အတားအဆီး
Vol. 34 Ch. 498
လင်းဖန်သည် မျှော်လင့်နေသော မျက်နှာများကိုကြည့်ရင်း”ကောင်းပြီ ဒါဆိုလဲမင်းတို့အားလုံးကိုအတူတူခေါ်သွားပေးမယ်လေ’’ လို့ ပြုံးပြီးပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ပါမောက္ခလင်း!” လူတိုင်းက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်ကြသည်။
ကမ္ဘာပေါ်တွင်သင်္ချာနိုဘယ်ဆုကို လူဒါဇင်နှင့်ချီ၍သာ ရရှိဖူးလေသည်။
သူတို့ရဲ့အမြင်အရ ဆုပေးပွဲအခမ်းအနားမှာ ပါဝင်ရတာကတင်အလွန်ရှားပါးတဲ့အရာဖြစ်နေပြီဖြစ်သည်။
ဒါကိုကြားတော့ရှောင်ပန်နှင့်ရှောင်အန်းတို့လှပသော မျက်လုံးများသည်တောက်ပသွားတော့သည်။
သူတို့သည်ယခုအချိန်တွင်ဆုပေးပွဲ အခမ်းအနားကို တက်ရောက်လို့ပျော်နေတညမဟုတ်ပေ။လင်းဖန်နှင့်အတူအချိန်အကြာကြီးအတူရှိနေရမည်ဖြစ်သောကြောင့်ဖြစ်သည်။
...
ဟေးချမ်ရုံးခန်းထဲဝင်ခါနီးမှာ သူ့အိတ်ကပ်ထဲက လက်ကိုင်ဖုန်းက အသံမြည်လာလေသည်။
“ဟေးချမ်၊ကျန်ပေ့တက္ကသိုလ် သင်္ချာကျောင်းက လင်းဖန်သင်္ချာနိုဘယ်ဆုကကိုရရှိခဲ့တယ်လို့ငါကြားတယ်။ ဂုဏ်ပြုပါတယ်...”
ဟေးချမ် က “ငါ့ကဘာဂုဏ်ပြုစရာရှိလို့လဲ။ဒါကလင်းဖန်ကိုပဲဂုဏ်ပြုသင့်တယ်”
ခေတ္တနားပြီးနောက် သူက ဆက်ပြောသည် - “ဒါပေမဲ့ဟွမ်ကျူတက္ကသိုလ်နှင့် နိငြ်ငံတစ်ဝှမ်းလုံးမှာတောင်ငါတို့ရဲ့သင်္ချာကျောင်းလိုမျိုးသင်္ချာနိုဘယ်ဆုကိုရရှိတဲ့သူတစ်ယောက်မှမရှိဖူးဘူး...”
သူသည်အရေးမပါသည့် တစ်ခုခုကို ပြောလိုက်သလိုမှုးဖြစ်နေသည်။
သို့သော် ဟေးချမ် ၏မျက်နှာပေါ်တွင်တော့ဟုတ်တယ်၊ မင်း ငါ့ကို ဂုဏ်ပြုသင့်တယ်လို့ပင်ဖြစ်နေလေသည်။
...
ဟေးချမ်သည် လူတော်တော်များများကို အဲ့စကားအတိုင်းတစ်ချိန်တည်းနီးပါးတွင် ပြောကြားခဲ့သည်။
[နစ်တာ- သင်္ချာနိုဘယ်ဆုကိုရရှိခဲ့သည့်ကျန်ပေ့တက္ကသိုလ်မှလင်းဖန်အား ဂုဏ်ပြုပါသည်။ 】
[ရိုလန်- သင်္ချာနိုဘယ်ဆုကိုရရှိခဲ့သည့်ပရော်ဖက်ဆာလင်းဖန်အားဂုဏ်ပြုပါတယ် 】
[စတိုးမန်း- ဒါကပရော်ဖက်ဆာလင်းရသင့်တာကိုရသွားတာပဲ 】
[ဘလတ်မန်း- သင်္ချာနိုဘယ်ဆုဆို ဘာလဲ။ 】
[အင်းန်- သင်္ချာနိုဘယ်ဆု သည် သင်္ချာဘာသာရပ်အတွက် ဆုတစ်ခု ဖြစ်ပုံရသည်။ 】
[ရှဲဒိုး- ဒါကသင်္ချာဘာသာအတွက်ဆုတစ်ခုပဲဆိုတော့အဲ့လောက်ကြီးစိတ်လှုပ်ရှားနေဖို့ မလိုဘူး မဟုတ်လား။ 】
[လီယန်: စိတ်လှုပ်ရှားစရာမလိုဘူးလား?
အတိုချုံး မိတ်ဆက်ပေးပါရစေ။
သင်္ချာနိုဘယ်ဆု သည် သင်္ချာဘာသာရပ်တွင် အမြင့်ဆုံးဆုဖြစ်ပြီး ၎င်းကို သင်္ချာဆိုင်ရာအမြင့်မြတ်ဆုံးနိုဘယ်ဆုဟုလည်း ခေါ်ဆိုပါသည်။
ထို့အပြင်၊ ပရော်ဖက်ဆာလင်းသည် တရုတ်နိုင်ငံမှာသင်္ချာနိုဘယ်ဆုကိုပထမဆုံးရရှိတဲ့သူလည်းဖြစ်သည်။ 】
[ဂျန့်: ဝိုး....မစ္စတာလင်းကတော်လိုက်တာ 】
[ဂျက်စတစ်: အရမ်းမိုက်တယ်။ 】
[စမိုင်း- မစ္စတာလင်းကအလွန်တော်တာပဲ။ 】
မကြာခင်မှာပဲ လင်းဖန်အကြောင်းရှာဖွေမှုသည်ထိတ်ဆုံးသို့ရောက်သွားလေသည်။
လင်းဖန်က ဒါတွေအားလုံးကို ဂရုမစိုက်ပေ။
နောက်ရက်အနည်းငယ်မှာတော့ သူသည်ထုံးစံအတိုင်း ကျောင်းသွားလိုက်၊ပန်းလုံဗီလာသို့ပြန်လိုက်ပဲလုပ်နေလေသည်။
ဒီနေ့ မနက်စာစားပြီးတဲ့နောက် သူ Cullinan (ကား)ဖြင့်လေဆိပ်ကိုမောင်းသွားလေသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့သည် ဘာနီသို့သွားရမည့်နေ့ဖြစ်သည်။
လင်းဖန်လေဆိပ်သို့ရောက်သောအခါ၊ ရှောင်ပန်၊ရှောင်အန်း၊ဟော့ကျောက်ဝူ နှင့် အခြားသူများသည်ဤနေရာတွင် စောင့်နေပြီဖြစ်သည်။
“မင်္ဂလာပါ ပါမောက္ခလင်း”
တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ပြီးနောက် လင်းဖန် ရဲ့ ဦးဆောင်မှုအောက်တွင် အားလုံးက ရှဂို လေကြောင်းလိုင်းရဲ့ ဇိမ်ခံလေယာဉ်တွင်လိုက်ပါခဲ့ကြသည်။
နင်းကျန်းကျန်း၊ဟော့ကျောက်ဝူ နဲ့ တခြားသူတွေက သူတို့ကို ကြိုဆိုဖို့တန်းစီနေတဲ့ လှပတဲ့ လေယာဉ်မယ်တွေ တန်းစီနေတာကို တွေ့လိုက်ကြတော့အံ့သြလသွားကြသည်။ထို့မေညက်ဇိမ်ခံလေယာဉ်ပေါ်မှာ ဇိမ်ခံအစားအစာတွေကို မြည်းစမ်းကြည့်လိုက်တော့သူတို့သည် မချီးကျူးပဲမနေနိုင်ပေ။
လင်းချင်ကျူသည် အရပ်ရှည်ပြီး ချောမောလှပသော လင်းဖန်ကို ကြည့်နေလိုက်သည်။
သူက(လင်းဖန်) ဘတ်စ်ကတ်ဘောကစားတတ်တယ်၊ ရုပ်ချောတယ်၊ ပညာတတ်တယ်... ပြီးတော့သူသည်အရမ်းလည်းချမ်းသာသေးသည်။
ဒါရိုးရှင်းစွာနဲ့ပြီးပြည့်စုံသောအမျိုးသားပင်ဖြစ်သည်။
အံ့ဩစရာ မဟုတ်ဘူးပဲ... ရှောင်ပန် နဲ့ ရှောင်အန်း ကလင်းဖန် မှာ ချစ်သူရှိတယ်ဆိုတာ သိရင်တောင်မှ ဂရုမစိုက်ကြတာ။
ဒီအချိန်မှာတော့လင်းဖန်က ရှောင်ပန်နဲ့ ရှောင်အန်းတို့ရှေ့မှာ ကျောက်ပုဇွန်ပန်းကန်ကို ချထားပေးလိုက်ပြီး “ဒီပုဇွန်က အရသာအရမ်းကောင်းတယ်၊ စားကြည့်ပါ” လို့ပြောလိုက်သည်။
ဒါကိုတွေ့တော့ရှောင်ပန်နှင့် ရှောင်အန်းတို့၏လှပသော မျက်နှာများသည် ပျော်ရွှင်သော အပြုံးများဖြင့် ပြည့်နှက်သွားလေသည်။
ဒါကိုကြည့်ရင်းလင်းချင်ကျူသည်မနာလိုဖြစ်လာလေသည်။
လင်းချင်ကျူသူမသည်ယခုသူမ မနာလိုဖြစ်နေသည်ကိုပင်မသိပေ။
...
ဘာနီကိုရောက်တဲ့အခါ Rolls-Royce(ကား) နှစ်စီးက လေဆိပ်မှာ စောင့်နေပြီဖြစ်သည်။
နင်းကျန်းကျန်းနှင့် အခြားသူများသည်သူတို့၏ မျက်လုံးများဖြင့်ဘာနီရှိအဆောက်အဦးများကို ကြည့်ရင်း ရံဖန်ရံခါ သက်ပြင်းချနေကြသည်။
သိပ်မကြာခင်မှာပဲ ဘာနီယွန်ဟိုတယ်ကို ရောက်သွားလေသည်။
စားပွဲထိုး၏ ဦးဆောင်မှုအောက်တွင်လင်းဖန်ဖန်၊နင်ကျန်းကျန်း၊ရှောင်ပန်၊ရှောင်အန်းနှင့် အခြားသူတို့ကိုဇိမ်ခံ အခန်းများသို့ ခေါ်ဆောင်သွားခဲ့သည်။
ခရီးဆောင်အိတ်ကို ထားပြီးနောက် လင်းဖန်သည် အားလုံးကိုအမ်အေ ကြယ် ၂ ပွင့် စားသောက်ဆိုင်သို့ ခေါ်ဆောင်ခဲ့သည်။
M9 အမဲသားကင်နှင့် အခြားအရသာရှိသော သရေစာများကို စားခဲ့ကြသည် ။
အစားအစာများကို မြည်းစမ်းကြည့်ပြီးနောက်...
လင်းဖန်သည် လူတိုင်းကို စပါးသို့ ခေါ်သွားလေသည် ။
ကျွမ်းကျင်သောနှိပ်နယ်မှုကို ခံစားရင်း လူတိုင်းနီးပါး သက်သောင့်သက်သာဖြစ်နေကြသည်။
ဟော့ကျောက်ဝါက ချက်ချင်းချီးကျူးလိုက်ပြီး “ငါပြန်ရောက်ရင်ဒီလိုမျိုးနေနိုင်နေညင်ပိုကြိုးစားရမယ်!”
နင်ကျန်းကျန်းက “ဂိမ်းဦးထုပ်မကစားတော့ဘူးလား။”
“ဂိမ်းဦးထုပ်ဆိုတာ ဘာလဲ၊ဒညကငါ့ရဲ့လေ့လာမှုကို အဟန့်အတားဖြစ်စေတဲ့ အတားအဆီးတစ်ခုပဲ!” ဟော့ကျောက်ဝူက လေးနက်စွာပြောသည်။
လင်းဖန်သည် ဟော့ကျောက်ဝူ ၏စကားကိုကြားပြီးနောက် သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်ကို မပြသဘဲမနေနိုင်ဘဲ ရှေ့ကိုလျှောက်သွားလိုက်လေသည်။
ကောင်းကင်ကြီးသည် တဖြည်းဖြည်း မှောင်လာသည်။
ရှောင်ပန်နှင့်ရှောင်အန်းတို့သည် ဆိုဖာပေါ်တွင် ငြိမ်သက်စွာ ထိုင်နေကြသည်။သူတို့၏ပုံစံသည်အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး သူမတို့၏လှပသော မျက်နှာများသည် လဲအနည်းငယ် နီမြန်းနေကြသည်။
ဘာလို့လဲဆိုတော့ လင်းဖန်က သူတို့နဲ့ ဘေးအခန်းမှာ နေနေလို့ပင်ဖြစ်သည်။
သူတို့ကြားမှာ နံရံတစ်ခုပဲ ခြားနေလေသည်။
လင်းဖန် နဲ့ သူမတို့အရမ်းနှီးကပ်တာ ဒါပထမဆုံးအကြိမ်ပင်ဖြစ်သည်။
သူမတို့သည် ခေါင်းကို ဖြည်းညှင်းစွာ မြှောက်ကာ နံရံဆီသို့ မျှော်ကြည့်လိုက်ကြသည်။
ထို့နောက် ခေါင်းလေးကို အမြန်ပြန််ငုံ့လိုက်ကြသည်။
အဲဒီအကြည့်ကသူမတို့သည်လင်းဖန်ကို ချောင်းကြည့်နေသကဲ့သို့ ဖြစ်ကာလင်းဖန်တွေ့မှာကိုစိုးရိမ်နေသလိုမျိုးဖြစ်နေလေသည်။
“ဒင်းဒေါင်!”
ထိုအချိန်တွင် ရှောင်ပန် နှင့် ရှောင်အန်းတို့၏ ဇိပ်ခံအခန်းတွင် တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး