မထူးခြားခြင်း
Vol. 34 Ch. 502
ဆံပင်ရွှေရောင်ရှိဝန်ထမ်းသည်ဂျင်ချန်ကျူထုတ်ယူလိုက်သည့်နာရီကိုတွေ့သောအခါ နှလုံးခုန်မြန်သွားလေသည်။
ဗားချပ်စ်နို 5370Pလက်ပတ်နာရီပင်ဖြစ်သည်။ ပေါက်ဈေး ယူရို 150,000 ရှိသည်။
နောက်ထပ် ယူရို150,000!တန်နာရီတစ်လုံး။
“ဘယ်လောက်လှတဲ့ နာရီလဲ!” နင်းကျန်းကျန်း ကလဲနာရီကို ထုတ်လိုက်ပြီး အော်ပြောလိုက်သည်။
ဆံပင်ရွှေရောင်ရှိ ဝန်ထမ်းကလဲနင်းကျန်းကျန်းလက်ထဲကနာရီကိုမြင်တော့ နှလုံးခုန်မြန်လာပြန်သည်။
ဗားချပ်စ်နိုရီတန် 760လက်ပတ်နာရီဖြစ်သည်။ ပေါက်ဈေးမှာယူရို 150,000 ဖြစ်သည်။
ယူရို ၁၅၀,၀၀၀ နာရီကို ပေးလိုက်ရင်ဖောက်သည်ကြီးလို့ယူဆနိုင်သည်။
ယူရို 150,000 နာရီ သုံးလုံး ပေးရင်ကော။ဒညကနတ်ဘုရားအဆင့်ဖောက်သည်ပင်ဖြစ်သည်။
၎င်းသည် တစ်နှစ်လျှင် တစ်ကြိမ် တွေ့ဆုံဖို့မသေချာသောနတ်ဘုရားအဆင့်ဖောက်သည် ပင်ဖြစ်သည်။
ထို့ကြောင့်ဆံပင်ရွှေရောင်ရှိဝန်ထမ်းကမနေနိုင်ပဲ ခေါင်းကိုအနည်းငယ်ငုံ့လိုက်သည်။
မဝေးလှသော မိန်းကလေးဝန်ထမ်းသည်လဲခေါင်းကိုအနည်းငယ်ငုံ့ထားလိုက်သည်။
သူတို့ရဲ့အပြုအမူအရသူတို့သည်နတ်ဘုရားအဆင့်ဖောက်သည်ကိုလေးစားသမှုနဲ့လုပ်နေတာပင်ဖြစ်သည်။
ဝမ်ဖေးသည် LV ၊ ကလတ်စ့်အကြောင်းကိုသာသိသည်...
သို့သော်သူမသည်ဗားချပ်စ်နို နာရီတွေအကြောင်း မသိပေ။
သူမက လှောင်ပြောင်သောလေသံဖြင့်ပြောလိုက်သည်။’’ မင်းရဲ့ ဆရာက မင်းတို့အတွက်နာရီလက်ဆောင်ဝယ်ပေးတာပဲ၊ဒီနာရီကကြည့်ကောင်းတာပဲဒါကယူရို ဆယ်ဂဏန်း ဒါမှမဟုတ် ရာနဲ့ချီဆလာက်တန်လိမ့်မယ်ဟုတ်တယ်မလား”
မိန်းကလေးဝန်ထမ်းနှင့် ဆံပင်ရွှေရောင်ရှိဝန်ထမ်းတို့သည် သူမပြောသည်ကို ကြားပြီးနောက်သူမကိုစူးရှသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။
ဒါဇင်နဲ့ချီတဲ့ ယူရို?
ဒါက နတ်ဘုရားအဆင့်ဖောက်သည်ကိုလှောင်ပြောင်တာလား။
ဒါက နတ်ဘုရားအဆင့်ဖောက်သည်ကို စိတ်မချမ်းသာစေဘူးဆိုရင်သူသည်ဆိုင်ကနေလှည့်ထွက်သွားလိမ့်မည်ဖြစ်သည်။
သိရန်…
ကလတ်စ့်စတိုးဆိုင်များတွင် စွမ်းဆောင်ရည်များအလိုက်ဆုကြေးများရှိသည်။
စတိုးဆိုင်တစ်ဆိုင်သည်ကြီးမားသောပစ္စည်းတစ်ခုကိုရောင်းနိုင်ခဲ့ရင်သူတို့သည်သက်ဆိုင်ရာကော်မရှင်ကို ရနိုင်မည်ဖြစ်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ဝမ်ဖေးကို အသံတိုးတိုးဖြင့် အလျင်စလို ကြိမ်းမောင်းရင်း “လျှောက်ပြောမနေနဲ့၊ အဲဒါ ဗားချပ်စ်နို နာရီပဲ!”
သေချာသည်မှာ၊ သူသည် နာရီနှင့်ပတ်သက်သောနားလည်မှုတစ်ခုရှိနေတယ်ဆိုတာပင်ဖြစ်သည်။
တခြားပါတီက ဗားချပ်စ်နို နာရီ သုံးလုံးကို ပေးခြင်းကိုကြည့်ခြင်းဖြင့်သူ့ကအကောင်ကြီးကြီးဆိုတာသူနားလည်ခဲ့သည်။
သူသည်ဒီလိုအကောင်ကြီးကြီးကိုလွယ်လွယ်နဲ့မစော်ကားချင်ပေ။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဝမ်ဖေးအနည်းငယ် ပဟေဋိဖြစ်နေသေးသည်ကိုမြင်တော့သူက “စျေးအသက်သာဆုံး ဗားချပ်စ်နို နာရီကတင် ဟွာရှငွေကြေးသောင်းနှင့်ချီ ပြီးတန်တယ်” ဟု ထပ်ပြောသည်။
“ဘာလဲ?” ဝမ်ဖေးအံ့သြစွာ ပြောလိုက်သည် ။
ဈေးအသက်သာဆုံး နာရီသည် သောင်းနှင့်ချီသော ဟွာရှငွေကြေးများကုန်ကျသည် ။
သုံးလုံးတိုက်ရိုက် လပ်ဆောင်ပေးတယ်...
ဒါ....
သို့သော်ဝမ်ဖေးသည်LV အိတ်၊ သူမ၏လက်ကောက်ဝတ်ရှိကလတ်စ့် လက်ကောက်နှင့် လည်ပင်းပေါ်ရှိ ကလတ်စ့်လည်ဆွဲတို့ကို တွေ့လိုက်ရသောအခါ... သူမ သည်တဖြည်းဖြည်း မအံ့သြတော့ပေ။
ဗားချပ်စ်နိုနာရီ သုံးလုံးပဲ မဟုတ်လား။
ငါ့ကိုယ်ပိုင်အိတ်၊ လက်ကောက်၊လည်ဆွဲတွေ... အဲဒါတွေအားလုံးပေါင်းကဟွာရှငွေကြေး သောင်းနဲ့ချီပြီးကုန်ကျလေသည်။
လင်းဖန်သည် ဝမ်ဖေး၏ အတွေးများကို လုံးဝ ဂရုမစိုက်။ သူက ဆက်ပြောတယ် “ရှောင်ပန်၊ရှောက်အန်း၊လင်းချင်ကျူမက်းတို့ကလတ်စ်မှာကြိကြ်တာတွေ့ရင်ဝယ်လိုက်။ဒါကမင်းတို့ကိုလက်ဆောင်ပေးတာ။”
ရှောင်ပန်နှင့် ရှောင်အန်းတို့သည် ၎င်းတို့၏ ဦးခေါင်းများကို ငုံ့ထားကြလေသည်။
လင်းချင်ကျူကတော့သူမ၏ ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
သူမသည် ဝမ်ဖေးထံမှ ကလတ်စ့်၏စျေးနှုန်းအကြောင်းကို ယခုလေးတင် သိရှိထားသောကြောင့် သူမသည် ဤအရာများကို မယူဝံ့ပေ။ဘာလို့ဆိုဈေးကြီးလွန်းလို့ပင်ဖြစ်သည်။
လင်းဖန်သည် ဆံပင်ရွှေရောင်ဝန်ထမ်းဘက်သို့ လှည့်ကာ “မင်းမှာ အကြံဉာဏ်တွေ ရှိသေးလား” ဟု မေးလိုက်သည်။
ဆံပင်ရွှေရောင် ဝန်ထမ်းက တရုတ်လို “ချစ်လှစွာသော ဧည့်သည် ဒီဘက်ကိုကျေးဇူးပြုပြီး”
ဆံပင်ရွှေရောင်ရှိဝန်ထမ်းသည် လင်းဖန်းအား အဆင့်မြင့်နေရာသို့ တိုက်ရိုက်ခေါ်ဆောင်သွားလေသည်။
ထို့နောက် သူသည်လည်ဆွဲတစ်ခုကိုထုတ်ယူလိုက်သည်။
စိန်များ ထူထပ်စွာ စီထားသော ဆွဲကြိုးသည် အလင်းရောင်အောက်တွင် ဂလက်ဆီကဲ့သို့ လင်းလက်တောက်ပနေသည်။ နှလုံးပုံသဏ္ဍာန် စိန်ဆွဲသီးနှင့် တွဲလျက်ရှိသောကြောင့်လဲဆွဲကြိုးကိုပိုပြီးလှပစေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် လင်းချင်ကျူ သည်အနည်းငယ် ထိတ်လန့်သွားသည်။
အရမ်းလှတယ်။
ဆံပင်ရွှေရောင် ဝန်ထမ်းက “ဒီလည်ဆွဲကိုနှလုံးသားဂလက်ဆီလို့ခေါ်ပါတယ်။နာမည်ကြီး ဒီဇိုင်နာ ဘလူးချောင်က ဖန်တီးခဲ့တာပါ။ ဒီလည်ဆွဲမှာ ကြိုး စိန် 100 နဲ့ နှလုံးပုံမှာလဲ2 ကာရက်စိန်တွေ ပါဝင်ပါတယ်။ .”
“နှလုံးသားဂလက်ဆီရဲ့ စျေးနှုန်းက ယူရို ၁၈၂,၀၀၀ ဖြစ်ပါတယ်။”
မူလက ဆွဲကြိုး၏အလှထဲတွင်နှစ်မြောနေသောလင်းချင်ကျူသည် စျေးနှုန်းကိုကြားသောအခါချက်ချင်းသတိဝင်လာလေသည်။
ယူရို 182,000 ကိုဟွာရှငွေကြေးအဖြစ်ပြောင်းလိုက်ရယွမ်1.3သန်းနီးပါးရှိလေသည်။
ဒါကအလွန်ကြောက်စရာကောင်းတဲ့ကိန်းဂဏာန်းပင်ဖြစ်သည်။
လင်းချက်ကျူသာမက ဟော့ကျောက်ဝူ၊ နင်းကျန်းကျန်းနှင့် ဂျင်ချန်ကျူတို့လည်း စျေးနှုန်းကြောင့် တုန်လှုပ်သွားကြသည်။
LV အိတ်များနှင့် ကလတ်စ့်လက်ကောက်များကိုဝတ်ဆင်ထားသည့် ဝမ်ဖေးသည်ပင်လျှင် အလွန်ထိတ်လန့်သွားလေသည်။
လင်းချင်ကျူသည် နှလုံးသားဂလက်ဆီကို အလွန်နှစ်သက်ကြောင်း အလွယ်တကူ သတိပြုမိသောကြောင့် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ထို့နောက် ရှောင်ပန် နှင့်ရှောင်အန်းတို့ကို လက်ညှိုးထိုးပြပြီး “သူမတို့နဲ့လိုက်မဲ့ဟာရောရှိသေးလား?”
ဆံပင်ရွှေရောင်ရှိဝန်ထမ်းသည် လင်းဖန်ပြောတာကိုကြားတော့သူကချက်ချင်းပဲ “ဘယ်လောက်တောင် လှပတဲ့ အမြွှာ လေးတွေလဲ” လို့ ရိုးသားစွာ ချီးကျူးလိုက်သည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် မှန်ပုံးထဲမှ လက်ကောက်နှစ်ခုကို ထုတ်ယူလိုက်သည်။
လက်ကောက်တစ်ခုသည်နီလာဖြင့် ပြုလုပ်ထားပြီးနောက်တစ်ကွင်းသည်လက်ကောက်တစ်ခုလုံးကိုမီးထောက်အရောင် ပတ္တမြားဖြင့် ပြုလုပ်ထားပလေသည်။
ဆံပင်ရွှေရောင်ရှိဝန်ထမ်းက “ဒီလက်ကောက်နှစ်ခုကို ဘလူးအက်ကာ လို့ခေါ်ပါတယ်၊ တစ်ခုမှာ သေးငယ်တဲ့ သဘာဝနီလာ ၁၉ လုံးနဲ့ သဘာဝနီလာကြီး ၁ လုံးနဲ့ ဖွဲ့စည်းထားပြီး နောက်တစ်ခုကတော့ သဘာဝပတ္တမြားသေး၁၉ လုံးနဲ့ သဘာဝပတ္တမြားကြီး ၁ လုံးတို့နဲ့ဖွဲ့စည်းထားပါတယ်။”
“ဒီဘလူးအက်ကာ ကို ဆွစ်ဇာလန် ဒီဇိုင်းပညာရှင် မာရီယာ မှ ထုတ်လုပ်ခဲ့တာပါ။”
“အခုဒီလက်ကောက်နှစ်ခုကဟော့ဒီကအလှလေးနှစ်ယောက်အတွက်ပြုလုပ်ထားသလားအောင်းမေ့ရတယ်”
လက်ကောက်ကိုကြည့်ရင်းရှောင်ပန်၊ရှောင်အန်းတို့၏မျက်လုံးများသည်တောက်ပလို့နေလေသည်။
ထင်ရှားသည်မှာ၊ သူတို့သည် ဒီဘလူးအက်ကာကိုအရမ်းကြိုက်တယ်ဆိုတာထင်ရှားလေသည်။
ဒါကိုကြည့်ရင်းလင်းဖန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ယခုအချိန်တွင် ဆံပင်ရွှေရောင် ဝန်ထမ်းက “ဒီကျောက်မျက်ရတနာတွေက အလွန်ရှားပါးပြီး မာရီယာ က ပြုလုပ်ထားတာကြောင့် ဒီလက်ကောက်နှစ်ခုရဲ့ စျေးနှုန်းက အတော်လေးကို ဈေးကြီးပါတယ်။လက်ကောက် တစ်ခုချင်းစီကို ယူရို 390,000 ရှိပါတယ်”
လူတိုင်းအသက်ကိုပြင်းပြင်းရှုလိုက်လေသည်။
ယူရို 390,000!
၎င်းကိုဟွရှ ငွေကြေးအဖြစ် ပြောင်းလဲပါက ယွမ် 2.8 သန်း ရှိလေသည်။
လက်ကောက်၂ခုဆိုတော့ယွမ် ၅.၆ သန်းကုန်ကျမည်ဖြစ်သည်။
ဒါက အရမ်းကြောက်စရာကောင်းတဲ့ နံပါတ်တစ်ခု ပင်ဖြစ်သည်။
သို့သော် လင်းဖန်၏အမူအရာမှာ မပြောင်းလဲသေးပေ။
သူက ခေါင်းညိတ်ပြပြီး “ကောင်းပြီ၊ ဒါဆို ဒီလည်ဆွဲနဲ့ ဒီလက်ကောက်နှစ်ခုကိုယူမယ်’’လို့ပြောလိုက်သည်။
လင်းဖန်၏ အသံသည် လမ်းဘေးကတစ်ရှူးကိုဝယ်သလိုမျိုးဘာမှမထူးခြားပေ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး