← Chapters

ငြင်းဆန်တယ်

Vol. 88 Ch. 1219

ငြင်းဆန်တယ်

Vol. 88 Ch. 1219

၇၅နှစ်လူသည် မယုံနိုင်ပေ။ အသက် ၅၀မပြည့်တဲ့ သူက ဘယ်လိုလုပ် သူ့ကိုနိုင်သွားတာလဲ။ “ငါက မင်းထက်ပိုနေလာတာ ပြီးတော့ ငါ့အဆင့်က လည်းမင်းထက်မြင့်တယ် ငါတို့က အဆင့်ကိုကြည့်တာ ကြာချိန်ကိုကြည့်တာ မဟုတ်ဘူး မင်းအသက်ကြောင့် ဒါနဲ့ရောမပစ်နဲ့” သူသည် ယုံကြည်ချက် အပြည့်ဖြင့်ပြောလေသည်။

“ရှင့်ဆေးက အဆင့် ၇ သာမန်ဆေးလို့ပဲပြောတာလေ” ရှီမာယူယူ ပြန် ဖြေလေသည်။

“ဟုတ်တယ်” ၇၅နှစ်သည် သူ့အရွယ်နှင့် အဆင့် ၇ဆေးရအောင်ဖော် နိုင်ခြင်းသည် မဖြစ်နိုင်ဟု တွေးကာ သူ့မေးကိုဂုဏ်ယူစွာပင့်တင်လိုက်သည်။

ရှီမာယူယူ ပြန်မဖြေသောအခါ သူ့မျက်နှာသည် ကျေနပ်မှုဖြစ်လာ သည်။ ဒီကောင်မလေးက သူ့ကိုကြောက်လို့ စကားတောင်ပြောမထွက်တော့ ဘူးပေါ့။

ကြည့်ရတာ ဒီကောင်မလေးက လှတော့လှတယ်။ နာမည်က ဘာယူူဆိုလားပဲ။

သူသည် သူမ နာမည်ကိုမေးမည်အပြုတွင် ရှီမာယူယူသည် စားပွဲပေါ်မှ လောလောလတ်လတ် ဖော်စပ်ထားသည့်ဆေးကိုယူပြီး ပစ်ပေးလိုက်သည်။

“အဆင့် ၇အဆင့်မြင့်ဆေးလား” ၇၅နှစ်လူသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများပြူးကျယ်လာသည်။ သူများ သွေးလေချောက်ချားသွားတာလား။

အဂ္ဂိရတ်ပညာရှင်အသင်းသည် တုန်လှုပ်မှုမရှိပေ။ သူမသည် အဆင့် ၈ ဆေးကိုတောင် ဖော်စပ်နိုင်သူဖြစ်သည်။ ဒီလိုကောင်မလေးကို အနိုင်ကျင့်ဖို့ လွယ်မလား။

သို့သော် တခြားသူများသည် ရလဒ်ကိုလက်မခံနိုင်ကြပေ။ အထူးသဖြင့် ဖန်ချီတိုင်းပြည်မှလူများသည် လက်မခံနိုင်ကြပေ။ သူတို့သည် သူမအသက် ကြောင့် အံ့သြခဲ့ပြီးပြီ။ အခု စဉ်းစားကြည့်ရာ ထာဝရရှင်သန်သူနယ်မြေကို လာရဲသူများက သာမာမန်မဟုတ်ကြဘူးလား။

ဒါပေမဲ့ အသက် ၅၀မပြည့်သေးဘဲ အဆင့် ၇အဆင့်မြင့်ဆေးဖော်နိုင် တယ်ဟုတ်လား။ ဒါက လက်ခံဖို့ အရမ်းခက်ခဲလွန်းတယ်။

ရှီမာယူယူသည် သူမ ဖော်ထားသောဆေးကို အသိအမှတ်မပြုချင်ဘဲ မယုံကြည်စွာကြည့်နေသည့် ၇၅နှစ်လူကို ကြည့်နေလိုက်သည်။ သူမ မျက်နှာ သည် တင်းပြီး အေးစက်စွာပြောလိုက်သည် “အကုန်လုံးမြင်ပါတယ်နော် ကျွန်မက စည်းကမ်းဖောက်တယ်လို့ ထင်တုန်းလား မဟုတ်ရင် ဒီဆေးပြားရဲ့ အပူချိန်ကို လှည့်စားတယ်လို့ ပြောချင်သေးတာလား”

သူမ ထိုသို့ပြောလိုက်သောအခါ ၇၅နှစ်သည် ဆွံ့အသွားလေသည်။ သူ့ မျက်နှာသည် နီရဲသွားသည်။

ဟုတ်ပါတယ် ဒီလောက်လူအများကြီးကြည့်နေတဲ့နေရာမှာ သူမ ဘယ်လိုလုပ် စည်းဖောက်မှာလဲ။ သူမ ဖော်စပ်လိုက်တာ လူတိုင်းတွေ့နေတာ ပဲ။ သူမ မဖော်စပ်ဘူးဆိုရင် တခြားသူတွေလည်း မြင်မှာပဲလေ။

“ကြည့်ပြီးပြီလား ကြည့်ပြီးရင်လည်း ကျွန်မဆေးကိုပြန်ပေးပါ ဒါဆိုရင် ပြန်သွားလိုက်ပါဦး ကျွန်မနောက်ပြိုင်ပွဲတွေရှိသေးတယ်” ရှီမာယူူယူ ပြော လိုက်သည်။

ထန်းယွမ် မတ်တတ်ရပ်လိုက်သည်။ “အားလုံးပဲ နောက်ဆုံး ရလဒ်ကို မြင်ပြီးပါပြီနော် စံအိမ်တော်သခင်ချန်း ဘယ်လိုထင်လဲ”

မျက်နှာချင်းဆိုင်ဖက်မှ လူများ၏ မျက်နှာများသည် မည်းမှောင်သွား တော့သည်။ သူတို့က ပြိုင်ပွဲနှစ်ခုလုံးကို တစ်ဆက်တည်းရှုံးသွားတာလား။

သို့သော် ရလဒ်မှာ ရှင်းရှင်းလင်းလင်းဖြစ်ပြီး သူတို့ ဘာမှမလုပ်နိုင်ပေ။

“နောက်တစ်ပွဲကို ဆက်သွားကြတာပေါ့ ဘာပြိုင်မလဲ” သူသည် မှောင်မိုက်စွာပြောလိုက်သည်။

ထိုသည်မှာ ရှီမာယူယူ ဤပြိုင်ပွဲတွင် အနိုင်ရသည်ဟု ဝန်ခံလိုက်ခြင်း ဖြစ်သည်။

ထန်းယွမ်သည် ရှီမာယူယူကို ကြည့်လိုက်သည်။ “မင်းဘာပြိုင်ချင်လဲ”

“တည်ဆောက်မှု” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“စံအိမ်တော်ချန်း ကြားလိုက်လား ယူယူက တည်ဆောက်မှုလို့ ပြော တယ်” ထန်းယွမ်သည် ပြုံးပြီး တစ်ဖက်လူကို လက်အုပ်ချီကာ ပြောလေ သည်။

“မင်းက ပြိုင်ချင်သေးလို့လား နားဖို့မလိုဘူးလား” တည်ဆောက်မှုသခင် ဖြစ်သော ၉၂နှစ်လူသည် ရှီမာယူယူ စင်ပေါ်တက်လာသည်ကိုမြင်သောအခါ မေးလေသည်။ “နောက်တစ်ယောက်ပို့လို့ရပါတယ် အဲဒါမှ ငါတို့က မင်းကို အနိုင်ကျင့်တယ်လို့ ပြောလို့မရမှာ”

“ဟား ရှင်တို့က ကျွန်မတို့ကိုနိုင်မယ်ထင်နေတာလား” ရှီမာယူယူ ပြန် ချေပလေသည် “တည်ဆောက်မှုကို ဘယ်လိုပြိုင်ချင်လဲ”

“ငါတို့ ထောင်ချောက်တည်ဆောက်မှု တစ်ခုစီလုပ်ပြီး တစ်ယောက် ထောင်ချောက်ထဲ တစ်ယောက်ဝင်ကြမယ် အရင်ဆုံးထွက်နိုင်တဲ့သူက နိုင် မယ်” ၉၂နှစ်လူ ပြောလေသည်။

“ကောင်းပြီလေ” ရှီမာယူယူ သဘောတူလိုက်သည်။ ထို့နောက်တွင် နှစ်ယောက်လုံး တည်ဆောက်မှုကျောက်တုံးများထုတ်ကာ နေရာချလေ သည်။

နှစ်ယောက်လုံးသည် မြန်ဆန်လွန်းသည်။ သူတို့သည် ထောင်ချောက် တည်ဆောက်မှုများနှင့် ရင်းနှီးသည့်ပုံပေါက်သည်။

သို့သော် ရှီမာယူယူ၏ အရှိန်သည် ပိုမြန်သည်။ သူမသည် ၉၂နှစ်ထက် အနည်းငယ်စော၍ပြီးလေသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြ သည်။ သူတို့သည် ပြိုင်ဘက်၏ တည်ဆောက်မှုဆီလျှောက်သွားပြီး တည်ဆောက်မှုကို အသက်သွင်းလိုက်သည်။

ရှီမာယူယူ၏ တည်ဆောက်မှု အသက်ဝင် သွားသည်နှင့် ၉၂နှစ်လူ၏ အမူအရာသည် ပြောင်းသွားလေသည်။ အကြောင်းမှာ သူသည် အရင်က ယခုလို တည်ဆောက်မှုမမြင်ဖူးသောကြောင့်ပင်။

ဖန်ချီတိုင်းပြည်မှ တည်ဆောက်မှုသခင်အများစုသည် ကြောင်အန်းအန်း ဖြစ်ကုန်ကြသည်။ သူတို့အရင်ကမမြင်ဖူးတဲ့ တည်ဆောက် မှုရှီတာပဲ။ ဒီတိုင်းပြည်မှာ ဘယ်လိုလုပ် ဒီလိုတည်ဆောက်မှုရှိရတာလဲ။

သူတို့သည် ရှီမာယူယူ တည်ဆောက်မှုဖြိုခွင်းမှုကိုကြည့်နေခဲ့ပြီး ၉၂နှစ် လူ မည်မျှတုံးသည်ကို မြင်လိုက်ရသည်။ ရလဒ်မှာ ပေါ်ထွက်ပြီးဖြစ်ကြောင်း ကို အားလုံးသိကြသည်။

ထာဝရရှင်သန်သူနယ်မြေမှ လူများသည် ရွှင်မြူးကြသည်။ သူတို့သာ ယခုပွဲကို အနိုင်ရလျှင် လုံးဝအပြတ်အသတ်နိုင်သွားမည်ဖြစ်သည်။ အခုကစပြီး ဖန်ချီတိုင်းပြည်ကလူတွေ အရင်လို သူတို့ကို မလုနိုင်တော့ဘူး။ အခွင့်အလမ်းတွေရောက်လာရင်လည်း သူတို့ကိုဦးစားပေးရတော့မယ်။

ထိုသည်မှာ ခက်ခဲသောပြိုင်ပွဲဖြစ်လိမ့်မည်ဟု သူတို့ထင်ထားခဲ့သည်။ သို့သော် မထင်မှတ်စွာပင် လွယ်ကူနေခဲ့သည်။

ခဏအကြာ ရှီမာယူယူသည် ၉၂နှစ်လူ၏ ထောင်ချောက် တည်ဆောက်မှုမှထွက်လာချိန်တွင် ၉၂နှစ်လူသည် နည်းလမ်းရှာမရသဖြင့် တည်ဆောက်မှုတွင် ခေါင်းနစ်နေတုန်းဖြစ်သည်။

“စံအိမ်တော်သခင်ချန်း နောက်ဆုံးကျန်တဲ့ နှစ်ပွဲကို ဆက်သွားဖို့မလို တော့ပါဘူးနော်” ထန်းယွမ် ပြောလိုက်သည်။

ငါးပွဲတွင် သုံးပွဲနိုင်သဖြင့် ရှေးဟောင်းကမ္ဘာဦးနယ်မြေသည် လုံးဝ အပြတ်အသတ်နိုင်သွားပြီဖြစ်သည်။ နောက်ပွဲများတွင် နိုင်သည်မနိုင်သည်က အရေးမကြီးတော့ပေ။

ဖန်ချီတိုင်းပြည်မှလူများသည် အတန်ကြာသည်အထိ မတုန့်ပြန်ကြပေ။ ကံကောင်းစွာပင် သူတို့သည် ရှက်ရကောင်းမှန်းသိသည်။ သူတို့သည် အသိအမှတ်ပြုရန် ငြင်းဆန်သော အရှက်မရှိသောသူများမဟုတ်ကြပေ။ ထို့ကြောင့် အတန်ကြာအောင် လူးလွန့်ပြီးနောက်တွင် နောက်ဆုံးရလဒ်ကို လက်ခံလိုက်ကြသည်။

“ခင်ဗျားတို့နိုင်ပါတယ်” စံအိမ်တော်သခင်ချန်းသည် မကြေညာလိုပေ။

သူသည် ဖန်ချီတိုင်းပြည်မှ ခေါင်းဆောင်တစ်ယောက်ဖြစ်ကာ သူဝန်ခံ လိုက်လျှင် ဖန်ချီတိုင်းပြည်တစ်ခုလုံး အသိအမှတ်ပြုခြင်းဖြစ်သည်။

ရှီမာယူယူသည် ကြေညာချက်ကိုစောင့်ပြီးနောက်တွင် နဂါး ထောင်ချောက်တည်ဆောက်မှုဆီသို့ လာပြီးပိတ်ကာ ၉၂နှစ်ကို လွှတ်ပေး လိုက်သည်။ သူမ လက်တစ်ချက်ဝှေ့ပြီး တည်ဆောက်မှုကျောက်တုံးများကို စုလိုက်သည်။

“ကျေးဇူးတင်ပါတယ်” သူမသည် ၉၂နှစ်လူကို ပြောပြီးနောက် လှည့်ထွက်ကာ ပြန်လာလိုက်သည်။

၉၂နှစ်လူ၏ မျက်နှာမှာ အကျည်းတန်လွန်းသည်။ အစပိုင်းတွင် သူ နိုင် မည်ဟု ထင်ထားသော်လည်း သူပြိုင်ဘက်နှင့် ရန်ဖြစ်ရန် စွမ်းအားပင်မကျန် တော့မည်ကို မထင်ထားပေ။ ထို့အပြင် ပြိုင်ဘက်သည် အသက် ၅၀ ပင်မပြည့်သေးပေ။ နောက်ကို ပါရမီရှင်လို့အခေါ်ခံရအောင် ဘယ်လို အရည် အချင်းသတ်မှတ်ချက်တွေလိုမှာလဲ။

သူသည် ယခင်ကမခံစားဖူးသော စိတ်ခံစားချက်နှင့် ရှုံးနိမ့်စွာပင် သူ၏ စခန်းကိုပြန်သွားလေသည်။ သူသည် အေးစက်သော ခရမ်းသီးကဲ့သို့ပင်။

“ရလဒ်တွေထွက်လာပြီဆိုတော့ ဆက်ပြိုင်ဖို့မလိုတော့ဘူး စံအိမ်တော် သခင်ချန်း ဝန်ခံလိုက်ပြီ” လျူဟိုင် ပြောလေသည်။

ကမ္ဘာဦးနယ်မြေမှ လူများသည် အောင်ပွဲခံကြလေသည်။ ရလဒ်မှာ အမှန်တကယ်ပင် ပျော်မြူးစရာပင်။

“ခဏလေး” ၉၈နှစ်လူ အော်လိုက်သည်။ “ပြိုင်ပွဲက ပြီးသွားပေမဲ့ ကျွန်တော် ခင်ဗျားတို့ဘက်က ဝိညာဉ်ရှာဖွေသူဝိညာဉ်သခင်နဲ့ပြိုင်ချင်သေး တယ်”

ရှီမာယူယူသည် လျှောက်သွားရာမှ လမ်းတစ်ဝက်အရောက်တွင် ရပ် ပြီးနောက် တစ်ဖက်လူအားလှည့်ကြည့်လိုက်သည်။ “ကျွန်မ ငြင်းပါတယ်”

ထို့နောက်တွင် သူမ နေရာသို့ တိုက်ရိုက်ပင်သွားထိုင်လေသည်။

ကွင်းတစ်ခုလုံးသည် တိတ်သွားသည်။ ဖန်ချီတိုင်းပြည်မှလူတင်မကဘဲ ကမ္ဘာဦးနယ်မြေမှလူများပါ ကြက်သေသေသွားလေသည်။

သူမက ဝိညာဉ်ရှာဖွေသူသခင်ဖြစ်နေတာလား။ သေစမ်း အဲဒါ တကယ်ပဲ လူဟုတ်သေးရဲ့လား။

အသက်ငယ်ငယ်နဲ့ အဂ္ဂိရတ်ပညာရှင်၊ တည်ဆောက်မှုသခင်နဲ့ အခု ရှာဖွေသူဝိညာဉ်သခင်ဖြစ်နေသေးတယ်။ သူမက လူသားရောဟုတ်ရဲ့လား။

“ကျွန်တော် ခင်ဗျားတို့သားရဲထိန်းကျောင်းသူနဲ့ ပြိုင်ချင်တယ်” နောက်ဆုံး လူပြောလိုက်သည်။

“ငြင်းဆန်ပါတယ်” ရှီမာယူယူသည် သူမ ခုံတွင်သာထိုင်နေသည်။ “ပြိုင်ပွဲကပြီးသွားပြီ ကျွန်မငြင်းလို့ရတယ်မလား”

ကွင်းတစ်ခုလုံးသည် အပ်ကျပင်သံကြားရလောက်အောင် တိတ်သွား သည်။ တချို့လူများသည် သူတို့ နားကြားမှားသလားဟူ၍ပင် ထင်ကြလေ သည်။

သူမက သားရဲထိန်းကျောင်းသူဖြစ်နေပြန်တာလား

***

All Chapters