← Chapters

အားလုံး၏ချီးကျူးဂုဏ်ပြုမှုများ၊ ဟောင်တုန်းပိုင်၏နိုင်ငံတစ်ခုတည်ထောင်ရန် အကြံပြုချက်

Vol. 24 Ch. 471

အားလုံး၏ချီးကျူးဂုဏ်ပြုမှုများ၊ ဟောင်တုန်းပိုင်၏နိုင်ငံတစ်ခုတည်ထောင်ရန် အကြံပြုချက်

Vol. 24 Ch. 471

အခြေတည်ဝိညာဉ်အဆင့်သို့ကျော်ဖြတ်ပြီးရာတွင် နောက်ပိုင်းကျင့်စဉ်တက်မြောက်မှုတစ်ခုချင်းစီမှာ နှစ်ရာချီသည့်တိုင် တိုင်းတာမှုရှိသည်ကို မှတ်သားထားရန်လိုပေသည်။

အထူးသဖြင့် အခြေတည်ဝိညာဉ်အဆင့်ကိုသာ သိပ်သည်းထားနိုင်သည့် ကျင့်ကြံသူများအတွက် တတိယအဆင့်ရှိ အစောပိုင်းအဆင့်၏အထွတ်အထိပ်သို့‌တက်ရောက်မှုတိုင်းသည် သူတို့၏သက်တမ်းအဆုံးထိပင် အာမမခံနိုင်ချေ။

တစ်တည်းအားဖြင့် လုံ့လစိုက်ထုတ်ထားသောကျင့်စဉ်မပါဘဲ နောက်တစ်ဆင့်သိူ့ တက်လှမ်းရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

ထို့ကြောင့် စုံတွဲကျင့်စဉ်သည် လင်မယားနှစ်ယောက်အတွက် မည်မျှအကူအညီဖြစ်သည်ကို မြင်နိုင်သည်။

ထိုအချိန်တွင်…

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် နှစ်ယောကမလုံးမှ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ခွာရန် အလျင်လိုမနေပေ။

အထူးသဖြင့် ရှန်းရူယန်ဖြစ်သည်။

သူမသည် ကောင်းကင်လျှပ်စီးသစ်သီးနှင့် ကမ္ဘာမြေလျှပ်စီးသစ်သီးကို ထုတ်ယူလိုက်ပြီး ကျန်းချန်ရွှမ်ဘက်သို့လှည့်ကာပြောလိုက်သည်။

“ယောက်ျား ကျွန်မဒီသစ်သီးနှစ်လုံးကို ကျွန်မရဲ့လက်ရှိနတ်စွမ်းအားတွေကို တိုးမြှင့်ဖို့နဲ့ ပဉ္စမအဆင့်လျှပ်စီးအမျိုးအစားရတနာစင်စစ်တစ်ခုကို ရရှိဖို့အတွက် သုံးဖို့စီစဉ်ထားခဲ့တာ”

ကျန်းချန်ရွှမ်သည် အလိုလိုပင် ရှန်းရူယန်၏ အကြံစည်အတွက် သူ၏ထောက်ပံ့မှုကို ပြသလိုက်သည်။

သို့သော်လည်း သူမေးခွန်းတစ်ခုတော့ မေးလိုက်သေးသည်။

“ဘာလို့လဲ၊ မင်းက မင်းရဲ့ကျင့်စဉ်ကိုထပ်ပြီးမြှင့်တင်ဖို့ လူသားလျှပ်စီးသစ်သီးကို အသုံးမပြုတော့ဘူးလား? နှစ်၃၀၀ကျင့်စဉ်က မင်းကို အလယ်အဆင့်ကို တိုက်ရိုက်ကျော်ဖြတ်နိုင်ဖို့အတွက် ပြုလုပ်ပေးနိုင်လောက်တယ်”

ကျန်းချန်ရွှမ်၏စကားများကိုကြားပြီးနောက် ရှန်းရူယန်သည် အပြုံးတစ်ခုဖြင့် သူမ၏ခေါင်းကိုခါလိုက်သည်။

“အခုတော့မဟုတ်သေးဘူး။ လောလောဆယ်မှာ ကျွန်မရဲ့ကျင့်စဉ်က အစောပိုင်းအဆင့်ရဲ့ အထွတ်ထိပ်ကိုတောင် မရောက်သေးဘူး။ လူသားလျှပ်စီးသစ်သီးကို ပေါ့ပေါ့ဆဆအသုံးပြုလိုက်တာက ဖြုန်းတီးမှုတစ်ခု ဖြစ်သွားနိုင်တယ်။ ဖြစ်နိုင်ရင် ကျွန်မဒါကို သင့်တော်တဲ့အချိန်ကျမှပဲ အသုံးပြုချင်တယ်”

ကျန်းချန်ရွှမ်သည် ၎င်းကိုနားလည်ကာ သဘောတူညီမှုဖြင့် ခေါင်းညိတ်လိုက်သည်။

ထို့နောက် ရှန်းရူယန်သည် သူမတွင်ရှိနေသည့် လျှပ်စီးအမျိုးအစားနတ်စွမ်းအားများကို ပိုမိုထိုးထွင်းသိမြင်နိုင်သည့် ဉာဏ်ကိုရရှိရန် ရည်ရွယ်၍ ကောင်းကင်လျှပ်စီးသစ်သီးကို စတင်စားသုံးလိုက်သည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်က သူယခင်ကလေ့လာရန် ရရှိထားသည့် ပဉ္စမအဆင့်ဒြပ်စင်ငါးမျိုးမန္တန်နှစ်ခုကို ထုတ်ယူလိုက်သည်။

ယင်းမန္တန်နှစ်ခုတို့မှာ မီးဒြပ်စင်၏ နဂါးမီးတောက်ဟိန်းဟောက်သံနှင့် မြေဒြပ်စင်၏ ရုန်းရင်းကျသောကျောက်များ ဖြစ်ပေသည်။

အထက်ဆင့်တစ်ခုသို့ ရောက်ရှိသွားသောအခါ နဂါးမီးတောက်ဟိန်းဟောက်သံသည် နဂါးတစ်ကောင်ကို ဆင့်ခေါ်နိုင်ပြီး ဒါဇင်နှင့်ချီ သို့မဟုတ် မိုင်ရာချီသည့် နယ်မြေများကို ကျောက်ရည်ပူများအဖြစ် ပြောင်းပစ်နိုင်သည်။

အခြားတစ်ဖက်တွင် ရုန်းရင်းကျသောကျောက်များမှာလည်း အခြားကမ္ဘာမှ ဥက္ကာခဲများကို ရန်သူများကို ကြမ်းတမ်းစွာ‌တိုက်ခိုက်နိုင်ရန် ဆင့်ခေါ်နိုင်ပြီး ကြောက်မက်ဖွယ် မြေဓာတ်အမျိုးအစား ခုခံရေးမန္တန်တစ်ခုဖြစ်အောင် ပြုလုပ်ပေးသည်။

ယေဘုယျအားဖြင့် ကျင့်ကြံသူများသည် အခြေတည်ဝိညာဉ်အဆင့်ကို ကျော်ဖြတ်ပြီးသောအခါ မန္တန်များကို လေ့လာရန် အာရုံစိုက်ခဲသည်။

အချိန်အများစုတွင် အခြေတည်ဝိညာဉ်ကျင့်ကြံသူများမှာ ပဉ္စမအဆင့်ရတနာစင်စစ်များ သို့မဟုတ် ပဉ္စမအဆင့်နတ်စွမ်းအားများကိုသာ တိုက်ပွဲများတွင် အသုံးပြုကြသည်။

၎င်းတို့သည် လက်တံဆိပ်များပြုလုပ်ရန်လိုအပ်သော မန္တန်များနှင့် နှိုင်းယှဉ်လျှင် ပို၍လျင်မြန်ပေသည်။

အစစ်အမှန်သေရေးရှင်ရေးတိုက်ပွဲများတွင် သင်သည် စိတ်ပျံ့လွင့်ရန် အချိန်တစ်စက္ကန့်ပင် ရမည် မဟုတ်ချေ။

၎င်းမှာလည်း အဆခြတည်ဝိညာဉ်ကျင့်ကြံသူများသည် ရန်သူများကို တိုက်ခိုက်ရာတွင် မန္တန်များကို အသုံးမပြုချင်ကြသည့် နောက်ထပ် အကြောင်းပြချက်တစ်ခု ဖြစ်ပေသည်။

ထို့ပြင် သူတို့သည် ရတနာစင်စစ်များ သို့မဟုတ် နတ်စွမ်းအားများကို သုံးလိုက်လျှင်တောင် ဓမ္မစွမ်းအား၏သုံးစွဲမှုမှာ အတူတူနီးနီးဖြစ်သည်။

ထိုအခြေအနေတွင် မန္တန်များမှာ အပိုသက်သက်မျှသာ ဖြစ်သွားတော့သည်။

မည်သို့ပင်ဖြစ်စေ မူလဓမ္မရတနာ၊ ယင်ယန်နတ်ဘုရားကျောက်စိမ်းနှင့် ချက်ချင်းအသုံးပြုနိုင်သည့် တည်မြဲနတ်စွမ်းအား ကို ပိုင်ဆိုင်သည့် ကျန်းချန်ရွှမ်အတွက်မူ အခြေအနေမှာ ကွာခြားပေသည်။

ထို့ပြင် အနာဂတ်တွင် သူသည် ‌ယင်ယန်နတ်ဘုရားကျောက်စိမ်းကို ပဉ္စမအဆင့်သို့ မြှင့်တင်လိုက်ပါက ပဉ္စမအဆင့်ဒြပ်စင်မန္တန်များကို ကျွမ်းကျင်လာလေလေ သူ၏တိုက်ပွဲစွမ်းရည်မှာ ကြီးမားလာလေလေဖြစ်သည်။

သူသည် ပဉ္စမအဆင့်ဒြပ်စင်ငါးမျိုးမန္တန်များကိုသာ ကျွမ်းကျင်သွားပါက ၎င်းတို့ကို တိုက်ပွဲတွင်တစ်ခါတည်းထုတ်လွှတ်လိုက်လျှင် မည်ကဲ့သို့ မြင်ကွင်းမျိုးဖြစ်သွားမည်ကို စိတ်ကူးယဉ်ကြည့်နိုင်ပေသည်။

မန္တန်များ၏စွမ်းအားသည် နတ်စွမ်းအားများထက် အနည်းငယ်လျော့နည်းနေနိုင်သော်လည်း ပဉ္စမအဆင့်မန္တန်ဆယ်ခုမကို တစ်ကြိမ်တည်းထုတ်လွှတ်လိုက်လျှင် အသေအချာပင် ဖျက်စီးနိုင်လိမ့်မည်။

တစ်နည်းအားဖြင့် မန္တန်အတူတူ ဖြစ်နေလျှင်ပင် ၎င်းသည် အဆက်မပြတ်နှင့် ချက်ချင်းလုပ်ဆောင်နိုင်ပြီး စွမ်းအားကို လျော့တွက်ဥမရနိုင်ပေ။

ထို့ကြောင့်

လက်ရှိကျန်းချန်ရွှမ်အတွက်မူ သက်ဆိုင်ရာဒြပ်စင်ငါးမျိုးမန္တန်များကို ကျွမ်းကျင်ခြင်းသည် ရှောင်လွှဲ၍မ‌ရသော အလားအလာဖြစ်သည်။

ထိုသို့နှင့်

နှစ်တစ်ဝက်ကျော်ကျော် ကုန်လွန်သွားသည်။

သူ၏ ယင်ယန်ဒြပ်စင်ငါးမျိုးအမြစ်၏ ကုတ်အားနှင့် စနစ်၏ စွမ်းရည်ဆုလာဒ်များကြောင့် ကျန်းချန်ရွှမ်သည် ပဉ္စမအဆင့်ဒြပ်စင်ငါးမျိုးမန္တန်နှစ်ခုကို အလွန်အမင်းကျွမ်းကျင်သည့်အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်သည်။

ထိုအခြေအနေတွင် သူသည် အတွေးတစ်ခုနှင့်ပင် သူသည် ဤမန္တန်နှစ်ခု၏ စွမ်းအားခုနစ်ဆယ်ကျော်ကျော်ကို ချက်ချင်းထုတ်လွှတ်နိုင်သည်။

မနီးမဝေးတွင် တံခါးပိတ်ကျင့်ကြံနေသည့် ရှန်းရူယန်ကို ကြည့်ကာ ကျန်းချန်ရွှမ်သည် ဂူအိမ်ထဲတွင် ဆက်လက်ကြာကြာ အချိန်ဆွဲမနေတော့ပေ။

သူသည် ထ၍ ထွက်သွားလိုက်သည်။

အပြင်ဘက်တွင် ကျန်းချန်ရွှမ်သည် နောက်ထပ်ဘာဆက်လုပ်ရမည်ကို တစိမ့်စိမ့်တွေးဆနေသည်။

ပထမဆုံးအနေဖြင့် သူသည် သူ၏ဓမ္မရတနာများကို အဆင့်မြှင့်တင်ရန် လိုသည်။

ဥပမာ ရွှေဗလာနယ်ဓား၊ နက်ရှိုင်းမြေဓာတ်ပုဆိန်လှံ၊ ယင်ယန်နတ်ဘုရားကျောက်စိမ်းနှင့် ဒွိအစွန်းနတ်ဘုရားတောင်တို့ကို ပဉ္စမအဆင့်သို့ မြှင့်တင်ရန်ဖြစ်သည်။

ပထမဓမ္မရတနာသုံးခုသည် သူ၏ မူလဓမ္မရတနာများ ဖြစ်သော်လည်း သူတို့သည် မည်သည့်ဝိညာဉ်ပစ္စည်း၏အကူအညီမှမပါဘဲ သူ၏ဓမ္မစွမ်းအားတစ်ခုတည်း၏ အာဟာရများဖြင့်သာ ပဉ္စမအဆင့်သို့ ဖြည်းဖြည်းချင်းရောက်ရှိနိုင်ပေသည်။

ဤဖြစ်စဉ်သည် အတော်အတန်စဉ်းစားရမည့် အချိန်ပမာဏတစ်ခုကို ယူဆောင်နိုင်ပေမည်။

ကျန်းချန်ရွှမ်သည် ၎င်းကိုပြုလုပ်ရန် ရည်ရွယ်ချက်မရှိပေ။

ဖြစ်နိုင်မည်ဆိုပါက သူသည် သက်ဆိုင်သောပစ္စည်းများအားလုံးကို ပေါင်းစပ်ပြီး သူ၏ ဓမ္မရတနာများကို ပဉ္စမအဆင့်သို့ မြန်နိုင်သမျှ မြန်မြန်ရောက်ရှိရန် အကောင်းဆုံးကြိုးစားချင်ပေသည်။

***

All Chapters