အသိမိတ်ဆွေများနှင့်တွေ့ဆုံခြင်း
Vol. 34 Ch. 500
လင်းချင်ကျူ သည် သူမရှေ့ရှိလင်းဖန် ကို ကြည့်လိုက်ပြီးနောက် ဆိုဖာပေါ်တွင် လဲလျောင်းနေသော ရှောင်ပန်နှင့်ရှောင်အန်းတို့ကိုကြည့်လိုက်သည်
ထို့နောက် သူမသည် မနေ့ညက လင်းဖန်သည် ရှောင်ပန် နှင့် ရှောက်အန်းတို့ ၏အခန်းထဲသို့ လျှောက်သွားသည်ကို ယောင်ဝါးဝါးမြင်လိုက်ရသည်။
ဖြစ်နိုင်မလား... လင်းဖန် က ရှောင်ပန် နဲ့ ရှောင်အန်းတို့နဲ့တစ်ညလုံး အတူနေခဲ့တာလား။
ချက်ချင်းပင်၊ ကလေးများအတွက် မသင့်လျော်သောပုံများသည် လင်းချင်ကျူ ၏စိတ်ထဲတွင် ပေါ်လာသည်။
ထို့နောက်သူမ၏ လှပသော မျက်နှာသည်ချက်ချင်းနီရဲသွားလေသည်။
ထို့နောက် လင်းချင်ကျူ သည် လင်းဖန်အား နှုတ်မဆက်ဘဲ သူမ၏အခန်းဆီသို့ ပြေးထွက်သွားတော့သည်။
လင်းဖန်ကသူမှပြန်သွားသည်ကိုကြည့်ရင်း”ဘာဖြစ်သွားတာလဲဟ”လို့ရေရွတ်လိုက်သည်။
သို့သော်လင်းဖန်သည် ဒါကို သိပ်ဂရုမစိုက်ပေ။
ထို့နောက်သူသည်ဇိမ်ခံအိမ်သို့ပြန်သွားရေချိုးပြီးနောက်တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
ထိုအချိန်တွင် ရှောင်ပန်၊ရှောင်အန်း၊နင်ကျန်းကျန်း၊လင်းချင်ကျူ၊ဂျင်ချန်ကျူ နှင့်ဟော့ကျောက်ဝူတို့သည် စင်္ကြံတွင် ရပ်နေကြသည်။
နင်းကျန်းကျန်းနှင့်တစ်ခြားသူများကထုံးစံအတိုင်း “မင်္ဂလာနံနက်ခင်းပါ ပါမောက္ခ လင်း။”
ရှောင်ပန်နှင့် ရှောင်အန်းတို့သည် သူမတို့၏မျက်နှာများကိုငုံ့ရင်း “မင်္ဂလာနံနက်ခင်းပါ ပါမောက္ခ လင်း” ဟု တိုးတိုးလေးပြောလိုက်ကြသည်။
လင်းချင်ကျူသည်လဲ သူမ၏မျက်နှာသည်နီရဲနေလေသည်။
သို့သော်လည်း သူမသည်ရှောင်ပန်နှင့်ရှောင်အန်းတို့နဲ့ကွာခြားလေသည်။
ဒီအတွက် လင်းဖန်သည် လုံးဝဂရုမစိုက်ဘဲ ခေါင်းညိတ်ကာ “မင်္ဂလာနံနက်ခင်းပါ အတူတူ မနက်စာစားကြရအောင်”
ဘာနီယွန်ဟိုတယ်တွင် နံနက်စာသည် အလွန်စားကောင်းလေသည်။
လက်ရာမြောက်သောမုန့်ချိုများ၊ M5 အမဲသားကင်များ၊ ပင်လယ်စာခေါက်ဆွဲ၊ ဝက်ပေါင်ခြောက်၊ ပေါင်မုန့်မီးကင်.....။
သင်္ချာနိုဘယ်ဆုပေးပွဲအခမ်းအနားကို မနက်ဖြန်မှာ တရားဝင်ကျင်းပမှာဖြစ်လေသည်။
ယနေ့သည် ဘာနီမြို့ကို လူတိုင်းလည်ပတ်ရမည့်အချိန်ဖြစ်သည်။
လင်းဖန်သည်ဟော့ကျောက်ဝူ ၊ နင်းကျန်းကျန်း၊ လင်းချင်ကျူ၊ ဂျင်ချန်ကျူ တို့သည်ဘာနီယွန်ဟိုတယ်ထွက်လာပြီးနောက် လမ်းတဝိုက်တွင် စူးစမ်းလိုသော မျက်လုံးများဖြင့် ကြည့်နေလေသည်။
သူတို့ဖြစ်နေသည့်ပုံကိုမြင်သောအခါလင်းဖန်က ပြုံးပြီး “မင်းတနု့ငါ့နောက်ကို တချိန်လုံး လိုက်နေစရာ မလိုဘူး၊ ကိုယ်သွားချင်တဲ့နေရာကိုသွားလို့ရတယ်၊ဒါမဲ့လမ်းတော့ မပျောက်နဲ့ပေါ့’’
လင်းဖန်က သူ့ကိုယ်အပြင်မှာ သက်တူရွယ်တူလိုဆက်ဆံနိုင်တဲ့လို့ ဟိုးအရင်ကတည်းက ပြောခဲ့ဖူးလေသည်။
လင်းဖန်ပြောတာလည်းမှန်ဆလသည်။
ဘာလို့ဆိုလင်းဖန်၏အသက်သူတို့နှင့်အတူတူပင်ဖြစ်သည်။သို့သော်လည်းဟော့ကျောက်ဝူတို့သည်လင်းဖန်ကိုရွယ်တူချင်းအဖြစ် မသတ်မှတ်နိုင်ပေ။
ဘာလို့ဆိုလင်းဖန်သည် တစ်ကမ္ဘာလုံးတွင် ဉာဏ်ကြီးရှင်ပါမောက္ခဖြစ်ပြီး သူတို့၏ဆရာလဲဖြစ်သောကြောင့်ဖြစ်သည်။
နင်းကျန်းကျန်း ၊ လင်းချင်ကျူ၊ ဂျင်ချန်ကျူ၊ ဟော့ကျောက်ဝူ နှင့် အခြားသူများအားလုံးသည် ယင်းကိုကြားသိရသောအခါ အနည်းငယ် ရွှင်လန်းသွားခဲ့ကြပြီး “ကောင်းပြီ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် လူတိုင်းသည် ခပ်လှမ်းလှမ်းဆီသို့ လျှောက်သွားလိုက်ကြလေသည်။
လင်းဖန်သည် ခေါင်းယမ်းကာ ဤဘာနီမြို့တစ်ဝိုက်သို့ လှည့်ပတ်သွားခဲ့သည်။
ဘာနီသည် ဘာနီနိုင်ငံ၏ မြို့တော်အဖြစ် ထိုက်တန်သည်ဟု ဆိုရမည်ဖြစ်သည်။
မြို့တော်၏အသွင်အပြင်သည် ကျန်ပေ့ နှင့်ဆင်တူသည်။
သို့သော်လင်းဖန်သည်ကျန်ပေ့ မှာရှိတုန်းက LV၊ ကလတ်စ်၊ ကတ်တာ၊ ဗီးရီးရက်စ့်အစရှိတဲ့ ဇိမ်ခံကုန်အမှတ်တံဆိပ်တွေကို စျေးဝယ်စင်တာအချို့မှာသာ မြင်တွေ့နိုင်လေသည်။
သို့သော်ဘာနီမြို့၏လမ်းများပေါ်တွင်ဤဇိမ်ခံအမှတ်တံဆိပ်စတိုးဆိုင်များကိုနေရာတိုင်းတွေ့နိုင်ပါသည်။
လင်းဖန်သည် ဘာနီမြို့၏ အသွင်အပြင် အဆောက်အအုံများကို ခဏတာ ကြည့်ရှုပြီးနောက် အကွေ့အကောက်များသော လမ်းဘေးတွင် ခဏမျှ လမ်းလျှောက်ပြီးနောက် ဇိမ်ခံစတိုးဆိုင်များကိုကြည့်လိုက်လေသည်။
“ဘာမှလုပ်စရာလဲမရှိဘူးဆိုတော့တစ်ခုခုသွားဝယ်လိုက်မယ်လေ။ကျောင်းသားတွေအတွက်လဲ အမှတ်တရလက်ဆောင်လေးတစ်ခုစီဝယ်ပေးရမယ်’’
စကားပြောနေရင်းနဲ့ သူသည်အနီးဆုံးဆိုင်ကို တည့်တည့်လျှောက်သွားလိုက်သည်။
...
လင်းဖန်၏ တည်ငြိမ်အေးချမ်းစွာလမ်းလျှောက်ခြင်း နှင့် ဆန့်ကျင်ဘက် အနေဖြင့် နင်းကျန်းကျန်း၊ လင်းချင်ပျူ၊ဂျင်ချန်ကျူ၊ဟော့ကျောက်ဝူ နှင့် အခြားသူများ သည်ပစ္စည်းများကိုသဘောတကျကြည့်ရင်းစကားပြောနေကြသည်။
“ဝိုး၊ ကြည့်စမ်း၊ အဲဒါကအရမ်းလှတယ်။”
“လာ၊ ငါ့ကို ဓာတ်ပုံရိုက်ပေးအုံး’’
“ကျွန်တော်လည်း ဓာတ်ပုံရိုက်ချင်တယ်!”
လမ်းတစ်လျှောက်တွင် သူတို့လူစုသည် သွားလာရင်းဓာတ်ပုံရိုက်နေကြသည်။
သိပ်မကြာခင်မှာပဲ ဇိမ်ခံဆိုင်တန်းရှည်ကြီးကို တွေ့လိုက်ရလေသည်။
“LV၊ ဗီးရီးရက်စ့်... ဇိမ်ခံဆိုင်တွေ အများကြီးပဲ”
...
ထိုအချိန်တွင် မနီးမဝေးမှ ခြေသံများ ထွက်ပေါ်လာသည်။
“လင်းချင်ကျူ?!” လက်ချောင်းလေးများ အရွယ် ဒေါက်မြင့်ဖိနပ်နှင့် အမျိုးသမီးတစ်ဦးသည် သက်လတ်ပိုင်း အမျိုးသား၏ လက်မောင်းကို ကိုင်ထားရင်းအော်ပြောလိုက်လေသည်။
ဒါကိုကြားတော့ လင်းချင်ကျူက ဖြည်းညှင်းစွာလှည့်ပြီး “မင်းက... ဝမ်ဖေး?”
“ဟီးဟီး ဟုတ်တယ်ငါပဲ!” ဝမ်ဖေးက ပြုံးကာပြောလိုက်သည် “မမျှော်လင့်ထားဘူးငါတို့ဒီမှာဆုံဖို့ကို။အချိန်ကို တွက်ကြည့်ရင် ငါတို့ အထက်တန်းကျောင်းကတည်းကမတွေ့တာဆိုတော့ငါတို့မတွေ့တာ ငါးနှစ် ခြောက်နှစ်လောက်ရှိပြီ”
“ဟုတ်တယ်။” လင်းချင်ကျူ ကလည်း ဝမ်းသာအားရ ပြောလိုက်သည်။
အထက်တန်းကျောင်းတုန်းက လင်းချင်ကျူ နဲ့ ဝမ်ဖေးကြားက ဆက်ဆံရေးသည် သိပ်မကောင်းပေ။
ဒါပေမယ့် နောက်ဆုံးတွင်သူတို့သည် အတန်းဖော်များသာဖြစ်သည်။
နိုင်ငံရပ်ခြားမှာ အတန်းဖော်တွေနဲ့ တွေ့ဆုံရတာ ရှားလေသည်။
ဝမ်ဖေးက “စကားမစပ်၊ မင်းကပေးကျင်းတက္ကသိုလ်မျာပညာသင်ကြားနေတယ်လို့ငါကြားထားတာ၊မင်းဘာလို့ ဘာနီကိုလာတာလဲ။”
လင်းချင်ကျူ က “အစဟုတ်တယ်။အခုတော့ငါကကျန်ပေ့ တက္ကသိုလ်မှာ ကျောင်းတက်နေပါတယ်၊ ငါတို့ရဲ့ ဆရာက ဆုလက်ခံရယူဖို့ ဘာနီကိုငါကယအတန်းဖော်တွေနဲ့ အတူလာခဲ့တာပါ”
လင်းဖ်အကြောင်းပြောရင်လင်းချင်ကျူ၏အမူအရာသည်ရှုပ်ထွေးသွားလေသည်။
ထို့နောက် သူမက “စကားမစပ်၊ ဒါတွေက ကျွန်တော့်အတန်းဖော် ရှောင်ပန်၊ရှောင်အန်း၊ဟော့ကျောက်ဝူ၊ဂျင်ချန်ကျူ တို့ပါ”
ဟော့ကျောက်ဝူ နှင့် အခြားသူများက “မင်္ဂလာပါ၊ ငါတို့က လင်းချင်ကျူ ရဲ့ အတန်းဖော်တွေပါ။”
ဝမ်ဖေး က ခေါင်းညိတ်ပြပြီး “ဒါဆို မင်းက ကျန်ပေ့တက္ကသိုလ်က ကျောင်းသားပေါ့”
“အထူးသဖြင့် မင်းရဲ့ဆရာ၊ ဆုလက်ခံဖို့ ဘာနီကို လာတာကအံ့သြစရာပဲ”
ရှောင်ပန်၊ရှောင်အန်း၊နင်းကျန်းကျန်း၊ဂျင်ချန်ကျူ၊လင်းချင်ကျူ၊ဟော့ကျောက်ဝူတို့အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
ရှင်းပါတယ်၊ သူတို့အားလုံး ဒီစကားကို သဘောတူတယ်ဆိုတာပင်ဖြစ်သည်။
ဝမ်ဖေးက “စကားမစပ်၊ ဘာလို့ လမ်းမှာရပ်နေတာလဲ။ စတိုးဆိုင်ကိုသွားပြီးအတူတူသွားဝယ်ကြရအောင်”
“အရင်တုန်းက ကျောင်းတက်တုန်းကတော့ LV တွေ အကုန်လုံးက အရမ်းဈေးကြီးတယ်လို့ အမြဲခံစားရတယ်။ အခုမှပဲဒါကဈေးကြီးတာမဟုတ်ဘူးဆိုတာ သိလိုက်ရတော့တယ်။”
“ငါ့ရဲ့ခင်ပွန်းက ငါ့အတွက်ဝယ်တဲ့ ဒီ ကလတ်စ်လက်ကောက်ကိုပဲကြည့် ယွမ် 50,000 ပဲရှိပြီး ဒီ LV အိတ်ကလဲ ယွမ် 80,000 ပဲရှိတယ်... ဒါကအရမ်းစျေးသက်သာတာပဲ”
စကားပြောနေစဉ်တွင် လက်ကောက်ဝတ်နှင့် ပခုံးပေါ်ရှိ အိတ်ကို တမင်တကာ မြှောက်လိုက်သည်။
ပြီးတော့ သူက ဆက်ပြောတယ် “လာ၊ အတူတူ သွားဝယ်ရအောင်၊ ဘာပဲဖြစ်ဖြစ် အရမ်းဈေးသက်သာတယ်” ဟုဆိုလိုက်လေသည်။
သူမပြောပြီးသည်နှင့် သူမမျက်နှာပေါ်တွင် မမြင်နိုင်သည့်ကဲ့ရဲ့သောအကြည့်တစ်ခု ပေါ်လာသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး