ရှောင်ဟုန် ဆေးလာပြခြင်း
Vol. 88 Ch. 1221
လက်ဖက်ရည်နှစ်အိုးစာကိုကြည့်ပြီး လျူဟိုင်နှင့် ထန်းယွမ်တို့ နှစ်ယောက်လုံး မျက်လုံးများ အရောင်တောက်လာကြသည်။
ဝိုင်သောက်ရသည်ကို နှစ်သက်သော တခြားသူများနှင့် မတူညီစွာပင် တချို့မှာ လက်ဖက်ရည်ကြိုက်နှစ်သက်ကြသည်။ လျူဟိုင်နှင့် ထန်းယွမ်တို့ သည် ထိုကဲ့သို့ လူအမျိုးအစားပင်ဖြစ်သည်။
သူတို့ ရှီမာယူယူ၏ လက်ဖက်ရည်ကိုသောက်လိုက်သည်နှင့် မတူကွဲပြားသည်ကို သိလိုက်သည်။ သူမ လက်ဖက်ခြောက်ကို မည်သို့လုပ် စေကာမူ ထိုလက်ဖက်ခြောက်သည် တန်ရာတန်ကြေးအများအပြားပေးလျှင် တောင် ဝယ်မရနိုင်ပေ။
ရှီမာယူယူ တစ်ယောက်ကို တစ်အိုးစာပေးသည်ကို မြင်သောအခါ နှစ်ယောက်လုံးသည် ဝမ်းပန်းတသာလက်ခံလေသည်။
“ယူယူ မင်းဘာအစီအစဉ်ရှိလဲ” လျူဟိုင် မေးလေသည် “မင်းက တခြားတိုင်းပြည်ကို နိုင်သွားပြီ ပြီးတော့ ထာဝရရှင်သန်သူနယ်မြေလည်း မကြာခင်ပွင့်တော့မယ်”
“မသိသေးပါဘူး” ရှီမာယူယူ ပြန်ဖြေလေသည် “ကျွန်မ အုပ်စုဖွဲ့ပြီးပဲ သွားဖြစ်မယ် တကယ်လို့အခွင့်အရေးရှာတွေ့ရင်တွေ့မယ် မဟုတ်ရင် လုရမဲ့ အခွင့်ရေးရရင် ရလာမယ်”
လုယက်မည်ဟု ပြောင်ပြောင်းတင်းတင်းပြောသူသည် သူမ တစ် ယောက်တည်းဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် တစ်ဖက်တိုင်းပြည်မှ ၎င်းတို့၏ နည်းလမ်းကိုပြောင်းလိုက်ခြင်း ၏ တစ်စိတ်တစ်ပိုင်းမှာ သူမသည် ၎င်းတို့ကို ပြန်ပြီးလုယက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
သူတို့ ခဏကြာအောင် လက်ဖက်ရည်သောက်ပြီးနောက်တွင် ထန်းယွမ်နှင့် လျူဟိုင်တို့သည် ရှီမာယူယူ၏ လက်ဖက်ရည်ကိုကျေနပ်အားရ စွာဖြင့် ပြန်သွားလေသည်။
ထိုအခိုက်တွင် လက်ဖက်ရည်ဝိုင်းတွင် လူသုံးယောက်သာ ကျန်ခဲ့လေ သည်။ ရှီမာယူယူသည် ပိုမွှေးသောလက်ဖက်ရည်ကို လဲလိုက်ပြီး သူတို့ အတွက် တစ်ခွက်စီကျိုပေးလိုက်သည်။ သူတို့သည် လက်ဖက်ရည်ခွက်ကိုင် ကာ ထိုယာယီနေရာကို ပျော်မွေ့ကြလေသည်။
“ဒါနဲ့ ငါတို့ထွက်သွားတော့ တစ်ဖက်က နင့်ကိုလာပြီးပြဿနာရှာသေး လား” ရှီမာယူယူသည် အသည်းကွဲတောင်ကြားမှလူများ တစ်ဖက်လူကို လုယက်ခဲ့သဖြင့် သူတို့ကို ပြဿနာလာရှာသည်ကို ပြန်တွေးလိုက်သည်။ သူတို့သည် အာဃာတကိုဆုပ်ကိုင်ထားကောင်း ထားနိုင်သည်။
“အဲလူတွေက သူတို့တွေ နင့်အရည်အချင်းကိုမြင်တာရယ် ပြီးတော့ နင် သူတို့ကို ရက်စက်တဲ့နည်းနဲ့ လုယက်ခဲ့တာဆိုတော့ ဘယ်လိုလုပ် လာပြီးရှင်း ရဲမှာလဲ” ရှီမန်ဖန် ရယ်မောလေသည်။
သန်မာပြီး အံ့သြလောက်စရာ တောင်ကြားဒုခေါင်းဆောင်ဆိုမှတော့ ဘယ်သူက သူတို့ကိုရန်လာစရဲမှာလဲ။ ခဏကြာတာနဲ့ အားကောင်းတဲ့ တည်ဆောက်မှုတွေ ဝိညာဉ်သားရဲတွေ ပေါ်လာနိုင်တယ်လေ။
သူတို့ပြိုင်ဘက် ပြိုင်ဘက်ကမသန်မာရင်တော့ ဒီလောက်ဆိုးဆိုးဝါးဝါး ရှုံးမှာမဟုတ်ဘူး။
ထိုအရာကိုနားလည်ထားပြီး ထိုလူများသည် နောက်ဆုံးတွင် ငြိမ်ကျ သွားခဲ့သည်။ သူတို့သည် အသည်းကွဲတောင်ကြားကို ပြဿနာမရှာချင်တော့ ပေ။
ခဏအကြာတွင် ဘိုင်ရှန်းလျှောက်လာသည်။ “တောင်ကြား ဒုခေါင်းဆောင် ရှောင်ဟုန်က ဒုခေါင်းဆောင်ကိုတွေ့ချင်နေပါတယ်”
“ရှောင်ဟုန်က ကျွန်မကိုတွေ့ချင်တယ် ဟုတ်လား” ရှီမာယူယူသည် အနည်းငယ်အံ့သြမိသည်။ ပြိုင်ပွဲမှလွဲပြီး သူတို့သည် အပြန်အလှန် ပတ်သတ် မှုမရှိပေ။ ရှောင်ဟုန်က ဘာလို့ သူမကိုတွေ့ချင်နေရတာလဲ။
“ဟုတ်ပါတယ်” ဘိုင်ရှန်း ဖြေလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ကျွန်မနဲ့ ဘေးချင်းကပ် ပြိုင်လာတဲ့သူပဲလေ သူမကို ဝင်ခိုင်းလိုက်ပါ” ရှီမာယူယူ ပြောလိုက်သည်။
ဘိုင်ရှန်းသည် ခဏအကြာတွင် ရှောင်ဟုန်နှင့်အတူ ပြန်လာလေသည်။
ရှီမာယူယူနှင့် တခြားသူများ လက်ဖက်ရည်သောက်နေသည်ကိုမြင် သောအခါ ရှောင်ဟုန်အနည်းငယ်အံ့သြသွားသည်။
“ယူယူနဲ့ ရှင်တို့အားလုံးမှာ ဒီလိုအားလပ်ချိန်ရှိပြီး တင့်တယ်တဲ့အရသာ ကိုကြိုက်ကြလိမ့်မယ်လို့ ထင်မထားဘူးပဲ လက်ဖက်ရည်သောက်နေကြလို့ လေ” သူမသည် ပြုံးပြီးလျှောက်လာသည်။
သူမ၏ ချစ်စရာကောင်းသော အပြုံးကိုမြင်သောအခါ ရှီမာယူယူသည် သူမကို လက်ယက်ခေါ်လိုက်သည်။ “မင်းအတွက် လက်ဖက်ရည်တစ်ခွက် လုပ်ပေးမယ် လာသောက်လှည့်”
ရှောင်ဟုန်ရောက်လာရာ လတ်လတ်ဆတ်ဆတ်ကျိုထားသည့် လက်ဖက်ရည်အိုးကိုတွေ့လိုက်ရသည်။ သူမ တစ်ကျိုက်သောက်ကြည့် သည်။ “ကျွန်မက နူးညံ့တဲ့သူမဟုတ်တော့ ဒါမျိုးတွေနားမလည်ဘူး ဒါက ကျွန်မကိုတိုက်ရင် လက်ဖက်ရည်ကောင်းတစ်ခွက် အလဟသဖြစ်တော့မယ်”
သူမ နောက်တစ်ကျိုက်သောက်ပြီး ဆက်ပြောလေသည် “ဒါပေမဲ့ မင်း လက်ဖက်ရည်က အရမ်းမွှေးတယ်နော်”
ရှီမာယူယူသည် တစ်ခွက်လုံးကို တစ်ကျိုက်တည်းသောက်ပြီး ဘာမှ မပြောပေ။ သူမ ပွက်ပွက်ဆူနေသော ရေနွေးကရားကိုကောက်ယူပြီး သူမကို ထပ်ထည့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ မေးလိုက်သည်။ “ဘာလို့ ကျွန်မကိုတွေ့ချင်တာလဲ တစ်ခုခုများ လွဲတာရှိလို့လား”
“တကယ်တော့ ဘာမှမဟုတ်ပါဘူး ကျွန်မ မင်းနဲ့စကားပြောချင်လို့ပါ” ရှောင်ဟုန် ပြန်ဖြေလေသည်။ “လာနှောင့်ယှက်မိလို့ အပြစ်မတင်ပါဘူးနော်”
“ဘယ်လိုလုပ်တင်ရမှာလဲ” ရှီမာယူယူ ပြောလိုက်သည်။ “လာတာ ရုတ်တရက်ကြီးဖြစ်နေလို့ပါ အဲတော့ တစ်ခုခုဖြစ်ပြီလို့ထင်သွားတာ”
“တကယ်တော့ ကိစ္စရှိလို့ပါ ကိစ္စတစ်ခုအတွက် ကျွန်မလာခဲ့တာ” ရှောင်ဟုန်သည် ရှက်ရွံ့စွာပြောလေသည်။
“ပြောပါ” ရှီမာယူယူ ပြောလိုက်သည်။
ရှောင်ဟုန်သည် ဝူလင်းယူနှင့် ရှီမန်ဖန်တို့ကိုကြည့်ပြီး ရှက်ရွံ့စွာပြုံး လိုက်သည်။
ရှီမာယူယူ နားလည်လိုက်သည်။ “ငါတို့ ထွက်သွားဖို့ပြင်နေတာမလား ဖန်အာ အကုန်လုံးကိုပြင်ဖို့သွားပြောလိုက် ငါတို့အချိန်မရွေးပြန်လို့ရအောင် လို့”
ဝူလင်းယူနှင့် ရှီမန်ဖန်တို့ကဲ့သို့ ပါးနပ်သောသူများသည် ရှောင်ဟုန် သည် ရှီမာယူယူနှင့် သီးသန့်စကားပြောချင်နေသည်ကို သဘောပေါက်ကြ သည်။ ထို့ကြောင့် သူတို့ထွက်သွားကြသည်။
“ကိုယ်နောက်မှ လာရှာမယ်” ဝူလင်းယူသည် ရှီမာယူယူကို နူးညံ့စွာ ပြောပြီး ထွက်သွားလေသည်။
“အင်း”
ရှောင်ဟုန်သည် ဝူလင်းယူကို ကြည့်လိုက်သည်။ သူသည် အသွင်အပြင်ပြောင်းထားသော်လည်း မျက်နှာမှာ ကြည့်ကောင်းဆဲဖြစ်ရာ လူများကို အလိုလိုအကြည့်ရောက်စေသည်။
“အဟွတ် အဟွတ်” ရှောင်ဟုန်သည် ဝူလင်းယူ၏ ကျောပြင်ကို ငေးငိုင်စွာကြည့်နေသည်ကို ရှီမာယူယူမြင်သောအခါ သူမ သတိပြန်ဝင်လာ စေရန် ချောင်းအနည်းငယ်ဟန့်လိုက်သည်။
ရှောင်ဟုန်သည် လူမိသွားခြင်းအတွက် ရှက်ရွံ့ခြင်းမရှိဘဲ ချစ်စရာ ကောင်းအောင် ပြုံးလိုက်သည်။ “မင်းကို တကယ်အားကျတယ် တကယ် ကောင်းတဲ့လက်တွဲဖော်ရှိတယ်လေ အဝေးကနေတောင် ကျွန်မတို့မြင်နိုင် တယ်”
ရှောင်ဟုန် ဝူလင်းယူကို စိုက်ကြည့်စဉ်က ရှီမာယူယူ အနည်းငယ် စိတ်တိုသွားခဲ့သည်။ သို့သော် သူမ ထိုသို့ပြောလာမည်ဟု မမျှော်လင့်ထား ကာ ရှောင်ဟုန်၏ စင်ကြယ်သော အပြုံးသည် သူမကို ရှက်ရွံ့သွားစေသည်။
“ကိစ္စရှိတယ်လို့ ပြောခဲ့တယ်မလား အခုပြောလို့ရပြီလား”
ထိုသို့ပြောလိုက်သောအခါ ရှောင်ဟုန်၏ အမူအရာပြောင်းသွားသည်။ သူမသည် လက်ဖက်ရည်ပန်းကန်လုံးကို လှည့်နေကာ ရှက်ရွံ့စွာပြောလေ သည်။ “မင်းက ကောင်းကင်ဂိုစ်းက သမားတော်ကောင်းတစ်ယောက်လို့ ကြားတယ်”
“ကျွန်မ နည်းနည်းသင်ဖူးတာပါ အံ့သြစရာကောင်းလောက်တဲ့အထိ မဟုတ်ဘူး” ရှီမာယူယူသည် သူမ တုန့်ပြန်မှုကို မမျှော်လင့်ထားပေ။
“အဲဒါက…” ရှောင်ဟုန်သည် ခေတ္တမျှတွေဝေပြီးနောက် သတ္တိစုလိုက် သည်။ “အင်း ကျွန်မခန္ဓာကိုယ်ကို ရှင့်ကိုကြည့်စေချင်လို့”
“မင်း ခန္ဓာကိုယ်က သက်တောင့်သက်သာမဖြစ်လို့လား” ရှီမာယူယူ မေးလိုက်သည်။
“မင်းလည်းသိပါတယ် လက်နက်သခင်တွေက ခန္ဓာကိုယ်အတွက် လိုအပ်ချက်များတယ် ကျွန်မ ခန္ဓာကိုယ်သန်မာဖို့အတွက် တချို့နည်းလမ်း တွေလေ့ကျင့်ခဲ့တယ်”
ရှီမာယူယူသည် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ သူမ နည်းလမ်းတချို့ လေ့ကျင့်သည်ကို သူမ ခန့်မှန်းရန်မလိုပေ။
“ဒါဆိုရင် ဘာကအနှောင့်အယှက်ဖြစ်နေတာလဲ” သူမ မေးလိုက်သည်။
“အာ.. ကျွန်မအဲဒါကိုလေ့ကျင့်လို့လားတော့ မသိဘူး အခုထိ မိန်းကလေး လစဉ်ရာသီမဖြစ်သေးဘူး” ရှောင်ဟုန် ပြန်ဖြေလေသည်။
ရှီမာယူူယူသည် အနည်းငယ်အံ့သြသွားသည်။ ထိုတိုင်းပြည်တွင် အသက် ၇၀ ၈၀ တွင် ရာသီမလာခြင်းသည် ပုံမှန်မဟုတ်ပေ။
“လက်ပေးပါ စမ်းကြည့်မယ်”
ရှောင်ဟုန်သည် လက်ကို စားပွဲပေါ်တင်လိုက်သည်။ ရှီမာယူယူသည် သူမလက်ကိုဖိပြီး သွေးခုန်နှုန်းစမ်းလိုက်သည်။
သူမ အတန်ကြာသည်အထိ စကားမပြောသည်ကို ရှောင်ဟုန်မြင်ရ သည်။ သူမကို မနှောင့်ယှက်ချင်သဖြင့် ဘာမှမပြောသော်လည်း စိုးရိမ်မှုသာ ပိုပိုတိုးလာခဲ့သည်။
သူမ အမူအရာသည် စိတ်သက်သာခြင်းမရှိပေ။ ပြဿနာတစ်ခုခုများ ရှိလို့လား။
သူမ စဉ်းစားလေလေ ပို၍ အေးစက်လာလေလေဖြစ်သည်။ သူမ ကျန်တဲ့ဘဝမှာ သာမန်မိန်းကလေးလို နေလို့မရတော့ဘူးလား။
ခဏအကြာတွင် ရှီမာယူယူသည် လက်ပြန်ရုတ်လိုက်သည်။ “ကျွန်မ မင်းအခြေအနေကို အခြေခံအားဖြင့် နားလည်လိုက်ပါပြီ နည်းနည်းတော့ ပြဿနာရှိပေမဲ့ အဖြေမရှိတာတော့ မဟုတ်ပါဘူး”
ရှောင်ဟုန်သည် သူမ စကားများကြောင့် စိတ်သက်သာရာရသွား သည်။ သူမ ခန္ဓာကိုယ်မှာ ကုသရန်ဖြစ်နိုင်ကြောင်း ကြားသောအခါ ပြုံးသွား လေသည်။
***