← Chapters

သူမ၏စိုးရိမ်မှုနှင့် ကြောက်ရွံ့မှု

Vol. 88 Ch. 1220

သူမ၏စိုးရိမ်မှုနှင့် ကြောက်ရွံ့မှု

Vol. 88 Ch. 1220

အံ့သြမှုပြီးနောက်တွင် ရယ်သွမ်းမှုနှင့် အထင်သေးမှုများလိုက်ပါလာ သည်။

“လူတစ်ယောက်မှာ ဘယ်လိုလုပ် အဲလောက်အရည်အချင်းအများကြီး ရှိမှာလဲ ဒီမိန်းကလေးက မကြောက်လို့ ညာစားနေတာပဲ” ဟိုဘက်မှလူသည် အထင်သေးစွာဖြင့် ပြောလေသည်။

ရှီမာယူယူသည် ထိုလူများကို ရှင်းပြရန် စိတ်ရှုပ်မခံတော့ပေ။ သူတို့ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ သူမအပေါ် သက်ရောက်မှုမရှိပေ။

ရှောင်ဟုန် မတ်တတ်ရပ်လိုက်သည်။ “ကျွန်မက တကယ်ပဲ လက်နက် ဖန်တီးဖို့ကိုပဲသိတာ ကျန်တဲ့ပွဲတွေအကုန်လုံးက ယူယူနဲ့ ရှင်တို့အတွက်ပဲ”

ထိုလူများသည် ထပ်မံမှင်တက်ကြပြန်သည်။ တစ်ဖက်အဖွဲ့မှ လူ နှစ် ယောက်သာ လာခဲ့သည်။ အခုတစ်ယောက်မှ ရှင်းလင်းစွာငြင်းဆန်နေမှ တော့ သူတို့ဘာကို မေးခွန်းထုတ်နိုင်ဦးမှာလဲ။

သူ၏ ချစ်သူမိန်းကလေးကို လူတိုင်းအသိအမှတ်ပြုသည်ကို သူ့အနေနဲ့ ပျော်ရွှင်မိသော်လည်း ရှီမာယူယူအပေါ်ကျရောက်လာသော ထိုယောက်ျား သားတို့၏ မျက်လုံးကိုကြည့်ပြီး ဝူလင်းယူ မျက်ခုံးတွန့်မိသည်။

ရှီမာယူယူသည် ထိုကဲ့သို့ ပေါ်ပေါ်ထင်ထင်နေရသည်ကို မနှစ်သက် ပေ။ သူမ မတ်တတ်ရပ်ပြီး ပြောလိုက်သည်။ “ဥက္ကဌ စံအိမ်တော်ခွဲသခင်ထန်း ဒီပြိုင်ပွဲပြီးသွားမှတော့ နောက်ပိုင်း ကျွန်မကိုမလိုတော့ဘူးထင်ပါတယ် ဒါဆိုရင် ယူယူ့ကို အရင်သွားခွင့်ပြုပါဦး”

သူမသည် အဖြေမစောင့်ဘဲနှင့် ဝူလင်းယူနှင့်အတူ စက္ကန့်အနည်းငယ် အကြာတွင် ပျောက်ကွယ်သွားလေသည်။

“အားကောင်းလိုက်တဲ့ လျှပ်တပြက်လှုပ်ရှားမှုပဲ” အားလုံးသည် သက် ပြင်းချလိုက်ကြသည်။ ထိုအမြန်နှှုန်းနှင့် သာမန်တည်ဆောက်မှုသခင်တစ် ယောက်သည် သူမနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် သူမသည် လူ တစ်ယောက်ကိုပါ ခေါ်ပြီးထွက်သွားခဲ့ရာ နက်ရှိုင်းသော ခံစားချက်ကို ထားခဲ့ လေသည်။

“မထင်မှတ်ထားဘူးပဲ လောကကြီးမှာ ဒီလိုမိန်းကလေးရှိတာပဲ သန်မာလိုက်တဲ့ ဂျူနီယာလေးပဲ ကြည့်ရတာ ရှေးဟောင်းကမ္ဘာဦးနယ်မြေက ငါတို့ထင်ထားတာလောက် နောက်မကျန်ခဲ့ဘူးပဲ”

ထိုသည်မှာ ဖန်ချီတိုင်းပြည်မှလူတိုင်း၏ အတွေးဖြစ်သည်။ ထိုအချက်ကြောင့်ပင် သူတို့သည် လုယူမည့်အတွေးများ ပျောက်သွားခဲ့ သည်။

အဲဒါကြောင့် သူမက ဒီအကြပ်အတည်းကို ဖြေရှင်းမဲ့ သော့ချက်လို့ ရင်လင်းပြောခဲ့တာကိုး။

ရှီမာယူယူသည် ဝူလင်းယူကို စခန်းသို့ပြန်ခေါ်သွားသည်။ သူမ ပြိုင်ပွဲ ဝင်မည်ဖြစ်သောကြောင့် အသည်းကွဲတောင်ကြားမှလူများသည် ပြိုင်ပွဲကြည့် ရန်လိုက်ခဲ့ကြသည်။ စခန်းတွင် မည်သူမှရှိမနေဘဲ ကာကွယ်မှု တည်ဆောက် မှုသာရှိလေသည်။

ဝူလင်းယူသည် နွေးနွေးထွေးထွေးနေရန် စခန်းသို့ စောစောပြန်ချင် သော်လည်း ရှီမာယူယူ၏ ခန္ဓာကိုယ်ထဲမှ ယုံကြည်မှုစွမ်းအားသည် မငြိမ် မသက်ဖြစ်နေခဲ့သည်။ သူမသည် ယုံကြည်မှုစွမ်းအားကိုထိန်းချုပ်ရန်အတွက် တရားထိုင်လိုက်ပြီး အသက်ကိုမှန်မှန်ရှုနေလိုက်သည်။

ရှီမာယူယူသည် အကူအညီမဲ့နေသည်။ အဲလူတွေက သူမကို ပိုပြီး ယုံကြည်လာပြီ။ သူမ သူတို့ကို သတ်မိတော့မယ်။

သူမ ယုံကြည်မှုစွမ်းအားရှိပြီဟု သိလိုက်သည့်အချိန်က ပျော်ရွှင်ခဲ့သည့် အချိန်နှင့် ယခုအခြေအနေကို ပြန်တွေးမိသည်။ သူမသည် မခံစားနိုင်သဖြင့် သွေးအန်မိလေသည်။

ကောင်းပြီ ဒါက သူမရဲ့ ခန္ဓာကိုယ်ပြဿနာပဲ။ တခြားသူတွေကို အပြစ် တင်လို့မရဘူးလေ။

ခန္ဓာကိုယ်သည် သူမကို အကျိုးအမြတ်များစွာရသော်လည်း သူမ အားကောင်းလာသည်နှင့်အမျှ ခန္ဓာကိုယ်ထဲမှ စွမ်းအားသည် ပိုပိုပြီးထိန်းချုပ် မရတော့ပေ။ သို့သော် ဝူလင်းယူသည် သူမ ထိုအဆင့်သို့မရောက်သေးဟု ဆိုကာ ရှင်းလင်းချက်ကို မပြောပြသေးပေ။ ပြတ်ပြတ်သားသားပြောရလျှင် ထိုနည်းလမ်းသုံးဖို့အတွက် သူမ မသန်မာသေးဟု ဆိုလိုခြင်းဖြစ်သည်။

သူမ တရားထိုင်ရာမှ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် အပြင်တွင် လှုပ်ရှား သံကိုကြားလိုက်ရသည်။ ထိုသည်မှာ သူမ ထွက်လာပြီးသည်နှ့င် တခြားသူ များလည်း ရောက်လာသည်။

ဝူလင်းယူသည် ငေးငိုင်စွာဖြင့် သူမဘေးတွင်ထိုင်နေသည်။ သူသည် အပြင်ဘက်နှင့် ဆက်သွယ်နေခြင်း ဖြစ်နိုင်သည်။

သူမ နိုးလာသည်ကို သူ ခံစားမိသည်။ “အဆင်ပြေလား”

“အင်း” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ “စီနီယာအစ်ကို ညီမ မေးစရာရှိတယ်”

“ပြောလေ”

“ညီမခန္ဓာကိုယ် ပြဿနာကို ရှင်းဖို့ ဘယ်လောက်ကြာဦးမှာလဲ”

ဝူလင်းယူသည် သူမ မျက်လုံးထဲမှ အကြောက်တရားကို မြင်ရသည်။ သူသည် သူမအရှေ့သို့လာပြီး သူမျက်နှာကိုကိုင်လိုက်သည်။ သူသည် သူမ အား အသာအယာနမ်းလိုက်သည်။ “အဆင်ပြေသွားမှာ မင်း စံတင်အဆင့် ရောက်တဲ့အထိ စောင့်လိုက်”

“ဆိုလိုတာက အခုကစောသေးတယ်ပေါ့” ရှီမာယူယူသည် စိတ်ဓာတ် ကျသွားလေသည်။ “အဲအထိ စောင့်နိုင်ပါ့မလား”

ထိုစဉ်က ဝူလင်းယူစောင့်နိုင်ခဲ့သော်လည်း သူမအခြေအနေသည် သူနှင့် မတူပေ။ သူ့တွင် အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ်ရှိပြီး ချုပ်တည်းရသော အရာမှာလည်း နည်းပါးသည်။ တစ်ဖက်တွင်တော့ သူမသည် ဂရုမစိုက်မိလျှင် ထိန်းချုပ်မှုလွတ်သွားမည်။

“မင်းအခြေအနေက တကယ်ပဲ ကိုယ့်ထက်ရှုပ်ထွေးတယ် ဒါပေမဲ့ အဆင်ပြေပါတယ် မင်းသူတို့ကို မသုံးသရွေ့ အန္တရာယ်ရှိမှာမဟုတ်ပါဘူး”

ရှီမာယူယူသည် ညင်သာစွာတုန့်ပြန်ပြီး စကားရပ်လိုက်သည်။ သူ မသုံးနှင့်ဟု ပြောသော်လည်း တစ်ရက်ရက် အရေးပေါ်ကိစ္စကြုံလာပြီး သူမ အသုံးပြုရမည်ဆိုပါက သူမ အသက်မည်သို့ဖြစ်လာမည်နည်း။

ထို အသိအမှတ်ပြုမှုသည် သူမကို အေးစက်သွားစေသည်။

“မင်းမှာ ကိုယ်ရှိပါတယ်” ဝူလင်းယူသည် သူမ အတွေးရိုင်းများ ဆက်မတွေးရန် ဖက်လိုက်သည်။

ရှီမာယူယူသည် သူ့အပေါ်ခေါင်းမှီလိုက်သည်။ “တကယ်တော့ ညီမ သေဖို့ကိုမကြောက်ပါဘူး အစ်ကိုတို့ကို မခွဲနိုင်လို့ပါ”

“ကိုယ် နားလည်တယ်” ဝူလင်းယူ ပြောလိုက်သည်။ “မင်းကိုယ့်ကို ကတိပေးရမယ် ဘာပဲဖြစ်ဖြစ် မင်းခန္ဓာကိုယ်ထဲက စွမ်းအားကို မသုံးရဘူး အထူးသဖြင့် အဲဒီယုံကြည်မှုစွမ်းအားပဲ”

“အင်း ကောင်းပါပြီ”

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ဖက်မှီထားကြသည်။ ခဏ အကြာတွင် ရှီမန်ဖန်သည် အပြင်မှ သူမကိုခေါ်လေသည်။

နှစ်ယောက်သား ခွာလိုက်ကြသည်။ ရှီမာယူယူသည် ဆံပင်ကို သပ် လိုက်ပြီး ဝူလင်းယူနှင့်အတူ ထွက်သွားလိုက်သည်။

သူမကို လာရှာသူမှာ လျူဟိုင်နှင့် ထန်းယွမ်တို့ဖြစ်နေကြသည်။

“ယူယူ အနားယူပြီးပြီလား” လျူဟိုင် မေးလိုက်သည်။

ထိုအခါမှပင် ပြိုင်ပွဲပြီးသွားသည်မှာ တစ်ရက်ကြာသွားသည်ကို ရှီမာယူယူ သတိထားမိလိုက်သည်။

“ကျွန်မ စိတ်စွမ်းအင်တချို့သုံးလိုက်ရလို့ပါ ပြဿနာမဟုတ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒုဥက္ကဌ စံအိမ်တော်ခွဲသခင်ထန်း ကျွန်မ ဘာကူညီပေးရမလဲ”

“ဒီလိုပါ ဟိုဘက်နဲ့ အောင်းအစားလုပ်ထားတဲ့ တန်ဖိုးကြီးပစ္စည်းတွေရှိ ပါတယ် အဲဒါကို ကျုပ်တို့က မင်းနဲ့ ရှောင်ဟုန်အတွက် တချို့လာပေးတာပါ” လျူဟိုင်သည် ပြောရင်းနှင့် သေတ္တတချို့ထုတ်လိုက်သည်။ သေတ္တာထဲတွင် ရတနာများရှိနေသည်။ ထိုသေတ္တာများထဲတွင် မည်သည့်အရာများရှိနေသည် ကို အသည်းကွဲတောင်ကြားမှ လူများမမြင်နိုင်ပေ။

ရှီမာယူယူသည် လက်ခံလိုက်ကာ ပြောလိုက်သည် “ကျွန်မကို ပြောလိုက်ရင် လာယူမှာပေါ့ ဘာလို့ကိုယ်တိုင်လာပေးနေတာလဲ”

“မင်းကိုလည်း တွေ့ချင်လို့လာခဲ့လိုက်တာ” လျူဟိုင် ပြောလိုက်သည် “ဒီတစ်ခေါက်က မင်းကြောင့်သာမဟုတ်ရင် ကျုပ်တို့ ဒုက္ခရောက်ပြီလေ”

“ကျွန်မကလည်း ကမ္ဘာဦးနယ်မြေကလူပဲလေ ဒီအခြေအနေမှာ ကူညီ သင့်တာပေါ့ ပြီးတော့ ကျွန်မဆုရသေးတယ်လေ” ရှီမာယူယူသည် သူတို့ကို ထိုင်ခိုင်းလိုက်သည်။ သူမသည် လက်ဖက်ခြောက်နှင့် ရေထုတ်ပြီး သူတို့ကို ဧည့်ခံရန် လက်ဖက်ရည်တည်လိုက်သည်။

ဝူလင်းယူနှင့် ရှီမန်ဖန်ကိုပါထည့်တွက်ပြီး သူမသည် ခွက်ငါးခွက်ထုတ် ပြီး တစ်ယောက်စီအတွက် တစ်ခွက်စီငှဲ့ထည့်ပေးလိုက်သည်။

ဝူလင်းယူနှင့် ရှီမန်ဖန်တို့သည် သူမ ကျိုသည့် လက်ဖက်ရည်ကို သောက်နေကျဖြစ်၍ အထူးအဆန်းမဟုတ်တော့ပေ။ သို့သော် လျူဟိုင်နှင့် ထန်းယွင်တို့အတွက် ပထမဆုံးအကြိမ်ဖြစ်သဖြင့် ထိုအနံ့ကပင် ပျော်ရွှင်စေ သည်။

“မင်းရဲ့ လက်ဖက်ရည်က တခြားနေရာတွေနဲ့မတူဘူး ဒီလက်ဖက် ခြောက်ကပိုပြီး နူးညံ့တဲ့အရသာရှိတယ်” ထန်းယွင် ပြောလိုက်သည်။

သူမ၏ လက်ဖက်ရည်သည် တခြားနေရာများနှင့် ဘယ်လိုလုပ်တူမလဲ ဟု ရှီမာယူယူ တွေးနေမိသည်။ ထိုလက်ဖက်ခြောက်သည် ဝိညာဉ်စေတီမှ ထုတ်ကုန်ဖြစ်သည်။ သာမန်လက်ဖက်ရည်တွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မလဲ။

သူမ ရယ်မောလိုက်သည်။ သူ သောက်ပြီးချိန်တွင် သူမ နောက်တစ် ခွက်ငှဲ့ထည့်ပေးလိုက်သည်။

“ဒီလက်ဖက်ရည်က တကယ်ပဲအပြင်က လက်ဖက်ရည်တွေထက် အရသာရှိတယ်” လျူဟိုင် ချီးကျူးလေသည်။

“ဒါက ယူယူမတော်တဆရထားတာပါ တကယ်လို့ ဒုဥက္ကဌနဲ့ စံအိမ်တော်ခွဲသခင်တို့ကြိုက်ရင် ယူယူ နှစ်အိုးစာလောက်ပေးလိုက်ပါမယ် အထင်မသေးဖို့ မျှော်လင့်ပါတယ်” ရှီမာယူယူသည် ရယ်မောရင်းနှင့် လက်ဖက်ခြောက် နှစ်အိုးစာလောက် ထုတ်ပေးလိုက်သည်။

***

All Chapters