လက်ဆောင်ပေးခြင်း
Vol. 34 Ch. 501
ယွမ်သောင်းချီကုန်ကျသည့်လက်ကောက်?
ဒါကို ဝယ်ရမှာလား။
လင်းချင်ကျူ က စကားပဲပြောချင်လေသည်။
ဝမ်ဖေးက “မင်းတို့အားလုံးက ဂုဏ်သိက္ခာရှိတဲ့ တက္ကသိုလ်တွေရဲ့ ကျောင်းသားတွေပဲ၊ မင်းတို့အနာဂတ်မှာ လစာမြင့်မှာ သေချာတယ်။ မင်း အခုမဝယ်ရင်တောင် မင်းတို့အရင်ကြည့်ထားပြီးနောက်မှဝယ်လို့ရတယ်လေ “
“မင်းရဲ့ဆရာကလစာရတာအရမ်းများလိမ့်မယ်။ သူက မင်းတို့နဲ့ မဟုတ်ဘူး၊ ဇိမ်ခံဆိုင်ကိုရောက်ရင်မင်းတို့အတွက် ဇိမ်ခံလက်ဆောင်တွေ ဝယ်ပေးလိမ့်မယ်... ဟီးဟီး။”
သူမစကားအဆုံးတွင် သူမတစ်ကိုယ်လုံး တုန်လှုပ်တဲ့အထိရယ်မောလိုက်လေသည်။
အနာဂတ်မှာ ဘယ်လို နာမည်ကြီး တက္ကသိုလ် ကျောင်းသား တွေကလစာ ကောင်းကောင်း ရကြမှာလဲ။
ဝမ်ဖေးသည် ယခင်က ကျောင်းတက်နေစဉ်တွင် ထိုသို့သော အတွေးမျိုးရှိခဲ့သည်။
သို့သော်ဘွဲ့ရပြီး လူ့အဖွဲ့အစည်းထဲကိုဝင်ပြီးနောက်ဒီလို အတွေးမျိုးက သူမ စိတ်ထဲက နေထွက်သွားတာ ကြာပြီဖြစ်သည်။
နာမည်ကြီး ကောလိပ်ကျောင်းသား ဘယ်နှစ်ယောက်လောက်ကလစာ ယွမ် 10,000 ပဲ ရှိလဲ မသိပေ။
သာမခင်ပွန်းဖြစ်သူ၏ ကုမ္ပဏီသည် တစ်လလျှင် ဒေါ်လာထောင်ပေါင်းများစွာ ပေးရသည့် ကောလိပ်ကျောင်းသားများကို ခေါ်ယူခဲ့သည်။
ယနေ့ခေတ်တွင်တက္ကသိုလ်ကျောင်းသားများသည် လုံးဝတန်ဖိုးမရှိပေ။
သူတို့ဆရာကလစာရတာအရမ်းများပြီးသူတို့အတွက်ဇိမ်ခံစတိုးဆိုင်မှာသူတို့အတွက်ဇိမ်ခံလက်ဆောင်တွေကိုဝယ်ပေးတာလား.... အဲဒါက လုံးဝရယ်စရာကောင်းတာပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဝမ်ဖေးသည် တစ်လလျှင် ယွမ် 20,000 မှ 30,000 သာရှိသော တက္ကသိုလ်ဆရာများ၏ လစာကို သေချာနားလည်ထားသောကြောင့်ဖြစ်သည်။
ဒီလိုလစာနည်းနည်းလေးနဲ့ ဇိမ်ခံပစ္စည်းတွေဝယ်ဖို့ ဘယ်လိုလုပ်လုံလောက်နိုင်မှာလဲ။
ဝမ်ဖေးက ဒိလိုပြောရတဲ့ အကြောင်းရင်းက လင်းချင်ကျူ နဲ့ တခြားလူတွေကို ဇိမ်ခံစတိုးဆိုင်ကို မသွားနိုင်တာကိုခံစားခိုင်းချင်လို့ပင်ဖြစ်သည်။
သူမ ကျောင်းတက်တုန်းက လင်းချင်ကျူ ဟာ သူမရဲ့ ကောင်းမွန်တဲ့ အဆင့်အတန်းနဲ့ လှပတဲ့ အသွင်အပြင်ကြောင့်ကျောင်းထဲတွင်ကျောင်းပန်းပွင့်ဖြစ်ခဲ့သည်။
အခုအချိန်မှာ၊ ဝမ်ဖေးက အဆင့်အတန်းကောင်းတွေက အသုံးမဝင်သလို အလှကလည်း အသုံးမဝင်ဘူးဆိုတာကို လင်းချင်ကျူကို သိစေချင်တယ်... နောက်ဆုံးမှာတော့ လင်းချင်ကျူကသူမနဲ့ ဘာနဲ့မှ နှိုင်းယှဉ်လို့မရဘူးဆိုတာကိုလဲသိစေချင်တာပင်ဖြစ်သည်။
...
ဝမ်ဖေး၏ စကားများသည် လင်းချင်ကျူ နှင့် အခြားသူများအတွက်တော့ ကွဲပြားတဲ့အဓိပ္ပါယ်တစ်ခုပင်ဖြစ်သည်။
ထို့ကြောင့်အားလုံးကခေါင်းညိတ်လိုက်ကြသည်။
ဆရာတွေ လစာအများကြီးရတာလား။
ဒါလုံးဝမှန်တာပဲ!
ပြီးခဲ့သောနှစ်ရက်တွင် သူတို့သည် ဇိမ်ခံလေယာဉ်ကို ဦးစွာစီးကာ Rolls-Royce မော်တော် ယာဉ်တန်းဖြင့် ခေါ်ဆောင်လာခဲ့သည်။
ထို့နောက် ဘာနီယွန်ဟိုတယ် ၏ ဇိမ်ခံအိမ်တော်တွင် နေထိုင်သည်။
ဒါတွေအားလုံးက ဒီအချက်ကအမှန်ဆိုတာကိုပြသနေသည်။
ထို့အပြင် ဇိမ်ခံစတိုးဆိုင်များတွင် လှည့်ပတ်ကြည့်ရုံဖြင့် ဘာမှမဖြစ်ပေ။
ဝမ်ဖေးသည်လင်းချင်ကျူ ၏ အတွေးများကို ဂရုမစိုက်ဘဲ သူမလက်ကို တိုက်ရိုက်ဆွဲကာ သူမရှေ့ရှိ ကလတ်စ့်စတိုးဆိုင်ဆီသို့ လျှောက်သွားခဲ့သည်။
“ကလတ်စ့်ကမေကြိုဆိုပါတယ်!” တံခါးဝမှ လုံးကြီးပေါက်လှ မိန်းကလေးဝန်ထမ်းက အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောလိုက်သည် “လိုအပ်တာ တစ်ခုခုရှိလား”
ဝမ်ဖေးက အင်္ဂလိပ်လိုဖြင့် “တရုတ်စကားပြောနိုင်လား” ဟု မေးလိုက်သည်။
“ရပါတယ်။” မိန်းကလေးဝန်ထမ်းကအနည်းငယ်မပီသောတရုတ်ဘာသာစကားဖြင့် ပြောလိုက်သည်။
ဝမ်ဖေးက “ငါလည်ဆွဲတစ်ခုလိုချင်တယ်”
ဝန်ထမ်းမိန်းကလေးသည် ဝမ်ဖေး ၏အဝတ်အစားများကို အနည်းငယ်ကြည့်ရင်းသူမ၏အဝတ်အစားအများစုသည် အနိမ့်ဆုံးနှင့် အလယ်အလတ်ကုန်အမှတ်တံဆိပ်များဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနဲ့သိလိုက်သည်။
ဒါပေမယ့် သူမလက်ကောက်တွင်ကလတ်စ့်လက်ကောက်ကိုဝတ်ထားပြီး အိတ်ကတော့ LV ဖြစ်သည်။
သို့သော် ၎င်းသည် ကလတ်စ့်နှင့် LV ၏ အနိမ့်ဆုံးထုတ်ကုန်များသာဖြစ်သည်။
မိန်းကလေးဝန်ဖမ်းသည် ဝမ်ဖေး၏ ငွေကြေးအင်အားကို ချက်ချင်း နားလည်လိုက်သည်။
ဒါကြောင့် သူ့မတို့ကိုအနိမ့်ဆုံးနေရာဆီ ခေါ်သွားလေသည်။
မိန်းကလေးဝန်ထမ်းက တကယ်ကို မျက်စိကောင်းတယ်လို့ ပြောရမည်ဖြစ်သည်။
သူမသည်ဆွဲကြိုးကို ထုတ်ယူပြီး “ဒီလည်ဆွဲရဲ့ ပင်မကိုယ်ထည်ကို ပလက်တီနမ်နဲ့ ပြုလုပ်ထားပြီး၊ အဲဒီအပေါ်မှာ စိန် ၁၀ လုံး ထည့်ထားတယ်၊ဒါကအရမ်းကိုမှလှပါတယ်” လို့ ပြောလိုက်သည်။
“စိန် 10 လုံးတောင်လား၊အိုး..ဒညကအရမ်းကောင်းတာပဲ” ဝမ်ဖေး က “ဘယ်လောက်လဲ”
မိန်းကလေးဝန်ထမ်းက ‘’ယူရို ၆၁၂၂ပါ’’ဟုပြောလိုက်သည်။
စျေးနှုန်းကိုကြားတော့ဝမ်ဖေးက ချက်ချင်းချီးကျူးလိုက်ပြီး “ယူရို ၆၀၀၀ ကျော်၊ဒါကဟွာရှငွေကြေးယွမ် ၄၀၀၀၀ ကျော်လောက်ပဲရှိတာပဲ။ ဒါက အရမ်းလှပြီးအရမ်းလဲစျေးသက်သာတယ်... ငါဝယ်မယ်”
ထို့နောက် သူမဘေးနားရှိ သက်လတ်ပိုင်းလူကို သူမလက်ဖြင့်ပွတ်သပ်ကာ “ခင်ပွန်း၊ ကျေးဇူးပြုပြီး ရှင်းပေးပါအုံး’’ လို့ ပြောလိုက်လေသည်။
“ကောင်းပြီ။” လူလတ်ပိုင်းအရွယ် အမျိုးသားသည် နာကျင်မှုကိုစားရသော်လည်း ရှင်းပေးဆဲဖြစ်သည်။
သူမကပြုံးပြီး “လင်းချင်ကျူ၊ မြန်မြန်ဝယ်လိုက်လေ ဒါက ကလတ်စ့်ရဲ့လည်ဆွဲဖြစ်ပြီး စိန် 10 လုံးလဲပါသေးတယ်။ ဟွာရှငွေကြေးနဲ့ဆို 40,000 ကျော်ပဲရှိပါတယ်။ တရုတ်မှာဆိုရင် ယွမ် 100,000 ကုန်ကျနိုင်တယ်။ !”
“ရောက်တုန်းရောက်ခိုက်အများကြီးဝယ်သင့်တယ်၊ဒညကအရမ်းကိုပဲတန်တယ်လေ၊ငါ့ကိုပဲကြည့်’’ဟုဆိုကာသူမရဲ့ကလတ်စ့် လည်ဆွဲ၊ ကလတ်စ့်လက်ကောက်နဲ့ LV အိတ်တွေကို တမင်တကာ ပြသခဲ့သည်။
ဝမ်ဖေးသည် လင်းချင်ကျူကသူမကိုအထင်ကြီးလေးစားဖွယ် မျက်လုံးများနှင့်ကြည့်တာကို မြင်ချင်လေသည်။
လင်းချင်ကျူ က စကားစလုဆဲဆဲတွင်....
ထိုအချိန်တွင် အပြင်ဘက်ကနေခြေသံများ ထွက်ပေါ်လာသည်။
အရပ်ရှည်ပြီးချောမောသော အမျိုးသားတစ်ဦး ဝင်လာသည်။
သူကတော့ လင်းဖန် ပင်ဖြစ်သည်။
တံခါးနားမှာ ရပ်နေတဲ့ ရွှေရောင်ဆံပင်နဲ့ဝန်ထမ်းက လင်းဖန်ကို တစ်ချက်ကြည့်လိုက်ပြီး အင်္ဂလိပ်လိုဖြက့်“ကလတ်စ့်မှကြိုဆိုပါတယ်” လို့ တလေးတစားနဲ့ ပြောလိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် ရွှေရောင်စားပွဲထိုးသည် လင်းဖန်၏လက်ထဲတွင် ဗားချပ်စ်နို နာရီသေတ္တာအများအပြားကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
သိရန်…
ဗားချပ်စ်နို သည် ထိပ်တန်း ဇိမ်ခံလက်ပတ်နာရီဖြစ်ပြီး မည်သည့်ပစ္စည်းမဆို ယူရိုသောင်းနှင့်ချီ ကုန်ကျသည်။
ထို့အပြင် လင်းဖန်လက်ထဲရှိနာရီပုံးပုံသဏ္ဍာန်အရ ၎င်းသည် အနိမ့်ဆုံး ဗားချပ်စ်နိုမဟုတ်ဘဲ ယူရို 100,000 ကျော်တန်သောတန်ဖိုးကြီးထုတ်ကုန်တစ်ခုဖြစ်လေသည်။
ဒါကဖောက်သည်ကြီးပင်ဖြစ်သည်။
ဒါက ရှားရှားပါးပါး ဖောက်သည်ကြီးဆိုတာ သေချာလေသည်။
လင်းဖန်က နှုတ်ဆက်သောဆံပင် ရွှေရောင်ဝန်ထမ်းကိုခေါင်းညိတ်ပြလိုက်သည်။
လင်းဖန်သည်ရှောင်ပန်၊ရှောင်အန်းနှင့် အခြားလူများကဒါကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားပြီး “မင်းတို့က ဘာလို့ ဒီကို ရောက်နေတာလဲ”
ဟော့ကျောက်ဝူ က စိတ်လှုပ်ရှားစွာနဲ့ “ပါမောက္ခ လင်း!”
ရှောင်ပန် နှင့် ရှောင်အန်း တို့က “ပါမောက္ခ လင်း” ဟု ရှက်ရွံ့စွာ ပြောလိုက်ကြသည်။
ဝမ်ဖေးသည် လင်းဖန်အား သံသယဖြင့် ကြည့်ကာ “လင်းချင်ကျူ၊ ဒါ မင်းရဲ့အသိအကျွမ်းပဲလား။”
လင်းချင်ကျူ က “သူက ငါတို့ရဲ့ဆရာပဲ”
“ဆရာလားငယ်လိုက်တာ” ဝမ်ဖေးက အံ့သြစွာ ပြောလိုက်သည် ။
သိရသည်မှာ တက္ကသိုလ်ဆရာအများစုသည်သက်လတ်ပိုင်းအရွယ်သို့မဟုတ်ငါးဆယ်ကျော် သက်ကြီးရွယ်အိုတွေဖြစ်ကြသည်။
လင်းဖန်အသက်ဘယ်လောက်ရှိပြီလဲ။
အသက်နှစ်ဆယ်ကျော်သာရှိသေးသည်။
လင်းဖန် က သူမရဲ့ အံ့အားသင့်မှုကို လျစ်လျူရှုပြီး “နိုင်ငံရပ်ခြားကို လာဖို့ကရှားရှားပါးပါး အချိန်လေးပဲ၊ဒါကြောင့် ငါကမင်းတို့အတွက်လက်ဆောင်လေးတွေ ဝယ်ခဲ့တယ်၊ နင်းကျန်းကျန်း၊ဂျင်ချန်ကျူ၊ဟော့ကျောက်ဝူ၊ ဒါက မင်းတို့ သုံးယောက်အတွက်ပဲ၊ မင်းတို့ကြိုက်လား လာကြည့်ပါအုံး”
စကားပြောနေစဉ်တွင် သူသည် ဗားချပ်စ်နို နာရီသေတ္တာ ၃ လုံးကို တိုက်ရိုက်ပေးအပ်ခဲ့သည်။
“လက်ဆောင်လား ကျေးဇူးတင်ပါတယ် ပါမောက္ခလင်း” ဟော့ကျောက်ဝူက စိတ်လှုပ်ရှားစွာပြောလိုက်သည်။
ထို့နောက် ထုပ်ပိုးထားသော သေတ္တာကို အလျင်အမြန်ဖွင့်ကာ အလွန်စတိုင်ကျလှသည့် လက်ရာမြောက်သော လက်ပတ်နာရီတစ်လုံးကိုတွေ့လိုက်ရသည်။
တစ်ချက်ကြည့်လိုက်တာနဲ့ဟော့ကျောက်ဝူက နာရီကိုသဘောကျသွားလေသည်။
သူက စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်- “လှလိုက်တဲ့ နာရီပဲ!”
သူ့ဘေးနားရှိ ဆံပင်ရွှေရောင် ရှိဝန်ထမ်းသည်သူ့နှလုံးခုန်သံကို သူပြန်ကြားသလိုခံစားလိုက်ရသည်။
ဗားချပ်စ်နိုတိပီနာရီပေါက်ဈေးမှာ ယူရို 150,000 ဖြစ်သည်။
ယူရို 150,000 နာရီတစ်လုံး လက်ဆောင်ပေးလိုက်တာလား။
သေချာပါတယ်၊ ဒါက အံ့သြစရာကောင်းတဲ့ ဖောက်သည်ကြီးပင်ဖြစ်သည်။
“ကောင်းလိုက်တဲ့ နာရီ!”
ထိုအချိန်တွင်၊ ဂျင်ချန်ကျူ သည်လဲနာရီသေတ္တာကိုဖွင့်၍ အထဲရှိလက်ပတ်နာရီတစ်လုံးကို ထုတ်ယူလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး