← Chapters

ကောင်းကင်နှင့်ကမ္ဘာမြေလျှပ်စီးအစေ့၏ ဝိညာဉ်အမြစ်သို့ ပြောင်းလဲခြင်း၊ လျှပ်စီးဝိညာဉ်သစ်ပင်၊ စုံတွဲကျင့်စဉ်

Vol. 24 Ch. 470

ကောင်းကင်နှင့်ကမ္ဘာမြေလျှပ်စီးအစေ့၏ ဝိညာဉ်အမြစ်သို့ ပြောင်းလဲခြင်း၊ လျှပ်စီးဝိညာဉ်သစ်ပင်၊ စုံတွဲကျင့်စဉ်

Vol. 24 Ch. 470

ကျန်းချန်ရွှမ်က ပြုံးကာပြောလိုက်သည်

“ကိုယ်အဲ့ဒါကို ရွမ်းမင်တောင်ထွတ်မှာ စိုက်ပျိုးဖို့ စဉ်းစားထားတယ်။ ပြီးတော့ မှောင်ဝင်တိုင်တောင်ပေါ်မှာရှိတဲ့ ဝိညာဉ်ချီ‌ တွေမှာ ရွှမ်းမင်တောင်ထွတ်မှာက အများဆုံးပဲ။ ကိုယ် ဒသမအတိဒုက္ခလျှပ်စီးရဲ့ စွမ်းအားကို စုပ်ယူထားတဲ့ ဒီအစေ့ကနေ စိုက်ပျိုးပြီးရင် ဘယ်လိုဝိညာဉ်အမြစ်မျိုး ပေါက်ဖွားလာမယ်ဆိုတာကို ကြည့်ချင်သေးတယ်”

၎င်းကိုပြောပြီးနောက် ကျန်းချန်ရွှမ်သည် အချိန်ဆွဲမနေတော့ပေ။

ရှန်းရူယန်နှင့်အတူ သင့်တော်သော နေရာတစ်ခုကို ရှာတွေ့ခဲ့ကြပြီး အစေ့ကို ချက်ချင်း စိုက်ပျိူးလိုက်သည်။

ဝှစ်!

အစေ့ကိုစိုက်ပျိုးလိုက်သည်နှင့် ဤနယ်မြေအတွင်း ထူးခြားသောအသက်ဝင်မှုတစ်ခု ပျံ့နှံ့သွားသည်။

ခနအတွင်းပင် အစေ့သည် အညှောင့်ထွက်လာကာ မြေဆီလွှာကို ပေါက်ထွက်သွားသည်။

အသက်ပေါင်းများစွာ ရှုသွင်းပြီး အညှောင့်မှာ လျင်မြန်စွာ ကြီးထွားလာသည်။

ငါးမိနစ်အတွင်းပင် အညှောင့်မှာ သစ်ကိုင်းကြီးတစ်ခုအဖြစ်ပြောင်းသွားပြီး မရေမတွက်နိုင်သော သစ်ခက်များ ဖြာထွက်လာသည်။

သစ်ကိုင်းနှင့် သစ်ခက်နှစ်ခုစလုံးမှာ မှိန်ပျပျခရမ်းရောင်လျှပ်စီးအလင်းတစ်ခုကို ထုတ်လွှတ်နေသည်။

နောက်ထပ်ငါးမိနစ်ကုန်လွန်သွားသည်။

‌အ‌စေ့သည် မြင့်မားသောသစ်ပင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပေဒါဇင်ချီရှည်လျားပေသည်။

၎င်း၏ကိုယ်ထည်တစ်ခုလုံးမှာ ခရမ်းကြည်ရောင်ကဲ့သို့ဖြစ်ပြီး အိမ်မက်ဆန်သော အရောင်တစ်ခုကို ထုတ်လွှတ်နေသည်။

မည်သို့ပင်ဖြစ်စေ ၎င်း၏ကြီးထွားမှုမှာ ဤမျှနှင့်ပင် ရပ်တန့်မသွားပေ။

နာရီအနည်းငယ်ကြာပြီးနောက်..

သေးငယ်သောအစေ့လေးသည် ပေငါးဆယ်မြင့်မားသော သစ်ပင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

အကိုင်းများဖြစ်စေ အရွက်များဖြစ်စေ ၎င်းတို့အားလုံးသည် ခရမ်းကြည်ရောင်များနှင့်တူပြီး မှိန်ပျပျခရမ်းရောင်လျှပ်စီးအလင်းများဖြင့် ဝန်းရံထားသည်။

အရေးအကြီးဆုံးမှာ ဤမျှအချိန်တိုအတွင်း ၎င်းသည် ပုံစံမတူသည့် အသီးသုံးလုံးကို ဖြည်းဖြည်းချင်း ပြုလုပ်ပြီးဖြစ်သည်။

၎င်းတို့မှာ ခရမ်းရောင်အလင်းများဖြင့် ဖုံးလွှမ်းခံထားရပြီး အလယ်တွင် ၎င်းတို့တစ်ခုစီပေါ်၌ မတူညီသော သင်္ကေတတစ်ခုကို ထွင်းထုထားပြီး ကောင်းကင်၊ မြေကြီးနှင့် လူသားတို့ကို အသီးသီးကိုယ်စားပြုနေသည်။

တစ်ချိန်တည်း၌ပင် မှော်ဝင်တိုင်တောင်တစ်ခုလုံးရှိ ဝိညာဉ်ချီများ လိမ့်တက်လာသည်။

၎င်းမှာ မူလထက် နှစ်ဆမကပို၍ မြင့်တက်လာသည်။

ဤနေရာတွင် ကျင့်ကြံနေကြသည့် ကျန်းမျိုးနွယ်စုကျင့်ကြံသူများသည် သူတို့၏ကျင့်စဉ်များသည် အချိန်တိုအတွင်း နှစ်ဆမက မြင့်တက်လာသည်ကို ခံစားမိလိုက်သည်။

မည်သို့ပင်ဖြစ်စေ အားရကျေနပ်စွာ အံ့အားအသင့်သွားဆုံးသူများမှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ပင် ဖြစ်သည်။

သူတို့သည် အချိန်ခနအတွင်း ဤအရွယ်အစားသို့ တိုးမြင့်လာခဲ့သည့် သစ်ပင်ကိုကြည့်ရင်း သူတို့၏မျက်နှာများမှာ ပြောမပြတတ်သည့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

အကြောင်းအရင်းမှာရိုးရှင်းပေသည်။

သူတို့သည် ကောင်းကင်နှင့်ကမ္ဘာမြေအစေ့မှထွက်လာသည့် ဤသစ်ပင်သည် မည်သည့်ဝိညာဉ်အမြစ်မျိုးဖြစ်ကြောင်း သဘောပေါက်သွားကြ၍ဖြစ်သည်။

၎င်းမှာ ကျော်ကြားသည့် ပဉ္စမအဆင့်ဝိညာဉ်အမြစ်တစ်ခုဖြစ်သည့် သုံးဘုံလျှပ်စီးသစ်ပင်ဖြစ်ပေသည်။

အထူးသဖြင့် သစ်သီးသုံးလုံးဖြစ်ကြသည့် ကောင်းကင်လျှပ်စီးသစ်သီး၊ ကမ္ဘာမြေလျှပ်စီးသစ်သီးနှင့် လူသားလျှပ်စီးသစ်သီးတို့မှာ ပို၍ပင် ထူးခြားဆန်းပြားနေပေသည်။

ဤဝိညာဉ်သစ်သီးသုံးလုံးတွင် မတူညီသော အကျိုးသက်ရောက်မှုများရှိသည်။

ကောင်းကင်လျှပ်စီးသစ်သီးသည် ကျင့်ကြံသူများကို ပဉ္စမအဆင့်လျှပ်စီးအမျိုးအစားနတ်စွမ်းအားကို ဆုပ်ကိုင်နိုင်ရန် ပြုလုပ်ပေးသည်။

အမှန်ပင်..

မင်းမြင်လိုက်သလိုပင်။

၎င်းမှာ တကူးတက ကျင့်စဉ် သို့မဟုတ် သဘောပေါက်နားလည်နိုင်စွမ်းမလိုအပ်ဘဲ အမှတ်မထင်ဆုပ်ကိုင်နိုင်သည့် နတ်စွမ်းအားဖြစ်သည်။

ဟုတ်ပေသည်။

ကောင်းကင်လျှပ်စီးသစ်သီး၏အကျိုးသက်ရောက်မှုမှာ ‌၎င်းတွင် ကန့်သတ်မထားပေ။

၎င်းသည် ကျင့်ကြံခြင်း သို့မဟုတ် ကိုယ်ပိုင်လျှပ်စီးအမျိုးအစားနတ်စွမ်းအားကိုမြှင့်တင်ခြင်းတွင် ဝိညာဉ်ပစ္စည်းတစ်ခုအဖြစ်လည်း ဆောင်ရွက်ပေးနိုင်သည်။

၎င်းသည် သင်မည်သို့အသုံးချလိုသည့် အပေါ်တွင် မူတည်သည်။

ကမ္ဘာမြေလျှပ်စီးသစ်သီးမှာမူ ၎င်းသည် ပဉ္စမအဆင့်လျှပ်စီးအမျိုးအစားရတနာစင်စစ်တစ်ခုသို့ ရုတ်ချည်းပြောင်းလဲနိုင်သည်။

အမှန်ကို ၎င်းသည် တမင်သက်သက် သန့်စင်ခြင်းမျိုးမပါဘဲ ပဉ္စမအဆင့်လျှပ်စီးအမျိုးအစားရတနာစင်စစ်တစ်ခုသို့ တိုက်ရိုက်ပြောင်းလဲနိုင်သည်။

တစ်ခုတည်းသောပြဿနာမှာ ကမ္ဘာမြေလျှပ်စီးသစ်သီးမှပြောင်းလဲထားသည့် ပဉ္စမအဆင့်လျှပ်စီးအမျိုးအစားရတနာစင်စစ်မှာ အလွန်ရှားပါးသည်။

နောက်ဆုံးတွင် ပဉ္စမအဆင့်ရတနာစင်စစ်တစ်ခုသို့ ပြောင်းခြင်းမှာ သင်လိုအပ်သည့်တစ်ခုမဟုတ်နိုင်ပေ။

လူသားလျှပ်စီးသစ်သီးအတွက်မူ ၎င်းကို လူသားလျှပ်စီးဆေးပြားအဖြစ်ပြောင်းလဲနိုင်သည်။

၎င်းသည် နှစ်သုံးရာတွင် သူတို့၏ကျင့်စဉ်များကို ချက်ချင်းမြှင့်တင်နိုင်ရန် လျှပ်စီးအမျိုးအစားနည်းစနစ်များကို အဓိကကျင့်ကြံနေသည့် ကျင့်ကြံသူများကို ကူညီပေးနိုင်သည်။

ထို့ပြင် ၎င်းတွင် ကျော်ဖြတ်မှုများကို ကူညီရာတွင်လည်း အထောက်အကူများရှိသည်။

ထို့ပြင် ဘေးထွက်ဆိုးကျိုးမရှိပေ။

၎င်းမှာ အမှန်တကယ်ပင် ရှားပါးသည့် လျှပ်စီးအမျိုးအစဆေးပြားဖြစ်သည်။

တစ်ခုတည်းသောပြဿနာမှာ သုံးဘုံလျှပ်စီးဝိညာဉ်သစ်ပင်ပေါ်ရှိ ကောင်းကင်၊ ကမ္ဘာမြေနှင့် လူသားတို့ကို ကိုယ်စားပြုနေသည့် အသီးသုံးလုံးကိုပြုလုပ်ရန်မှာ နှစ်ရှစ်ရာအတိကြာမြင့်လိမ့်မည်။

ဤအသီးသုံးလုံးသည် သူတို့အတွက် ကြီးမားသော အထောက်အကူဖြစ်လိမ့်မည်။

အထူးသဖြင့် ရှန်းရူယန်အတွက်ဖြစ်သည်။

ဤအသီးသုံးလုံးအတွက် မည်သူမှ သူမထက်ပို၍ မသင့်တော်နိုင်ပေ။

ထို့ပြင် အနာဂတ်တွင် သူမသည် သုံးဘုံလျှပ်စီးဝိညာဉ်သစ်ပင်အောက် သို့မဟုတ် အနီးနားတွင်ကျင့်ကြံနေသရွေ့ သူမ၏ ကျင့်စဉ်တိုးတက်မှု၊ နတ်စွမ်းအားများတွင် ကျွမ်းကျင်မှု၊ သဘောပေါက်နားလည်နိုင်စွမ်းတို့မှာ ကြီးမားသောအထောက်အပံ့ကိုရရှိလိမ့်မည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် အသီးသုံးလုံးကို ခူးဆွတ်လိုက်ပြီး ၎င်းတို့ကို ရှန်းရူယန်ဆီသို့ အပြုံးတစ်ခုဖြင့် ပေးလိုက်သည်။

“မိန်းမ ဒီအသီးသုံးလုံးက သူများတွေထက် မင်းနဲ့ပဲပိုသင့်တော်တယ်။ ဒါတွေကိုယူလိုက်ပါ”

ကျန်းချန်ရွှမ်ပေးနေသည့် အသီးသုံးလုံးကိုကြည့်ကာ ရှန်းရူယန်က သူမ၏ခေါင်းကို ခါလိုက်သည်။

“ယောက်ျား ဒါတွေက ရှင့်အတွက်လည်း အတူတူအသုံးဝင်တာပဲ။ ကျွန်မတို့ဘာလို့...”

“မငြင်းပါနဲ့”

ရှန်းရူယန်၏ စကားကိုဆုံးအောင်မစောင့်ဘဲ ကျန်းချန်ရွှမ်သည် အသီးသုံးလုံးကို ရှန်းရူယန်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ကိုယ့်အတွက်ကတော့ လျှပ်စီးအမျိုးအစားနတ်စွမ်းအား ဒါမှမဟုတ် လျှပ်စီးအမျိုးအစားရတနာစင်စစ်တစ်ခုရှိတာက သိသာတဲ့တိုးတက်မှုဖြစ်မှာမဟုတ်ဘူး။ အလွန်ဆုံး ဒါကကိုယ့်ရဲ့ တိုက်ခိုက်တဲ့နည်းလမ်းတွေကိုပဲ တိုးတက်စေလိမ့်မယ်။ အဲ့ဒါနဲ့ယှဉ်လိုက်ရင်တော့ ကိုယ် ပဉ္စမအဆင့်ဒြပ်စင်ငါးမျိုးမန္တန်တွေကိုပဲ သင်ယူလိုက်တော့မယ်။ ဒါပေမယ့် မင်းအတွက်ကျတော့ ဒါတွေက မင်းရဲ့စွမ်းအားကို မြန်မြန်ဆန်ဆန်တိုးမြှင့်ပေးနိုင်မယ့်ဟာတွေမဟုတ်လား။ မင်းဒါတွေကိုမယူဘူးဆိုရင် ဖြုန်းတီးမိရာမကျဘူးလား?”

သူမသည် ကျန်းချန်ရွှမ်ပြောသမျှမှာ အမှန်ဖြစ်မှန်းသိသော်လည်း ထိုအချိန်နွင် ရှန်းရူယန်၏နှလုံးသားမှာ ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်သွားသည်။

သူမသည် ကျန်းချန်ရွှမ်ကိုကြည့်ကာ ရုတ်တရက် ပြုံးလျက်ပြောလိုက်သည်။

“ဒီလိုဆိုရင်တော့ ကျွန်မမငြင်းတော့ပါဘူး ယောက်ျား။ စကားမစပ် ကျွန်မတို့နှစ်ရာချီပြီး အတူတူရှိလာကြတာ။ ကျွန်မတို့နှစ်ယောက်လုံးအခြေတည်ဝိညာဉ်အဆင့်ကိုတောင် ကျော်ဖြတ်ပြီးပြီဆိုမှတော့ ဘာလို့...”

သူမစကားပြောနေစဉ်တွင် ရှန်းရူယန်၏မျက်နှာမှာ ရုတ်တရက် နီရဲသွားသည်။

သို့သော်လည်း အဆုံးတွင်သူမသည် ကျန်းချန်ရွှမ်ကို ကြည့်လိုက်ပြီး အခိုင်အမာဆုံးဖြတ်ထားသည့် လေသံဖြင့်ပြောလိုက်သည်။

“စုံတွဲမကျင့်ကြံတာလဲ”

အတိတ်ကာလတွင် သူတို့နှစ်ယောက်သည် အခြေခံအုတ်မြစ်ကိုချမှတ်ရန်နှင့် သူတို့၏ယင်နှင့်ယန်များကို လျင်မြန်စွာ မဆုံးရှုံးရန် စုံတွဲကျင့်စဉ်ကို ရှောင်ကြဉ်ခဲ့ကြသည်။

ယခုမူ သူတို့နှစ်ယောက်စလုံးသည် အခြေတည်ဝိညာဉ်အဆင့်ကို ကျော်ဖြတ်ပြီးဖြစ်သည်။

သူတို့၏ကျင့်စဉ်အ‌ခြေခံများမှာ ခိုင်မာပြီး တည်ငြိမ်နေပြီဖြစ်သည်။

ထိုအခြေအနေတွင် သူတို့သည် စုံတွဲကျင့်စဉ်ကို ကျင့်ကြံလိုက်ပါက သူတို့၏ကျင့်စဉ်ကိုမထိခိုက်စေရုံတင်မကဘဲ နှစ်ဦးစလုံးအကျိုးရှိစေမည့်သက်ရောက်မှုကိုလည်း ရရှိလိမ့်မည်။

အထူးသဖြင့် ပထအဆုံးအကြိမ်အနေနှင့် ၎င်းသည် သူတို့၏ကျင့်စဉ်ဆီသို့ အံ့ဩဖွယ်အကျိုးဆက်များကို သယ်ဆောင်လာပေးလိမ့်မည်။

ထိုအချိန်တွင် ရှန်ူရူရန်၏ စကားများကိုကြားကာ ကျန်းချန်ရွှမ်၏နှလုံးသားမှာ မထိန်းချုပ်နိုင်ဘဲ လျင်မြန်စွာခုန်လာခဲ့သည်။

နှစ်ပေါင်းရာချီအတူရှိပြီးနောက် သူ့တွင် ရှန်းရူယန်အတွက် ထိုကဏ္ဍအတွင်း မည်သည့်အတွေးမှမရှိခဲ့ဖူးဟုပြောရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ခိုင်မာသောကျင့်စဉ်အခြေခံတစ်ခုကို တည်ဆောက်ရန်နှင့် အနာဂတ်တွင် ကြာရှည်လက်တွဲနိုင်ရန် သူ့တွင်တစ်ခါတစ်ရံ၌ ထိုအတွေးမျိုးရှိလျှင်တောင် သူသည် ၎င်းတို့ကို အသေအချာဟန့်တားထားသည်။

ထို့ပြင် သူဖြစ်စေ ရှန်းရူယန်ဖြစ်စေ သူတို့မှာ တင်္ဒဂသာယာမှုကို ရှာတတ်သည့်သူမျိုး မဟုတ်သည်မှာ အသေအချာပင်။

သူတို့ရှာဖွေသည်မှာ အဆုံးမရှိသောအနက်တွင် အတူရှိနိုင်မည့် ထာဝရရှင်သန်ခြင်းပင်ဖြစ်သည်။

ထိုကဲ့သို့ ပန်းတိုင်မျိုးကိုရင်ဆိုင်ရာတွင် တင်္ဒဂသာယာမှုမှာ မပြောပလောက်ပေ။

ထိုအချိန်တွင် စုံတွဲကျင့်စဉ်အတွက် အခွင့်အရေးမှာ ရောက်ရှိလာပြီး အရာအားလုံးမှာ အဆင်သင့်ဖြစ်နေပြီဖြစ်သောကြောင့် ကျန်းချန်ရွှမ်သည် အလိုလိုပင် ၎င်းကိုတမင်သက်သက် ချုပ်ထိန်းမနေတော့ဘဲ ရှန်းရူယန်ကို စိတ်မပျက်စေခဲ့ပေ။

မကြာမီပင် လင်မယားနှစ်ယောက်သည် ကျန်းချန်ရွှမ်၏ဂူအိမ်ထဲသို့ ဝင်သွားကြသည်။

…

အချိန်များကုန်လွန်သွားသည်။

ရက်အတော်များများ ကြာမြင့်သွားပြီဖြစ်သည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏ စုံတွဲကျင့်စဉ်ကို ပြီးမြောက်သွားပြီဖြစ်သည်။

သူတို့ပြုလုပ်ခဲ့သည့် ကျင့်စဉ်မှာ သိသိသာသာပင် တိုးတက်လာသည်။

ရက်အနည်းငယ်အတွင်းပင်

ကျန်းချန်ရွှမ်၏ကျင့်စဉ်မှာ မမျှော်လင့်စွာပင် ပထမအဆင့်မှ ဒုတိယအဆင့်၏အထွတ်ထိပ်သို့ ကျော်ဖြတ်သွားသည်။

ရှန်းရူယန်အတွက်မူ သူမ၏ဖြစ်စဉ်မှာ ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းနေသည်။

သူမသည် ပထမအဆင့်၏ အထွတ်အထိပ်မှ တတိယအဆင့်သို့ တိုက်ရိုက်ကျော်ဖြတ်သွားသည်။

ဤသိသာထင်ရှားသည့်ရလဒ်မှာ ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည်။

သူတို့၏ကျင့်စဉ်တွင် ဤကဲ့သို့ သိသာထင်ရှားသည့်တိုးတက်မှုမျိုးမှာ မရှိဖူခဲ့သလောက်ပင်ဖြစ်သည်။

စုံတွဲကျင့်စဉ်နှင့်ဆိုလျှင်တောင် သာမန်အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများအတွက် ဤကဲ့သို့သောရလဒ်မျိုး ရရှိရန်မှာ မဖြစ်နိုင်ပေ...

***

All Chapters