← Chapters

ကမ္ဘာမြေလမ်းလျှောက်သူရဲ့ချီးကျူးဂုဏ်ပြုမှု၊ မိစ္ဆာဧကရာဇ်၏တိုက်ခိုက်မှု(၂)

Vol. 24 Ch. 474

ကမ္ဘာမြေလမ်းလျှောက်သူရဲ့ချီးကျူးဂုဏ်ပြုမှု၊ မိစ္ဆာဧကရာဇ်၏တိုက်ခိုက်မှု(၂)

Vol. 24 Ch. 474

လူအစုအဝေးတွင် လျန်၊ ယွင်နှင့် ယန်နိုင်ငံတို့မှ ထင်ရှားသောကျင့်ကြံသူများလည်းပါဝင်သည်။

နေ့လည်မွန်းတည့်သို့ နီးကပ်လာသည်နှင့် မြေအဝါရောင်ဓားအလင်းတစ်ခုသည် ရုတ်တရက် ကောင်းကင်ကို ဖြတ်သန်းကာ မှော်ဝင်တိုင်တောင်ဆီသို့ တဟုန်ထိုးသွားလိုက်သည်။

၎င်း၏ ခန့်ညားဖွယ်အော်ရာသည် မည်သည့်ရွှေအမြုတေကျင့်ကြံသူမဆိုထုတ်လွှတ်နိုင်သည့်အရာထက် ပိုလွန်နေကာ မှော်ဝင်တိုင်တောင်ပေါ်ရှိ ကျင့်ကြံသူများအားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

ဒီခွန်အားကောင်းတဲ့ပုံရိပ်က ဘယ်သူများလဲ?

တည်ငြိမ်လေးနက်မှုအော်ရာတစ်ခု လူတိုင်းကြားတွင် ပျံ့နှံ့သွားသည်။

ထိုအချိန်တွင် ပုံရိပ်နှစ်ခုသည် လူအုပ်အ‌ရှေ့သို့ ရောင်ရှိလာသည်။

သူတို့မှာ တိုင်းပြည်တည်ထောင်ခြင်းအခမ်းအနား၏ အဓိကဇာတ်လိုက်များဖြစ်ကြသည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဖြစ်ကြသည်။

သူတို့သည် နီးကပ်လာသည့် ဓားအလင်းနှစ်ခုကို အပြုဲးတစ်စွန်းတစ်စဖြင့် ကြည့်လိုက်ကြသည်။

နှစ်ဖက်စလုံးသည် အလင်းရောင်ကို တွေ့ဆုံကြရန် ပျံသန်းသွားလိုက်ပြီး အဝေးမှ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်ကြသည်။

“ဒီတော့ ဒါကတာအိုအဖွဲ့ဝင် ကမ္ဘာမြေလမ်းလျှောက်သူပေါ့။ ခင်ဗျားခရီးပန်းလာတယ်ဖြစ်ရမယ်။ ခင်ဗျားကို လက်ခံတွေ့ဆုံဖို့ မြန်မြန်မထွက်လာမိတဲ့အတွက် တောင်းပန်ပါတယ်”

“ဟားဟားဟား”

ဟက်ဟက်ပက်ပက် ရယ်မောသံတစ်ခု လေထဲတွင် ထွက်ပေါ်လာသည်။

နှစ်ဖက်စလုံးကနီးကပ်လာသည်နှင့် မြေအဝါရောင်အလင်းသည် လွင့်စင်ပပျောက်သွားကာ ကမ္ဘာမြေလမ်းလျှောက်သူ၏ ရင်းနှီးနေသောပုံရိပ်တစ်ခုကို ပြသ‌လိုက်သည်။

သူသည် သူတို့ကို အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။

“ငါမင်းတို့ရဲ့ တိုင်းပြည်တည်ထောင်ခြင်းကို ဓားဖုံးနန်းတော်နဲ့ စီနီယာရွှမ်းယန်တို့ရဲ့ ကိုယ်စား ဂုဏ်ပြုပေးဖို့လာတာ”

ထို့နောက် သူသည် ရှေးဟောင်းအော်ရာတစ်ခုကို ထုတ်လွှင့်နေသည့် ဆဌဂံသလင်းကျောက်တစ်ခုကို ထုတ်ပြလိုက်သည်။

“ဒါက?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကမ္ဘာမြေလမ်းလျှောက်သူ၏ ပစ္စည်းကို မြင်သောအခါ မျက်မှောင်ကျုံ့သွားလိုက်ကြသည်။

ကမ္ဘာမြေလမ်းလျှောက်သူက ခေါင်းညိတ်လိုက်သည်။

“ဒါကပဉ္စမအဆင့် အနန္တကောင်းကင်သလင်းကျောက်ပဲ။ ငါမင်းတို့မျိုးနွယ်စုက ဒါနဲ့ပက်သက်ပြီး စုံစမ်းနေတယ်ကြားလို့။ ဒါကမင်းတို့အတွက်အသုံးဝင်နိုင်ပါတယ်။ ဒါကြောင့်ဒါကို ငါ့ရဲ့ ဂုဏ်ပြုလက်ဆောင်အဖြစ် လက်ခံလိုက်ပါ”

ဤလက်ဆောင်သည် အထူးသဖြင့် ကျန်းချန်ရွှမ် အရေးတကြီးလိုအပ်နေသည့် အရာဖြစ်သောကြောင့် အလွန်အမင်း အဖိုးတန်ပေသည်။

၎င်းသည် သူ့အတွက် ငြင်းဆိုရန် ခက်ခဲလွန်းပေသည်။

ကျန်းချန်ရွှမ်သည် တည်ကြည်လေးနက်သောအမူအယာတစ်ခုဖြင့် ကမ္ဘာမြေလမ်းလျှောက်သူဆီတွင် သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

“ကျေးဇူးတင်ပါတယ်။ တာအိုအဖွဲ့ဝင် ကမ္ဘာမြေလမ်းလျှောက်သူနဲ့ စီနီယာရွှမ်းယန်။ ဒီပစ္စည်းက ကျွန်တော်တို့အတွက် တကယ့်ကို အသုံးလိုပါတယ်။ ဒါကြောင့်ဒါကို သံသယမရှိဘဲ လက်ခံလိုက်ပါ့မယ်”

ကမ္ဘာမြေလမ်းလျှောက်သူက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

သူသည် ချက်ချင်းပင် အနန္တကောင်းကင်သလင်းကျောက်ကို ကျန်းချန်ရွှမ်ဆီသို့ ပေးလိုက်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကမ္ဘာမြေလမ်းလျှောက်သူကို အဓိကထိုင်ခုံဆီသို့ ဦး‌ဆောင်ခေါ်လာခဲ့သည်။

လမ်းတစ်လျှောက်တွင် ကမ္ဘာမြေလမ်းလျှောက်သူသည် သူတို့နှစ်ယောက်ကို သတင်းစကားတစ်ခု ပြောကြားခဲ့သည်။

သူက သူတို့နှစ်ယောက်ကို ဤတစ်ကြိမ်တွင် စံသခင်ရွှမ်းယန်က ကိုယ်တိုင်ကိုယ်ကျမလာရောက်သည့်အကြောင်းမှာ ရွှေရောင်ဝံပုလွေမိစ္ဆာဧကရာဇ်ကို ဟန့်တားရန်ဖြစ်သည့်အကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်း၌ပင် သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ‌ရွှေရောင်ဝံပုလွေမိစ္ဆာဧကရာဇ်ပင်လျှင် သူတို့အား ကိုယ်တိုင်ကိုယ်ကျ ဒုက္ခမပေးနိုင်ကြောင်းနှင့် ၎င်း၏လက်အောက်ငယ်သားများသာ သေချာပြုလုပ်နိုင်ကြောင်း အသိပေးလိုက်သည်။

သူတို့သည် စိတ်ပိုင်းဆိုင်ရာကို ကောင်းစွာပြင်ဆင်ထားရန် သူမျှော်လင့်နေသည်။

တစ်စုံတစ်ခုဖြစ်ပွားလာပါက ဓားဖုံးနန်းတော်နှင့် စံသခင်ရွှမ်းယန်တို့၏ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် သူသည် သေချာပေါက် ဘာမှမလုပ်ဘဲ ရပ်နေရမည်မဟုတ်ပေ။

အဓိပ္ပာယ်မှာ သိသာထင်ရှားသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လေးလေးနက်နက်သဘောထားပြောင်းသွားကြပြီး သူတို့၏အောင်မြင်မှုများသည် စံသခင်ရွှမ်းယန်၏ လူသိရှင်ကြားနှင့် တိတ်တဆိတ် ကူညီမှုများမပါလျှင် မဖြစ်လာနိုင်ကြောင်း သိရှိလိုက်ကြသည်။

သူတို့သည် သူတို့၏ ကျေးဇူးတင်မှုကို ပြသလိုက်ပြီး ရွှေရောင်ဝံပုလွေမှလွဲ၍ မည်သည့်မိစ္ဆာဧကရာဇ်ကို မဆိုကိုင်တွယ်နိုင်ကြောင်း အခိုင်အမာပြောလိုက်သည်။

မကြာမီပင် လူတိုင်းသူတို့၏ခုံများတွင် ထိုင်လိုက်ကြပြီး အခမ်းအနားစတင်လိုက်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မတ်တပ်ရပ်လိုက်ပြီး ယစ်ပလ္လင်ရှေ့တွင် ကျမ်းကျိန်စာများကို တည်ငြိမ်ငလေးနက်စွာ ရွတ်ဆိုခဲ့သည်။

ပြီးဆုံးသွားသောအခါ သူတို့သည် ကောင်းကင်သို့ ပျံတက်သွားပြီး မှော်ဝင်တိုင်တောင်၏ ပဉ္စမအဆင့်ဝိညာဉ်သွေးကြောကို အသုံးပြုကာ တိုင်းပြည်တည်ထောင်ခြင်းအစီအရင်ကို လေထဲတွင် စတင်ဆွဲသားလိုက်သည်။

အစီအရင်၏ပုံကြမ်းကို ခြေရာကောက်မိသည်နှင့် မမြင်နိုင်သည့်အားတစ်ခုမှ ညွှန်ပြနေသည့်အတိုင်း လူတိုင်းသည် ထူထပ်သော‌နတ်အော်ရာတစ်ခုမှာ အစီအရင်ဆီသို့ လာဆုံနေသကဲ့သို့ ၎င်းကိုအသေအချာခံစားမိလိုက်ကြသည်။

ကျယ်ပြန့်သောကန်းနန်တိုက်တစ်ခုလုံးမှာ ညင်သာစွာ လှုပ်ခါနေသည်။

နေရာ‌အတော်များများတွင် ယခင်ကပျက်စီးနေသော သို့မဟုတ် အဆက်အသွယ်မရတော့သောနယ်မြေများသည် အလွန်အံ့ဩဖွယ်ကောင်းစွာ စတင်ပြန်လည်ပေါင်းစပ်လာသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် ခမ်းနားသောအားတစ်ခုသည် လျင်မြန်စွာ စုစည်းနေဟန်ရှိပြီး လူတိုင်းကို မှင်တက်သွားစေသည်။

“ဒါကတိုင်းပြည်တည်ထောင်ခြင်းရဲ့ တကယ့်ခွန်အားလား?”

သူတို့အံ့အားသင့်သွားကြပြီး ဤကဲ့သို့ခွန်အားမျိုး၏ တည်ရှ်ိမှုအတွက် အသေးအဖွဲသကဲ့သို့ခံစားနေကြရသည်။

သူတို့သည် ဤကဲ့သို့ အဖြစ်အပျက်မျိုးကို မျက်မြင်တွေ့ရခြင်းသည် သူတို့၏တာအိုလမ်းစဉ်ကို ပိုမိုလေးနက်စွာနားလည်စေနိုင်ပြီး သူတို့၏ကျင့်စဉ်ကို ကြီးမားစွာအကျိုးသက်ရောက်စေနိုင်ကြောင်း သဘောပေါက်သွားကြသည်။

ထိုကြီးမားသောအားသည် ညင်သာသောဖိနှိပ်မှုတစ်ခုသာ လိုအပ်ပြီး ကျီဖုအဆင့်နှင့် ရွှေအမြုတေအဆင့်များသည် ၎င်းကို ဖုန်မှုန့်အဖြစ် ချက်ချင်းဖျက်စီးပစ်နိုင်မည့်အတိုင်း ခံစားရပေသည်။

ဝှစ်! ဝှစ်! ဝှစ်!

အစီအရင်ပြီးဆုံးတော့မည်အပြုတွင် တောက်ပသောအဖြူရောင်အလင်းတစ်ခုသည် အရှေ့ဘက်မှ ပေါက်ထွက်လာပြီး ကန်းနန်တိုက်တစ်ခုလုံး၏ မြင်ကွင်းဆီသို့ ဖြတ်ပြေးသားသည်။

၎င်းမှာ တောင်များ၊ မြစ်များ၊ သစ်ပင်များ၊ စိမ့်မြေများ၊ သစ်တောများနှင့် အခြားရှုခင်းအမြောက်အများဖြစ်သည်။

ဤရုပ်လွှာများသည် အစီအရင်တွင် ‌လာရောက်တွေ့ဆုံလျက် အရောင်အသွေးစုံသော အလင်းများအဖြစ် ပြောင်းလဲသွားပြီး ၎င်းတို့၏တောက်ပမှုကို ပို၍အရှိန်မြှင့်နေစေသည်။

ဤအရေးကြီးအချိန်အခါတွင် ကြောက်မက်ဖွယ်မိစ္ဆာအော်ရာများသည် အဝေးမှ လိမ့်တက်လာပြီး တောက်ပမှုကို ဖြိုဖျက်နေကော ကောင်းကင်ကို စက္ကန့်အနည်းငယ်အတွင်း မှောင်မိုက်သွားစေလိုက်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်နှာထားများမှာ ခက်ထန်လာပြီး အောက်ဘက်ရှိ ရွှေအမြုတေကျင့်ကြံသူများမှာလည်း အထိတ်တလန့်ဖြစ်လာကြသည်။

မမျှော်လင့်စွာပင် မိစ္တာသားရဲများ ဝင်ရောက်နှောင့်ယှက်လာသည်။

ထို့ပြင် အော်ရာများကို လေ့လာကြည့်ပုံအရ သူတို့မှာ မိစ္ဆာဧကရာဇ်သုံးကောင်ဖြစ်ကြသည်။

ကမ္ဘာမြေလမ်းလျှောက်သူသည် သူ၏ထိုင်ခုံမှ ထရပ်လိုက်သည်။

သူ၏အမူအယာသည် ထူထပ်သောမိစ္ဆာချီများဖြင့် ပိတ်ဆီးနေသည့် ပုံရိပ်သုံးခုကို ဂရုပြုမိသောအခါ လေးနက်တည်ငြိမ်သွားသည်။

လိမ့်တက်နေသောမိစ္ဆာချီများကြားတွင် ရှေးဟောင်းနတ်ဆိုးသားရဲသွေးမရှိသည့် အမြီးကိုးချောင်းကြောင်ကတိုးမှလွဲ၍ ရေလွှမ်းခြင်းနဂါးမိစ္ဆာဧကရာဇ်စိမ်းနှင့် ရွှေရောင်ပျံမိစ္ဆာဧကရာဇ်တို့အားလုံးမှာ ရှေးဟောင်းနတ်ဆိုးသားရဲ သွေးများရှိကြသည်။

ထို့ပြင် မိစ္ဆာဧကရာဇ်နှစ်ယောက်၏ ကျင့်စဉ်အဆင့်များသည် ပဉ္စမအဆင့်၏အလယ်အဆင့်ကို ရောက်ရှိနေကြပြီဖြစ်ပြီး အခြေတည်ဝိညာဉ်၏အလယ်အဆင့်နှင့် ညီမျှပေသည်။

သူတို့သည် အမြီးကိုးချောင်းကြောင်ကတိုးနှင့် ယခင်ကလင်မယားနှစ်ယောက် သတ်ပစ်ခဲ့သည့်အနက်ရောင်လေထက် များစွာသန်မာပေသည်။

မည်သို့ပင်ဖြစ်စေ အမြီးကိုးချောင်းကြောင်ကတိုးကဲ့သို့ တည်ရှိမှုမျိုးပင်လျှင် ရင်ဆိုင်ရန် မလွယ်ကူချေ။

သူ၏နောက်ကျောရှိ အမြီးကိုးချောင်းသည် သူ၏အသက်ကိုးခုကို ကိုယ်စားပြုသည်ဟု ပြောဆိုကြသည်။

သူ၏နောက်ရှိအမြီးကိုးချောင်းကို မဖြတ်ထုတ်သရွေ့ ၎င်းကိုသတ်ပစ်ရန်မှာ မဖြစ်နိုင်သလောင်ပင်ဖြစ်သည်။

သူတို့သည် ရွှေရောင်ဝံပုလွေမိစ္ဆာဧကရာဇ်မှာ သူတို့ကို အထင်တကြီးတွေးထားလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

ဤတစ်ကြိမ်တွင် သူသည် ရှေးဟောင်းနတ်သားရဲများဖြင့် သွေးသားတော်စပ်သည့် ‌မိစ္ဆာဧကရာဇ်နှစ်ကောင်ကို ပို့လွှတ်လိုက်ပြီး သူတို့မှာ ပဉ္စမအဆင့်၏ အလယ်အဆင့်တွင်ပင်ရှိနေပြီဖြစ်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် ကမ္ဘာမြေလမ်းလျှောက်သူ၏ အသိပေးသံရုတ်တရက် မြည်လာသည်။

“တာအိုအဖွဲ့ဝင်ကျန်း တာအိုအဖွဲ့ဝင်ရှန်း။ တိုင်းပြည်တည်ထောင်ခြင်းရဲ့နောက်ဆုံးအဆင့်ကို မြန်မြန်ပြီးဆုံးအောင်လုပ်ပါ။ မိစ္ဆာဧကရာဇ်တွေအတွက်ကိုတော့ ငါသူတို့ကို ယာယီထိန်းထားလိုက်မယ်”

အဝါရောင်ဓားအလင်းသို့အသွင်ပြောင်းကာ ကမ္ဘာမြေလမ်းလျှောက်သူသည် မိစ္ဆာဧကရာဇ်များဆီသို့ တဟုန်ထိုး တိုက်ခိုက်လိုက်သည်။

၎င်းကိုမြင်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ငြင်းဆိုမနေတော့ပေ။

သူတို့သည် ကမ္ဘာမြေလမ်းလျှောက်သူ၏ စွမ်းအားကို သေသေချာချာမသိသော်လည်း မည်သို့ပင်ဖြစ်စေ ကမ္ဘာမြေလမ်းလျှောက်သူသည် ခုခံရေးတွင် အတော်ဆုံးဖြစ်ကြောင်း သိကြသည်။

သူ၏စွမ်းရည်နှင့်ဆိုလျှင် ခနလောက်အချိန်ဆွဲရန်အတွက် ပြဿနာမရှိလောက်ပေ။

ယခုအရေးအကြီးဆုံးအရာမှာ ‌တိုင်းပြည်တည်ထောင်ခြင်းလုပ်ငန်း၏ နောက်ဆုံးအဆင့်ကို ပြီးစီးစေရန်ဖြစ်သည်...

***

စာစဉ် ၂၄ ပြီးပါပြီ။

All Chapters