ကမ္ဘာမြေလမ်းလျှောက်သူရဲ့ချီးကျူးဂုဏ်ပြုမှု၊ မိစ္ဆာဧကရာဇ်၏တိုက်ခိုက်မှု
Vol. 24 Ch. 473
ထိုနေရာရှိလူတိုင်း တိတ်တဆိတ် ဟောင်တုန်းပိုင်ကို မနာလိုမရှုဆိမ့်ဖြစ်နေကြစဉ် လူအုပ်ကြားထဲမှ ကျန်းပိုင်လုံသည် သဘောတူညီမှုဖြင့် ခေါင်းညိတ်လိုက်သည်။
“ငါတော့ ခေါင်းဆောင်ဟောင် ပြေတာ အဓိပ္ပာယ်ရှိတယ်လို့ထင်တယ်။ စံသခင်နှစ်ယောက်ကို တိုင်းပြည်တစ်ခုတည်ထောက်ဖို့ကိစ္စကို အလေးအနက်စဉ်းစားပေးဖို့ တိုက်တွန်းပါတယ်”
ထိုအချိန်တွင် ထိုနေရာရှိလူတိုင်း မည်သူပင်ဖြစ်နေပါစေ စိတ်မအေးနိုင်တော့ပေ။
သူတို့အချင်းချင်းစကားပြောနေကာ ဟောင်တုန်းပိုင်၏တင်ပြချက်ကို သဘောတူညီကြောင်း ပြသလိုက်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို တိုင်းပြည်တည်ထောင်ခြင်းအခမ်းအနားပြုလုပ်မည့် ရက်တစ်ရက်ရွေးရန် အကြံပြုနေကြသည်။
အရာအားလုံးမှာ အဓိကနေရာသို့ ရောက်လာပြီဖြစ်သည်။
သူတို့၏တုံ့ပြန်မှုများသာနှေးကွေးနေပါက အခွင့်အ ရေးရလိုက်မည်မဟုတ်ပေ။
ဒါမျိုးကို ဘယ်လိုလုပ်ခွင့်ပြုနိုင်ပါ့မလဲ?
သူတို့သည် သူတို့၏သဘောထားများကို စံသခင်များသို့ ပြသရမည်ဖြစ်ပြီး သူတို့၏ရပ်တည်ချက်မှာ တိုင်းပြည်တစ်ခုတည်ထောင်ဖို့အသေအချာထောက်ပံ့မည်ဖြစ်ကြောင်း စံသခင်နှစ်ယောက်ကို မြင်တွေ့စေရမည်ဖြစ်သည်။
ကျန်းရန်ယီ၊ ကျန်းရန်ထောင်၊ ကျန်းအန်းရန်၊ ရှန်းယွမ်လုံနှင့် အခြားသူများသည်လည်း ဤကိစ္စသည် နောက်ဆုံးတွင် ဤကဲ့သို့ပြောင်းလဲသွားမည်ဟု မမျှော်လင့်ခဲ့ပေ။
သူတို့သည် မည်သို့မှမတတ်နိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ထို့နောက် သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ပြိုင်တူပြောဆိုလိုက်ကြသည်။
“ဘိုးဘေးတို့ ကျေးဇူးပြုပြီးတော့ တိုင်းပြည်တစ်ခု တည်ထောင်ပါတော့! ကန်းနန်တိုက်အတွင်းမှာရှိတဲ့ မရေမတွက်နိုင်တဲ့လူသားတွေအတွက်”
ကြီးမားသော ကံကြမ္မာနှင့် စွမ်းအားများကို ယူဆောင်နေစဉ်တွင် တိုင်းပြည်တစ်ခုတည်ထောင်ခြင်းသည် တာဝန်ရှိမှုများစွာကိုယူဆောင်လာပေသည်။
၎င်းကနေ ကြီးမားတဲ့အကျိုးကျေးဇူးတွေကို ရရှိနိုင်မှတော့ တစ်ခုခုတော့ သဘာဝအလျောက် ပြန်ပေးဆပ်ရမည်ဖြစ်သည်။
ထို့ပြင် ထိုအရာက အကာအကွယ်ဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဤနိယာမကို နားလည်သည်။
လူအုပ်ကိုကြည့်လိုက်ကာ သူတို့၏စိတ်များကို ပြင်ဆင်ပြီးဖြစ်နေသည်။
ကျန်းချန်ရွှမ်သည် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး ထိုလူများကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“မင်းတို့ရဲ့သဘောထားတွေကို နားလည်ပါတယ်။ တိုင်းပြည်တစ်တုတည်ထောင်တာက ငါတို့ကန်းနန်တိုက်ရဲ့ ဖွံ့ဖြိုးမှုကို အကျိုးပြုပြီးတော့ ငါတို့ရဲ့လူတွေကို ပိုပြီးကောင်းကောင်းကာကွယ်နိုင်မယ်ဆိုလို့ရှိရင် ငါ့ရဲ့အမျိုးသမီးနဲ့ငါက မင်းတို့ရဲ့ အဆိုပြုချက်ကို လက်ခံပါတယ်။ တစ်လအတွင်းမှာ တိုင်းပြည်တည်ထောင်မှုကို ငါတို့ကျန်းမျိုးနွယ်စုရဲ့ မှော်ဝင်တိုင်တောင်မှာ တရားဝင် ကိုင်တွယ်ပါ့မယ်။ အဲ့ဒီအချိန်ကျလို့ရှိရင်တော့ အဲ့ဒီနေရာမှာရှိနေပေးကြပါ”
သူစကားပြော၍ပြီးသွားသည်နှင့် ထိုနေရာရှိလူတိုင်း သစ်လွင်လန်းဆန်းသွားသည်။
ချက်ချင်းပင် လူတိုင်း ဦးညွှတ်ကာ ကျယ်လောင်စွာ ဖြေကြားလိုက်သည်။
“ကျွန်တော်တို့လိုက်နာပါ့မယ်”
….
လဝက်ကြာပြီးနောက်
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အီသာတောင်ပေါ်တွင် ရောက်ရှိနေကြသည်။
သူတို့၏ဘေးတွင် ရှန်းယွမ်လုံ၊ ကျန်းရန်ယီ၊ ကျန်းရန်ထောင်နှင့် အခြားသူများရှိနေသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်ကပြောလိုက်သည်။
“ဘယ်လိုလဲ? မိစ္ဆာဘုရင်တွေနဲ့ တတိယအဆင့်နတ်ဆိုးသားရဲတွေက အီသာတောင်ရဲ့ ကီလိုမီတာ၅၀၀၀၀အတွင်းမှာ ရှိနေတုန်းပဲလား?”
တိုင်းပြည်တည်ထောင်ရန် ဆုံးဖြတ်ချက်မှစ၍ ကျန်းမျိုးနွယ်စုသည် အီသာတောင်ပတ်လည်ရှိ နတ်ဆိုးသားရဲများအားလုံးကို လဝက်အတွင်းထွက်ခွာရန် အမိန့်ပေးခဲ့ပြီးဖြစ်သည်။
ထို့ပြင် ဤမြေကို လူသားမျိုးနွယ်၏ နယ်မြေအဖြစ် အသုံးပြုခဲ့သည်။
ယခု ကန်းနန်တိုက်သည် တိုင်းပြည်တစ်ခု တည်ထောင်တော့မည် ဖြစ်သည့်အတွက် သူတို့ဆုံးရှုံးသွားခဲ့သည့် နယ်မြေများကို ပြန်လည်ရယူရန် အချိန်ကျရောက်လာပြီဖြစ်သည်။
“ပြီးခဲ့တဲ့ခုနစ်ရက်တုန်းက အီသာတောင်ရဲ့၅၀၀၀၀ကီလိုမီတာအတွင်းမှာရှိတဲ့ မိစ္ဆာဘုရင်တွေနဲ့ နတ်ဆိုးသားရဲတွေအကုန်လုံးက ထွက်ပြေးသွားကြပြီဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်...”
မျိုးနွယ်စုခေါင်းဆောင်ကျန်းရန်ယီသည် တုံ့ဆိုင်းသွားသော်လည်း ချက်ချင်းပင် ကျန်းချန်ရွှမ်သို့ စကားပြောဆိုလိုက်သည်။
“ဂိုဏ်းများစွာဆီက သတင်းအချက်အလက်တွေအရတော့ ကျိုယောင်တောင်ပေါ်မှာရှိတဲ့ အမြီးကိုးချောင်းကြောင်ကတိုးမိစ္ဆာဧကရာဇ်က လတ်တလောမှာ လှုပ်ရှားနေတယ်တဲ့။ ကျွန်တော်မမှားဘူးဆိုရင် မိစ္ဆာဧကရာဇ်က ကျွန်တော်တို့ရဲ့ တိုင်းပြည်တည်ထောင်ခြင်းအခမ်းအနားကို ဖျက်ဆီးဖို့ကြံစည်နေတာဖြစ်ရမယ်”
“အမြီးကိုးချောင်းကြောင်ကတိုး?”
ကျန်းချန်ရွှမ်၏ မျက်မှောင်ကျုံ့သွားခဲ့သည်။
သူမှတ်မိသည်သာမှန်လျှင် အမြီးကိုးချောင်းကြောင်ကတိုးနှင့် သူသတ်ပစ်ခဲ့သည့် အနက်ရောင်လေတို့မှာ ရွှေရောင်ဝံပုလွေမိစ္ဆာဧကရာဇ်၏ လက်အောက်ငယ်သားများ ဖြစ်ဟန်တူသည်။
သူက သူ့ရဲ့ အဖော်အတွက် လက်စားချေချင်တာလား?
ဒါမှမဟုတ် သူက ဒီအခွင့်အရေးကို အသုံးပြုပြီး လင်မယားနှစ်ယောက်ကို ခြိမ်းခြောက်ချင်တာလား?
ရွှေရောင်ဝံပုလွေမိစ္ဆာဧကရာဇ်ဆိုရင်တော့ လင်မယားနှစ်ယောက် ခြိမ်းခြောက်ခံရသည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ဒါပေမဲ့ ဒီတစ်ကောင်ကတော့...
ဂုဏ်လွှားနေခြင်းမဟုတ်ဘဲ အခြေတည်ဝိညာဉ်အဆင့်ကိုမကျော်ဖြတ်မှီကပင် ကျန်းချန်ရွှမ်သည် ရှင်သန်ခြင်းတွင်အတော်ဆုံးဟု ကျော်ကြားသည့် အမြီးကိုးချောင်းကြောင်ကတိုး၏အသက်ကို နှုတ်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
ယခုမူ ပြောစရာကို မလိုတော့ပေ။
သူသာ လာရဲပါက သူတို့၏ တိုင်းပြည်တည်ထောင်ခြင်းအခမ်းအနားတွင် ယဇ်ပူဇော်ပေးခံရခြင်းနှင့် အဆုံးသတ်သွားပေမည်။
ကျန်ရှိနေသည့်လဝက်တွင်မူ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် မှော်ဝင်တိုင်တောင်၏ ရွှမ်းမင်တောင်ထွတ်တွင် နေခဲ့ကြသည်။
တရားထိုင်ခြင်း နှင့် လက်ဖက်ရည်သောက်ခြင်းတို့ဖြင့် သူတို့၏နေ့ရက်များကို ကုန်ဆုံးရင်း အလွန်သာယာကြည်နူးနေခဲ့ကြသည်။
ယှဉ်ကြည့်လျှင် ကျန်းနှင့် ရှန်းမျိုးနွယ်စုမှ ကျင့်ကြံသူများသည် ကြိုတင်ပြင်ဆင်မှုများနှင့် ဖိတ်ကြားမှုများအတွက် အလွန်အမင်းအလုပ်များနေခဲ့ကြသည်။
အခမ်းအနားပြုလုပ်မည့်ရက်မှာ မကြာမီတွင် ရောက်ရှိလာသည်။
မိုးသောက်အာရုဏ်ကိုကျော်ဖြတ်သွားသည်နှင့် အရပ်မျက်နှာအားလုံးမှ မှော်ဝင်တိုင်တောင်ဆီသို့ အလင်းတန်းများ ပျံသန်းလာသည်။
မကြာမီပင် တောင်သည် ကန်းနန်တိုက်တစ်ခုလုံးမှ ကျင့်ကြံသူများဖြင့် လူထူထပ်လာသည်...
***