဉ်သစ်ပင်၊ စုံတွဲကျင့်စဉ်

Vol. 24 Ch. 469

ထိုမြင်ကွင်းကိုမြင်ကာ ကျန်းရန်ယီ၊ ကျန်းရန်ထောင်နှင့် အခြားသူမျာ၏ မျက်နှာတွင် ပျော်ရွှင်မှုအရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

နောက်ဆုံးတွင် သူသည် ဤအတိဒုက္ခလျှပ်စီးတွင် အသက်ရှင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ အချိန်အနည်းငယ် ကုန်လွန်ပြီးနောက် ကောင်းကင်တွင် သိပ်သည်းပြည့်ကျပ်နေသော အတိဒုက္ခတိမ်တိုက်များမှာ ပျံ့လွင့်သွားမည့်လက္ခဏာ ပြမနေပေ။

၎င်းသည် ချက်ချင်းပင် ကျန်းရန်ယီ၊ ကျန်း‌ရန်ထောင်နှင့် ကျန်းအန်းရန်တို့ မျက်နှာပေါ်ရှိ ပျော်ရွှင်မှုများကို ဖြည်းဖြည်းချင်း တင်းမာလာစေသည်။

ဖြစ်နိုင်တာက...

သူတို့အားလုံးသည် အလိုလိုပင် ကောင်းကင်ကို ကြည့်မိလိုက်ကြသည်။

ဂျိန်း!

အနက်ရောင်တိမ်တိုက်များထဲတွင် ခရမ်းရောင်လျှပ်စီးတစ်ခုသည် ကျန်းချန်ရွှမ်၏ ဦးခေါင်းဆီသို့ ရုတ်တရက် ပစ်ချလိုက်သည်။

ကြောက်မက်ဖွယ်ခွန်အားသည် ကျန်းရန်ယီ၊ ကျန်းရန်ထောင်နှင့် ကျန်းရန်ထောင်တို့၏ မျက်နှာထားများကို ပြောင်းလဲစေခဲ့သည်။

ရှန်းရူယန်၏ သူငယ်အိမ်များကျဉ်းမြောင်းသွားသည်။

ဒီအတိဒုက္ခလျှပ်စီးက...

သူမသည် အဝေးရှိ ကျန်းချန်ရွှမ်ဆီသို့ ချက်ချင်းလှမ်းကြည့်လိုက်သည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ မျက်နှာမှာ မကြုံစဖူး လေးနက်သွားသည်။

သူသည် ဤလျှပ်စီးက သယ်ဆောင်ထားသည့် စွမ်းအားမှာ သူဟန့်တားနိုင်သည့် အရာမဟုတ်ကြောင်း နားလည်သွားသည်။

အထူးသဖြင့် သူ့တွင်ရတနာစင်စစ်တစ်ခုမရှိသေးချိန်တွင် ဖြစ်သည်။

သူ ထိုအရာကိုသာ အသုံးပြုရတော့မည့်ဟန်တူသည်။

ဤအတိဒုက္ခလျှပ်စီးကို အသုံးပြုပြီး သူသည် ထိုပစ္စည်းကို ကြီးထွားအောင် လုပ်လို့ရနိုင်ပေသည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ယခုသူ့လက်ထဲတွင်ရှိသည့် စနစ်မှရရှိထား‌သော ကောင်းကင်နှင့်မြေကြီးအစေ့။

ထို့နောက် သူသည် အစေ့ကို ကောင်းကင်ရှိ အတိဒုက္ခလျှပ်စီးဆီသို့ တိုက်ရိုက်ပစ်တင်လိုက်သည်။

ခွက်--

ထိုအချိန်တွင် အစေ့သည် အတိဒုက္ခလျှပ်စီးကို ထိမိသွားပြီး များပြားလှသော လျှပ်စီးစက်ဝန်းများ ၎င်း၏ကိုယ်ပေါ်သို့ ရုတ်တရက် လိမ့်တက်လာသည်။

တစ်ချိန်တည်း၌ပင် အတိဒုက္ခလျှပ်စီးသည် ထူးဆန်းသောအားတစ်ချို့ထံမှ ရုတ်တရက် ထိန်းချုပ်ခံလိုက်ရဟန်တူသည်။

၎င်းသည် အစေ့ဆီသို့ ဦးတည်ရွေ့လျားသွားသည်။

သိသိသာသာပင် အတိဒုက္ခလျှပ်စီး၏အရွယ်အစားမှာ တဖြည်းဖြည်းချင်း သေးငယ်သွားသည်။

အဆုံးတွင် ၎င်းသည် လုံးဝအစေ့ထံမှ စုပ်ယူခံလိုက်ရသည်။

ဝှစ်!

ထိုအချိန်တွင် သန်စွမ်းတက်ကြွမှုတစ်ခုမှာ အစေ့ထံမှ လိမ့်တက်လာသည်။

လျှပ်စီးစက်ကွင်းများသည် ၎င်း၏ပတ်လည်တွင် မြူးထူးနေကြသည်။

ကျန်းချန်ရွှမ်သည် သူယခုဤအစေ့ကို စိုက်ပျိုးနေသရွေ့ ၎င်းမှာ ချက်ချင်းဝိညာဉ်အမြစ်တစ်ခုအဖြစ်ကြီးထွားလာမည်ကို အသေအချာသိလိုက်သည်။ထို့ပြင် ၎င်းမှာ သေချာပေါက် အထက်ဆင့်ဝိညာဉ်အမြစ်တစ်ခုဖြစ်သည်။

အရေးအကြီးဆုံးမှာ ဤအတိဒုက္ခလျှပ်စီးလှိုင်းဂယက်များကို ဝါးမျိုနေသည့် အစေ့ဖြင့် အထက်ကောင်းကင်ရှိ သိပ်သည်းနေသောအတိဒုက္ခလျှပ်စီးတိမ်များမှာ ဖြည်းဖြည်းချင်း လွင့်ပြယ်သွားသည်။

ထို့နောက်တွင် များပြားလှသော ဝိညာဉ်ချီအဆီအနှစ်များ ထွက်ပေါ်လာသည်။

၎င်းမှာ ကောင်းကင်အတိဒုက္ခကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့သူများအတွက် ကောင်းကင်နှင့် ကမ္ဘာမြေမှပေးသည့် လက်ဆောင်နှင့် ဆုလာဒ်ဖြစ်သည်။

ဤများပြားလှသော ဝိညာဉ်ချီအဆီအနှစ်များ၏နောက်ကွယ်တွင် ကျန်းချန်ရွှမ်သည် သူအတိဒုက္ခအတွင်းတွင်ကြုံတွေ့ခဲ့ရသည့် ဒဏ်ရာများမှာ အလွန်အမင်းလျင်မြန်သောအရှိန်ဖြင့် ပြန်လည်သက်သာသွားကြောင်း အ‌သေအချာခံစားမိလိုက်သည်။

ဤသန့်စင်သောချီအဆီအနှစ်များအားလုံးကို စုပ်ယူပြီးနောက် သူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာများသာ ပျောက်ကင်းသွားသည်မဟုတ်ဘဲ သူ၏ကျင့်စဉ်မှာလည်း အချိန်တိုအတွင်း တောင့်တင်းခိုင်မာသွားသည်။

အဝေးမှ အသေအချာစောင့်ကြည့်နေသည့် ရှန်းရူယန်သည် စိတ်သက်သာမှုဖြင့် သက်ပြင်းရှည်တစ်ခု ချလိုက်သည်။

နောက်ဆုံးတွင် သူမ၏မျက်နှာပေါ်တွင် လှပသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

ထိုအချိန်တွင် သူမနှင့်အတူ ကျန်းရန်ယီ၊ ကျန်းရန်ထောင်၊ ကျန်းအန်းရန် နှင့် အခြားသူများသည် ကျန်းချန်ရွှမ်၏ရှေ့သို့ ရောက်ရှိလာကြသည်။

သူ့ကိုကြည်ကာ သူမသည် ရုတ်တရက် ပြုံး၍ပြောလိုက်သည်။

“ယောက်ျား ဂုဏ်ယူပါတယ်”

ကျန်းရန်ယီ၊ ကျန်းရန်ထောင်၊ ကျန်းအန်းရန်နှင့် အခြားသူများသည်လည်း သူ့ကို တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ပြုပေးကြသည်။

ရှန်းရူယန်နှင့် အခြားသူများ၏ ချီးကျူးဝမ်းမြောက်စကားကို နားထောင်ရင်း ကျန်းချန်ရွှမ်၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်ပေါက်လာသည်။

သူသည် ပထအဆုံးရှန်းရူယန်ကို အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ရုတ်တရက် ကျန်းရန်ယီ၊ ကျန်းရန်ထောင်နှင့် ကျန်းအန်းရန်တို့၏ လက်များပေါ်သို့ များစွာသော ရတနာများ ပြုတ်ကျလာသည်။

သူနှင့် ရှန်းရူယန်တို့ ရွှမ်း‌မင်တောင်ထွတ်ကို အတူတကွပြန်သွားသောအခါ ဤတံခါးပိတ်ကျင့်ကြံခြင်းကိုကျော်ဖြတ်မှုမှ စုဆောင်းရရှိမှုများအကြောင်းကို စတင်ပြောကြားခဲ့သည်။

တစ်ချိန်တည်း၌ပင် သူ့တွင် နောက်ဆုံးအတိဒုက္ခလျှပ်စီးနှင့် ပတ်သက်၍ ထင်မြင်ချက်တစ်ချို့ရှိနေခဲ့သည်။

သူသည် ဤလောကရှိ ကောင်းကင်နှင့် မြေကြီးတို့၏စွမ်းအားမှာ အားနည်းနေပြီး ပြင်ပအားများထံမှ လွှမ်းမိုးခြင်းခံနေရသည်ဟု ယုံကြည်သည်။

သူတို့၏ထိန်းချုပ်နိုင်မှုထက် ကျော်လွန်သွားသောစွမ်းအားတစ်ခု ဤကမ္ဘာမြေသို့ ရောက်ရှိလာမှုကို ကာကွယ်ရန် ပြင်ပအားများသည် အထွတ်အထိပ်အဆင့်ထက် ကျော်လွန်သွားသော ရွှေအမြုတေများ၏ ပေါ်ပေါက်မှုကို ကန့်သတ်ထားသည်။

နတ်ဘုရားအဆင့်ရွှေအမြုတေနှင့် အခြေတည်ဝိညာဉ်ဘဝဂ်များမှာ ပင်ကိုအားဖြင့် ဤအတန်းအတွင်းရှိသည်။

အဘယ်ကြောင့်ဆိုသော် သာမန်အခြေအနေများအောက်တွင် ကျန်းချန်ရွှမ်ကိုယ်တိုင်ပင်လျှင် ဒသမအတိဒုက္ခလျှပ်စီးနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ၎င်း၏စွမ်းအားမှာ အလွန်ဟန်လုပ်ထားခြင်းမဟုတ်ပေ။

ထို့ပြင် ကောင်းကင်အတိဒုက္ခမှာ ကျင့်ကြံသူများအတွက် စစ်ဆေးမှုတစ်ခုသာဖြစ်ပြီး ဖျက်စီးမှုတစ်ခုမဟုတ်ပေ။

ရှန်းရူယန်သည် ကျန်းချန်ရွှမ်၏ အတွေးအမြင်များကို သဘောတူသည်။

သူမသည် အနှစ်သာရကိုးပါးမသေမျိုးကျင့်ကြံရေးလောကအတွင်းရှိ အထွတ်အထိပ်အဆင့်များအထက်ရှိ တားမြစ်မှူသည် ထိုကမ္ဘာအပြင်ဘက်မှလူနှင့် ဆက်နွယ်မှုရှိနေရမည်ဟု ခံစားမိလိုက်သည်။

ထိုအချိန်တွင် လင်မယားနှစ်ယောက်၏ စိတ်မှာ အနည်းငယ်လေးလံသွားသည်။

ခနကြာပြီးနောက်…

ကျန်းချန်ရွှမ်သည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

သူသည် သူ၏ခန္ဓာကိုယ်မှ အစေ့တစ်စေ့ကို ထုတ်ယူလိုက်သည်။

ထိုအချိန်တွင် အစေ့မှာ ခရမ်းရောင်လျှပ်စီးများဖြင့် ဝန်းရံထားပြီး အလွန်အမင်းသန်စွမ်းတက်ကြွမှုတစ်ခုကို ထုတ်ဖော်နေသည်။

ထိုအစေ့ကိုမြင်ကာ ရှန်းရူယန်၏လှပသောမျက်လုံးများ အရောင်တောက်သွားသည်။

သူမသည် ကျန်းချန်ရွှမ်ကို ကြည့်ကာ ပြောလိုက်သည်။

“ယောက်ျား ရှင်ဒီအစေ့ကို ဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ?”

***

All Chapters