သာမန်နည်းပညာစက်ရုံ
Vol. 34 Ch. 496
ရှောင်ပန် နှင့် ရှောင်အန်း တို့သည် လင်းဖန် ၏စကားကိုကြားပြီးနောက် သူတို့၏လှပသောမျက်နှာများသည်ချက်ချင်းပျော်ရွှင်သွားတော့သည်။
လင်းဖန်က သူ့မတို့ကိုချီးကျူးတာလား။
ရှောင်ပန်နှင့် ရှောင်အန်းတို့၏ ပျော်ရွှင်သောအသွင်အပြင်ကို မြင်လိုက်ရတော့ လင်းချင်ကျူက သူမခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်သည် ။
စိတ်ထဲတွင်’’- သူမတို့ကိုလုံးဝမကယ်နိုင်တော့ဘူး’’ဟူ၍ပြောနေတော့သည်။
ပြီးတာနဲ့ ချက်ချင်းပဲလင်းချင်ကျူသည်လင်းဖန်ဘတ်စကက်ဘောကို ခြင်းတောင်းထဲသို့ ပစ်ချသည့်မြင်ကွင်းကနုပြန်မြင်ယောင်မိလိုက်သည်။
ထို့နောက် လင်းဖန်သူမစိုက်ကြည့်နေလိုက်သည်။
ခဏအကြာတွင်လင်းချင်ကျူသည် သူမခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်ပြီး သူမသည်သူမတွက်နေသည့် အကြောင်းအရာကို ပြန်လည်အာရုံစိုက်လိုက်သည်။
စာအုပ်ကို မြန်မြန်ဖတ်ပါ၊ အဖြေအချို့ကိုဖတ်ပါ။
နင်းကျန်းကျန်းနှင့်တစ်ခြားသူတို့သည်လဲတတိယမေးခွန်းကိုဖြေရန်သာအာရုံစိုက်လိုက်သေည်။
အရင်တုန်းကတတိယမေးခွန်းကမုဖြေနိုင်သူမရှိသေးတာကြောင့်သူတို့သည်စာကိုသေချာမလုပ်ကြပေ။သို့သော်ယခုတွင်တော့တတိယမေးခွန်းကိုဖြေနိုင်သူရှိလာသောကြောင့်သူတို့၏တတိယမေးခွန်းကိုအမြန်ဖြေရန်စိတ်လောသွားကြတော့သည်။
...
လင်းဖန်သည် ဟော့ကျောက်ဝူ ကို တစ်ချက်ကြည့်လိုက်ပြီး “ငါ့အတွက် စာအုပ်တချို့ သွားရှာပေးပါ” လို့ပြောလိုက်သည်။
“ကောင်းပြီ ပါမောက္ခလင်း” ဟော့ကျောက်ဝူ က တိုက်ရိုက်တုံ့ပြန်သည်။
လွန်ခဲ့သည့် နှစ်ရက်က သူသည် အိပ်ဆောင်တွင် ဂိမ်းခမောက်ကြီးပဲ ကစားခဲ့သည်။
ယခုအချိန်မှာတော့ နည်းနည်းလေး လမ်းလျှောက်ဖို့ လိုအပ်နေပြီဖြစ်သည်။
သိပ််မကြာလိုက်ပေ...
စာမျက်နှာရာနှင့်ချီရှိသော “ပလတ်ရှာမာ”, “ဖေစစ်ကယ်’’, ‘’မောရဲ၏လက်စွဲစာအုပ်”, “”တန်မိုရှယ်လီ, “ကွန်ထရို ပေါင်းစပ်။”တို့သည်လင်းဖန်ရှေ့သို့ရောက်လာလေသည်။
ထိုအခါလင်းဖန်သည်မဆိုင်းမတွဘဲ စာမျက်နှာများကို အမြန်လှန်လိုက်တော့သည်။
ရုံးခန်းထဲတွင်စာရွက်လှန်သံများနှင့်ပြည့်သွားတော့သည်။
တစ်နှစ်သုံး...
မကြာခင်မှာပင် လင်းဖန်သည် စာအုပ်ငါးအုပ်လုံးကိုဖတ်ပြီးသွားလေသည် ။
ထို့နောက် လင်းဖန် သည် စနစ်မစ်ရှင်ကိုကြည့်လိုက်လေသည်။
【ဒင်း! မစ်ရှင်- ဧက10,000 ကျော်ရှိသော နျူကလိယပေါင်းစပ်စက်ရုံကိုတည်ဆောက်ပါ(0/1)၊ တိုတာမက်စက်တစ်ခုပိုင်ဆိုင်အောင်လုပ်ပါ၊(0/1)”ပလတ်ရှာမာ”, “ဖေစစ်ကယ်’’မောရဲ၏လက်စွဲစာအုပ်”, “တန်မိုရှယ်လီ”, “ကွန်ထရို ပေါင်းစပ်။(5/5)”တို့ကိုဖတ်ပါ။ဆုလတ်-နျူကလီးယား ပေါင်းစပ်ကိရိယာ၏ ဗားရှင်းအပြည့်အစုံအပြင် အခြေခံမူများနှင့် ဒီဇိုင်းပုံဆွဲခြင်း၊ ရူပဗေဒအဆင့် +1 နှင့် ပလက်တီနမ်အနီရောင် စာအိတ် 1 ကို ဆုချမည်ဖြစ်သည်။ 】
ဒါကိုကြည့်ရင်း..
လင်းဖန်သည် အနည်းငယ်ပြုံးလိုက်သည်။
...
မျက်စိတစ်မှိတ်အတွင်းမှာပင် မွန်းတည့်ချိန်သို့ရောက်လောလေသည်။
လင်းဖန်သည် နေ့လည်စာ ပြီးသွားသောအခါ သူ့ဖုန်းသည်အနည်းငယ် တုန်ခါသွားသည်။
12:00 ။
အနီရောင်စာအိတ်တွေ ပေါ်လာလေသည်။
“ဒင်း ဂုဏ်ယူပါတယ် မင်း 1 ယွမ်ရသည်။”
“ဒင်း ဂုဏ်ယူပါတယ် မင်း 19999 ယွမ်ကို ရရှိသည်”
...
“ဒင်း ဂုဏ်ယူပါတယ် မင်း 88 ယွမ် ရရှိသည်။”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ရှန်းရှန်း ရဲ့ ရှယ်ယာ 5% ကို ရသည်။”
လင်းဖန် သည် ယနေ့စာအိတ်အနီဖွင့်ရာတွင် စုစုပေါင်း ယွမ်ငွေ 47,899 ရရှိခဲ့သည်။
လင်းဖန်သည် ဤငွေကို သဘာဝအတိုင်းဂရုမစိုက်ပေ။
သူသည် ရှန်းရှန်း၏ ရှယ်ယာ5% ကိုသာ တိုက်ရိုက်အာရုံစိုက်ခဲ့သည်။
ရှန်းရှန်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဆိုရှယ်ဆော့ဖ်ဝဲဖြစ်သည်။
စျေးကွက်တန်ဖိုးသည် တရုတ်၏ ပန်ကူဂရုနှင့် အဲဂရု တို့ထက်ပင် ယွမ် ၇ ထရီလီယံနီးပါးပိုများသည်။
အစုရှယ်ယာ၏ ၅ ရာခိုင်နှုန်းသည် ယွမ်ဘီလီယံ ၃၅၀ ခန့်ရှိသည်။
လင်းဖန်အတွက်၊ ငွေသည် ကိန်းဂဏန်းများသာဖြစ်သည်။
သို့သော်လည်း ရရှိသောဆုလတ်ကိုမြင်သောအခါသူအနည်းငယ်ပျော်သွားလေသည်။
အဘယ်ကြောင့်ဆိုသော်၊အရင်ရက်တုန်းကလက်မှတ်ထိုးဝင်တာဖြစ်ဖြစ်၊စာအိတ်နီဖွင့်တာဖြစ်ဖြစ်အကုန်လုံးကအသုံးမဝင်ပိုက်ဆံကြီးသာရခဲ့သည်။
ယခု၊ နောက်ဆုံးတွင်တော့ကွဲပြားသောအရာတစ်ခုကိုရရှိသွားလေသည်။
ဒါကသူ့ကိုကံကောင်းခြင်းတွေမကြာမီရောက်ရှိလာမည်ဟုသတိပေးနေသလားအောင်းမေ့ရသည်ယာ
“ကလင် ကလင် ကလင်”
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် ကျယ်လောင်စွာအသံမြည်လာသည်။
သိပ္ပံအကယ်ဒမီ၏ ဒါရိုက်တာ ဖန်ရှင်း မှ ခေါ်ဆိုတာပင်ဖြစ်သည် ။
“ပါမောက္ခလင်း၊ ကောင်းသောနေ့လယ်ခင်းလေးပါ။” ဖန်ရှင်း က ပြောလိုက်သည်။
ရှန်းရှန်း၏ရှယ်ယာ 5% ကိုယခုရရှိခဲ့သော လင်းဖန်သည်ပျော်နေလေသည်။
ထိုကြောင့်လင်းဖန်သည်လဲ”မင်္ဂလာပါ ဒါရိုက်တာ ဖန်’’ဟုပြန်နှုတ်ဆက်လိုက်သည်။
ဖန်ရှင်းသည်လည်းလင်းဖန်သည် ကေ့်ဝိုက်ပြောခြင်းကိုမကြိုက်ကြောင်း သိသောကြောင့် “ပါမောက္ခ လင်း၊ ငါ မြို့တော်ကနေပြန်ရောက်ပါပြီ၊ မနေ့က မင်းပြောခဲ့တဲ့ အကြောင်းကိုပြောချင်လို့ပါ။မင်း အခု ဘယ်မှာလဲ”
လင်းဖန်နှင့် သူဆွေးနွေးသောအကြောက်းအရာများတွင်နျူကလိယားအကြောင်းပါဝင်သည်။
နူကလီးယားပါသည့် မည်သည့်အရာမဆို လျှို့ဝှက်ထားပြီး အခြားသူများကို ခိုးယူရန် အခွင့်အရေးကို လုံးဝမပေးနိုင်ပေ။
လင်းဖန်သည် ဖန်ရှင်း၏ အတွေးများကို နားလည်သည်။
သို့သော် သူသည် ဤလောကတွင် သူ့ခေါ်ဆိုမှုကို အခြားမည်သူကမှခိုးယူနိုင်မည်မဟုတ်ဟုသူယုံကြည်သည်။
ဘာကြောင့်လဲဆိုတော့ သူ့မှာ စူပါစမတ်နာရီတစ်လုံးရှိလို့ပင်ဖြစ်သည်။
သို့သော်လည်း လင်းဖန်က “ဒါဆို မင်းကျန့်ပေ့တက္ကသိုလ်ကိုလာခဲ့လေငါအဲ့မှာရှိတယ်”
“ကောင်းပြီ။” ဖန်ရှင်းက ပြောသည်။
သိပ်မကြာခင်မှာပဲဖန်ရှင်းသည်ရုံးခန်းတံခါးဝသမု့ရောက်လာလေသည်။
သူက ဟော့ကျောက်ဝူနှင့်တစ်ခြားလူများစာလေ့လာနေသည်ကိုကြည့်ပြီး “ပရော်ဖက်ဆာ လင်း၊ အစည်းအဝေးခန်းထဲမှာ စကားပြောရအောင်” ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။
လင်းဖန်က ခေါင်းညိတ်လိုက်သည်။
နှစ်ယောက်သား အစည်းအဝေးရောက်တော့...
ဖန်ရှင်းက “မင်းရဲ့တောင်းဆိုချက်ကို မြို့တော်ကလူတွေက သဘောတူလိုက်ပါတယ်။ဒါ့အပြင်ထိန်းချုပ်နိုင်တဲ့ နျူကလီးယား ပေါင်းစပ်မှု၊ စက်ကိရိယာတွေ၊ မြေယာခွင့်ပြုချက်၊ ချေးငွေ လုပ်တာတွေ၊စက်ရုံတည်ဆောက်မှုတို့ကိုအကောင်းဆုံးပံ့ပိုးကူညီသွားမှာပါ”
လင်းဖန် က ကျေနပ်အားရစွာနဲ့ “စက်ကိရိယာ၊ မြေယာခွင့်ပြုချက်... ဒါတွေအားလုံးကို ပုံမှန်အတိုင်း ငွေသားနဲ့ပေးချေမှာဖြစ်ပြီး ချေးငွေမလိုပါဘူး... ဒါကငွေနည်းနည်းလေ”
ဖန်ရှင်းက သူ့ပါးစပ်ကို ဖွင့်လိုက်သည်။
ထိန်းချုပ်နိုင်သော နျူကလီးယား ပေါင်းစပ်စက်ရုံ တည်ဆောက်ခြင်းသည် ဘီလီယံနှင့်ချီ၍ ကုန်ကျမည်ဟု သူပြောလိုက်ချင်သည်။
ပြီးတော့သူတည်ဆောက်ချင်သည့်အရာမှာ အနည်းဆုံး ဘီလီယံဆယ်ဂဏန်းတန်သော ဧရိယာ 10,000 mu ရှိကြီးမားသော နျူကလီးယား ပေါင်းစပ်စက်ရုံဖြစ်သည်။
ဒါ... ဒါကပိုက်ဆံနည်းနည်းလား?
သို့သော် မကြာမီတွင်၊ ဖန်ရှင်း သည် အင်ဆူလင်ပြန်လည်ထူထောက်ဆေး၊စူပါဘက်ထရီနှင့်တစ်ခြားသောလင်းဖန်တီထွင်ထားသည်များကိုတွေးလိုက်မိသည်။
ဒါတွေက လင်းဖန်းကို အလွန်များပြားတဲ့စည်းစိမ်ဥစ္စာကို ယူဆောင်လာပုံပဲဟုတွေ့လိုက်သည်။
ဘီလီယံပေါင်းများစွာ... လင်းဖန်အတွက်၊ ဒါက တကယ်တော့ ဘာမှမဟုတ်ပေ။။
ဒီတော့ ဖန်ရှင်းက “ဟုတ်ပါတယ်”
တကယ်တော့ ဖန်ရှင်းတွေးတာ တစ်ဝက်ပဲ မှန်လေသည်။
မကြာသေးမီက အဲဂရု၊ပန်ကူဂရု... အားလုံးသည် လင်းဖန်ကို ငွေကြေးအမြောက်အမြားပေးခဲ့သည်။
ယနေ့ လင်းဖန် ၏ ပိုင်ဆိုင်မှုသည် ထရီလီလျံ 100 နီးပါးရှိသည်။
ဒါက အရမ်းကြောက်စရာကောင်းတဲ့ နံပါတ်တစ်ခု ပင်ဖြစ်သည်။
ခေတ္တနားပြီးနောက် ဖန်ရှင်း က “ပါမောက္ခ လင်း၊မင်းမှာ နေရာရွေးချယ်မှုအတွက် လိုအပ်ချက်တွေရှိလား။”
“မြေနေရာကကြီးရမယ်။ ကျန်ပေ့ တက္ကသိုလ်နဲ့ သိပ်မဝေးတာကတေည့အကောင်းဆုံးပဲ။” လင်းဖန်က ပြောသည်။
နောက်ဆုံးတွင်သူသည်ကျန်ပေ့ တက္ကသိုလ်မှာ ပါမောက္ခအဖြစ် ရှိနေဆဲပင်ဖြစ်သည်။
ဝေးလွန်းရင် ဒုက္ခရောက်လေသည်။
ဖန်ရှင်းက ရှင်းရှင်းလင်းလင်း ခေါင်းညိတ်ပြပြီး “ဒီစက်ရုံကို နာမည်ဘယ်လိုပေးမလဲ” လို့မေးလိုက်သည်။
နာမည်လား?
လင်းဖန်သည် ထိုကိစ္စကို အမှန်တကယ် မတွေးခဲ့မိပေ။
သူက “ဒါကို သာမန်နည်းပညာသာလို့ ခေါ်ရအောင်” လို့ မပြောခင် ခဏလောက် တွေးလိုက်သည်။
“သာမန်နည်းပညာ?” ဖန်ရှင်း က”ကောင်းပြီ” ဟုပြောသည်။
အနာဂတ်တွင်ကမ္ဘာတစ်ဝှမ်းလုံးမသိသူမသိရှိတဲ့ သာမာန်နည်းပညာကုမ္ပဏီတစ်ခုသည် စကားလုံးအနည်းငယ်ဖြင့် မွေးဖွားလာလေသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး