← Chapters

သတိမေ့ခြင်း

Vol. 34 Ch. 499

သတိမေ့ခြင်း

Vol. 34 Ch. 499

တံခါးခေါက်သံကြောင့် ရှောင်ပန် နှင့် ရှောင်အန်းတို့သည် ကြောက်ရွံ့ထိတ်လန့်သွားကာသူမတို့၏နီရဲသောမျက်နှာများသည်လဲချက်ချင်းပဲပုံမှန်ပြန်ဖြစ်သွားလေသည်။

ခဏအကြာတွင် သူတို့သည် ဖြည်းညှင်းစွာထကာ တံခါးဆီသို့ လျှောက်သွားကြသည်။

တံခါးက ဖြည်းညှင်းစွာဖွင့််လိုက်သောအခါအရပ်ရှည်ပြီးချောမောတဲ့ အသွင်အပြင်က သူတို့နှစ်ယောက်ရဲ့ အမြင်အာရုံထဲမှာ ချက်ချင်းပေါ်လာလေသည်။

ထိုသူကတော့ လင်းဖန်ပင်ဖြစ်သည်။

တစ်ယောက်ကိုတစ်ယောက် ကြည့်နေလိုက်ကြသည်။

ရှောင်ပန် နှင့် ရှောင်အန်း တို့သည် တစ်ခဏမျှ အေးခဲသွားပြီး သူတို့၏ လှပသော မျက်လုံးများသည် တောက်ပသွားသည်။

လန်းဖန်၏အသက်ရှူသံကို ခံစားရခြင်းကြောင့် ရှောင်ပန် နှင့် ရှောင်အန်း တို့၏ လှပသော မျက်နှာများသည် ခရမ်းချဉ်သီးမှည့်ကဲ့သို့ ချက်ချင်းပင် နီရဲလာခဲ့သည်။

ထို့နောက်သူတို့ ခေါင်းကို အလျင်အမြန် ငုံ့လိုက်ကြသည်။

“ဗွမ်းဗွမ် စန်း!”

သူတို့၏ နှလုံးသားများသည် ဒရမ်များကဲ့သို့ ပြင်းထန်စွာ ခုန်နေသည်။

သူတို့ရဲ့ ချစ်စဖွယ်အမူအရာတွေကို မြင်လိုက်ရတော့ လင်းဖန်က မထိန်းနိုင်ဘဲ ရယ်မောကာ “ဝင်လို့ရမလား?”

“ဗွမ်းဗွမ် စန်း!”

ဒါကိုကြားတော့ရှောင်ပန်နှင့် ရှောင်အန်းတနု့၏ နှလုံးခုန်နှုန်းသည်ပို၍ပင် ပြင်းထန်စွာ ခုန့်ာသည်။

ထို့နောက်သူမတို့၏ဦးခေါင်းကိုအားမရှိသလိုနဲ့ညိမ့်ပြလိုက်လေသည်။

လင်းဖန်သည် ဒယကိုတွေ့တော့အခန်းထဲကိုတိုက်ရိုက်ဝင်သွားခဲ့သည်။

ထို့နောက် ရှောင်ပန်နှင့် ရှောင်အန်းတို့သည် တံခါးကို အမြန်ပိတ်လိုက်သည်။

တံခါးကိုပိတ်လိုက်သောအခါတွင် လှပသောရုပ်သွင်တစ်ခုပေါ်လာသည်။

သူကတော့လ့်းချက်ကျူပင်ဖြစ်သည်။

မူလက လင်းချင်ကျူသည် ရှောင်ပန်နှင့် ရှောင်အန်း တို့နှင့် စကားပြောချင်သည်။

သို့သော်၊ သူမ၏လက်ချောင်းများသည် တံခါးခေါင်းလောင်းကို ထိဖို့လုပ်လိုက်သောအခါတံင်သူမသည် ဖြည်းညှင်းစွာရပ်လိုက်ပြီး “တစ်ယောက်ယောက် ဒီကိုလာပုံရတယ်။”

အဲဒါကို တွေးပြီးတဲ့အခါမှာတော့ သူမရဲ့လက်ကို ပြန်ဆွဲပီးသူ့အခန်းထဲကို ပြန်သွားလေတော့သည်။

...

ထိုအချိန်၌ ဇိမ်ခံအိမ်တော်။

လင်းဖန်သည် မြင့်မားသော ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ အဝေးက တောက်ပနေသောမျှော်စင်ကို လှမ်းကြည့်ရင်း “အီဖယ်မျှော်စင်နာမည်ကို ငါကြားဖူးတာကြာပြီ၊ အဲဒါကိုအခုမှမြင်ဖူးတယ်။ဒါကို ညဘက် မြင်ကွင်းအဖြစ်ကြည့်ဖို့အလွန်သင့်တော်တာပဲ”

ရှောင်ပန်နှင့်ရှောင်အန်းတို့သည် ပြတင်းပေါက်မှ အီဖယ်မျှော်စင်ကိုကြည့်လိုက်ကြသည်။

ထိုအခိုက်တွင် အေးမြသော လေပြင်းများ တိုက်ခတ်လာပြီး ပန်းရနံ့များ အဝေးမှ လွင့်ပျံလာသည်။

“ဟပ် ချို”

ရှောင်ပန်နှင့် ရှောင်အန်းတို့က မထိန်းနိုင်ဘဲ နှာချေလိုက်သည်။

ဒါကိုတွေ့တော့လင်းဖန်က ပြတင်းပေါက်ကို ဖြည်းညှင်းစွာပိတ်လိုက်ပြီး ရှောင်ပန်နဲ့ ရှောက်အန်းကို လှည့်ကြည့်လိုက်ဆလသည်။

ပြတင်းပေါက်များ ပိတ်လိုက်သောကြောင့် အခန်းတွင်း လေထုသည် တစ်မျိုးတစ်မည်ဖြစ်သွားလေသည်။

ရှောင်ပန်နှင့် ရှောက်အန်းတို့၏ လှပသော မျက်နှာများသည် တဖြည်းဖြည်း နီရဲလာသည်။

လင်းဖန်သည် အမှန်တရားမျက်လုံးဖြင့် သူတို့နှစ်ယောက်ကို မကြည့်နိုင်ဘဲ မနေနိုင်ပေ။

[အသွင်အပြင်တန်ဖိုး- 95]

【နှစ်သက်မှု: 99】

[အသွင်အပြင်တန်ဖိုး- 95]

【နှစ်သက်မှု: 99】

“မင်း…”

ရှောင်ပန် နှင့်ရှောင်အန်းသည် တစ်ခုခုကို တွေးမိပုံရပြီးပလတ်စ် ပုလင်းကို အမြန်ထုတ်ကာ လင်းဖန်အား ပေးလိုက်သည်။

ဒါကိုတွေ့တော့ လင်းဖန်က ပြုံးပြီး “မင်းတို့ဒီပလတ်စ်ရေဗူးကို ဘယ်မှာဝယ်ခဲ့တာလဲ”

နောက်ဆုံးတွင်၊ ၎င်းတို့ရှိနေသည့်နေရာသည်ဟွာရှမဟုတ်ဘဲဘာနီဖြစ်သည်။

ရှောင်ပန် နှင့် ရှောင်အန်းတို့က တညီတညွတ်တည်းပြောလိုက်ကြသည် “အပြင်မှာ... အပြင်မှာ...”

လင်ဖန်းသည် သူတို့နှစ်ယောက် ထမင်းစားပြီးသည်နှင့် အမြန်ထွက်သွားသည်ကို တွေးလိုက်မိသည်။

သူမတို့အဲဒီအချိန်က ဝယ်ဖို့အပြင်ထွက်ခဲ့တာလား။

လင်းဖန်သည် ပလတ်စ်ပုလင်းနှစ်ပုလင်းကိုယူကာ တစ်ငုံစီ သောက်လိုက်သည်။

ဒါကိုတွေ့တော့ရှောင်ပန် နှင့် ရှောင်အန်းတို ၏ချောမောလှပသောမျက်နှာများပေါ်တွင် ချိုမြသောအပြုံးတစ်ခု ပေါ်လာသည်။

သူတို့ရဲ့ အပြုံးကို ကြည့်ရင်းလင်းဖန်က သူ့ကို တွေ့ဖို့ဘတ်စကတ်ဘောကွင်းမှာ နေ့တိုင်း စောင့်နေပုံ ကို သူ့စိတ်ထဲမှာ မမှတ်မိဘဲမနေနိုင်လောက်အောင်ပင်ဖြစ်သွားသည်။

လင်းဖန်သည် သူ့လက်များကို မြှောက်ကာ ရှောင်ပန် နှင့် ရှောင်အန်းတို့၏ ဆံပင်များကို ပွတ်သပ်ရင်း သူမတို့၏ လှပသော မျက်နှာကိုကိုင်လိုက်လေသည်။

တခဏချင်းမှာပဲ သူမတို့နှစ်ယောက်ရဲ့ လှပတဲ့မျက်နှာများသည်နီးရဲသွားပြီးထိုမှတစ်ဆင့်နား၊ လည်ပင်း၊ လက်မောင်း၊ ခြေထောက်တွေဆီ အဆက်မပြတ် နီရဲသွားလေသည်။

မကြာခင်မှာပဲ ရှောင်ပန်နဲ့ ရှောင်အန်းတို့ဟာ အသားကင်ဖြစ်သွားပုံစံမျိုးသူတို့တစ်ကိုယ်လုံး နီရဲသွားလေသည်။

ထို့နောက် သူမတို့သည်ဆိုဖာပေါ် သို့ပြုတ်ကျသွားလေသည်။

လင်းဖန်က “ရှောင်ပန်၊ရှောင်အန်း!”

သို့သော် သူမည်မျှပင် အော်ဟစ်နေပါစေ တစ်စုံတစ်ယောက်မျှတုံ့ပြန်ခြင်းမရှိပေ။

လင်းဖန်သည် ရှောင်ပန် နှင့် ရှောင်အန်းတို့ကို အလျင်အမြန်စမ်းသပ်လိုက်သည်။

“ဗွမ်းဗွမ် စန်း!”

စမ်းလိုက်သည်နှင့် နှစ်ယောက်သားရဲ့ နျစ်လုံးခုန်နှုန်းဟာတစ်စက္ကန့်ကို အကြိမ်ပေါင်းများစွာ အရှိန်ပြင်းပြင်းနဲ့ လျင်မြန်စွာ ခုန်နေတာကိုတွေ့လိုက်သည်။

လင်းဖန်တွင်ဆေးဘုရင်ရဲ့ ဆေးဘက်ဆိုင်ရာ အတွေ့အကြုံရှိသည်ဟု ဆိုနိုင်သည်။

လင်းဖန်သည် ဆေးဘုရင် ၏ အတွေ့အကြုံကို ရရှိခဲ့ပြီးဖြစ်သော်လည်း ရှောင်ပန်နှင့်ရှောင်အန်းတို့ ၏ သွေးခုန်နှုန်းကို မြင်ပြီးနောက် သူ အံ့သြမဆုံးနိုင်ဖြစ်နေဆဲဖြစ်သည်။

မဆိုင်းမတွပင်သူသည် ယွမ်သန်း ၂၀ ဖြင့် ဆေးဘက်ဆိုင်ရာရေရည်၂ ပုလင်းကို တိုက်ရိုက်လဲလှယ်ပြီး ပါးစပ်ထဲသို့ အမြန်လောင်းထည့်လိုက်သည်။

“ဂလု”

“ဂလု”

ဆေးကုသမှု ပြီးသွားသောအခါတွင် ရှောင်ပန်နှင့်ရှောင်အန်းတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်ဖြစ့်နေသောအသားအရေများသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး သူတို့၏ သွေးခုန်နှုန်းသည်လဲတဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားသည်။

ဒါကိုတွေ့တော့မှလင်းဖန်သည်အနည်းငယ် သက်သာရာ ရသွားလေသည်။

အရင်တုန်းက ဆေးရေတစ်ပုလင်းသောက်ပြီး နေညက်မကြာခင် လူနာနိုးလာမည်ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင် ရှောင်ပန်နှင့် ရှောင်အန်းတို့သည် မျက်လုံးဖွင့်ရန် အရိပ်အယောင် မပြခဲ့ပေ။

လင်းဖန်သည် သူမတို့သပ်သောင့်သက်သာအနားယူရန် အိပ်ရာပေါ်သို့ သယ်သွားပေးရန်လုပ်လိုက်သည်။

သို့သော် သူနှင့် အနီးကပ်ဆုံးဖြစ်သော ရှောင်ပန်ကို ကောက်ချီလိုက်သောအခါ သူမ၏ တစ်ကိုယ်လုံး နီရဲလာပြန်သည်။

လင်းဖန်သည် သူမအား အမြန်ချလိုက်ရုံမှတပါး ရွေးချယ်စရာမရှိတော့ဘဲ ရှောင်ပန်၏ပါးစပ်ထဲသို့ နောက်ထပ်ဆေးရေတစ်ပုလင်းအတွက်ယွမ် ၁၀ သန်းကို လဲလှယ်သုံးစွဲပြီးပါးစပ်ထဲသို့လောင်းထည့်လိုက်လေသည်။

ထိုမှသာ ရှောင်ပန် ၏ ခန္ဓာကိုယ်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

လင်းဖန်က သူသည်သူမတို့ကို ပွေ့ဖက်လို့မရဘူးဆိုတာ နားလည်လိုက်သည်။

ဒါနဲ့ သူသည်စောင်ကိုထုတ်ပြီး နှစ်ယောက်လုံးကို ခြုံပေးလိုက်သည်။

မတော်တဆမှုမှ ကာကွယ်ရန် လင်းဖန် သည် အပြင်မထွက်ဘဲ အခြား ဆိုဖာပေါ်တွင် ထိုင်ကာ ဖုန်းသုံးနေလိုက်သည်။

...

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့သို့ရောက်သွားလေသည်။

အပြင်ဘက်တွက်ငှက်များစွာ ပျံထွက်သွားသောအခါတွင် ဆိုဖာပေါ်တွင် လဲလျောင်းနေသော ရှောင်ပန်နှင့် ရှောင်အန်းတို့၏ မျက်တောင်ရှည်များလှုပ်ယမ်းလာကြသည်။

ထို့နောက်ချက်ချင်းပင် နှစ်ယောက်သား မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကြသည်။

ထို့နောက်ရှောင််ပန် နှင့်ရှောင်အန်း တို့သည် လင်းဖန်ကိုတွေ့တော့သူမတို့၏ လှပသော မျက်နှာများသည် ချက်ချင်းပင် နီရဲသွားသည်။

လင်းဖန်က ပြုံးပြီး “နိုးပြီလား”

မနေ့ညက လင်းဖန်မအိပ်ခဲ့ပေ။

သို့သော် သာမန်လူများထက် သာလွန်သော ကိုယ်လုံးကိုယ်ပေါက်ရှိခြင်းကြောင့်သူသည်အိပ့်ချင်သည်ဟုမခံစားရပေ။

ရှောက်ပန်နှင့် ရှောင်အန်းတို့သည် ခေါင်းညိတ်ကာ “ဟုတ်တယ်’’ ဟု တိုးတိုးလေးပြောလိုက်သည်။

လင်းဖန်သည် သူမတို့ရှက်ရွံ့သော မျက်နှာကို ကြည့်လိုက်ရင်းသူသာဒီမှာဆက်ရှိနေရင် သူမတို့အနေခက်မည်ဆိုတာကိုနားလည်လိုက်သည်။

ဒါနဲ့ သူက ပြုံးပြီးပြောတယ် “ဒါဆို မင်းတို့ရေ အရင်သွားချိုးလိုက်ကြအုံး၊နောက်မှ အောက်ထပ်ကိုဆင်းလာပြီးအတူတူ မနက်စာစားကြရအောင်”

ပြောပြီးတာနဲ့ အပြင်ကို ထွက်သွားလေသည်။

လင်းဖန်သည် တံခါးကိုဖွင့်လိုက်စဉ်တွင် လှပသောရုပ်သွင်တစ်ခု တံခါးဝတွင် ပေါ်လာသည်။

သူကတော့လင်းချင်ကျူပင်ဖြစ်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters