အားလုံး၏ချီးကျူးဂုဏ်ပြုမှုများ၊ ဟောင်တုန်းပိုင်၏နိုင်ငံတစ်ခုတည်ထောင်ရန် အကြံပြုချက်(၂)
Vol. 24 Ch. 472
၎င်းတွင် သူမသန့်စင်ရသေးသည့် မီးစွမ်းအားဓမ္မရတနာတစ်ခုဖြစ်သော ထာဝစဉ်တောက်လောင်နေသောနေမီးဖိုလည်းပါဝင်သည်။
အနန္တကောင်းကင်သလင်းကျောက်နှင့် ပက်သက်သည့် သတင်းစုဆောင်းမှုမှာလည်း ပြီးမြောက်သင့်ပြီဖြစ်သည်။
နောက်တစ်ခုမှာ ပဉ္စမအဆင့်ဒြပ်စင်ငါးမျိုးမန္တန်များ၏ စုဆောင်းမှုဖြစ်သည်။
ထိုပစ္စည်းများကို ရှာဖွေသကဲ့သို့ပင် သူသည် ကျန်းမျိုးနွယ်စုကို သူ့အတွက် သတင်းအချက်အလက်များ စုံစမ်းပေးစေချင်သည်။
သက်သေပြနိုင်သည့်သတင်းရှိလာသည့်အခါ သူ သို့မဟုတ် ရှန်းရူယန်ဖြစ်စေ ကိုယ်ပိုင်လှုပ်ရှားမှုပြုလုပ်နိုင်လိမ့်မည်။
ထို့အပြင် အကာအကွယ်အစီအရင်၏ ကိစ္စတစ်ခုလည်း ရှိနေသေးသည်။
အချိန်ကျရောက်လာသောအခါ သူသည် လက်ရှိတောင်အကာအကွယ်အစီအရင်ကို ပဉ္စမအဆင့်သို့မြှင့်တင်ရန်ကို စဉ်းစားရန်လည်း လိုအပ်သေးသည်။
သူ့အတွေးထဲရှိ ဤကိစ္စများအားလုံးကို စီစစ်ပြီးသောအခါ ကျန်းချန်ရွှမ်သည် ၎င်းတို့ကို ကျန်းရန်ယီဆီသို့ လွှဲပေးမည်အပြုတွင် တံခါးပိတ်ကျင့်ကြံခြင်းပြုနေသည့် ရှန်းရူယန်သည် သူ၏နောက်သို့ ရုတ်တရက် ရောက်ရှိလာသည်။
၎င်းသည် ကျန်းချန်ရွှမ်ကို ချက်ချင်းပင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။
သူသည် သူ၏ခေါင်းကိုလှည့်ကာ ပြုံးလိုက်သည်။
“မိန်းမ မင်းတံခါးပိတ်ကျင့်ကြံခြင်းက ထွက်လာပြီလား။ ဘယ်လိုလဲ? မင်းဘာတွေရခဲ့လဲ”
“အင်း ရခဲ့တာတွေကတော့မဆိုးပါဘူး”
ရှန်းရူယန်သည် ပြုံးလျက်ကျန်းချန်ရွှမ်ကို ခေါင်းညိတ်ပြလိုက်ပြီး သူမ၏လက်ကို မြှောက်လိုက်သည်။
ခရမ်းရောင်လျှပ်စီးများထုတ်လွှတ်နေသည့် ကြီးမားသောထီးတစ်ခုသည် ရှန်းရူယန်၏လက်ထဲတွင် ပေါ်ပေါက်လာသည်။
“ဟင် ဒါကဘာလဲ?”
ကျန်းချန်ရွှမ်က မျက်လုံးများ ကျဉ်းသွားခဲ့သည်။
သူသည် ရှန်းရူယန် ပြုံးလျက် ထပ်မံခေါင်းညိတ်နေသည်ကို မြင်လိုက်သည်။
“ဒါက ကမ္ဘာမြေလျှပ်စီးသစ်သီးနဲ့ပြုလုပ်ထားတဲ့ ပဉ္စမအဆင့်လျှပ်စီးအမျိုးအစားရတနာစင်စစ်ပဲ။ မိုးကြိုးတိမ်လျှပ်စီးထီးလို့ခေါ်တယ်။ ဒါက ခုခံမှုနှင့် တိုက်ခိုက်မှုကို ပေါင်းစပ်ထားတဲ့ ရတနာစင်စစ်တစ်ခုပဲ”
ရှန်းရူယန်အရ ဤမိုးကြိုးတိမ်လျှပ်စီးထီးမှာ အသက်ဝင်နေပြီးဖြစ်သည်။
၎င်းသည် အလွန်အမင်းအားကောင်းသော မိုးကြိုးစွမ်းအားဖြင့် ပေါက်ကွဲနိုင်သည်။
၎င်းကို တိုက်ခိုက်မှုများကို ခုခံရန် အသုံးပြုနိုင်ပြီး တိုက်ခိုက်ရန်ရည်ရွယ်ချက်များအတွက် ကြောက်မက်ဖွယ်ခရမ်းရောင်လျှပ်စီးသို့လည်း အသွင်ပြောင်းနိုင်သည်။
ထပ်ပေါင်းအနေဖြင့် ကောင်းကင်လျှပ်စီးသစ်သီးကို စားသုံးခြင်းသည် ပိုမိုကြီးမားသောရရှိမှုများကို ထုတ်ပေးနိုင်သည်။
၎င်းသည် သူမ၏ နတ်စွမ်းအား၊ ဒြပ်စင်ငါးမျိုးနတ်စွမ်းအားကို ပမာဏများစွာဖြင့် မြှင့်တင်ပေးနိုင်ရုံတင်မကဘဲ သူမ၏မိုးကြိုးဝိညာဉ်ခန္ဓာစင်စစ်၏စွမ်းအားကိုလည်း နောက်တစ်ဆင့်သို့ တိုးမြှင့်ပေးနိုင်သည်။
ထို့ပြင် သူမသည် နောက်ထပ်လျှပ်စီးအမျိုးအစားနတ်စွမ်းအားတစ်ခုဖြစ်သည့် ကြယ်ခုနစ်စင်းမိုးကြိုးနတ်ဘုရားလှံကိုလည်း သဘောပေါက်နားလည်နိုင်သွားခဲ့သည်။
ကောင်းကင်ရှိ ကြယ်ခုနစ်စင်း၏စွမ်းအားကို အသုံးပြုကာ သူမသည် ၎င်းကို မိုးကြိုးလှံအဖြစ်သို့ပြောင်းလဲနိုင်သည်။
၎င်းမှာ ဒြပ်စင်ငါးမျိုးနတ်လျှပ်စီး၊ မိုးကြိူးဝိညာဉ်ခန္ဓာစစ်နှင့် လျှပ်စီးနတ်ဘုရားတံဆိပ်စင်စစ်တို့အပြင် လက်ရှိသူမ၏ အားအကောင်းဆုံးခုခံရေးနည်းလမ်းဖြစ်သည်။
သစ်သီးနှစ်လုံးစလုံးသည် ရှန်းရူယန်၏ စွမ်းအားအကုန်လုံးကို အဆင့်တော်တော်များများထိ မြှင့်တင်ပေးလိုက်သည်ဟုဆိုလျှင် ချဲ့ကားပြောဆိုမှုတစ်ခုမဟုတ်ပေ။
နှစ်ရှစ်ရာနေလျှင်တစ်ကြိမ်သာပေါ်ပေါက်သည့် သစ်သီးများဆိုသည့်အတိုင်းပင် ၎င်း၏အကျိုးသက်ရောက်မှုမှာ အမှန်တကယ်ပင် ထူးခြားဆန်းကြယ်သည်။
လင်မယားနှစ်ယောက် စကားပြောနေကြစဉ် မျိုးနွယ်စုခေါင်းဆောင်ကျန်းရန်ယီဆီမှ ဆက်သွယ်ရေးအဆောင်တစ်ခု ရုတ်တရက် ကျန်းချန်ရွှမ်၏လက်ထဲသို့ ပြုတ်ကျလာသည်။
အကြောင်းကြားစာကိုကြည့်ပြီးသောအခါ ကျန်းချန်ရွှမ်သည် ပြုံးလျက် ရှန်းရူယန်ကို ပြောလိုက်သည်။
“ဂိုဏ်းအမျိုးမျိုးကလူတွေရောက်နေကြပြီ။ သူတို့က ကိုယ်တို့အခြေတည်ဝိညာဉ်အဆင့်ကိုကျော်ဖြတ်နိုင်သွားတဲ့အတွက် ဂုဏ်ပြုပေးဖို့လာကြတာ။ သူတို့ကို အတူတူသွားတွေ့ကြရအောင်”
ကျန်းချန်ရွှမ်၏စကားများကိုကြားကာ ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။
ထို့နောက် လင်မယားနှစ်ယောက်သည် ကျန်းမျိုးနွယ်စု၏ စုဝေးခန်းမသို့အတူတူ ရောက်ရှိလာကြသည်။
ထိုအချိန်တွင် ခန်းမအတွင်း၌…
ကန်းနန်ပူးပေါင်းမှု၏ အထက်အဆင့်မျက်နှာဖုံးများအားလုံးလိုလို ဤနေရာတွင်စုဝေးနေကြသည်။
ထို့ပြင်..
သူတို့သည် ရှန်းရူယန် အခြေတည်ဝိညာဉ်အဆင့်သို့ရောက်သွားသည်ကို ခံစားမိသည့်နေ့ကတည်းက ဤနေရာသို့လာကာ သူမကို ဂုဏ်ပြုပေးချင်ခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်၌ ကျန်းချန်ရွှမ်ဖြစ်စေ ရှန်းရူယန်ဖြစ်စေ သူတို့ကို လက်ခံတွေ့ဆုံရန် ရှိမနေခဲ့ပေ။
ထို့ကြောင့် ဤကိစ္စမှာ ယခုချိန်ထိ နှောင့်နှေးခဲ့ရခြင်းဖြစ်သည်။
ထိုအချိန်တွင် အခြေတည်ဝိညာဉ်စံသခင်နှစ်ယောက်ကို တွေ့လိုက်ကြသည့်လူတိုင်း၊ တစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် သူတို့ကို လေးစားသမှုဖြင့် ဦးညွှတ်ကာပြောလိုက်ကြသည်။
“စံသခင်များကို နှုတ်ဆက်ပါတယ်! အခြေတည်ဝိညာဉ်ကို သိပ်သည်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ထာဝရရှင်သန်ခြင်းက အသင်တို့ရဲ့ လက်တွင်းမှာပါပဲ”
“မင်းတို့ရဲ့ ချီးကျူးမှုများအတွက် ကျေးဇူးတင်ပါတယ်”
ကျန်းချန်ရွှမ်သည် ပြုံးလျက် သူ၏လက်ကို မြှောက်ကာ ခေါင်းငုံ့ဦးညွှတ်နေသည့်လူများကို ဖေးမလိုက်သည်။
ချက်ချင်းဆိုသလိုပင် လူတိုင်းသည် အလွန်နူးညံ့သိမ်မွေ့သော်လည်း မတွန်းလှန်နိုင်သည့် ဓမ္မစွမ်းအားတစ်ခု သူတို့အပေါ်ကျရောက်နေသည်ကို ခံစားလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များကို အလိုလိုပင် တည့်မတ်သွားစေခဲ့သည်။
သူတို့သည် အတော်ကလေး အံ့အားသင့်သွားခဲ့ကြသည်။
အထူးသဖြင့် စံသခင်များကို ပထမဆုံးအနေဖြင့် မြင်တွေ့ခဲ့သည့် ကျင့်ကြံသူများမှာ ပို၍ပင် အံ့အားသင့်သွားခဲ့ပေသည်။
ဒါက အခြေတည်ဝိညာဉ်စံသခင်တွေ ပိုင်ဆိုင်တဲ့စွမ်းအားလား?
ရိုးရှင်းစွာပင်...
နက်နဲခက်ခဲလှသည်!
ထို့နောက် သူတို့သည် သူတို့၏ ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ခဲ့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကလည်း မငြင်းဆိုခဲ့ကြပေ။
သူတို့ပေးသည့် လက်ဆောင်များမှာ လက်ရှိကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် အသုံးမလိုသော်လည်း လင်မယားနှစ်ယောက်သည် သူတို့၏ ကောင်းမွန်သောရည်ရွယ်ချက်ကို မငြင်းဆန်လိုပေ။
လက်ဆောင်များအားလုံးပေးအပ်ပြီးသောအခါ ကျောက်စိမ်းရေဓားစင်မြင့်မှ ဟောင်တုန်းပိုင်က စတင်စကားပြောဆိုလိုက်သည်။
“စံသခင်တို့ အခုမင်းတို့က အခြေတည်ဝိညာဉ်အဆင့်ကိုရောက်သွားပြီ။ ဒါကကျွန်တော်တို့ကန်းနန်တိုက်ရဲ့ ကြီးမားတဲ့ကိစ္စတစ်ခုဖြစ်ပြီးတော့ ကန်းနန်ပူးပေါင်းမှုရဲ့ ကြီးမားတဲ့ကိစ္စတစ်ခုလည်းဖြစ်တယ်”
ထိုစကားများကိုပြောဆိုနေစဉ် လူအချို့၏ မျက်နှာထားများမှာ ချက်ချင်းပြောင်းလဲသွားသည်။
သိသိသာသာပင် သူတို့သည် သူပြောဆိုနေသည်ကို သေသေချာချာ လက်မခံလိုကြပေ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ပင်လျှင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခုကို ပြသခဲ့သည်။
ထိုအချိန်တွင် ဟောင်တုန်းပိုင်က ဆက်၍ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ သာမညအမြင်အရဆိုရင် ကန်းနန်တိုက်တွင်းမှာ ကျွန်တော်တို့ရဲ့ စီနီယာနှစ်ယောက် ရှိတဲ့အတွက် တိုင်းပြည်တစ်ခုတည်ထောင်ဖို့ အကြံပြုပါတယ်”
ဘွန်း!
သူ၎င်းကိုပြောလိုက်သည်နှင့် လူတိုင်း၏ မျက်နှာထားများ ပြောင်းလဲသွားသည်။
လူတော်တော်များများသည် အချင်းချင်းကြည့်လိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေခဲ့ကြသည်။
ကြည့်ရသလောက်တော့ သူတို့သည် စင်မြင့်ခေါင်းဆောင်ဟောင်က ထိုကိစ္စမျိုးကို လင်မယားနှစ်ယောက်ကို အဆိုပြုမယ်မှန်း မျှော်လင့်ထားခဲ့ကြပုံမပေါ်ချေ။
တိုင်းပြည်တစ်ခုတည်ထောင်ခြင်းသည် အလွန်အမင်းအရေးပါသည့် ကိစ္စတစ်ခုဖြစ်သည်။။
တည်ထောင်လိုက်သည်နှင့် ဟောင်တုန်းပိုင်ပြောခဲ့သည့်အတိုင်း ပူးပေါင်းမှုတစ်ခုအနေဖြင့် လျော့လျော့ရဲရဲ စုစည်းထားခြင်းထက် ကန်းနန်တိုက်တစ်ခုလုံးသည် တစ်ခုတည်းအနေဖြင့် ပေါင်းစည်းသွားလိမ့်မည်ဟု ဆိုလိုသည်။
ဤနေရာရှိလူတိုင်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို သူတို့၏ဆရာသခင်များအဖြစ် ချွင်းချက်မရှိ စစ်မှန်စွာ ယူဆရမည်ဖြစ်သည်။
အတိတ်တွင် ကန်းနန်ပူးပေါင်းမှုတစ်ခုလုံးသည် လျော့လျော့ရဲရဲအဖွဲ့အစည်းတစ်ခုဖြစ်ခဲ့ပါကလည်း တိုင်းပြည်တည်ထောင်လိုက်သည်နှင့် ကန်းနန်တိုက်တစ်ခုလုံးမှာ အမှန်တကယ်ပင် လုံးဝပေါင်းစည်းသွားသည့် နယ်မြေတစ်ခုဖြစ်လာပေလိမ့်မည်။
အပြင်လူများ၎င်းကိုပြောဆိုသောအခါ ပူးပေါင်းမှုတစ်ခုအနေဖြင့် ဆက်လက်ခေါ်ဆိုတော့မည်မဟုတ်ဘဲ ယုနိုင်ငံ၊ ကန်နိုင်ငံနှင့် ဟောင်နိုင်ငံတို့ကဲ့သို့ပင် ရေရာသေချာသည့် နိုင်ငံတစ်ခု ဖြစ်လာလိမ့်မည်။
ထို့ပြင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် သူတို့၏ ကျန်းမျိုးနွယ်စုတစ်ခုလုံးအတွက် တိုင်းပြည်တစ်ခုတည်ထောင်ခြင်းဆိုသည်မှာ သူတို့မသိကျိုးကျွံမပြုနိုင်မည့် အရေးသာမှုတစ်ခု ဖြစ်ပေသည်။
၎င်းအရေးသာမှုမှာ ကောင်းကင်အခွင့်အရေးပင်ဖြစ်သည်။
ယခင်က ပျက်စီးကွဲထွက်နေသော ကန်းနန်တိုက်ကို တစ်ခုတည်းသို့ ပေါင်းစည်းလိုက်ခြင်းဖြင့် ၎င်းသည် ကောင်းကင်အခွင့်အရေးပမာဏများစွာကို အသေအချာ ဆွဲဆောင်နိုင်လိမ့်မည်။
အနာဂတ်တွင် ပေါင်းစပ်နေသည့် တောင်ဘက်တိုက် ပိုမိုဖွံ့ဖြိုးလာနေသရွေ့ ထိုနေရာတွင် လူများ ပိုမိုနေထိုင်ကြကာ ပိုမိုချမ်းသာကြွယ်ဝလာလေလေဖြစ်ပြီး ကောင်းကင်အခွင့်အရေးများ ပိုမိုဆင်းသက်လေလေဖြစ်သည်။
၎င်းသည် ထာဝရရှင်သန်ခြင်းနှင့် ကောင်းကင်ဘုံတက်ရောက်ခြင်းတို့ကို ဆန္ဒပြင်းပြနေသည့် ကျင့်ကြံသူတိုင်း မသိကျိုးကျွန်မပြုနိုင် သို့မဟုတ် လက်မလျှော့နိုင်သည့် အရာတစ်ခုဖြစ်သည်။
တစ်နည်းအားဖြင့် ဟောင်တုန်းပိုင် ၎င်းကိုအဆိုပြုလိုက်သည့် အချိန်မှစ၍ ဤကိစ္စမှာ ဆုံးဖြတ်ပြီးသားဖြစ်နေပေပြီ။
၎င်းကို ပိုမိုပွင့်ပွင့်လင်းလင်းပြောရလျှင် ဟောင်တုန်းပိုင် ယနေ့မပြောဆိုလိုက်ရင်တောင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လက်ရှိအခြေအနေအတိုင်း ဆက်သွားစေမည်မဟုတ်ပေ။
သူတို့သည် သေချာပေါက် တိုင်းပြည်တစ်ခု တည်ထောင်ကြလိမ့်မည်။
ထိုအချိန်တွင် ထိုနေရာရှိ ကျင့်ကြံသူတော်တော်များများသည် ဟောင်တုန်းပိုင်ကို မနာလို သဝန်တိုမှုများဖြင့် ကြည့်လိုက်ကြသည်။
ဒီစကားတွေကို အခုပြောတဲ့သူက သူတို့မဟုတ်ဘဲ ဘာလို့သူဖြစ်နေရတာလဲ?
သူတို့ အလွန်အမင်း နောင်တရခဲ့ကြလေသည်...
***