← Chapters

အငယ်ဆုံးပြိုင်ပွဲဝင်

Vol. 87 Ch. 1218

အငယ်ဆုံးပြိုင်ပွဲဝင်

Vol. 87 Ch. 1218

အားလုံးသည် ထိုလူအားကြည့်လိုက်ကြသည်။ ထိုအချိန်မှ ဘာကြောင့် ရှောင်ဟုန်ကို တားရသနည်းဟူသည့် အကြည့်ဖြင့် လှည့်ကြည့်ကြလေသည်။

ထိုလူသည် လည်ချောင်းရှင်းကာ ပြောလေသည် “ပြိုင်ပွဲအတွင်းကို အသက်ကိုမပြိုင်ခဲ့ကြဘူး ကျွန်တော်တို့ အဆင့်တွေက အတူတူလောက်ပဲဆို တော့ ပိုငယ်တဲ့သူကနိုင်တာက သဘာဝပဲနော်”

လျူဟိုင်၏ အဖွဲ့သည် တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြ သည်။ သူတို့သည် ထိုလူ၏ ယုံကြည်ချက်ရှိသော အကြည့်ကိုမြင်လိုက်ရ သည်။ သူအနိုင်ရပြီဟု သေချာနေသည့် အကြည့်ဖြစ်သည်။

“ဒါဆိုလည်း အဲဒါကိုစမ်းကြတာပေါ့” လက်နက်သခင်အသင်း၏ ဥက္ကဌ ဖြစ်သူ ဟော်ချန်းဒုန် ပြောလိုက်သည်။

ဟော်ချန်းဒုန်သည် စကားပြောခဲသူဖြစ်သည်။ ထို့ကြောင့် ထန်းယွမ်နှင့် လျူဟိုင်တို့ ဆွေးနွေးချိန်တွင် သူရှိနေသည်ကို အလွယ်တကူပင် မေ့နေခဲ့ကြ သည်။

သူအသေအချာ ပြောနေသည်ကို ထန်းယွမ်နှင့် လျူဟိုင်တို့မြင် သောအခါ ခေါင်းညိတ်လိုက်ကြသည်။ ထန်းယွမ်သည် လျူဟိုင်ကို ကြည့် လိုက်သည် “ကောင်းပြီလေ အသက်ကိုစမ်းသပ်ကြတောပါ့ ဒါပေမဲ့ ကျုပ်မှာ အသက်အရွယ်ကျောက်တုံးမရှိဘူး ခင်ဗျားမှာရှိလား”

“ကျုပ်မှာလည်းမရှိဘူး” လျူဟိုင် ရေရွတ်လိုက်သည်။ အဲဒါကို ဘယ်သူ များယူလာမှာလဲ။

“ကျုပ်တို့မှာရှိတယ်”

လက်နက်သခင်သည် အသွင်ပြောင်းဖန်ကျောက်တုံးတစ်ခုကို ထုတ် လိုက်သည်။ အားလုံးသည် ကြည့်လိုက်သည်နှင့် မှတ်မိကြသည်။ ထိုကျောက် သည် အသက် ၅၀မှ ၂၀၀အထိ စစ်သော ကျောက်တုံးဖြစ်သည်။

“ဒါဆို စမ်းကြတာပေါ့ ရှင်အရင်စမ်းမလား” ရှောင်ဟုန် ပြောလိုက် သည်။

“ကောင်းပြီ” ထိုလူသည် ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။ အသက် အရွယ်စစ်ကျောက်တုံးသည် ငွေရောင်အလင်းတန်း ထွက်လာသည်။ တောက်ပသော ငွေရောင်အလင်းတန်းသည် ၈၉ ဆိုသောစာလုံးဖြင့် သူ၏ လက်ရှိအသက်ကိုဖော်ပြနေသည်။

“မဆိုးပါဘူး အသက် ၈၉ နှစ်လောက်နဲ့ လက်နက်ပညာကို ဒီအဆင့် ထိရောက်နိုင်တယ်” ပြိုင်ဘက်တိုင်းပြည်မှလူများသည် သူ့ကို ချီးကျူးကြလေ သည်။

ရှေးဟောင်းကမ္ဘာဦးနယ်မြေမှလူများသည် ဆိတ်ငြိမ်သွားလေသည်။ ပြိုင်ဘက်သည် ၈၉ နှစ်သာရှိသေးသည်။ ရှောင်ဟုန်သာ သူ့ထက်ကြီးပါ သူတို့ သည် ပြိုင်ပွဲတွင် အနိုင်ရသွားမည်။

ရှီမာယူယူ လှည့်ပတ်ကြည့်လိုက်ရာ လက်နက်သခင်အသင်းမှလူများ သည် စိုးရိမ်မှုမရှိသည်ကို တွေ့လိုက်ရသည်။ တချို့မှာ ယုံကြည်ချက် အပြည့်ဖြင့် ရယ်တောင်ရယ်နေသေးသည်။

ရှောင်ဟုန်သည် လျှောက်သွားပြီး အသက်အရွယ်စစ်ကျောက်ကို ယူလိုက်သည်။ သူမ စွမ်းအားကိုထည့်လိုက်ပြီးနောက် ငွေရောင် အလင်းတန်းထွက်လာရာ ၇၉ ဆိုသည့်စာလုံးပေါ်လာသည်။

“၇၉နှစ် သူမက ၇၉နှစ်ပဲရှိသေးတယ် ၁၀နှစ်တောင်ငယ်တယ် ဟားဟား ငါတို့ဒီပွဲကိုနိုင်ပြီ”

ရှေးဟောင်းကမ္ဘာဦးနယ်မြေမှလူများ အောင်ပွဲခံလေသည်။ ရှောင်ဟုန် သည် တစ်ဖက်လူထက်ပင် ငယ်နေလိမ့်မည်ဟု သူတို့ထင်မထားကြပေ။ တစ်ဖက်လူမှ အသက်ကိုယှဉ်ချင်ဟု ပြောချိန်တွင် အဆင်ပြေနေသည်။ သရေကျသောပွဲသည် အနိုင်အဖြစ်ပြောင်းလဲသွားသည်။

ရှီမာယူယူ၏ မျက်နှာတွင် အပြုံးသဲ့သဲ့ဖြစ်သွားသည်။ ရှောင်ဟုန်သာ ယခုပွဲကိုနိုင်ပါက သူမ ဖိအားအနည်းငယ်လျော့သွားမည်။ ကမ္ဘာဦးနယ်မြေ အနိုင်ရရန်အတွက် သူမသည် နောက်နှစ်ပွဲကိုသာ နိုင်ရန်လိုသည်။

သို့သော် ဖန်ချီတိုင်းပြည်မှလူများသည် ယင်ကောင်များစားလိုက်ရ သည့်အတိုင်းပင်။ သူတို့၏ မျက်နှာများမှာ အလွန်အကျည်းတန်နေသည်။

“နောက်ဆုတ်မယ်” စံအိမ်တော်သခင်ချန်း ငေါက်ငမ်းလိုက်သည်။ ထို့နောက်တွင် သူ အမိန့်ပေးလိုက်သည် “အသက်အရွယ်စစ် ကျောက်တုံးကို ပြန်သိမ်းပြီး တခြားသူတွေကိုစမ်းသပ်ခိုင်းလိုက်”

ရှောင်ဟုန်သည် အသက်အရွယ်စစ်ကျောက်ကို သူတို့ဆီသို့ ပြန်ပေးလိုက်ပြီး သူမနေရာသို့ ပြန်လေသည်။

“တော်လိုက်တာ” ရှီမာယူယူ ပြောလိုက်သည်။ ထို့နောက် သူမ စိတ်ထဲ တွင်ထပ်ပေါင်းပြောလိုက်သည်။ ဒါပေမဲ့ ဖက်တီးကျူလောက်တော့ မတော် သေးဘူး။

ရှောင်ဟုန်သည် စိတ်ထဲမထည့်ပေ။ သူမသည် ဆံပင်ကိုနားရွက်နောက် ပို့လိုက်ကာ ပြောလေသည် “မင်းနဲ့တော့ ယှဉ်မရပါဘူး မင်းနာမည်ကို ကြား ဖူးတာကြာပြီ နောက်ပြိုင်ပွဲအတွက် မျှော်လင့်နေပါမယ်”

ရှီမာယူယူသည် အားရပါးရပြုံးလိုက်သည်။သည်မိန်းကလေးသည် သန်မာသော်လည်း အကျင့်သဘောထားမှာ ကောင်းမွန်သဖြင့် မိတ်ဆွေဖြစ် နိုင်ချေရှိသည်။

သူမသည် ကျန်လေးယောက် အသက်အရွယ်စမ်းသပ်ပြီးသည်ကို မြင် လိုက်သည်။ သူမ မတ်တတ်ရပ်ကာ ပြောလိုက်သည် “ကျွန်မ အကောင်းဆုံး လုပ်ပါမယ်”

“စောင့်ကြည့်နေပါမယ် ကြိုးစားထားနော်” ရှောင်ဟုန် ပြုံးလိုက်ရာ ချစ်စရာကောင်းသော သွားစွယ်လေးနှစ်ချောင်းပေါ်လာလေသည်။

ရှီမာယူယူ ပြန်ပြုံးပြလိုက်သည်။ သူမသည် ပြိုင်ပွဲကွင်းရှိရာသို့ လျှောက် သွားလိုက်သည်။

ထိုနေရာမှာ ပြိုင်ပွဲကွင်းဟုဆိုသော်လည်း မြေပြန့်တစ်နေရာသာဖြစ် သည်။ ကျန်လေးယောက်သည် အသက်အရွယ်စစ်ဆေးပြီးရာ ၇၅နှစ်၊ ၈၃နှစ်၊ ၉၂နှစ်နှင့် ၉၈နှစ်တို့ဖြစ်ကြသည်။

တစ်ဖက်လူသည် ကိုယ့်ကိုယ်ကို မိတ်ဆက်ရန် အစီအစဉ်မရှိသဖြင့် ရှီမာယူယူလည်း သူတို့အသက်နှင့်ပတ်သတ်ပြီး ဘာမှမပြောလိုက်ပေ။

“ငါတို့အကုန်စမ်းသပ်ပြီးပြီ မင်းအလှည့်ပဲ” ၇၅နှစ်ရှိလူသည် အသက် အရွယ်စစ်ကျောက်တုံးကို ရှီမာယူယူဆီပစ်ပေးလိုက်သည်။

မထင်မှတ်စွာပင် ကမ္ဘာဦးနယ်မြေမှလူများသည် သူတို့ကို အနိုင်ရသွား သည်။ ရှီမာယူယူ ဝင်လာသည်ကို သူတို့မြင်သောအခါ သူတို့မျက်နှာများ

ရှီမာယူယူသည် အသက်အရွယ်စစ်ကျောက်တုံးကို ဖမ်းပြီး ခဏမျှ စမ်းတဝါးဝါးလုပ်နေသည်။ တစ်ဖက်မှ စိတ်မရှည်စွာဖြင့် အော်လေသည် “မြန်မြန်လုပ် နှေးတုံ့နှေးတုံ့လုပ်မနေနဲ့”

ရှီမာယူယူသည် တစ်ဖက်လူကိုကြည့်ပြီး သူမ၏ ဝိညာဉ်စွမ်းအင်ကို ထည့်လိုက်သည်။ အရင်က ပေါ်သကဲ့သို့ ငွေရောင်အလင်းတန်းနှင့် ဂဏန်း ထွက်မလာဘဲ သည်တစ်ကြိမ်တွင် မြရောင်အစိမ်းအလင်းတန်းထွက်လာပြီး မည်သည့်ဂဏန်းမှ ပေါ်မလာပေ။

“မြစိမ်းရောင်လား အသက် ၅၀ အောက်ငယ်တာလား” ထိုနေရာရှိ အားလုံးသည် မှင်တက်သွားကြသည်။

ထိုအသက်အရွယ်စစ်ကျောက်တုံးသည် အသက် ၅၀မှ ၂၀၀အတွင်းကို သာ စမ်းသပ်နိုင်သည်ကို အားလုံးသိထားကြသည်။ အသက် ၅၀ အောက် ငယ်သည့်သူ စမ်းသပ်ပါက မြစိမ်းရောင်ထွက်လာမည်ဖြစ်ပြီး အသက်၂၀၀ ကျော်ပါက ရွှေရောင်ထွက်လာမည်ဖြစ်သည်။

သူမ ဝိညာဉ်စွမ်းအား သွင်းလိုက်ချိန်တွင် မြစိမ်းရောင်အလင်းတန်း ထွက်ပေါ်လာပြီး သူမသည် အသက် ၅၀အောက်ငယ်သည်ကို ပြသနေသည်။

ရှီမာယူယူသည် ဝိညာဉ်စွမ်းအားထည့်ခြင်းကို ရပ်လိုက်ရာ အလင်း တန်းသည် ပျောက်ကွယ်သွားလေသည်။ သူမသည် အသက်အရွယ်စစ် ကျောက်တုံးကို ပြန်ပေးလိုက်ရာ ထိုလူလေးယောက်သည် ကြောင်တောင် တောင်ဖြစ်နေကြသည်။ သူမ ပြန်ချေပလိုက်သည် “အံ့သြနေတာတော် လောက်ပြီ ပြိုင်ပွဲစလို့ရပြီလား”

“မင်းက အသက် ၅၀မပြည့်သေးဘူးလား” အသက် ၈၃အရွယ်လူက တအံ့တသြမေးလေသည်။ “မင်းက အသက်ဘယ်လောက်လဲ”

“အသက်ဘယ်လောက်လဲ ဟုတ်လား အဲဒါက ပြိုင်ပွဲနဲ့ဘာမှမဆိုင်ဘူး ထင်တယ် အဓိကက ကျွန်မက ရှင်တို့အားလုံးထက် ငယ်တယ်လေ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဘယ်တစ်ယောက်က အဂ္ဂိရတ်ပညာရှင်လဲ ပြိုင်ပွဲစလို့ရပြီလား”

၇၅နစ်အရွယ် လူသည် ရှေ့ထွက်လာသည်။ “စကြတာပေါ့”

တခြားလူများသည် နောက်ဆုတ်သွားကာ ပြိုင်ပွဲကွင်းတွင် သူတို့ကို ချန်ကာ ထွက်သွားလေသည်။

အသက် ၇၅နှစ်အရွယ်လူသည် ရှီမာယူယူနှင့် အသက်အရွယ်အရ မယှဉ်နိုင်သော်လည်း လက်နက်သခင် ရှုံးသွားသောကြောင့် အာရုံစိုက်မှု လျော့မသွားပေ။ သူသည် ဆေးပင်များထုတ်ကာ ဆေးဖိုပြင်ဆင်ပြီး အကောင်းဆုံးဆေးကို သန့်စင်လေသည်။

ရှီမာယူယူသည် စတင်ရန်မလောပေ။ သူမသည် ၇၅နှစ်လူ ဆေးပင်များ ထုတ်ပြီး စတင်သန့်စင်သည်ကိုစောင့်ပြီးနောက် တဖြည်းဖြည်းမှင် ဆေးဖိုနှင့် ဆေးပင်များထုတ်ပြီးနောက် သူ မည်သည့်အဆင့်ဆေးဖော်မည်ကို ကြည့် လိုက်သည်။

သူမ၏ နှေးကွေးသောအပြုအမူကို မြင်သောအခါ ဖန်ချီတိုင်းပြည်မှလူ များသည် စိတ်အေးသွားလေသည်။ ဒီမိန်းကလေးက သူတို့ိကို လာပြီး စိန်ခေါ် ရဲတယ်။ သူတို့သာ အရှုံးပေးလိုက်ရင် ရှက်စရာဖြစ်သွားမယ်။

ထိုအဂ္ဂိရတ်ပညာရှင်များသည် ရှီမာယူယူ ဆေးသန့်စင်မှုစတင်သည် နှင့် အမူအရာပြောင်းသွားလေသည်။ သူမ အားသည် သေချာပေါက် ၇၅နှစ် လူထက် သာလွန်သည်ကိုတွေ့လိုက်ရသည်။

အားလုံးသည် နာရီအနည်းငယ်ကြာသည်အထိ စောင့်ကြလေသည်။ ဖန်ချီတိုင်းပြည်မှလူများသည် အစပိုင်းတွင် ၇၅နှစ်အရွယ်လူ ဆေးဖော် သည်ကို ကြည့်ကြသည်။ သို့သော် နောက်ပိုင်းတွင် ရှီမာယူယူဆီသို့ အလိုလို အကြည့်ရောက်သွားကြလေသည်။

သူမ ဆေးသန့်စင်သည့်ပုံသဏ္ဍာန်မှာ အလွန်လှပသည်။ သူမကိုယ်တိုင် ကပင် လှပပြီး ကျက်သရေရှိနေသည်။ သူမ ဆေးဖော်သည်ကိုကြည့်ရသည် ကပင် ရိုးရိုးရှင်းရှင်း ပျော်မွေ့ဖွယ်ဖြစ်နေသည်။

ရှီမာယူယူသည် ၇၅နှစ်လူထက် ဆေးသန့်စင်မှုပြီးဆုံးလေသည်။ သူမသည် ဆေးကိုထုတ်ပိုးကာ ဆေးဖိုကို ရှင်းလင်းလိုက်သည်။ သို့သော် ၇၅နှစ်အရွယ်လူသည် ဆေးဖော်မှုမပြီးသေးပေ။

၇၅နှစ်လူသည် အချိန်ပိုယူရသော်လည်း သူ၏ ဆေးအဆင့်သည် ရှီမာယူယူထက် မြင့်မည်ဟု ယုံကြည်နေသေးသည်။ အသက် ၅၀ မပြည့်သေး တဲ့ အရုပ်ကလေးက ဘယ်လိုလုပ် အဆင့်မြင့်ဆေးကို ဖော်နိုင်မှာလဲ။

သို့သော် နောက်ဆုံးရလဒ်သည် သူ့ကို လက်တွေ့ခံစားရစေသည်။ ရှီမာယူယူသည် သူူ့လက်ထဲမှ ဆေးကိုကြည့်လိုက်သည်။ သူမ စိတ်မဝင်စား စွာဖြင့် ပြောလိုက်သည် “ရှင့်ရဲ့ အဆင့်၇ဆေးက ကျွန်မထက် ၁၅မိနစ်ပိုကြာ တယ် ရှင်ရှုံးပြီ”

***

All Chapters