ဆုရခြင်း
Vol. 34 Ch. 497
ဖန်ရှင်းအလုပ်လုပ်တာတစ််ကယ်မြန်တယ်လို့ပြောရမည်ဖြစ်သည်။
နောက်တစ်နေ့တွင် လင်းဖန်သည် ဖန်ရှင်းထံမှ ဖုန်းလက်ခံရရှိပြီး သူ့အတွက် ကုမ္ပဏီကို မှတ်ပုံတင်ထားကြောင်း ပြောကြားခဲ့သည်။
ထို့အပြင်၊ လိုအပ်ချက်များနှင့်ကိုက်ညီသောမြေများစွာကိုရှာဖွေရန်လည်းကူညီပေးခဲ့ပြီးသူရွေးချယ်ထားသောမြေနေရာကိုလဲသူ့ကိုသွားကြည့်စေချင်သည်။
လင်းဖန်က ရှောင်ပန်၊ရှောင်အန်းနှင့်ဟော့ကျောက်ဝူတို့ကိုသက်ဆိုင်မေးခွန်းများပေးကာမသိတာရှိရင် သူပြန်လာတဲ့အထိစောင့်ဖို့ပြောထားခဲ့သည်။
ထို့နောက် သူသည် Cullinan(ကား)ကို မောင်းနှင်ပြီး ဖန်ရီင်းပြောသည့်နေရာဆီသို့ တည့်တည့် မောင်းသွားခဲ့သည်။
မိနစ် 20 လောက်ကြာတော့ လင်းဖန်သည်သူ့လိုရာပန်းတိုင်ကို ရောက်သွားလေသည်။
သူရောက်ရှိသောနေရာတွင်ပျက်စီးယိုယွင်းနေသော စက်ရုံဟောင်းအနည်းငယ်ရှိပြီး တောင်ကုန်းအနည်းငယ်နှင့်အတူရေကန်ငယ်အချို့လဲရှိလေသည်။ယင်းနေရာကိုကြည့်လျှင်လုံးဝတိတ်ဆိတ်ညိမ်သက်ပြီးလူသူလုံးဝမရှိပေ။
သို့သော် ယင်းနေရာတွင် စီးပွားရေးလုပ်မည်မဟုတ်ပဲ ထိန်းချုပ်နိုင်သော နျူကလီးယားဓာတ်ပေါင်းစက်ရုံ တည်ဆောက်ရန်ဖြစ်တာကြောင့်ဒီနေရာသည်အလွန်သင့်တော်လေသည်။
ဖန်ရှင်းက “ဒါက ကျန့်ပေ့တက္ကသိုလ်နဲ့ အနီးဆုံးနေရာပဲနောက်တစ်နေရာကတော့...”
သို့သော် သူစကားမဆုံးခင် လင်းဖန်က “ဒါပဲယူတော့မယ်’’ ဟု တိုက်ရိုက်ပြောလိုက်သည်။
ပထမအချက်၊ ဤနေရာသည် တောင်များ၊ ရေကန်နှင့် သာယာသောလေများရှိခြင်းကြောင့်ဖြစ်သည်။
နောက်တစ်ချက်ကတော့ ကျန်ပေ့ တက္ကသိုလ်နဲ့ အနီးစပ်ဆုံးရှိလို့ပင်ဖြစ်သည်။
ဒီမှာမရွေးရင် တခြားဘယ်ကို ရွေးရမလဲ။
ဖန်ရှင်းသည် လင်းဖန်ကထိုသို့သော ရွေးချယ်မှုမျိုး ပြုလုပ်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
သိရန်…
ထိန်းချုပ်နိုင်သော နျူကလီးယား ပေါင်းစပ်စက်ရုံတစ်ခု တည်ဆောက်ရန် ဘီလီယံဆယ်နှင့်ချီ၍ သုံးစွဲရန်လိုသည်။
ဆုံးဖြတ်ချက်ချဖို့ ကမုမိနစ်ပိုင်းပဲကြာတာလား။
ခဏအကြာတွင် ဖန်ရှင်းက “ကောင်းပြီ...ကောင်းပြီ”
ဒီအချိန်မှာ တစ်၊ နှစ်၊ သုံး...
SUV ကားများစွာသည် အဝေးမှ ဖြတ်မောင်းလာပြီးအဖြူရောင်ဦးထုပ်၊ဆောက်လုပ်ရေးအင်္ကျီဝတ်ထားသောအမျိုးသားအများအပြားဆင်းလာလေသည်။
ဖန်ရှင်းသည် ရှေ့ဆုံးတွင် လမ်းလျှောက်နေသော အသက် 50 ခန့်ရှိ လူလတ်ပိုင်းကို လက်ညှိုးထိုးပြကာ “ပါမောက္ခ လင်း၊ ဒါက ဟွာရှဆောက်လုပ်ရေးအင်ဂျင်နီယာချုပ်ဒိုင်လန့်ပါ။ ဒီဇိုင်းနဲ့ လိုအပ်ချက်တွေအကြောင်း သူ့ကို တိုက်ရိုက်ပြောပြနိုင်ပါတယ်။”
လင်းဖန်က “မင်္ဂလာပါ မစ္စတာဒိုင်။”
ဒိုင်လန့်ကလင်းဖန် သည် ငယ်ရွယ်သော ကြောင့် အနည်းငယ် မလေးမစားမပြုမူရဲချေ။
ဆန့်ကျင်ဘက်အနေနှင့် သူ့သည်အလွန်စိတ်လှုပ်ရှားပြီး လင်းဖန်ကိုအလွန်လေးစားသောပုံစံဖြက့်ကြည့်နေလေသည်။
သိရန်…
လင်းဖန် သည် သိပ္ပံသုတေသနနှင့် ပညာရပ်နယ်ပယ်များတွင် လူသိများသော စူပါပါရမီရှင်တစ်ဦးဖြစ်သည်။
ဒါကြောင့်ဒိုင်လက်က လင်းဖန်ကို သူ့ရဲ့စံပြတစ်ယောက်အဖြစ် အမြဲမှတ်ယူထားလေသည်။
သူသည် လက်များကို အလျင်အမြန် ဆန့်ထုတ်ကာ လင်းဖန်၏ ညာဖက်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ “မင်္ဂလာပါ ပါမောက္ခလင်း!”ဟုနှုတ်ဆက်လိုက်သည်။
“ပရော်ဖက်ဆာ လင်း၊ မင်းငါ့ကို စက်ရုံအတွကိလိုချင်တာတွေ အကုန်ပြောပြလို့ရတယ်။”
လင်းဖန်က ခေါင်းညိတ်ပြီး “ပထမအချက်က ကျယ်ရမယ်။ ဧရိယာက ဧက၁၀၀၀၀ ကျော်ရမယ်!”
“ဒုတိယအနေနဲ့၊ အရှိန်က မြန်ရမယ်။ အလုပ်သမားတွေ များများငှားပြီး ဆောက်လုပ်ရေးယာဉ်တွေနဲ့ တခြားပစ္စည်းတွေကို များများသုံးနိုင်တယ်၊ ပိုက်ဆံအတွက် စိတ်မပူပါနဲ့။ အရင်ဆုံးမင်းကိုယွမ် 20 ဘီလီယံ ပေးထားမယ်။ဆောက်တာအရှိန်ဘယ်လောက်မြန်လဲဆိုတာငါကြည့်မယ် !”
မစ်ရှင်တစ်ခုကိုသုံးနှစ်မှ ငါးနှစ်ကြာသည်ထိမပြီးမြောက်ပါက ဒါက အဓိပ္ပါယ်လုံးဝမရှိသောကိစ္စဖြစ်သွားလေသည်။
“တတိယအချက်ကတော့ စက်ရုံအရည်အသွေးပဲ၊ အထူးသဖြင့် ဘေးကင်းမှုကိုတော့သေချာမှုရှိစေရမယ်။”
ဒိုင်လန့် သည် စစ်သားတစ်ယောက်လို မတ်မတ်ရပ်လိုက်ပြီး “ပါမောက္ခ လင်းစိတ်မပူပါနဲ့!”ဟုပြောလိုက်လေသည်။
...
လင်းဖန်နှင့် ဒိုင်လန့်တို့သည် သီးခြားအသေးစိတ်အချက်အလက်များကို ထပ်မံဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကျန်အေ်တက္ကသိုလ်သို့ ပြန်လာခဲ့သည်။
ထိုအချိန်တွင် စင်္ကြံအပြင်ဘက်ကနေခြေသံများ ထွက်ပေါ်လာသည်။
သင်္ချာဌာနမှူး ဟေးချမ်သည် ရုံးခန်းထဲကိုအလျင်အမြန် ပြေးဝင်လာခဲ့သည်။သူသည်ပြေးဝင်လာခဲ့သောကြောင့်နဖူးထက်တွက်ချွေးများရွဲနေလေသည်။
လင်းဖန် က “ဟေးချမ် ဘာတွေအမြန်လိုလာနာလား။ထိုင်ပြီး အနားယူလိုက်အုံး”
ဟေးချမ်က အသက်ကြီးနေပြီဖြစ်သည်။
အသက်ရှူမဝရင် ဒုက္ခဖြစ်လိမ့်မည်ဖြစ်သည်။
ဟေးချမ်က လင်းဖန်ပြောတာကိုဂရုမစိုက်ဘဲ စိတ်လှုပ်ရှားစွာနဲ့ “ပါမောက္ခလင်း အင်တာနစ်ရှင်နယ်သင်္ချာစင်တာ က အခုပဲ ဖုန်းဆက်တယ်။မင်းသင်္ချာနိုဘယ်ဆုရကိုဘာနီမှာသွားယူရမယ်တဲ့”
ထိုစကားများထွက်လာသည်နှင့်တပြိုင်နက် ရှောင်ပန်၊ရှေညင်အန်းနှင့်တစ်ခြားလူများသည်သူတို့၏ခေါင်းကို မော့ပြိးအားလုံးက လင်းဖန်ကို စူးစိုက်ကြည့်နေကြသည်။
လင်းဖန်သည်ဇောင်၏ထင်မြင်ယူဆချက်ကို ဖြေရှင်းပြီး၊အမွှအနှစ်သာရ.......တို့ကိုဖြေရှင်းလိုက်သောအခါလင်းဖန်သည် သင်္ချာနိုဘယ်ဆုကို သေချာပေါက် ဆွတ်ခူးနိုင်မယ်ဆိုတာ သူတို့သိလေသည်။
သို့သော်လည်း ယခုအချိန်တွင် သတင်းကို အမှန်တကယ်ရရှိပြီးနောက် ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုများ သူတို့၏မျက်နှာများပေါ်တွင်ပေါ်လာသည်။
သိရန်…
၎င်းသည် သင်္ချာဆိုင်ရာ နိုဘယ်ဆုဟု လူသိများသော သင်္ချာနိုဘယ်ဆုပင်ဖြစ်သည်။
သင်္ချာနယ်ပယ်တွင် အမြင့်ဆုံးဆု။
သူတို့၏ စိတ်လှုပ်ရှားမှုနှင့် ယှဉ်လျှင် လင်းဖန်၏ပုံစံကတော့မထူးခြားနားပဲရှိနေလေသည်။
သူသည်လီချမ်လက်ဖက်ရည်ကိုသောက်ပြီး တည်ငြိမ်တဲ့ပုံစံနဲ့ပြောလိုက်သည်။ “ကောင်းပြီ ဒါဆိုလဲသင်္ချာနိုဘယ်ဆုကိုယူဖို့အတွက်ဘာနီ ကိုသွားလိုက်မယ်”
လင်းဖန်သည်ဒီသင်္ချာနိုဘယ်ဆုကိုသွားယူချင်နေတာမဟုတ်ပေ။သို့သော်လည်းပထမအချက်ကစနစ်၏မစ်ရှင်ကြောင့်ဖြစ်သည်။ဒုတိယတစ်ချက်ကတော့က ဘာနီတွင် ထိန်းချုပ်နိုင်သော နျူကလီးယား ပေါင်းစပ်မစ်ရှင်အတွက် လိုအပ်သည့် ကိရိယာဖြစ်သည့် တိုတာမက် ကိရိယာရှိခြင်းကြောင့်ဖြစ်သည်။
အလုပ်နှစ်ခုပြီးမြောက်နိုင်သော ပရောဂျက်တစ်ခုဖြစ်သည့် ဘာနီကိုသွားရတာတန်လေသည်။
ဟေးချမ် “သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း ငါသွားပြီးတော့ မင်းအတွက် လက်မှတ်ကို အခုချက်ချင်း ပြင်ဆင်လိုက်မယ်”
လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “မင်း လေယာဉ်လက်မှတ် ဖြတ်ပေးစရာ မလိုဘူး၊ ငါ တစ်ယောက်တည်း လုပ်နိုင်တယ်”
ဟေးချမ်က “ကောင်းပြီ။”
ထို့နောက် အပြင်သို့ အလျင်အမြန် ပြေးသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင် ကျန်ပေ့တက္ကသိုလ်တွင် သင်္ချာနိုဘယ်ဆုရရှိခဲ့ကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ဖို့ကရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သောကြောင့်ဖြစ်သည်။
တရုတ်နိုင်ငံတစ်ဝှမ်းလုံးမှာတောင်မှသင်္ချာနိုဘယ်ဆုရှင်တစ်ယောက်မှမရှိပေ။
ဟေးချမ်ထွက်သွားပြီးနောက် ရှောင်ပန်၊ရှောင်အန်းနှင့်တစ်ခြားသူများက စိတ်လှုပ်ရှားစွာဖြင့် “ပါမောက္ခ လင်း ဂုဏ်ပြုပါတယ်!”
လင်းဖန် က “ဒါက ဆုတစ်ခုပါပဲ။မင်းတနု့ကြိုးစားရင် နောင်မှာ ဒီလိုဆုကိုရနိုင်ပါတယ်”
နင်းကျန်းကျန်း နှင့် အခြားသူတို့သည် ခေါင်းကိုငုံ့ထားလိုက်တော့သည်။
အနာဂတ်မှာ ငါတို့ကိုယ်တိုင် ရနိုင်မှာလား။
သူတို့သည်သူတို့ကိုယ်သူတို့ ဘယ်သောအခါမှညံ့တယ်လို့မယူဆပေ။
သို့သော် သူတို့သည် တစ်နေ့တွင် သင်္ချာနိုဘယ်ဆုကို ဆွတ်ခူးနိုင်မည်ဟု မထင်ပေ။
ဟော့ကျောက်ဝူ က ပြုံးပြီး “ပရော်ဖက်ဆာလင်း၊ သင်္ချာနိုဘယ်ဆုပွဲကိုကြည့်ချင်လို့ခေါ်သွားပေးလို့ရမလား၊အဲ့အခါကျငါတို့ဒါကြောင့်သင်္ချာနိုဘယ်ဆု ကိုရယူဖို့အတွက် ပိုပြီး စိတ်အားထက်သန်လာလိမ့်မယ်”
နင်းကျန်းကျန်းနှင့်တစ်ခြားသူများသည်သူတို့၏မျက်နှာကိုတစ်ခြားတစ်ဖက်သို့လဲ့လိုက်လေသည်။
သင်္ချာနိုဘယ်ဆုကိုရယူဖို့ ပိုပြီးစိတ်အားထက်သန်အောင်လား။
ဒါကလှုံ့ဆော်မှုရှိရုံနဲ့ရရှိနိုင်သော အရာတစ်ခုလား။
သို့သော် သူတို့၏ မျက်နှာများတွင်
အခမ်းအနားအား ကြည့်ရှုရန် အလွန်စိတ်ဝင်စားနေကြကြောင်းထင်းရှားနေလေသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး